Thursday, 27 September 2018

ေဆးလိပ္

ေဆးလိပ္

လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။
အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ္ေတာ့ ပိုစားခ်င္တတ္လာပါတယ္။
အဲ့ဒီလိုဘဲ ေကာင္းတာနဲ႔ မေကာင္းတာကို လုပ္ဖို႔ စိတ္ထဲမွာ လြန္ဆြဲ တတ္ႀကျပန္ပါတယ္။
အဲ့ဒီလိုပါဘဲ မေကာင္းတဲ့အက်င့္ မေကာင္းမွဳဆုိတာကလဲ ျဖတ္ဖို႔ခက္ျပန္တယ္ေလ ။  ကြ်န္ေတာ္ ေဆးလိပ္ကို စြဲစြဲလန္း လန္း ေသာက္ ခဲ့ဘူးပါတယ္။ ႀကိဳက္လဲ သိပ္ႀကိဳက္ပါတယ္။

ကြ်န္ေတာ္တို႔ေခတ္တုန္းကေပါ့။ ေငြေတာင္၊ ျခေသ့ၤသုံးေကာင္။ ေရႊျခံေမ ၊ ႏွင္းဆီ။ သုခိတာ ၊ ႏြား၊ ေရႊႏွင္းဆီ စသည္ျဖင့္ေပါ့။ အဲ့ဒီ ေဆးေပါ့လိပ္ေတြ အားလုံးထဲမွာ ေရႊႏွင္းဆီနဲ႔ ေငြေတာင္ကို ႏွစ္ႏွစ္သက္သက္ ေသာက္ခဲ့သလို၊ အထူးသျဖင့္ကေတာ့ ျခေသ့ၤသုံးေကာင္ကို လက္ဖက္ရည္ က်က်ေလး နဲ႔ ျဖည္းျဖည္းေလး ေသာက္ျပီး ျငိမ္ျငိမ္ေလး ေနခဲ့ရတဲ့ အခ်ိန္ဆိုရင္ feel like stay in heaven လုိပါဘဲ။

ကြ်န္ေတာ္ ေဆးေပါ့လိပ္ ကို အခ်ိန္ယူျပီး ေသခ်ာေရြးရတာကို  ႀကိဳက္ပါတယ္။
ဖက္စိမ္းစိမ္းေလးေတြကို ေဆးလိပ္စည္းေတြ ထဲကေန ေရြးရတာကို စိတ္ရွည္ သလို၊ ေဆးေပါ့လိပ္ ဖင္ဆီခံကို ေရြးတဲ့အခါမွာလဲ သိပ္မက်စ္လြန္း မပြလြန္းတာကို ေရြးရပါတယ္။ ဖက္စိမ္းေလး လပ္လပ္ေလးကို ေရြးျပီးရင္ အဆီခံ ေကာင္းမေကာင္းကို ထပ္ႀကည့္ ရပါတယ္။ ဖက္စိမ္းေလး ဆုိေပမဲ့ အစီခံက ႀကပ္လြန္း ေနျပန္ရင္လဲ ေဆးလိပ္က ေသာက္မေကာင္းသလို၊ ပြလြန္းျပန္ေတာ့လဲ ရိွဳက္ရတာ အရသာ မေကာင္းတတ္ျပန္ပါဘူး။ ေဆးသား သိပ္ျပည့္ျပီး ေဆးသားႀကပ္ေနရင္လဲ ေသာက္မေကာင္းသလို၊ ေဆးသားက ပြေနလို႔ ေဆးလိ္ပ္ကို သိပ္ေအာင္ ေဆာင့္ခ်ျပီး ေခါင္းျပန္ခ်ိဳးတဲ့အခါမွာ အဆီအေလ်ာ္မတည့္တာေတြ၊ ေခါင္းျပန္ခ်ိဳးျပီးေဆးေပါ့လိပ္ကို မီးညွိ လို႔ တစ္ျခမ္းေစာင္း ေလာင္ျပန္ရင္လဲ ေသာက္မေကာင္းျပန္ပါဘူး၊ ေဆးေပါ့လိပ္ဆိုတာ ႀကည့္ေတာ့သာ ဘာမွ မဟုတ္ေပမဲ့၊ ေဆးေပါ့လိပ္ တစ္လိပ္ေကာင္းေကာင္းရဘို႔ဆိုတာ စိတ္ရွည္ရပါတယ္။ ေဆးလိပ္ေလးကို တစ္ဖြာ နွစ္ဖြာေလာက္ဖြာျပီး ခနေလး ႏွပ္ထားလုိက္ရပါတယ္။ ေဆးလိပ္တိုဆိုတာ ေဆးလိပ္ေသာက္ခ်င္လို႔ ခံတြင္းခ်င္ေနသူအတြက္ကေတာ့ နတ္သုဒါပါဘဲ။

လူေတြမွာ ေဆးလိပ္ေသာက္ခ်င္တဲ့အခ်ိန္အမ်ိဳးမ်ိဳး ရွိတတ္သလို။ ေနရာလဲ အမ်ိဳးမ်ိဳး ရွိပါတယ္။ တေယာက္နဲ႔ တေယာက္ေဆးလိပ္ေသာက္ခ်င္တဲ့အခ်ိန္၊ ေနရာ မတူႀကပါဘူး။

ေဆးေပါ့လိပ္ကို ဖက္ႀကမ္းလို႔ ေျပာေပမဲ့ အဲ့ဒီ ဖက္ႀကမ္းေဆးလိပ္က တစ္လိပ္ဆုိ ဆိုသေလာက္ တာသြားပါတယ္။ ဒါေႀကာင့္ ေဆးေပါ့လိပ္ကုိ ပိုက္ဆံလို သုံးလုိ႔၊ အလဲအလွယ္ လုပ္လို႔ ရတဲ့ေနရာေတြ ရွိေနသလို၊ ရွိေနဆဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ေထာင္ေပါ့။အက်ဥ္းေထာင္မွာ ပိုက္ဆံလို သုံးသလို၊ စိတၱဇ ေဆးရုံမွာလဲ အတူတူပါဘဲ။ ေဆးလိပ္က ပိုက္ဆံပါဘဲ။

ေဆးေပါ့လိပ္ နဲ႔ အရက္
ဘုံဆုိင္မွာထိုင္ခဲ့စဥ္ တုန္းက သူက မပါမျပီးေပါ့။ အျမည္းမရွိရင္ေနပါေစ၊ ေဆးလိပ္တုိေလးကေတာ့ ပါမွ ျဖစ္ပါတယ္။ ဘုံဆုိင္ကို မ၀င္ခင္ ကြမ္းယာဆုိင္ေလးကိုအရင္၀င္ေလ့ ရွိပါတယ္။ အရက္ဖုိး ေလး ခ်န္ျပီးေဆးလိပ္နဲ႔ ကြမ္းယာေလး (ေသာက္ျပီး အနံ႕ေဖ်ာက္ေပါ့)။ ဘီအီးကို တစိတ္ေလာက္မွာျပီးရင္ ဖန္ခြက္ ျပာလဲ့လဲ့ေလး (အမွန္ကေတာ့ ဖန္ခြက္အေပါစားပါ) ထဲကို အရက္ေလး နည္းနည္းထည့္ျပိး။ ေဆးေပါ့လိပ္ေလးကို အရက္ထဲကို နည္းနည္းေလး အဆီခံေလးကို ေပးစိုလုိက္ ။  ေဆးေပါ့လိပ္ ထိပ္ေလးကို ခ်ိဳးျပိး ေလနဲ႔ေျပာင္းျပန္ ျပန္မွဳတ္ထုတ္ေပါ့ ဖုံေလး ဘာေလး ကင္းေအာင္ေပါ့။ ျပီးျပီ ဆုိရင္ ေဆးသားေလး အေနေတာ္ျဖစ္ေအာင္ ျဖည္းျဖည္းေလးရိုက္၊ ေဆးလိပ္ ထိပ္ေလးကို သြားနဲ႔ ျဖည္းျဖည္းေလး ကိုက္ျပီး  ေခါင္းကိုျပန္ခ်ိဳးထဲ့ ေပါ့။ ျပိးေတာ့မွ ေဆးလိပ္မီးညွိ ရတာပါ။ မီးညိွတဲ့အခါမွာလဲ ေဆးေပါ့လိပ္ကို မီးညီေအာင္ ေသခ်ာ ညွိို ဘို႔ လိုပါတယ္။ ေဆးလိပ္က တျခမ္းေစာင္း မီးညွိရင္ ေသာက္လို႔ မေကာင္းပါဘူး၊ ျပီးမွ အရက္ကို တစ္ငုံေလာက္ ေသာက္ျပီး ေရကိုျမန္ျမန္ေလး လုိက္ပါ။ လည္ေခ်ာင္းထဲမွာ ျပင္းရွရွေလး အရက္၀င္သြား ျပီးမွ  ေဆးလိပ္ကို တစ္ဖြာေလာက္ ရွိဳက္လုိက္ရတဲ့ အရသာကို ျပန္စဥ္းစားလုိက္ရင္ အခု ပါးေစာင္ထဲမွာ သြားရည္ က်လာသလိုပါဘဲ ။ ႀကိဳက္လုိက္တာ ဆုိတာေလ။ ျပန္လိုခ်င္ေသာ အခ်ိန္မ်ားေပါ့ဗ်ာ။

ေဆးလိပ္နဲ႔ လက္ဖက္ရည္
ညက ေသာက္တာ နည္းနည္းမ်ားသြားရင္ မနက္ကို ရင္ပူ ေရဆာျပိး ႏိုးလာတတ္တာ အရက္ႀကိဳက္သူတုိင္း ရဲ႕ ထုံးစံပါဘဲ။ ကိုယ္ႀကိဳက္တဲ့အရက္ကို ေသာက္တာဘဲ ဒီေလာက္ကေတာ့ ေအးေဆး ပါဘဲ။ ဒုကၡ ရယ္လို႔ တခါမွ မစဥ္းစားခဲ့ပါဘူး ၊ ေနာက္တေန႔မနက္ကို ေရမိုးခ်ိဳးျပီးလို႔ လက္ဖက္ရည္ဆုိင္ကို ခ်ီတက္ေလ့ ရွိပါတယ္။
ကြ်န္ေတာ္တို႔ သံလ်င္ ကမ္းနားဆ္ိပ္မွာ လက္ဖက္ရည္ဆိုင္ေလး ၂ ဆုိင္ဘဲ ရွိတာပါ။ တစ္ဆိုင္က ဆုံဆည္းရာ လုိ႔ ေခၚပါတယ္။  ေနာက္တဆုိင္က အ၀ုိင္းပတ္နားက ကုလားဆိုင္ေပါ့။ ဆုံဆည္းရာလက္ဖက္ရည္က ပိုေကာင္းတယ္လို႔ ေျပာေပမဲ့။ ကုလားဆုိင္ ကလဲ လူျပည့္ေနတတ္တာပါဘဲ။ ေသခ်ာတာကေတာ့ လက္ဖက္ရည္ဆုိင္ ၂ ဆုိင္လုံးမွာ အဲ့ဒီတုန္းက ျခေသၤ့သုံးေကာင္ ေဆးေပါ့လိပ္ ရွိပါတယ္ ၊
ဆိုင္ အ၀မွာ တံခါးေဘာင္ေလးမွာ၊ ဒါမွမဟုတ္  ပိုက္ဆံသိမ္းတဲ့ေကာင္တာ ေဘးမွာ အုန္းဆံႀကိဳးေခြ ကို မီး ညွိဘို႔ အသင့္ မီးညွိထားျပီးသား ရွိပါတယ္။ မီးညွိထားတဲ့အုန္းဆံႀကိဳးေခြေလးကို ျဖည္းျဖည္းေလး ေလနဲ႔အရင္မွဳတ္လုိက္ရင္ အုန္းဆံႀကိဳးေခြထိပ္ေလးမွာ မီးေလး ရဲကနဲ႔ ထ လာတယ္။ မီးျခစ္ မလိုဘူးေပါ့ဗ်ာ။ ေဆးလိပ္ကို မီးတို႔ ဘို႔ ပါ။

ကြ်န္ေတာ့္အတြက္ကေတာ့  လက္ဖက္ရည္ေပါ့က် တစ္ခြက္ ေဆးေပါ့လိပ္ တစ္လိပ္ ဆိုရင္ ကြ်န္ေတာ့္အတြက္ အဲ့ဒီ မနက္က  မဂၤလာရွိရွိ  စိတ္ေအးခ်မ္းသာစြာ အစျပဳျခင္း လို႔ ဆိုရမွာပါဘဲ။ လက္ဖက္ရည္ေသာက္လို႔ ခံတြင္းခ်ဥ္တာလား ခံတြင္းခ်ဥ္လို႔ လက္ဖက္ရည္ ေသာက္တာလား ဘာကဘဲ အရင္ ျဖစ္ျဖစ္ပါ ။ ေသခ်ာတာကေတာ့ ကြ်န္ေတာ့္အတြက္  လက္ဖက္ရည္ပါရင္ ေဆးေပါ့လိပ္ သည္ လက္ဖက္ရည္ နဲ႔ အတူတူ အျမဲ ပါ ပါတယ္။ 

အဲဒိမွာေတာ့ ကြ်န္ေတာ္ ေဆးလိပ္ေသာက္ပုံက မတူပါဘူး။ အဘက အျမဲတမ္းေျပာတယ္ ဟ ေကာင္ေလးရ မင္းကလဲ ေဆးလိပ္ဆုိတာ အရန္းေသာက္ပစ္လုိက္ရတာ မဟုတ္ဖူးလို႔ ေျပာတတ္ပါတယ္။ ကြ်န္ေတာ္ကေတာ့ လက္ဖက္ရည္ကို ခြက္တစ္၀က္ေလာက္ ေရာက္ရင္ ေဆးလိပ္ကို မနားတမ္း ေသာက္ေန၇တာကို ပိုႀကိဳက္ပါတယ္။ ေဆးလိပ္ တစ္၀က္ေလာက္က်ိဳးမွ က်န္တဲ့ လက္ဖက္ရည္ကို ေမာ့္ခ်ျပီး ေဆးလိပ္ေလးကိုမီးသတ္ျပီး သေဘာၤဆိပ္ကို ေျပးဆင္းရတာကို က အရသာလုိ ျဖစ္လာပါတယ္။ အဲ့ဒါကို အဘကေတာ့ လုံး၀ မႀကိဳက္ပါဘူး ၊ အဘက လက္ဖက္ရည္ေလး တငုံေသာက္လိုက္ ေဆးလိပ္ေလး တဖြာ ႏွစ္ဖြာ ေလာက္ ေသာက္လုိက္ ၊ေရေႏြးေလး ေသာက္လုိက္ အဲ့လုိ ေသာက္ပါတယ္။ ကြ်န္ေတာ္နဲ႔ မတူဘူးေပါ့။ ဒါေပမဲ့ ေသခ်ာတာကေတာ့ ေဆးလိပ္သည္ လက္ဖက္ရည္ေသာက္ရင္ အတူတူရွိေနဘို႔ လုိအပ္ ျပန္ပါတယ္။

ေဆးလိပ္နဲ႔ အလြမ္း
သီဆုိေနမယ္မင္းဘို႔ သီခ်င္းေတြ တစ္ညလုံးဘဲ အင္းလ်ားလမ္းမေပၚမွာေလ ---------
ငါ့ကိုလူေတြ ႀကားထဲလာ မ်က္ေစာင္းထုိးမေနနဲ႔၊ ငါ့သိကၡာ အေရာင္လက္သြားေအာင္ ေရႊခ်ေနတာလား၊ မေႀကနပ္ဖူး လုံး၀မေႀကနပ္ ဖူး၊ မေႀကနပ္ဖူး ---------- အဲ့လို ေပါက္ကြဲသံစဥ္ေတြ။
အေဆာင္သူ အေဆာင္သူ အေဆာင္သူ အလြမ္းေျပ အေဆာင္သူအလြမ္းေျပ --------
ေမာင့္သီရိေမ သာယာပါေစ၊ ေမာင့္ရဲ႕ သီရီေမ (ေမာင့္ရဲ႕ သီရိေမ) ေပ်ာ္ရႊင္ပါေစ၊ ျငိမ္းခ်မ္းမွဳအေပါင္းေတြ ခေညာင္းႏိုင္ပါေစ ------------
အခု ကြ်န္ေတာ္ ေရးခဲ့တဲ့ သီခ်င္းစာသားေတြကို ဆိုခဲ့ဘူးတယ္။ ၈ီတာ တီးခဲ့ဘူးတယ္ဆုိရင္ ၊ ဂီတာ နဲ႔အတူတူ ကြ်န္ေတာ္တို႔ လြယ္အိတ္ထဲမွာေငြေတာင္ေဆးေပါ့လိပ္ဆိုတာ မေသြမကြာ ရွိေနမွာပါဘဲ။

အဲ့ဒီတုန္းက အမ်ိဳးသမီးအဆုိေတာ္တေယာက္ရဲ႕သိခ်င္းစာသားေလးကို မွတ္မိေနတုန္းပါဘဲ။
အဆိုေတာ္နံမယ္ေတာ့ မသိေတာ့ပါဘူး၊

သီခ်င္းစာသားေလးက
ေျပာတဲ့စကားနားေထာင္။ ဖုန္းေတြလဲ မဆက္နဲ႔ ၊ အိမ္လဲလာမေတြ႔နဲ႔ ၊ စာႀကိဳးစားစမ္းကြယ္။
အရက္မေသာက္စမ္းနဲ႔ကြာ။ ညဆို ေလ်ာက္မထြက္နဲ႔၊ အေပါင္းအသင္းကို မမက္နဲ႔၊
ေဆးလိပ္ျဖတ္ကြယ္။

လမ္းေဘးအုတ္ခုံမွာဘဲ ျဖစ္ျဖစ္ ၊ အေဆာင္ေရွ႕မွာ ျဖစ္ျဖစ္ အဲ့ဒီ သီခ်င္းကို ေနာက္ျပိး ကြ်န္ေတာ္တို႔ဆုိခဲ့ဘူးပါတယ္။ ေဆးလိပ္ျဖတ္ကြယ္ဆုိတဲ့အပိုဒ္ကိုပါ ။

အရက္မေသာက္စမ္းနဲ႔ကြာ ဆိုရင္ ေသာက္ေနတဲ့ အရက္ခြက္ေလးေတြ ကိုေျမွာက္ျပိး မေသာက္ပါဘူးလို႔ က်န္တဲ့လူေတြက ၀ိုင္းေအာ္ပါတယ္။ ညဆိုေလ်ာက္မထြက္နဲ႔ ( အမွန္က မထြက္လုိဘူး လို႔ ဆုိရမွာပါ) ကြ်န္ေတာ္တို႔က ဟားဟားဟား လို႔ ရီပါတယ္။ အေပါင္းအသင္းကိုမမက္နဲ႔ ဆုိ၇င္ မမက္ပါဘူးလုိ႔ ဆိုမဲ့အစား   (နားမကိုက္ပါနဲ႔ )လို႔ ေအာ္ပါတယ္။ ေဆးလိပ္ျဖတ္ကြယ္ ဆိုတဲ့ေနရာမွာေတာ့ အားလုံးက တူးတူးသီခ်င္း ထဲက စာသားကို ေအာ္ပါတယ္။  မင္းဘဲ အေျပာေကာင္းတယ္လို႔ မဟုတ္တဲ့စာသားေတြကို ထည့္ဆုိျပိး ေဆးလိပ္ကို ေတာ့ အထိမခံႀကပါဘူး။ ေဆးလိပ္ကို စြဲစြဲျမဲျမဲ ႀကိဳက္ဖူးသူတိုင္း သိပါတယ္။

အဲ့လုိပါဘဲ။ ခ်စ္သူနဲ႔ ေ၀းရလို႔၊ခြဲေန ေ၀းေန၇လို႔ လြမ္းတဲ့အခါမွာေတာ့ ေဆးလိပ္က အလြမ္း အတြက္ အေကာင္းဆုံး အေဖာ္ပါဘဲ။ မီးခိုးေငြ႔ေလးေတြ က ခ်စ္သူ ျဖစ္ေနသလို၊ မီးခိုးေငြ႔ေတြနဲ႔ ခ်စ္သူဆီကို ဘယ္ေလာက္ခ်စ္ေန လြမ္းေန သတိရေနပါတယ္ဆုိတာကို တိုးတိုးေလး ေျပာတတ္ႀကပါတယ္။ ေျပာလဲ ေျပာခဲ့ဘူးမွာပါဘဲ။ အလြမ္းဆိုတာ ေဆးလိပ္နဲ႔ေပါင္းမွ ပို ျပည့္စုံပါတယ္။

ကြ်န္ေတာ္ သည္ အေႀကာင္းေႀကာင္းေႀကာင့္ ေဆးလိပ္ေသာက္လို႔ မ၇ေတာ့ပါဘူး။သိပ္ႀကိဳက္ခဲ့တဲ့အတြက္ လက္ေတြ႔ ေသာက္မရေပမဲ့  ဖက္ႀကမ္းကို အခုထိကို အိမ္မက္ ထဲမွာ မက္ေနတုန္းပါဘဲ။ အိမ္မက္ထဲမွာ  ေဆးေပါ့လိပ္ ဖက္စိမ္းေလး ရွာတုန္း၊ မီးညွိလုိက္တုိင္း လဲ အရသာ ရွိေနတုန္းပါဘဲ။ အိမ္မက္ထဲမွာပါ။ 

ေဆးေပါ့လိပ္ အလြမ္း ပါ။

#Credit    #ေဒါနီ    ၃၀ ၊ ၁၁ ၊ ၁၆
#18September2018WLP📚📚📚📚📚
🔮🔮🔮🔮🔮🔮🔮🔮

ဆေးလိပ်

လူတွေမှာ အမြဲတမ်း လိုလို ဆန့်ကျင်ဘက် ၂ခု ကို လွန်ဆွဲဘို့ ဖြစ်တတ်ပါတယ်။
အချိုနဲ့မတည့်ဘူး မစားသင့်ပေမဲ့ အချိုကို နည်းနည်းလေး ဖြစ်ဖြစ်တော့ ပိုစားချင်တတ်လာပါတယ်။
အဲ့ဒီလိုဘဲ ကောင်းတာနဲ့ မကောင်းတာကို လုပ်ဖို့ စိတ်ထဲမှာ လွန်ဆွဲ တတ်ကြပြန်ပါတယ်။
အဲ့ဒီလိုပါဘဲ မကောင်းတဲ့အကျင့် မကောင်းမှုဆိုတာကလဲ ဖြတ်ဖို့ခက်ပြန်တယ်လေ ။  ကျွန်တော် ဆေးလိပ်ကို စွဲစွဲလန်း လန်း သောက် ခဲ့ဘူးပါတယ်။ ကြိုက်လဲ သိပ်ကြိုက်ပါတယ်။

ကျွန်တော်တို့ခေတ်တုန်းကပေါ့။ ငွေတောင်၊ ခြသေ့ၤသုံးကောင်။ ရွှေခြံမေ ၊ နှင်းဆီ။ သုခိတာ ၊ နွား၊ ရွှေနှင်းဆီ စသည်ဖြင့်ပေါ့။ အဲ့ဒီ ဆေးပေါ့လိပ်တွေ အားလုံးထဲမှာ ရွှေနှင်းဆီနဲ့ ငွေတောင်ကို နှစ်နှစ်သက်သက် သောက်ခဲ့သလို၊ အထူးသဖြင့်ကတော့ ခြသေ့ၤသုံးကောင်ကို လက်ဖက်ရည် ကျကျလေး နဲ့ ဖြည်းဖြည်းလေး သောက်ပြီး ငြိမ်ငြိမ်လေး နေခဲ့ရတဲ့ အချိန်ဆိုရင် feel like stay in heaven လိုပါဘဲ။

ကျွန်တော် ဆေးပေါ့လိပ် ကို အချိန်ယူပြီး သေချာရွေးရတာကို  ကြိုက်ပါတယ်။
ဖက်စိမ်းစိမ်းလေးတွေကို ဆေးလိပ်စည်းတွေ ထဲကနေ ရွေးရတာကို စိတ်ရှည် သလို၊ ဆေးပေါ့လိပ် ဖင်ဆီခံကို ရွေးတဲ့အခါမှာလဲ သိပ်မကျစ်လွန်း မပွလွန်းတာကို ရွေးရပါတယ်။ ဖက်စိမ်းလေး လပ်လပ်လေးကို ရွေးပြီးရင် အဆီခံ ကောင်းမကောင်းကို ထပ်ကြည့် ရပါတယ်။ ဖက်စိမ်းလေး ဆိုပေမဲ့ အစီခံက ကြပ်လွန်း နေပြန်ရင်လဲ ဆေးလိပ်က သောက်မကောင်းသလို၊ ပွလွန်းပြန်တော့လဲ ရှိုက်ရတာ အရသာ မကောင်းတတ်ပြန်ပါဘူး။ ဆေးသား သိပ်ပြည့်ပြီး ဆေးသားကြပ်နေရင်လဲ သောက်မကောင်းသလို၊ ဆေးသားက ပွနေလို့ ဆေးလိပ်ကို သိပ်အောင် ဆောင့်ချပြီး ခေါင်းပြန်ချိုးတဲ့အခါမှာ အဆီအလျော်မတည့်တာတွေ၊ ခေါင်းပြန်ချိုးပြီးဆေးပေါ့လိပ်ကို မီးညှိ လို့ တစ်ခြမ်းစောင်း လောင်ပြန်ရင်လဲ သောက်မကောင်းပြန်ပါဘူး၊ ဆေးပေါ့လိပ်ဆိုတာ ကြည့်တော့သာ ဘာမှ မဟုတ်ပေမဲ့၊ ဆေးပေါ့လိပ် တစ်လိပ်ကောင်းကောင်းရဘို့ဆိုတာ စိတ်ရှည်ရပါတယ်။ ဆေးလိပ်လေးကို တစ်ဖွာ နှစ်ဖွာလောက်ဖွာပြီး ခနလေး နှပ်ထားလိုက်ရပါတယ်။ ဆေးလိပ်တိုဆိုတာ ဆေးလိပ်သောက်ချင်လို့ ခံတွင်းချင်နေသူအတွက်ကတော့ နတ်သုဒါပါဘဲ။

လူတွေမှာ ဆေးလိပ်သောက်ချင်တဲ့အချိန်အမျိုးမျိုး ရှိတတ်သလို။ နေရာလဲ အမျိုးမျိုး ရှိပါတယ်။ တယောက်နဲ့ တယောက်ဆေးလိပ်သောက်ချင်တဲ့အချိန်၊ နေရာ မတူကြပါဘူး။

ဆေးပေါ့လိပ်ကို ဖက်ကြမ်းလို့ ပြောပေမဲ့ အဲ့ဒီ ဖက်ကြမ်းဆေးလိပ်က တစ်လိပ်ဆို ဆိုသလောက် တာသွားပါတယ်။ ဒါကြောင့် ဆေးပေါ့လိပ်ကို ပိုက်ဆံလို သုံးလို့၊ အလဲအလှယ် လုပ်လို့ ရတဲ့နေရာတွေ ရှိနေသလို၊ ရှိနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ထောင်ပေါ့။အကျဉ်းထောင်မှာ ပိုက်ဆံလို သုံးသလို၊ စိတ္တဇ ဆေးရုံမှာလဲ အတူတူပါဘဲ။ ဆေးလိပ်က ပိုက်ဆံပါဘဲ။

ဆေးပေါ့လိပ် နဲ့ အရက်
ဘုံဆိုင်မှာထိုင်ခဲ့စဉ် တုန်းက သူက မပါမပြီးပေါ့။ အမြည်းမရှိရင်နေပါစေ၊ ဆေးလိပ်တိုလေးကတော့ ပါမှ ဖြစ်ပါတယ်။ ဘုံဆိုင်ကို မဝင်ခင် ကွမ်းယာဆိုင်လေးကိုအရင်ဝင်လေ့ ရှိပါတယ်။ အရက်ဖိုး လေး ချန်ပြီးဆေးလိပ်နဲ့ ကွမ်းယာလေး (သောက်ပြီး အနံ့ဖျောက်ပေါ့)။ ဘီအီးကို တစိတ်လောက်မှာပြီးရင် ဖန်ခွက် ပြာလဲ့လဲ့လေး (အမှန်ကတော့ ဖန်ခွက်အပေါစားပါ) ထဲကို အရက်လေး နည်းနည်းထည့်ပြိး။ ဆေးပေါ့လိပ်လေးကို အရက်ထဲကို နည်းနည်းလေး အဆီခံလေးကို ပေးစိုလိုက် ။  ဆေးပေါ့လိပ် ထိပ်လေးကို ချိုးပြိး လေနဲ့ပြောင်းပြန် ပြန်မှုတ်ထုတ်ပေါ့ ဖုံလေး ဘာလေး ကင်းအောင်ပေါ့။ ပြီးပြီ ဆိုရင် ဆေးသားလေး အနေတော်ဖြစ်အောင် ဖြည်းဖြည်းလေးရိုက်၊ ဆေးလိပ် ထိပ်လေးကို သွားနဲ့ ဖြည်းဖြည်းလေး ကိုက်ပြီး  ခေါင်းကိုပြန်ချိုးထဲ့ ပေါ့။ ပြိးတော့မှ ဆေးလိပ်မီးညှိ ရတာပါ။ မီးညှိတဲ့အခါမှာလဲ ဆေးပေါ့လိပ်ကို မီးညီအောင် သေချာ ညှို ဘို့ လိုပါတယ်။ ဆေးလိပ်က တခြမ်းစောင်း မီးညှိရင် သောက်လို့ မကောင်းပါဘူး၊ ပြီးမှ အရက်ကို တစ်ငုံလောက် သောက်ပြီး ရေကိုမြန်မြန်လေး လိုက်ပါ။ လည်ချောင်းထဲမှာ ပြင်းရှရှလေး အရက်ဝင်သွား ပြီးမှ  ဆေးလိပ်ကို တစ်ဖွာလောက် ရှိုက်လိုက်ရတဲ့ အရသာကို ပြန်စဉ်းစားလိုက်ရင် အခု ပါးစောင်ထဲမှာ သွားရည် ကျလာသလိုပါဘဲ ။ ကြိုက်လိုက်တာ ဆိုတာလေ။ ပြန်လိုချင်သော အချိန်များပေါ့ဗျာ။

ဆေးလိပ်နဲ့ လက်ဖက်ရည်
ညက သောက်တာ နည်းနည်းများသွားရင် မနက်ကို ရင်ပူ ရေဆာပြိး နိုးလာတတ်တာ အရက်ကြိုက်သူတိုင်း ရဲ့ ထုံးစံပါဘဲ။ ကိုယ်ကြိုက်တဲ့အရက်ကို သောက်တာဘဲ ဒီလောက်ကတော့ အေးဆေး ပါဘဲ။ ဒုက္ခ ရယ်လို့ တခါမှ မစဉ်းစားခဲ့ပါဘူး ၊ နောက်တနေ့မနက်ကို ရေမိုးချိုးပြီးလို့ လက်ဖက်ရည်ဆိုင်ကို ချီတက်လေ့ ရှိပါတယ်။
ကျွန်တော်တို့ သံလျင် ကမ်းနားဆိပ်မှာ လက်ဖက်ရည်ဆိုင်လေး ၂ ဆိုင်ဘဲ ရှိတာပါ။ တစ်ဆိုင်က ဆုံဆည်းရာ လို့ ခေါ်ပါတယ်။  နောက်တဆိုင်က အဝိုင်းပတ်နားက ကုလားဆိုင်ပေါ့။ ဆုံဆည်းရာလက်ဖက်ရည်က ပိုကောင်းတယ်လို့ ပြောပေမဲ့။ ကုလားဆိုင် ကလဲ လူပြည့်နေတတ်တာပါဘဲ။ သေချာတာကတော့ လက်ဖက်ရည်ဆိုင် ၂ ဆိုင်လုံးမှာ အဲ့ဒီတုန်းက ခြငေ်္သ့သုံးကောင် ဆေးပေါ့လိပ် ရှိပါတယ် ၊
ဆိုင် အဝမှာ တံခါးဘောင်လေးမှာ၊ ဒါမှမဟုတ်  ပိုက်ဆံသိမ်းတဲ့ကောင်တာ ဘေးမှာ အုန်းဆံကြိုးခွေ ကို မီး ညှိဘို့ အသင့် မီးညှိထားပြီးသား ရှိပါတယ်။ မီးညှိထားတဲ့အုန်းဆံကြိုးခွေလေးကို ဖြည်းဖြည်းလေး လေနဲ့အရင်မှုတ်လိုက်ရင် အုန်းဆံကြိုးခွေထိပ်လေးမှာ မီးလေး ရဲကနဲ့ ထ လာတယ်။ မီးခြစ် မလိုဘူးပေါ့ဗျာ။ ဆေးလိပ်ကို မီးတို့ ဘို့ ပါ။

ကျွန်တော့်အတွက်ကတော့  လက်ဖက်ရည်ပေါ့ကျ တစ်ခွက် ဆေးပေါ့လိပ် တစ်လိပ် ဆိုရင် ကျွန်တော့်အတွက် အဲ့ဒီ မနက်က  မင်္ဂလာရှိရှိ  စိတ်အေးချမ်းသာစွာ အစပြုခြင်း လို့ ဆိုရမှာပါဘဲ။ လက်ဖက်ရည်သောက်လို့ ခံတွင်းချဉ်တာလား ခံတွင်းချဉ်လို့ လက်ဖက်ရည် သောက်တာလား ဘာကဘဲ အရင် ဖြစ်ဖြစ်ပါ ။ သေချာတာကတော့ ကျွန်တော့်အတွက်  လက်ဖက်ရည်ပါရင် ဆေးပေါ့လိပ် သည် လက်ဖက်ရည် နဲ့ အတူတူ အမြဲ ပါ ပါတယ်။ 

အဲဒိမှာတော့ ကျွန်တော် ဆေးလိပ်သောက်ပုံက မတူပါဘူး။ အဘက အမြဲတမ်းပြောတယ် ဟ ကောင်လေးရ မင်းကလဲ ဆေးလိပ်ဆိုတာ အရန်းသောက်ပစ်လိုက်ရတာ မဟုတ်ဖူးလို့ ပြောတတ်ပါတယ်။ ကျွန်တော်ကတော့ လက်ဖက်ရည်ကို ခွက်တစ်ဝက်လောက် ရောက်ရင် ဆေးလိပ်ကို မနားတမ်း သောက်နေ၇တာကို ပိုကြိုက်ပါတယ်။ ဆေးလိပ် တစ်ဝက်လောက်ကျိုးမှ ကျန်တဲ့ လက်ဖက်ရည်ကို မော့်ချပြီး ဆေးလိပ်လေးကိုမီးသတ်ပြီး သဘောၤဆိပ်ကို ပြေးဆင်းရတာကို က အရသာလို ဖြစ်လာပါတယ်။ အဲ့ဒါကို အဘကတော့ လုံး၀ မကြိုက်ပါဘူး ၊ အဘက လက်ဖက်ရည်လေး တငုံသောက်လိုက် ဆေးလိပ်လေး တဖွာ နှစ်ဖွာ လောက် သောက်လိုက် ၊ရေနွေးလေး သောက်လိုက် အဲ့လို သောက်ပါတယ်။ ကျွန်တော်နဲ့ မတူဘူးပေါ့။ ဒါပေမဲ့ သေချာတာကတော့ ဆေးလိပ်သည် လက်ဖက်ရည်သောက်ရင် အတူတူရှိနေဘို့ လိုအပ် ပြန်ပါတယ်။

ဆေးလိပ်နဲ့ အလွမ်း
သီဆိုနေမယ်မင်းဘို့ သီချင်းတွေ တစ်ညလုံးဘဲ အင်းလျားလမ်းမပေါ်မှာလေ ---------
ငါ့ကိုလူတွေ ကြားထဲလာ မျက်စောင်းထိုးမနေနဲ့၊ ငါ့သိက္ခာ အရောင်လက်သွားအောင် ရွှေချနေတာလား၊ မကြေနပ်ဖူး လုံးဝမကြေနပ် ဖူး၊ မကြေနပ်ဖူး ---------- အဲ့လို ပေါက်ကွဲသံစဉ်တွေ။
အဆောင်သူ အဆောင်သူ အဆောင်သူ အလွမ်းပြေ အဆောင်သူအလွမ်းပြေ --------
မောင့်သီရိမေ သာယာပါစေ၊ မောင့်ရဲ့ သီရီမေ (မောင့်ရဲ့ သီရိမေ) ပျော်ရွှင်ပါစေ၊ ငြိမ်းချမ်းမှုအပေါင်းတွေ ခညောင်းနိုင်ပါစေ ------------
အခု ကျွန်တော် ရေးခဲ့တဲ့ သီချင်းစာသားတွေကို ဆိုခဲ့ဘူးတယ်။ ၈ီတာ တီးခဲ့ဘူးတယ်ဆိုရင် ၊ ဂီတာ နဲ့အတူတူ ကျွန်တော်တို့ လွယ်အိတ်ထဲမှာငွေတောင်ဆေးပေါ့လိပ်ဆိုတာ မသွေမကွာ ရှိနေမှာပါဘဲ။

အဲ့ဒီတုန်းက အမျိုးသမီးအဆိုတော်တယောက်ရဲ့သိချင်းစာသားလေးကို မှတ်မိနေတုန်းပါဘဲ။
အဆိုတော်နံမယ်တော့ မသိတော့ပါဘူး၊

သီချင်းစာသားလေးက
ပြောတဲ့စကားနားထောင်။ ဖုန်းတွေလဲ မဆက်နဲ့ ၊ အိမ်လဲလာမတွေ့နဲ့ ၊ စာကြိုးစားစမ်းကွယ်။
အရက်မသောက်စမ်းနဲ့ကွာ။ ညဆို လျောက်မထွက်နဲ့၊ အပေါင်းအသင်းကို မမက်နဲ့၊
ဆေးလိပ်ဖြတ်ကွယ်။

လမ်းဘေးအုတ်ခုံမှာဘဲ ဖြစ်ဖြစ် ၊ အဆောင်ရှေ့မှာ ဖြစ်ဖြစ် အဲ့ဒီ သီချင်းကို နောက်ပြိး ကျွန်တော်တို့ဆိုခဲ့ဘူးပါတယ်။ ဆေးလိပ်ဖြတ်ကွယ်ဆိုတဲ့အပိုဒ်ကိုပါ ။

အရက်မသောက်စမ်းနဲ့ကွာ ဆိုရင် သောက်နေတဲ့ အရက်ခွက်လေးတွေ ကိုမြှောက်ပြိး မသောက်ပါဘူးလို့ ကျန်တဲ့လူတွေက ဝိုင်းအော်ပါတယ်။ ညဆိုလျောက်မထွက်နဲ့ ( အမှန်က မထွက်လိုဘူး လို့ ဆိုရမှာပါ) ကျွန်တော်တို့က ဟားဟားဟား လို့ ရီပါတယ်။ အပေါင်းအသင်းကိုမမက်နဲ့ ဆို၇င် မမက်ပါဘူးလို့ ဆိုမဲ့အစား   (နားမကိုက်ပါနဲ့ )လို့ အော်ပါတယ်။ ဆေးလိပ်ဖြတ်ကွယ် ဆိုတဲ့နေရာမှာတော့ အားလုံးက တူးတူးသီချင်း ထဲက စာသားကို အော်ပါတယ်။  မင်းဘဲ အပြောကောင်းတယ်လို့ မဟုတ်တဲ့စာသားတွေကို ထည့်ဆိုပြိး ဆေးလိပ်ကို တော့ အထိမခံကြပါဘူး။ ဆေးလိပ်ကို စွဲစွဲမြဲမြဲ ကြိုက်ဖူးသူတိုင်း သိပါတယ်။

အဲ့လိုပါဘဲ။ ချစ်သူနဲ့ ဝေးရလို့၊ခွဲနေ ဝေးနေ၇လို့ လွမ်းတဲ့အခါမှာတော့ ဆေးလိပ်က အလွမ်း အတွက် အကောင်းဆုံး အဖော်ပါဘဲ။ မီးခိုးငွေ့လေးတွေ က ချစ်သူ ဖြစ်နေသလို၊ မီးခိုးငွေ့တွေနဲ့ ချစ်သူဆီကို ဘယ်လောက်ချစ်နေ လွမ်းနေ သတိရနေပါတယ်ဆိုတာကို တိုးတိုးလေး ပြောတတ်ကြပါတယ်။ ပြောလဲ ပြောခဲ့ဘူးမှာပါဘဲ။ အလွမ်းဆိုတာ ဆေးလိပ်နဲ့ပေါင်းမှ ပို ပြည့်စုံပါတယ်။

ကျွန်တော် သည် အကြောင်းကြောင်းကြောင့် ဆေးလိပ်သောက်လို့ မ၇တော့ပါဘူး။သိပ်ကြိုက်ခဲ့တဲ့အတွက် လက်တွေ့ သောက်မရပေမဲ့  ဖက်ကြမ်းကို အခုထိကို အိမ်မက် ထဲမှာ မက်နေတုန်းပါဘဲ။ အိမ်မက်ထဲမှာ  ဆေးပေါ့လိပ် ဖက်စိမ်းလေး ရှာတုန်း၊ မီးညှိလိုက်တိုင်း လဲ အရသာ ရှိနေတုန်းပါဘဲ။ အိမ်မက်ထဲမှာပါ။ 

ဆေးပေါ့လိပ် အလွမ်း ပါ။

#Credit    #ဒေါနီ    ၃၀ ၊ ၁၁ ၊ ၁၆
#18September2018WLP📚📚📚📚📚
🔮🔮🔮🔮🔮🔮🔮🔮

Tuesday, 25 September 2018

ေရပဌာန္းပူေဇာ္နည္း

#ေရပဠာန္းပူေဇာ္နည္း
🌳🌳🌳🌳🌳🌳

ဘုရားေသာက္ေတာ္ေရ ၂၄ ခြက္လိုအပ္သည္။
ငါးပါးသီလခံယူ၍
ဘုရားရွိခိုုးကန္ေတာ့ၿပီးေနာက္-

အစိေႏၵရ အစိေႏၵရ အစိေႏၵရ
အပၸေမရႏွင့္ျပည့္စံုေသာမူေသာျမတ္စြာဘုရား
ဘုန္းေတာ္အနႏၵရ ကံေတာ္အနႏၵရ ဉာဏ္ေတာ္အနႏၵရ ပါရမီေတာ္အနႏၵရ တန္ခိုးေတာ္အနႏၵရႏွင့္ျပည့္စံုေသာမူေသာ ျမတ္စြာဘုရား
ဤမဟာေရပဠာန္းအား တပည့္ေတာ္၏
ေမြးရက္မွစ၍ ရက္ေပါင္း၉၀ အဓိဌာန္ျပဳလုပ္ပူေဇာ္ပါ့မည္အရွင္ဘုရား

နေမာတႆ သံုးႀကိမ္ေခၚ၍ကန္ေတာ့ပါ ။
အဓိဌာန္စပါၿပီ ။

မိမိ၏ဘယ္ဖက္ကစၿပီး
🍅ေဟတုပစၥေယာ ဟု ရြတ္၍ ေသာက္ေတာ္ေရတစ္ခြက္ခ်ပါ။
🍅အာရမၼဏပစၥေယာ ဟု ရြတ္၍ ေနာက္တခြက္ခ်ပါ။
🍅အဓိပတိပစၥေယာဟု ရြတ္ကာ သဟဇာတပစၥေယာထိရြတ္တဲ့အခါ ေသာက္ေတာ္ေရခြက္ေျခာက္ခြက္တန္းသြားပါမည္။
🍅ခုႏွစ္ခြက္ေျမာက္ျဖစ္ေသာ အညမညပစၥေယာခြက္ကို
မိမိ၏ညာဘက္ကေန ရြတ္၍ ခြက္ခ်ပါ ။
🍅ပစၥစာယ်ပစၥေယာထိ ရြတ္လွ်င္ ေသာက္ေတာ္ေရခြက္ ငါးခြက္တန္းသြားပါမည္။
🍅အာသဝါနပစၥေယာ ႐ြတ္၍ မိမိ၏ဘယ္ဖက္မွျပန္ကာ ရြတ္ၿပီး ေရခြက္ခ်ပါ။
🍅အာဟရပစၥေယာ ထိရြတ္လွ်င္ ေလးခြက္တန္းသြားပါမည္။
🍅အိျႏၵယပစၥေယာ ရြတ္၍ မိမိ၏ညာဖက္ကေန ရြတ္ၿပီးခြက္ျပန္ခ်ပါ။
🍅မဂၢပစၥေယာထိ ရြတ္လွ်င္ ေသာက္ေတာ္ေရခြက္သံုးခြက္တန္းသြားမည္။
🍅သမၺယုတၱပစၥေယာ ရြတ္၍ မိမိ၏ဘယ္ဖက္ကေန ႐ြတ္၍ ခြက္ခ်ပါ ။ 🍅ဝိပၸရတၱပစၥေယာထိ ရြတ္လွ်င္ ေသာက္ေတာ္ေရခြက္ႏွစ္ခြက္တန္းသြားမည္။
🍅အတၳိပစၥေယာ ကေန အဝိဂါတပစၥေယာထိ အတန္းလိုက္ ေရခြက္ခ်ပူေဇာ္ပါ။

နေမာတၱသံုးႀကိမ္ျပန္ဆို၍
ေရခြက္ခ်သည့္ နည္းအတိုင္း ေဟတုပစၥေယာရြတ္၍
ေရထည့္ကာ အဝိဂါတပစၥေယာထိ ရြတ္၍ေရထည့္ၿပီးလွ်င္ ေအာင္ျမင္ပါသည္။

ဆုေတာင္းသစၥာဆိုပါ ။
တပည့္ေတာ္ တပည့္ေတာ္မ ေန႔သားအလိုက္မိမိနာမည္ကို ထည့္ကာ မိမိသည္ဤေရပဌာန္းကို ရက္ေပါင္း၉၀ အဓိဌာန္ပါသည္ ။

ဤသစၥာစကားသည္ မွန္ကန္ပါသည္။
ဤမွန္ကန္ေသာသစၥာစကားေၾကာင့္ မိမိလိုအပ္ေသာဆုတစ္ဆုတည္းကိုသာရက္ေပါင္း၉၀လံုး ေန႔စဥ္ဆုေတာင္းပူေဇာ္ရင္း ေမတၱာပို႔ေပးပါ။

သင္ ထူးျခားေကာင္းမြန္အဆင္ေျပဖို႔အတြက္ ေစတနာသက္သက္ ဓမၼဒါန ျဖန္႕ေဝေပးပါတယ္။
ေနစဥ္ျပဳလုပ္သြားပါ ။
မနက္ပိုင္းလုပ္ႏိူင္ရင္ ပိုမိုေကာင္းမြန္ပါတယ္။
တစ္ေန႔တာ အဓိဌာန္ျပဳလုပ္ၿပီးေနာက္ ပဌာန္းေရကို ျမတ္စြာဘုရားထံမွ စြန္႔၍ မ်က္ႏွာပြင့္အလုပ္အဆင္ေျပကံေကာင္းေစရန္အတြက္ ပဌာန္းေရျဖင့္မ်က္ႏွာသစ္ျခင္းျဖင့္ ဆုေတာင္းအသံုးျပဳႏိူင္ပါတယ္။

#Credit  #Kညီ
#22September2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈
#ရေပဠာန်းပူဇော်နည်း
🌳🌳🌳🌳🌳🌳

ဘုရားသောက်တော်ရေ ၂၄ ခွက်လိုအပ်သည်။
ငါးပါးသီလခံယူ၍
ဘုရားရှိခိုးကန်တော့ပြီးနောက်-

အစိန္ဒေရ အစိန္ဒေရ အစိန္ဒေရ
အပ္ပမေရနှင့်ပြည့်စုံသောမူသောမြတ်စွာဘုရား
ဘုန်းတော်အနန္ဒရ ကံတော်အနန္ဒရ ဉာဏ်တော်အနန္ဒရ ပါရမီတော်အနန္ဒရ တန်ခိုးတော်အနန္ဒရနှင့်ပြည့်စုံသောမူသော မြတ်စွာဘုရား
ဤမဟာရေပဠာန်းအား တပည့်တော်၏
မွေးရက်မှစ၍ ရက်ပေါင်း၉၀ အဓိဌာန်ပြုလုပ်ပူဇော်ပါ့မည်အရှင်ဘုရား

နမောတဿ သုံးကြိမ်ခေါ်၍ကန်တော့ပါ ။
အဓိဌာန်စပါပြီ ။

မိမိ၏ဘယ်ဖက်ကစပြီး
🍅ဟေတုပစ္စယော ဟု ရွတ်၍ သောက်တော်ရေတစ်ခွက်ချပါ။
🍅အာရမ္မဏပစ္စယော ဟု ရွတ်၍ နောက်တခွက်ချပါ။
🍅အဓိပတိပစ္စယောဟု ရွတ်ကာ သဟဇာတပစ္စယောထိရွတ်တဲ့အခါ သောက်တော်ရေခွက်ခြောက်ခွက်တန်းသွားပါမည်။
🍅ခုနှစ်ခွက်မြောက်ဖြစ်သော အညမညပစ္စယောခွက်ကို
မိမိ၏ညာဘက်ကနေ ရွတ်၍ ခွက်ချပါ ။
🍅ပစ္စစာယျပစ္စယောထိ ရွတ်လျှင် သောက်တော်ရေခွက် ငါးခွက်တန်းသွားပါမည်။
🍅အာသဝါနပစ္စယော ရွတ်၍ မိမိ၏ဘယ်ဖက်မှပြန်ကာ ရွတ်ပြီး ရေခွက်ချပါ။
🍅အာဟရပစ္စယော ထိရွတ်လျှင် လေးခွက်တန်းသွားပါမည်။
🍅အိန္ဒြယပစ္စယော ရွတ်၍ မိမိ၏ညာဖက်ကနေ ရွတ်ပြီးခွက်ပြန်ချပါ။
🍅မဂ္ဂပစ္စယောထိ ရွတ်လျှင် သောက်တော်ရေခွက်သုံးခွက်တန်းသွားမည်။
🍅သမ္ဗယုတ္တပစ္စယော ရွတ်၍ မိမိ၏ဘယ်ဖက်ကနေ ရွတ်၍ ခွက်ချပါ ။ 🍅ဝိပ္ပရတ္တပစ္စယောထိ ရွတ်လျှင် သောက်တော်ရေခွက်နှစ်ခွက်တန်းသွားမည်။
🍅အတ္ထိပစ္စယော ကနေ အဝိဂါတပစ္စယောထိ အတန်းလိုက် ရေခွက်ချပူဇော်ပါ။

နမောတ္တသုံးကြိမ်ပြန်ဆို၍
ရေခွက်ချသည့် နည်းအတိုင်း ဟေတုပစ္စယောရွတ်၍
ရေထည့်ကာ အဝိဂါတပစ္စယောထိ ရွတ်၍ရေထည့်ပြီးလျှင် အောင်မြင်ပါသည်။

ဆုတောင်းသစ္စာဆိုပါ ။
တပည့်တော် တပည့်တော်မ နေ့သားအလိုက်မိမိနာမည်ကို ထည့်ကာ မိမိသည်ဤရေပဌာန်းကို ရက်ပေါင်း၉၀ အဓိဌာန်ပါသည် ။

ဤသစ္စာစကားသည် မှန်ကန်ပါသည်။
ဤမှန်ကန်သောသစ္စာစကားကြောင့် မိမိလိုအပ်သောဆုတစ်ဆုတည်းကိုသာရက်ပေါင်း၉၀လုံး နေ့စဉ်ဆုတောင်းပူဇော်ရင်း မေတ္တာပို့ပေးပါ။

သင် ထူးခြားကောင်းမွန်အဆင်ပြေဖို့အတွက် စေတနာသက်သက် ဓမ္မဒါန ဖြန့်ဝေပေးပါတယ်။
နေစဉ်ပြုလုပ်သွားပါ ။
မနက်ပိုင်းလုပ်နိူင်ရင် ပိုမိုကောင်းမွန်ပါတယ်။
တစ်နေ့တာ အဓိဌာန်ပြုလုပ်ပြီးနောက် ပဌာန်းရေကို မြတ်စွာဘုရားထံမှ စွန့်၍ မျက်နှာပွင့်အလုပ်အဆင်ပြေကံကောင်းစေရန်အတွက် ပဌာန်းရေဖြင့်မျက်နှာသစ်ခြင်းဖြင့် ဆုတောင်းအသုံးပြုနိူင်ပါတယ်။

#Credit  #Kညီ
#22September2018WLP📚📚📚📚📚

ေဆးလိပ္

ေဆးလိပ္ လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။ အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ...