#ငရဲသားတို့ရဲ့သက်တမ်း
😈😈😈😈😈😈😈
ငရဲသားတို့၏ သက်တမ်းကို လူတို့၏ နှစ် လ ရက်တို့ဖြင့် ရေတွက်ပုံ ရေတွက်နည်းကို "ဇိနလင်္ကာရဋီကာ"၌ အောက်ဖော်ပြပါအတိုင်း ပြဆိုထားပါသည်..
(၁) လူတို့၏နှစ်ပေါင်း ၉-သန်းသည် သိဉ္ဇိုင်းငရဲ၌ တစ်ရက်ဖြစ်သည်..
သိဉ္ဇိုင်းငရဲ၏သက်တမ်းသည် ငရဲသက်တမ်းဖြင့် အနှစ်၅၀၀ ရှိသည်..
(၂) လူတို့၏နှစ်ပေါင်း ၃-ကုဋေ ၆-သန်းသည် ကာလသုတ်ငရဲ၌ တစ်ရက်ဖြစ်သည်..
ကာလသုတ်ငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ်၁,၀၀၀ ရှိသည်..
(၃) လူတို့၏နှစ်ပေါင်း ၁၄-ကုဋေ ၄-သန်းသည် သင်္ဃာတငရဲ၌ တစ်ရက်ဖြစ်သည်..
သင်္ဃာတငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ်၂,၀၀၀ ရှိသည်..
(၄) လူတို့၏နှစ်ပေါင်း ၅၇-ကုဋေ ၆-သန်းသည် ရောရုဝငရဲ၌ တစ်ရက်ဖြစ်သည်..
ရောရုဝငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ် ၄,၀၀၀ ရှိသည်..
(၅) လူတို့၏နှစ်ပေါင်း ၂၃၀ကုဋေ ၄သန်းသည် မဟာရောရုဝငရဲ၌ တစ်ရက်ဖြစ်သည်..
မဟာရောရုဝငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ် ၈,၀၀၀ ရှိသည်..
(၆) လူတို့၏နှစ်ပေါင်း ၉၂၁-ကုဋေ ၆သန်းသည် တာပနငရဲ၌ တစ်ရက်ဖြစ်သည်..
တာပနငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ် ၁၆,၀၀၀ ရှိသည်..
(၇) လူတို့၏နှစ်ပေါင်း ၃၆၈၆-ကုဋေ ၄သန်းသည် မဟာတာပနငရဲ၌ တစ်ရက်ဖြစ်သည်..
မဟာတာပနငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ် ၃၂,၀၀၀ ရှိသည်..
(၈) လူတို့၏နှစ်ပေါင်း ၁၃၇၄၅-ကုဋေ ၆သန်းသည် အဝီစိငရဲ၌ တစ်ရက်ဖြစ်သည်..
အဝီစိငရဲသည် ငရဲသက်တမ်းအားဖြင့် အနှစ် ၆၄,၀၀၀ ရှိသည်..
ထိုနှစ်ပေါင်း ၆၄၀၀၀သည် အန္တရကပ်တစ်ကပ် ရှိလေသည်..
နှစ်သန်းပေါင်းများစွာ ဆင်းရဲဒုက္ခကြီးစွာ ခံစားနေကြရသော အပ္ပါယ်ငရဲသို့ နောက်ထပ် မသွားရအောင် လူဖြစ်လာတဲ့ အခိုက်အတန့်ကလေးမှာ ဒါန သီလ ဘာဝနာကုသိုလ်တို့ကို အထူးကြိုးစား ပြုလုပ်သင့်ပါသည်..
၃၁ဘုံတွင် ဤလူ့ဘုံတစ်ဘုံတည်းသာလျှင် ကုသိုလ်အားလုံးကို ဆည်းပူးအားထုတ်၍ ရ၏..
အပ္ပါယ်လေးဘုံသည် ဆင်းရဲဒုက္ခတွေ များလွန်းအားကြီး၍ မည်သည့်ကုသိုလ်မှပြု၍မရ..
နတ်ဘုံခြောက်ဘုံနှင့် ဗြဟ္မာဘုံနှစ်ဆယ်သည်ကား ချမ်းသာသုခတွေ များလွန်းအားကြီး၍ ကုသိုလ်တရားများကို တင်းပြည့်ကျပ်ပြည့် ပြုလုပ်၍ မရပြန်..
ဥပမာအားဖြင့် နတ်ပြည် ဗြဟ္မာပြည်၌ အလှူခံမရှိ၍ ဒါနကုသိုလ် မရနိုင်ခြင်းမျိုးပင်..
ထို့ကြောင့် ရလာသော လူ့ဘဝ၌ အကုသိုလ်မကောင်းမှုတို့ကို ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှုတို့ကိုသာ အမြဲမပြတ်ပြုလုပ်နေဖို့က လွန်စွာမှအရေးကြီးပါသည်..
#Crd.....#ဓမ္မရေအေး
#ကောင်းကျိုးလိုရာပြည့်ကြပါစေ
#22August2018WLP📚📚📚📚📚
No comments:
Post a Comment