#အဘေအာင္မင္းေခါင္အေၾကာင္း
🍎🍎🍎🍎🍎🍎🍎🍎🍎
#WinLettPhyu2017
#ဘိုးမင္းေခါင္သည္ ျမန္မာနိုင္ငံတြင္ ႏွစ္ေပါင္းမ်ားစြာ ကာလမွစ၍ ယေန႕တိုင္
လြန္စြာထင္ရွားေသာ သာသနာျပဳဘိုးေတာ္တစ္ပါးျဖစ္သည္။
၁၉၅၂ ခုႏွစ္ခန႔္တြင္ ပုပၸါးေတာင္ေပၚႏွင့္
အနီးအနားေဒသမ်ားတြင္ သီတင္းသုံးေနထိုင္ေလ့ရွိသည္။
ပထမံ ဘိုးဘိုးေအာင္ကဲ့သို႔ပင္ အလ်င္းသင့္သလို ဒုကၡေရာက္ေနသူမ်ားအား ကူညီေစာင့္ေရွာက္ေလ့ရွိသည္။ မေကာင္းသူကိုပယ္-ေကာင္းသူကိုကယ္တတ္သည္။
စိတ္ထားေကာင္းမြန္သူ၊ ရိုးသားေျဖာင့္မတ္သူမ်ားကို အထူးကူညီေစာင့္ေရွာက္ေလ့ရွိသည္။
ဘိုးေတာ္ ေအာင္မင္းေခါင္ဟူ၍လည္း တစ္ခ်ိဳ႕က ေခၚၾကသည္။
ရတနာသုံးပါး၏ဂုဏ္ေက်းဇူးကို အထူးယုံၾကည္ေလးစားဦးထိပ္ပန္ဆင္
သူတစ္ဦး ျဖစ္သည္။
ဗုဒၶသာသနာတည္တံ့ျပန႔္ပြားေရးအတြက္ တတ္စြမ္းသ၍ အထူးကူညီပံ့ပိုးခဲ့ေသာ ဘိုးေတာ္ျဖစ္သည္။
စကားေျပာရာတြင္ ရွင္းရွင္းႏွင့္ျပတ္ျပတ္ေျပာတတ္သည္။
တစ္ဘဝက ဥကၠလာပမင္းႀကီးျဖစ္ခဲ့ဖူးသည္ဟုဆိုသည္။
အဘဘိုးမင္းေခါင္သည္ ေ႐ႊတိဂုံဘုရားဒကာ ဥကၠလာပမင္းႀကီးျဖစ္သည့္ဘဝတြင္ ဆန္စက္ပိုင္ရွင္ ဦးဘဦးသည္ ဥကၠလာပမင္းႀကီး၏ သားေတာ္ မင္းနႏၵာမင္းသားျဖစ္ခဲ့သည္။
ရွင္ေမြ႕ႏြန္း ႏွင့္ မင္းနႏၵာ ဇာတ္လမ္းႏွင့္စပ္လ်ဥ္း၍ ျမန္မာျပည္သူမ်ား ရင္းႏွီးသိကြၽမ္းၿပီးသားျဖစ္သည္။
အေနအထိုင္ရိုးသားသည္။
တိုက္ပုံ၊ စြပ္က်ယ္ ႏွင့္ ပုဆိုးကြက္တို႔ကို ဝတ္ဆင္ေလ့ရွိသည္။
ဆန္စက္ပိုင္ရွင္ ဥကၠလာဦးဘုရားဒကာ ဦးဘဦးႏွင့္ ဇနီး ဆန္စက္ပိုင္ရွင္ ေဒၚတင္လွ မိသားစုအား သူ၏ဓာတ္ပုံကို ပထမဦးဆုံးရိုက္ကူးခြင့္၊ ယင္းဘိုးမင္းေခါင္ဓာတ္ပုံမ်ားအား ျမန္မာနိုင္ငံတစ္ဝန္းလုံးသို႔ လႉဒါန္းခြင့္ျပဳခဲ့သည့္အျပင္ အဘ၏ဆံပင္မ်ားကိုလည္း ဦးဘဦး+ေဒၚတင္လွ မိသားစုသို႔ ေပးအပ္ခဲ့သည္ဟု ၿမိဳ႕မ-ျမင့္ႂကြယ္က အေထာက္အထားမ်ားႏွင့္တကြ မွတ္ခ်က္ျပဳခဲ့သည္။
(အဘ ဘိုးမင္းေခါင္၏ ခြင့္ျပဳေသာ ဦးဘဦး၏ ကင္မရာ နကၠတစ္၌သာ အဘ၏ ဓာတ္ပုံကို ထင္ေစၿပီး
ထိုစဥ္က ပုပၸါးေတာင္ေပၚတြင္ရွိေသာ၊ ဓာတ္ပုံရိုက္ကူးေသာ အျခားဘုရားဖူးမ်ား၏
ကင္မရာ နကၠတစ္ တြင္မူ အဘ၏ပုံ ထင္ေပၚျခင္း မရွိသည္ကို ဦးဘဦး၏သမီးျဖစ္သူ
ေယာဂီ ေဒၚအမာ (ခ) ေဒၚျမင့္ျမင့္ဝင္းက ကိုယ္ေတြ႕ေျပာျပခဲ့ပါသည္။)
တစ္နိုင္ငံလုံးသို႔ ဦးဘဦး+ေဒၚတင္လွ လႉဒါန္းခဲ့ေသာ အဘဘိုးမင္းေခါင္၏ မ်ားစြာေသာဓာတ္ပုံမ်ားအနက္
ရန္ကုန္ၿမိဳ႕၊ ဘားလမ္းေန ဗိုလ္မႉးသိန္းထြန္းအိမ္တြင္ ၃ ေပ x ၄ ေပ
အ႐ြယ္ရွိ အဘဘိုးမင္းေခါင္ပုံသည္ ယေန႕တိုင္ ျမင္ေတြ႕နိုင္ပါသည္။
#ဘိုးမင္းေခါင္ (ခ) #ေအာင္မင္းေခါင္
ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ားအၾကား ဘိုးမင္းေခါင္သည္ အလြန္ထင္ရွားသူျဖစ္ေပသည္။
ဘိုးေတာ္ မယ္ေတာ္ (သို႔တည္းမဟုတ္) ဝိဇၨာမ်ားကို ယုံၾကည္ကိုးကြယ္သူမ်ားအေနျဖင့္ ဘိုးမင္းေခါင္ သည္ အလြန္အေရးပါေသာ ထြက္ရပ္ေပါက္ဘိုးေတာ္တပါးျဖစ္သည့္ျပင္ အလြန္တန္ခိုးႀကီးသည္ဟု ယုံၾကည္ေနၾကသည္။ ဘိုးမင္းေခါင္ႏွင့္ပတ္သက္သည့္ သက္ေသအေထာက္အထားမ်ားကလည္း အထင္အရွားရွိေနသည္က
ယင္းတို႔ယုံၾကည္မႈကို ပိုမိုခိုင္ၿမဲေစ၏။
ရန္ကုန္ၿမိဳ႕ ဝင္ဒါမီယာရပ္ရွိ ေဗာဓိကုန္းတြင္ ေဗာဓိကုန္းေစတီေတာ္ျမတ္ရွိသည္။
ထိုေစတီေတာ္အတြင္းတြင္ ဘိုးမင္းေခါင္အိပ္ခဲ့ေသာ သလြန္၊ ဘိုးမင္းေခါင္အသုံးျပဳခဲ့ေသာ ေရေႏြးပန္းကန္မ်ားႏွင့္ အျခားအသုံးအေဆာင္မ်ားက ယခုတိုင္ရွိေနေသးသည္။
ဘိုးမင္းေခါင္သည္ ထိုေနရာမွပင္ ထြက္ရပ္ေပါက္ခဲ့သည္ဟု ယုံၾကည္ၾက၏။
ထိုမွ်မက ထင္ရွားေသာ
ပုပၸားေတာင္ေတာ္တြင္လည္း ဘိုးမင္းေခါင္ေနထိုင္သြားသည့္ ေနရာအမွတ္အသားမ်ားရွိေနေပသည္။
#အမွန္စင္စစ္ ဘိုးမင္းေခါင္သည္ ပထမံဘိုးမင္းေခါင္ပင္ျဖစ္သည္။
ပထမံထြက္ရပ္ဂိုဏ္းႀကီ၏ အႀကီးအကဲေခါင္ခ်ဳပ္ပင္ျဖစ္သည္။
ပထမံဂိုဏ္းဆိုသည္မွာလည္း ျမန္မာရာဇဝင္တြင္
ဘိုးေတာ္ဦးဝိုင္းအုပ္စိုးစဥ္ အခ်ိန္က အလြန္အစြမ္းထက္သည့္ ပထမံဘိုးဘိုးေအာင္
ေပၚေပါက္သည့္အခ်ိန္မွစ၍ ေပါက္လာခဲ့ျခင္း ျဖစ္ေပသည္။
ဘိုးဘိုးေအာင္သီခ်င္းမ်ား ဘိုးဘိုးေအာင္ကိုတင္စားေသာ ေတးသီခ်င္းမ်ား ေပၚေပါက္လာသည္အထိ
ျမန္မာတို႔အၾကား ဘိုးဘိုးေအာင္က ဩဇာႀကီးမားခဲ့သည္။
ဗုဒၶဘာသာဝင္ျမန္မာလူမ်ိဳးတို႔သည္ ရတနာသုံးပါးတို႔ကိုသာ အထြဋ္အျမတ္ထား၊ ကိုးကြယ္ဆည္းကပ္ေလ့ရွိတတ္ၾကေသာ္လည္း ဘိုးဘိုးေအာင္မရွိသည့္(ထြက္ရပ္ေပါက္ၿပီးသည့္) ေနာက္
ႏွစ္အတန္ၾကာတြင္ ဘိုးမင္းေခါင္က ဘိုးဘိုးေအာင္ေနရာတြင္ ဝင္ေရာက္လာၿပီး ဘိုးဘိုးေအာင္ကဲ့သို႔ပင္
လူအမ်ားက ဘိုးမင္းေခါင္အား လူႀကီးမိဘဆရာသခင္တစ္ဦးကဲ့သို႔ ရိုေသေလးစားအားကိုးမႈ ရွိၾကသည္ဟုဆိုသည္။ #ရတနာသုံးပါးႏွင့္တစ္တန္းတည္းထားၿပီးကိုးကြယ္ဆည္းကပ္ျခင္းမဟုတ္ပါ။
အဘဘိုးမင္းေခါင္၏ ပုံေတာ္မ်ား၊ ႐ုပ္တုမ်ားကို ေ႐ႊတိဂုံဘုရားစေသာ ျမန္မာျပည္အႏွံ႕ ထင္ရွားေသာ
တန္ခိုးႀကီးဘုရားမ်ား၊ ထင္ရွားေသာ ေစတီပုထိုးမ်ား၌ ေတြ႕ျမင္နိုင္ပါသည္။
လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၆၀ဝ ေက်ာ္ (ဘီစီ ၅၈၈ ခန႔္က)
ဗုဒၶေဂါတမျမတ္စြာဘုရားသက္ေတာ္ထင္ရွားရွိစဥ္က
🍎 'အဇိတ' အမည္ရွိ အညတရ ရဟန္းငယ္တစ္ပါးသည္လည္းေကာင္း၊
ေနာင္အခါ ထို အဇိတ ရဟန္းသည္ သကၤန္းဝတ္မွ ရေသ့ဝတ္သို႔ေျပာင္းကာ ေတာထြက္ေတာ္မူခဲ့ေသာ
🍎ရွင္ရေသ့ႀကီး 'ဒိဗၺစကၡဳ'သည္လည္းေကာင္း၊
🍎ေ႐ႊတိဂုံဘုရားဒါယကာ သိၾကားမင္းႏွင့္မယ္ေတာ္မယ္လမုတို႔၏သားေတာ္
ဥကၠလာပမင္းႀကီးသည္လည္းေကာင္း၊
🍎ပုဂံေခတ္ဦး ရွင္အရဟံသည္လည္းေကာင္း၊
🍎မြန္ဘုရင္မႀကီး ရွင္ေစာပု၏ သမက္ေတာ္-ပဲခူး (ဟံသာဝတီ)
မြန္ဘုရင္ ဓမၼေစတီမင္းသည္လည္းေကာင္း
🍎၊ အေလာင္းဘုရား ဦးေအာင္ေဇယ်၏ သားေတာ္-ဘိုးေတာ္ဘုရား (ဘိုးေတာ္ဦးဝိုင္း)၏ ျမစ္၊ ဘႀကီးေတာ္ဘုရား၏သားေတာ္ စၾကာမင္းသားသည္လည္းေကာင္း
#ဘိုးမင္းေခါင္ဘဝေဟာင္းပုံရိပ္မ်ားျဖစ္ၾကသည္ဟုဆိုသည္။
#အဘေအာင္မင္းေခါင္ (ဘိုးမင္းေခါင္)၏ ဆုံးမစာ
ပ်က္စီးတိုင္းလွ်င္ မပူပင္ႏွင့္ -
မပ်က္စီးကာ ခိုင္ၿမဲပါက
ဘယ္မွာ "အနိစၥ" ရွိမည္နည္း ။ ။
ဆင္းရဲႀကဳံမူ မညည္းၫူ ႏွင့္-
ခ်မ္းသာခ်ည္းသာ ႀကဳံေနပါက -
ဘယ္မွာ "ဒုကၡ" ရွိမည္နည္း ။ ။
လုပ္တိုင္းမျဖစ္ စိတ္မညစ္ႏွင့္ -
ကိုယ္လုပ္တိုင္းသာ ျဖစ္ေနပါက-
ဘယ္မွာ "အနတၱ" ရွိမည္နည္း ။ ။
ေျပာတိုင္းမရ ေဒါမထႏွင့္ -
ကိုယ္ေျပာတိုင္းသာ ရေနပါက-
ဘယ္မွာ "အနတၱ" ရွိမည္နည္း ။ ။
ႀကံတိုင္း မေပါက္ စိတ္မေဖါက္ႏွင့္ -
သင္ ႀကံတိုင္းသာ ၿပီးေျမာက္ပါက -
ဘယ္မွာ "အနတၱ" ရွိမည္နည္း ။ ။
အာ႐ုံဟူသမွ် မေတာင့္တႏွင့္ -
အာ႐ုံတိုင္းသာ ေတာင့္တပါက -
ဘယ္မွာ "ေလာဘ" ဆုံးမည္နည္း ။ ။
အရာရာမ်ိဳး စိတ္မဆိုးႏွင့္
ေနရာတိုင္းသာ စိတ္ဆိုးပါက -
ဘယ္မွာ "ေဒါသ" ဆုံးမည္နည္း ။ ။
သိဉာဏ္ မလိုက္ သင္မမိုက္ႏွင့္
သိဉာဏ္မရ မိုက္ေနပါက -
ဘယ္မွာ "ေမာဟ" ဆုံးမည္နည္း ။ ။
“ဗုဒၶတရား“ ေမ့မထားႏွင့္
ဆုံးမတိုင္းသာ က်င့္ႀကံပါက
ဘယ္မွာ "နိဗၺာန္" ေဝးမည္နည္း ။ ။
#winlettphyu2017
#PhotosCredit #SayarAungKyawTun
🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
#အဘအောင်မင်းခေါင်အကြောင်း
🍎🍎🍎🍎🍎🍎🍎🍎🍎
#WinLettPhyu2017
#ဘိုးမင်းခေါင်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကာလမှစ၍ ယနေ့တိုင်
လွန်စွာထင်ရှားသော သာသနာပြုဘိုးတော်တစ်ပါးဖြစ်သည်။
၁၉၅၂ ခုနှစ်ခန့်တွင် ပုပ္ပါးတောင်ပေါ်နှင့်
အနီးအနားဒေသများတွင် သီတင်းသုံးနေထိုင်လေ့ရှိသည်။
ပထမံ ဘိုးဘိုးအောင်ကဲ့သို့ပင် အလျင်းသင့်သလို ဒုက္ခရောက်နေသူများအား ကူညီစောင့်ရှောက်လေ့ရှိသည်။ မကောင်းသူကိုပယ်-ကောင်းသူကိုကယ်တတ်သည်။
စိတ်ထားကောင်းမွန်သူ၊ ရိုးသားဖြောင့်မတ်သူများကို အထူးကူညီစောင့်ရှောက်လေ့ရှိသည်။
ဘိုးတော် အောင်မင်းခေါင်ဟူ၍လည်း တစ်ချို့က ခေါ်ကြသည်။
ရတနာသုံးပါး၏ဂုဏ်ကျေးဇူးကို အထူးယုံကြည်လေးစားဦးထိပ်ပန်ဆင်
သူတစ်ဦး ဖြစ်သည်။
ဗုဒ္ဓသာသနာတည်တံ့ပြန့်ပွားရေးအတွက် တတ်စွမ်းသ၍ အထူးကူညီပံ့ပိုးခဲ့သော ဘိုးတော်ဖြစ်သည်။
စကားပြောရာတွင် ရှင်းရှင်းနှင့်ပြတ်ပြတ်ပြောတတ်သည်။
တစ်ဘဝက ဥက္ကလာပမင်းကြီးဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။
အဘဘိုးမင်းခေါင်သည် ရွှေတိဂုံဘုရားဒကာ ဥက္ကလာပမင်းကြီးဖြစ်သည့်ဘဝတွင် ဆန်စက်ပိုင်ရှင် ဦးဘဦးသည် ဥက္ကလာပမင်းကြီး၏ သားတော် မင်းနန္ဒာမင်းသားဖြစ်ခဲ့သည်။
ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ ဇာတ်လမ်းနှင့်စပ်လျဉ်း၍ မြန်မာပြည်သူများ ရင်းနှီးသိကျွမ်းပြီးသားဖြစ်သည်။
အနေအထိုင်ရိုးသားသည်။
တိုက်ပုံ၊ စွပ်ကျယ် နှင့် ပုဆိုးကွက်တို့ကို ဝတ်ဆင်လေ့ရှိသည်။
ဆန်စက်ပိုင်ရှင် ဥက္ကလာဦးဘုရားဒကာ ဦးဘဦးနှင့် ဇနီး ဆန်စက်ပိုင်ရှင် ဒေါ်တင်လှ မိသားစုအား သူ၏ဓာတ်ပုံကို ပထမဦးဆုံးရိုက်ကူးခွင့်၊ ယင်းဘိုးမင်းခေါင်ဓာတ်ပုံများအား မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ လှူဒါန်းခွင့်ပြုခဲ့သည့်အပြင် အဘ၏ဆံပင်များကိုလည်း ဦးဘဦး+ဒေါ်တင်လှ မိသားစုသို့ ပေးအပ်ခဲ့သည်ဟု မြို့မ-မြင့်ကြွယ်က အထောက်အထားများနှင့်တကွ မှတ်ချက်ပြုခဲ့သည်။
(အဘ ဘိုးမင်းခေါင်၏ ခွင့်ပြုသော ဦးဘဦး၏ ကင်မရာ နက္ကတစ်၌သာ အဘ၏ ဓာတ်ပုံကို ထင်စေပြီး
ထိုစဉ်က ပုပ္ပါးတောင်ပေါ်တွင်ရှိသော၊ ဓာတ်ပုံရိုက်ကူးသော အခြားဘုရားဖူးများ၏
ကင်မရာ နက္ကတစ် တွင်မူ အဘ၏ပုံ ထင်ပေါ်ခြင်း မရှိသည်ကို ဦးဘဦး၏သမီးဖြစ်သူ
ယောဂီ ဒေါ်အမာ (ခ) ဒေါ်မြင့်မြင့်ဝင်းက ကိုယ်တွေ့ပြောပြခဲ့ပါသည်။)
တစ်နိုင်ငံလုံးသို့ ဦးဘဦး+ဒေါ်တင်လှ လှူဒါန်းခဲ့သော အဘဘိုးမင်းခေါင်၏ များစွာသောဓာတ်ပုံများအနက်
ရန်ကုန်မြို့၊ ဘားလမ်းနေ ဗိုလ်မှူးသိန်းထွန်းအိမ်တွင် ၃ ပေ x ၄ ပေ
အရွယ်ရှိ အဘဘိုးမင်းခေါင်ပုံသည် ယနေ့တိုင် မြင်တွေ့နိုင်ပါသည်။
#ဘိုးမင်းခေါင် (ခ) #အောင်မင်းခေါင်
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအကြား ဘိုးမင်းခေါင်သည် အလွန်ထင်ရှားသူဖြစ်ပေသည်။
ဘိုးတော် မယ်တော် (သို့တည်းမဟုတ်) ဝိဇ္ဇာများကို ယုံကြည်ကိုးကွယ်သူများအနေဖြင့် ဘိုးမင်းခေါင် သည် အလွန်အရေးပါသော ထွက်ရပ်ပေါက်ဘိုးတော်တပါးဖြစ်သည့်ပြင် အလွန်တန်ခိုးကြီးသည်ဟု ယုံကြည်နေကြသည်။ ဘိုးမင်းခေါင်နှင့်ပတ်သက်သည့် သက်သေအထောက်အထားများကလည်း အထင်အရှားရှိနေသည်က
ယင်းတို့ယုံကြည်မှုကို ပိုမိုခိုင်မြဲစေ၏။
ရန်ကုန်မြို့ ဝင်ဒါမီယာရပ်ရှိ ဗောဓိကုန်းတွင် ဗောဓိကုန်းစေတီတော်မြတ်ရှိသည်။
ထိုစေတီတော်အတွင်းတွင် ဘိုးမင်းခေါင်အိပ်ခဲ့သော သလွန်၊ ဘိုးမင်းခေါင်အသုံးပြုခဲ့သော ရေနွေးပန်းကန်များနှင့် အခြားအသုံးအဆောင်များက ယခုတိုင်ရှိနေသေးသည်။
ဘိုးမင်းခေါင်သည် ထိုနေရာမှပင် ထွက်ရပ်ပေါက်ခဲ့သည်ဟု ယုံကြည်ကြ၏။
ထိုမျှမက ထင်ရှားသော
ပုပ္ပားတောင်တော်တွင်လည်း ဘိုးမင်းခေါင်နေထိုင်သွားသည့် နေရာအမှတ်အသားများရှိနေပေသည်။
#အမှန်စင်စစ် ဘိုးမင်းခေါင်သည် ပထမံဘိုးမင်းခေါင်ပင်ဖြစ်သည်။
ပထမံထွက်ရပ်ဂိုဏ်းကြီ၏ အကြီးအကဲခေါင်ချုပ်ပင်ဖြစ်သည်။
ပထမံဂိုဏ်းဆိုသည်မှာလည်း မြန်မာရာဇဝင်တွင်
ဘိုးတော်ဦးဝိုင်းအုပ်စိုးစဉ် အချိန်က အလွန်အစွမ်းထက်သည့် ပထမံဘိုးဘိုးအောင်
ပေါ်ပေါက်သည့်အချိန်မှစ၍ ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။
ဘိုးဘိုးအောင်သီချင်းများ ဘိုးဘိုးအောင်ကိုတင်စားသော တေးသီချင်းများ ပေါ်ပေါက်လာသည်အထိ
မြန်မာတို့အကြား ဘိုးဘိုးအောင်က ဩဇာကြီးမားခဲ့သည်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ရတနာသုံးပါးတို့ကိုသာ အထွဋ်အမြတ်ထား၊ ကိုးကွယ်ဆည်းကပ်လေ့ရှိတတ်ကြသော်လည်း ဘိုးဘိုးအောင်မရှိသည့်(ထွက်ရပ်ပေါက်ပြီးသည့်) နောက်
နှစ်အတန်ကြာတွင် ဘိုးမင်းခေါင်က ဘိုးဘိုးအောင်နေရာတွင် ဝင်ရောက်လာပြီး ဘိုးဘိုးအောင်ကဲ့သို့ပင်
လူအများက ဘိုးမင်းခေါင်အား လူကြီးမိဘဆရာသခင်တစ်ဦးကဲ့သို့ ရိုသေလေးစားအားကိုးမှု ရှိကြသည်ဟုဆိုသည်။ #ရတနာသုံးပါးနှင့်တစ်တန်းတည်းထားပြီးကိုးကွယ်ဆည်းကပ်ခြင်းမဟုတ်ပါ။
အဘဘိုးမင်းခေါင်၏ ပုံတော်များ၊ ရုပ်တုများကို ရွှေတိဂုံဘုရားစသော မြန်မာပြည်အနှံ့ ထင်ရှားသော
တန်ခိုးကြီးဘုရားများ၊ ထင်ရှားသော စေတီပုထိုးများ၌ တွေ့မြင်နိုင်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ဝ ကျော် (ဘီစီ ၅၈၈ ခန့်က)
ဗုဒ္ဓဂေါတမမြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က
🍎 'အဇိတ' အမည်ရှိ အညတရ ရဟန်းငယ်တစ်ပါးသည်လည်းကောင်း၊
နောင်အခါ ထို အဇိတ ရဟန်းသည် သင်္ကန်းဝတ်မှ ရသေ့ဝတ်သို့ပြောင်းကာ တောထွက်တော်မူခဲ့သော
🍎ရှင်ရသေ့ကြီး 'ဒိဗ္ဗစက္ခု'သည်လည်းကောင်း၊
🍎ရွှေတိဂုံဘုရားဒါယကာ သိကြားမင်းနှင့်မယ်တော်မယ်လမုတို့၏သားတော်
ဥက္ကလာပမင်းကြီးသည်လည်းကောင်း၊
🍎ပုဂံခေတ်ဦး ရှင်အရဟံသည်လည်းကောင်း၊
🍎မွန်ဘုရင်မကြီး ရှင်စောပု၏ သမက်တော်-ပဲခူး (ဟံသာဝတီ)
မွန်ဘုရင် ဓမ္မစေတီမင်းသည်လည်းကောင်း
🍎၊ အလောင်းဘုရား ဦးအောင်ဇေယျ၏ သားတော်-ဘိုးတော်ဘုရား (ဘိုးတော်ဦးဝိုင်း)၏ မြစ်၊ ဘကြီးတော်ဘုရား၏သားတော် စကြာမင်းသားသည်လည်းကောင်း
#ဘိုးမင်းခေါင်ဘဝဟောင်းပုံရိပ်များဖြစ်ကြသည်ဟုဆိုသည်။
#အဘအောင်မင်းခေါင် (ဘိုးမင်းခေါင်)၏ ဆုံးမစာ
ပျက်စီးတိုင်းလျှင် မပူပင်နှင့် -
မပျက်စီးကာ ခိုင်မြဲပါက
ဘယ်မှာ "အနိစ္စ" ရှိမည်နည်း ။ ။
ဆင်းရဲကြုံမူ မညည်းညူ နှင့်-
ချမ်းသာချည်းသာ ကြုံနေပါက -
ဘယ်မှာ "ဒုက္ခ" ရှိမည်နည်း ။ ။
လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် -
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက-
ဘယ်မှာ "အနတ္တ" ရှိမည်နည်း ။ ။
ပြောတိုင်းမရ ဒေါမထနှင့် -
ကိုယ်ပြောတိုင်းသာ ရနေပါက-
ဘယ်မှာ "အနတ္တ" ရှိမည်နည်း ။ ။
ကြံတိုင်း မပေါက် စိတ်မဖေါက်နှင့် -
သင် ကြံတိုင်းသာ ပြီးမြောက်ပါက -
ဘယ်မှာ "အနတ္တ" ရှိမည်နည်း ။ ။
အာရုံဟူသမျှ မတောင့်တနှင့် -
အာရုံတိုင်းသာ တောင့်တပါက -
ဘယ်မှာ "လောဘ" ဆုံးမည်နည်း ။ ။
အရာရာမျိုး စိတ်မဆိုးနှင့်
နေရာတိုင်းသာ စိတ်ဆိုးပါက -
ဘယ်မှာ "ဒေါသ" ဆုံးမည်နည်း ။ ။
သိဉာဏ် မလိုက် သင်မမိုက်နှင့်
သိဉာဏ်မရ မိုက်နေပါက -
ဘယ်မှာ "မောဟ" ဆုံးမည်နည်း ။ ။
“ဗုဒ္ဓတရား“ မေ့မထားနှင့်
ဆုံးမတိုင်းသာ ကျင့်ကြံပါက
ဘယ်မှာ "နိဗ္ဗာန်" ဝေးမည်နည်း ။ ။
#winlettphyu2017
#PhotosCredit #SayarAungKyawTun
No comments:
Post a Comment