“ျမတ္စြာဘုရားရွင္၏ ဝဋ္ေတာ္(၁၂)ပါး အေၾကာင္း”
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ဝဋ္မွာအျမဲ ငရဲမွာအပ ဆုိသလုိ ဝဋ္ဆုိတဲ့အရာက ဘယ္လုိပုဂၢဳိလ္ကုိမွ မ်က္ႏွာသာမေပးသလုိ ဘယ္သုိ႔ေသာပုဂၢဳိလ္ကမွာလည္း လြတ္ကင္းၾကတယ္ဆုိတာမရွိပါဘူး။ ဦးဇင္းတုိ႔ကုိးကြယ္ဆည္းကပ္ေနတဲ့ ျမတ္စြာဘုရားသည္ပင္လ်ွင္ ဝဋ္ေတာ္ႏွင့္မကင္းတဲ့အတြက္ က်န္ေသာ ပုဂၢဳိလ္မ်ားမွာ ဆုိဖြယ္ရာပင္မရွိပါ။
အတုမရွိတဲ့ ျမတ္စြာဘုရားသည္ပင္လ်ွင္ ဝဋ္ေတာ္ႏွင့္မကင္းေၾကာင္းကုိ ျမတ္စြာဘုရားကုိယ္တုိင္ေဟာေတာ္မူခဲ့တာေတြရွိပါတယ္။ ျမတ္စြာဘုရားျဖစ္ေနတာေတာင္ေရွာင္လုိ႔မရခဲ့ပါဘူး။ ခံစားရတာပါပဲ။ ခံစားရတာေတာင္တစ္ပါးတည္းမဟုတ္ (၁၂)ပါးေတာင္ျဖစ္ပါတယ္။ အဲဒီဝဋ္ေတာ္(၁၂)ပါးအေၾကာင္းကုိ မသိေသးေသာသူမ်ားကုိရည္ရြယ္ျပီး ေရးသားလုိက္ျခင္းျဖစ္သလုိ၊ သိျပီးသူမ်ားလည္း သိသည္ထက္သိေအာင္ အသိေပးလုိျခင္းျဖစ္ပါတယ္။ျမတ္စြာဘုရားရွင္၏ဝဋ္ေတာ္(၁၂)ပါးကေအာက္ပါအတုိင္းျဖစ္ပါတယ္။
(၁) ပထမဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္ အေလာင္းေတာ္ျဖစ္စဥ္တစ္ခုေသာဘဝက မုနာဠိမည္တဲ့ ေသေသာက္ၾကဴးျဖစ္ခဲ့ဖူးပါတယ္။အဲဒီဘဝမွာ (သုရဘိ)အမည္ေတာ္ရတဲ့ ပေစၥကဗုဒၶတစ္ပါးကုိ ဤသူကား လူသူေလးပါး ဆိတ္ကြယ္ရာအရပ္၌ ကာမလုိက္စားေမြ႔ေလ်ာ္ေပ်ာ္ပါး၍ တရားမရွိ သီလမရွိတဲ့ ပုဂၢဳိလ္ျဖစ္တယ္လုိ႔ စြပ္စြဲစကားေျပာမွားေတာ္မူခဲ့ပါတယ္။အဲဒီမေကာင္းမွဳ အကုသုိလ္ကံေၾကာင္း ငရဲမွာ ႏွစ္ေပါင္းမ်ားစြာ ခံရျပီး ယခုျမတ္စြာဘုရားျဖစ္ေတာ္မူတဲ့အခါ လူသူအမ်ားထင္မွားေအာင္ သုႏၵရီပရိဗုိဇ္မ၏ စြပ္စြဲျခင္းကုိခံရေတာ္မူပါတယ္။ဒါက ပထမဝဋ္ေတာ္ျဖစ္ပါတယ္။ဒါေၾကာင့္ သူတစ္ပါးအား စြပ္စြဲပုတ္ျခင္းကုိ အထူးေရွာင္ၾကဥ္ပါလုိ႔တုိက္တြန္းခ်င္ပါတယ္။
(၂) ဒုတိယဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္ အေလာင္းေတာ္ျဖစ္စဥ္တစ္ခုေသာ ဘဝမွာ သဗၺာဘိဘူ အမည္ေတာ္ရွိေသာ ပေစၥကဗုဒၶဘုရားရွင္၏ နႏၵမည္ေသာ တပည့္သာဝကျဖစ္ခဲ့၍ ထုိသဗၺာဘိဘူ ပေစၥက ဗုဒၶါ အရွင္ျမတ္ကုိ သီလမရွိေသာသူ ယုတ္မာေသာသူ ျဖစ္ဘိ၏ဟု စြပ္စြဲစကား ေျပာမွားခဲ့ပါတယ္။အဲဒီအကုသုိလ္ကံေၾကာင့္ ငရဲမွာ အႏွစ္တစ္ေသာင္းၾကာေအာင္ခံရျပီး လူျဖစ္ေသာဘဝမ်ားစြာတုိ႔မွာလည္း လူသူေလးပါးရဲ့ မဟုတ္မတရားစြပ္စြဲျခင္းကိုခံရသလုိ၊ယခုေနာက္ဆုံးဘဝျမတ္စြာဘုရားရွင္ျဖစ္ေတာ္မူတဲ့အခါမွာ လူမ်ားအလည္၌ စိဥၥမာန မိန္းမယုတ္ရဲ့ မဟုတ္မတရားစြပ္စြဲျခင္းကုိခံရေတာ္မူတယ္ဆုိတာအားလုံးအသိပါ။ဒါက ဒုတိယေျမာက္ဝဋ္ေတာ္ျဖစ္ပါတယ္။ဒါေၾကာင့္သူတစ္ပါးအား ယုတ္မာေသာစိတ္ထား၊မေကာင္းတဲ့စိတ္ထားနဲ႔ စြပ္စြဲေျပာဆုိျခင္းကုိ ေရွာင္ၾကဥ္ပါလုိ႔ တုိက္တြန္းပါတယ္။
(၃) တတိယဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္သည္ အေလာင္းေတာ္ျဖစ္စဥ္ တစ္ခုေသာ ဘဝမွာ လူမ်ားေလးစားျခင္းကုိခံရတဲ့ေဗဒင္သုံးရပ္ကုိ အကုန္တတ္ေျမာက္တဲ့ ပါေမာကၡဆရာျဖစ္ျပီး တပည့္ငါးရာကုိ မဟာဝုန္ေတာ္မွာ ေဗဒင္မ်ားကုိ သင္ၾကားပုိ႔ခ်ေနစဥ္ အဘိညာဏ္တန္ခုိးရွင္ ဘီမ မည္ေသာ ရေသ့သူျမတ္ထုိအရပ္ကုိၾကြေရာက္ေတာ္မူတာကုိ ျမင္တဲ့အခါမွာ (ၾကည္ညိဳေလးစားရမယ့္အစား) ဤရေသ့ကား ကာမစည္းစိမ္ကုိခံစားသူ ရေသစဥ္းလဲျဖစ္သည္ဟု စြပ္စြဲျပီးတပည့္ေတြကုိလည္းေျပာၾကားပါတယ္။ တပည့္ေတြကလည္းအားရဝမ္းသာလက္ခံၾကျပီး ျမိဳ႔ရြာအတြင္း ဆြမ္းခံၾကြေနေသာ ထုိဘီမရွင္ရေသ့ကုိ ဤရေသ့ကား ကာမစည္းစိမ္ကုိ ခံစားသူ ရေသ့စဥ္းလဲျဖစ္သည္ဟု အိမ္တုိင္း အိမ္တုိင္းရွိလူမ်ားအား ေျပာၾကားပါတယ္။အဲဒီအကုသုိလ္ကံေၾကာင့္ပင္လ်ွင္ ေနာက္ဆုံးဘဝ ဘုရားရွင္လက္ထက္ေရာက္ေတာ္မူတဲ့အခါမွာ တပည့္ရဟန္းငါးရာျဖစ္လာၾကကာ သုႏၵရီပရဗုိဇ္မ (တိတၱိတုိ႔သတ္၍) ေသရတယ္ဆုိျပီး လူအမ်ားရဲ့ စြပ္စြဲျခင္းကုိခံရပါတယ္။ တပည့္မေကာင္းဆရာေခါင္းဆုိသလုိ တပည့္ရဟန္းငါးရာကုိစြပ္စြဲျခင္းသည္ ျမတ္စြာဘုရားကုိစြပ္စြဲျခင္းသာျဖစ္တဲ့အတြက္ တတိယဝဋ္လုိ႔ဆုိရမွာပါ။ (မွတ္ခ်တ္။ သုႏၵရီပရဗုိဇ္မက ျမတ္စြာဘုရားကုိစြပ္စြဲတဲ့ အကုသုိလ္ကံေၾကာင့္ေျမျမိဳျပီးေသဆုံးျခင္းသာျဖစ္ပါတယ္။) လူအမ်ားက ရဟန္းငါးရာကုိ တတၱိဟုဆုိျပီးစြပ္စြဲျခင္းကား ရေသ့အရွင္ျမတ္ကုိ ရေသ့စဥ္းလဲ၊ကာမဂုဏ္ကုိခံစားသူဟုစြပ္စြဲတဲ့အကုသုိလ္ကံေၾကာင့္ျဖစ္ပါတယ္။
(၄) စတုတၳဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္ အေလာင္းေတာ္ျဖစ္စဥ္ တစ္ခုေသာ ဘဝမွာ အေဖတူ အေမကြဲ ျဖစ္ေသာညီငယ္အား ဥစၥာကုိ လုိခ်င္တက္မက္ေသာေၾကာင့္ သတ္ျဖတ္၍ ေတာင္ေခ်ာက္ၾကားမွာ ပစ္ခ်ရုံမ်ွမက ေက်ာက္တုံးျဖင့္ တစ္ဖန္ထပ္ျပီး ဖိညွပ္ၾကိတ္ေျခမွဳကုိျပဳခဲ့ပါတယ္။အဲဒီအကုသုိလ္ကံေၾကာင့္ ျမတ္စြာဘုရားျဖစ္ေတာ္မူတဲ့ဘဝကုိေရာက္ေတာ့ ရွင္ေဒဝဒတ္ေက်ာက္ေမာင္းဆင္ျပီး ပစ္ခ်သည္ကုိခံရျပီး ေျခမေတာ္မွာ ေက်ာက္ခ်ပ္ေက်ာက္လႊာ စဥ္ထြက္လာကာ ေသြးစိမ္းတည္ေအာင္ အထိအခုိက္ခံေတာ္မူရတယ္ဆုိအားလုံးသိျပီးသားျဖစ္မွာပါ။ဒါက စတုတၳဝဋ္ေတာ္ျဖစ္ပါတယ္။
(၅) ပဥၥမဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္ အေလာင္းေတာ္ျဖစ္စဥ္ တစ္ခုေသာ ဘဝမွာ အေျမာ္အျမင္ အဆင္အျခင္ နည္းပါး ကစားေလလြင့္ေနတဲ့ လူငယ္ဆုိးျဖစ္ျပီး လမ္းခရီးမမွာ ျမဴးတူးေပ်ာ္ပါးကစားေနစဥ္ ပေစၥကဗုဒၶါတစ္ပါး ကုိျမင္ရလ်ွင္ (ၾကည္ညိဳရမည့္အစား)ႏွလုံးသြင္းမွားကာ လမ္းခရီးမွာရွိတဲ့ ေက်ာက္ခဲမ်ားကုိေကာက္ယူကာ ထုိပေစၥကဗုဒၶါအရွင္ျမတ္ကုိ ပစ္ခတ္ပါတယ္။အဲဒီအကုသုိလ္ေၾကာင့္ ေနာက္ဆုံးဘဝျဖစ္တဲ့ ျမတ္စြာဘုရားျဖစ္ေတာ္မူတဲ့အခါမွာ အရွင္ေဒဝဒတ္က လူသတ္ေလးသမားမ်ားကုိ ေစလႊတ္ျပီး အသတ္ေသေအာင္ျပဳျခင္းကုိခံရပါတယ္။ဒါက ပဥၥမေျမာက္ဝဋ္ေတာ္ပါ။
(၆) ဆ႒မေျမာက္ဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္ နုစဥ္အခါ တစ္ခုေသာဘဝမွာ ဆင္ထိန္းျဖစ္ခဲ့ဖူးပါတယ္။တစ္ေန႔ေတာ့ဆြမ္းခံၾကြလာတဲ့ ပေစၥကဗုဒၶအရွင္ျမတ္တစ္ပါးကုိ ဆင္ျဖင့္နင္းသတ္ေတာ့မည္ဟန္ျဖင့္အၾကိမ္ၾကိမ္ ေျခာက္လွန္႔ခဲ့ပါတယ္။အဲဒီအကုသုိလ္ကံေၾကာင့္ ရာဇျဂဳိလ္ျပည္မွာ အရက္မ်ားစြာေသာက္ျပီး အၾကမ္းစိတ္၊အရုိင္းစိတ္ေပါက္ေနတဲ့ နာဠာဂီရိဆင္ရဲ့ နင္းသတ္ရန္ ေရွ့ရွဳခ်ဥ္းကပ္လာသည္ကုိ ခံရေတာ္မူပါတယ္။ဒါက ဆ႒မေျမာက္ဝဋ္ေတာ္ပါ။
(၇) သတၱမေျမာက္ဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္ အေလာင္းေတာ္ျဖစ္စဥ္ တစ္ခုေသာ ဘဝမွာ ျပည့္ရွင္မင္းျဖစ္ျပီး မင္းဆုိေတာ့ မာန္တက္တဲ့သေဘာရွိပါတယ္။အဲဒါေၾကာင့္ မေကာင္းမွဳကုိမစဥ္းစားဘဲ ေယာက်ၤားတစ္ေယာက္ကုိ ကုိယ္တုိင္လွံျဖင့္ထုိးဆြသတ္ျဖတ္ခဲ့ပါတယ္။အဲဒီအကုသုိလ္ေၾကာင့္ ငရဲမွာ ႏွစ္ေပါင္းမ်ားစြာခံရျပီး ျမတ္စြာဘုရားျဖစ္ေတာ္မူတဲ့ဘဝမွာလည္း အရွင္ေဒဝဒတ္ေက်ာက္ေမာင္းဆင္တဲ့အခါ ေက်ာက္ခ်ပ္ထိျပီး ေျခမေတာ္ေသြစည္တည္တဲ့အခါ ထုိေရာဂါကုိကုစားဖုိ႔ ဆရာဇီဝက ေျခမေတာ္ကုိဓားျဖင့္ခြဲျခင္းကုိခံရေတာ္မူပါတယ္။ဒါက သတၱေျမာက္ ဝဋ္ေတာ္ပါ။
(၈) အ႒မေျမာက္ဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္ အေလာင္းေတာ္ျဖစ္စဥ္ တစ္ခုေသာ ဘဝမွာ တံငါသည္တစ္ေယာက္ရဲ့သားျဖစ္ခဲ့ဖူးပါတယ္။ မိမိရဲ့ေဆြမ်ဳိးညီအစ္ကုိေမာင္ႏွမ ေတြက ငါးတုိ႔ကုိရက္ရက္စက္စက္ သတ္ျဖတ္တာကုိျမင္ေတာ့ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ခဲ့ပါတယ္။ အမွန္က သတၱဝါေလးေတြအသတ္ကုိသတ္တာကုိျမင္ရရင္ သနားစိတ္ျဖစ္ရမွာပါ။ အဲလုိစိတ္မျဖစ္သည့္အျပင္ ဝမ္းေျမာက္ဝမ္းသာျဖစ္တဲ့ (ကုိယ္တုိင္သတ္ျခင္းမ်ဳိးမဟုတ္) အကုသုိလ္ကံေၾကာင့္ ဤေနာက္ဆုံးျမတ္စြာဘုရားရွင္ျဖစ္ေတာ္မူတဲ့ဘဝမွာလည္းဦးေခါင္းေတာ္ ကုိက္ျခင္းေဝဒနာကုိ မၾကာခဏ ခံစားရပါတယ္။ ငါးတုိ႔ကုိ သတ္ျဖတ္ၾကတဲ့ ေဆြးမ်ဳိးေတြကေတာ့ ျမတ္စြာဘုရားရွင္၏ သာဂီဝင္မင္းမ်ဳိးေဆြေတာ္မ်ဳိးေတာ္မ်ား ျဖစ္လာၾကျပီး ဥပေစၦဒကကံလုိ႔ေခၚတဲ့ c ဒါက အ႒မေျမာက္ဝဋ္ေတာ္ျဖစ္ပါတယ္။
(၉) နဝမဝဋ္ေတာ္၊၊ ။
ျမတ္စြာဘုရားရွင္သည္ အေလာင္းေတာ္ျဖစ္စဥ္ ဖုႆျမတ္စြာဘုရားရွင္၏သာသနာေတာ္မွာ တပည့္သာဝက ရဟန္းေတာ္တုိ႔ကုိ သင္တုိ႔သည္ မုေယာကုိစားၾကေလာ့၊သေလးဆြမး္တုိ႔ကုိ မစားၾကနဲ႔လုိဆုိျပီး ေရရြတ္ေတာ္မူခဲ့ပါတယ္။အဲဒီမေကာင္းတဲ့ကံေၾကာင့္ ျမတ္စြာဘုရား ျဖစ္ေတာ္မူတဲ့ဘဝမွာ ေဝရဥၥာျပည္၊ေဝရဥၥာပုဏၰားေလ်ွာက္ထားပင့္ဖိတ္ခ်က္အရ ဝါကပ္ေတာ္မူစဥ္ ဝါတြင္းသုံးလလုံး မုေယာမွဳန္ကုိသာဘုဥ္းေပးေတာ္မူခဲ့ရတာပါ။ဒါက နဝမေျမာက္ ဝဋ္ေတာ္ျဖစ္ပါတယ္။
(၁၀) ဒသမဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္ အေလာင္းျဖစ္စဥ္တစ္ခုေသာ ဘဝမွာ လက္ေဝွ႔သမားျဖစ္ေတာ္မူ၍ အျခားေသာ လက္ေဝွ႔သမားတစ္ဦးကုိ ခါးက်ဳိးေအာင္ ရုိက္ခ်ဳိးထုိးသတ္ခဲ့ဖူးပါတယ္။အဲဒီ အကုသုိလ္ေၾကာင့္ ေနာက္ဆုံးျမတ္စြာဘုရားျဖစ္ေတာ္မူတဲ့ဘဝမွာခါးေတာ္ ေညာင္းညာကုိက္ခဲျခင္းေဝဒနာကုိခံရေတာ္မူပါတယ္။ဒါကဒသမေျမာက္ဝဋ္ေတာ္ျဖစ္ပါတယ္။
(၁၁) ဧကာဒသမေျမာက္ဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္ အေလာင္းျဖစ္စဥ္ တစ္ခုေသာ ဘဝမွာ ေဆးဆရာျဖစ္ခဲ့ဖူးပါတယ္။ေဆးဖုိးဝါးခ မေပးလုိေသာ သူေဌးသားတစ္ေယာက္ကုိ ဝမ္းလားေဆး(ဝမ္းေလ်ာေဆး) ကုိတုိက္ေက်ြးခဲ့ပါတယ္။ အဲဒီအကုသုိလ္ကံေၾကာင့္ ျမတ္စြာဘုရားျဖစ္ေတာ္မူတဲ့ေနာက္ဆုံးဘဝမွာ ပရိနိဗၺာန္စံေတာ္မူခါနီးအခါ ေသြးလြန္သည့္ေရာဂါေဝဒနာကုိခံစားရေတာ္မူတာပါ။ (မွတ္ခ်က္။ ။စုႏၵသတုိ႔သားရဲ့ ဝက္ပ်ဳိသားကုိဘုဥ္းေပးေတာ္မူလုိ႔ ဝမ္းေလ်ွာျခင္းမဟုတ္ပါဘူး။) ဒါက တစ္ဆယ့္တစ္ပါးေျမာက္ဝဋ္ေတာ္ျဖစ္ပါတယ္။
(၁၂) ဒြါဒသမဝဋ္ေတာ္။ ။
ျမတ္စြာဘုရားရွင္အေလာင္းေတာ္ျဖစ္စဥ္ ကႆပ ျမတ္စြာဘုရားလက္ထက္ေတာ္မွာ ေဇာတိပါလမည္တဲ့ ပုဏၰားလုလင္တစ္ဦးျဖစ္ခဲ့ပါတယ္။ ကႆပျမတ္စြာဘုရားကုိ ဤဦးျပည္းရဟန္အဖုိ႔ရာ သဗၺညဳတေရႊဥာဏ္ေတာ္သည္ အဘယ္မွာျဖစ္အံ့နည္း။ ထုိသဗၺညဳတဥာဏ္ေတာ္သည္ အလြန္တရာရခဲေသာ တရားျဖစ္သည္ဟု ႏွုတ္ျဖင့္ျပစ္မွားေျပာၾကားခဲ့ပါတယ္။ အဲဒီအကုသုိလ္ကံေၾကာင့္ေနာက္ဆုံးျမတ္စြာဘုရားျဖစ္ဖုိ႔ရန္ ဒုကၠရစရိယာက်င့္ေတာ္မူ တဲ့အခါ ရက္၊လ အနည္းငယ္သာထုိက္သည့္အေလ်ာက္က်င့္ၾကရေသာ္လည္း ဦးဇင္းတုိ႔ျမတ္စြာဘုရားရွင္ဟာ ဝစီဝိပါက္ေတာ္ေၾကာင့္ ေျခာက္ႏွစ္ၾကာေအာင္ ခဲခဲယဥ္းယဥ္းက်င့္ေတာ္မူခဲ့ရပါတယ္။ ဒါကေနာက္ဆုံးဝဋ္ေတာ္ပါ။
ထုိဝဋ္ေတာ္(၁၂)ပါးကုိျမတ္စြာဘုရား ကုိယ္ေတာ္တုိင္ေဟာၾကားတာျဖစ္ပါတယ္။ခုဒၵက နိကာယ္ ေထရာပဒါနပါဠိ(၃၉)အဝဋဖလဝဂ္မွာအက်ယ္ဖတ္ရွဳနုိင္ပါတယ္။
ဒီဝဋ္ေတာ္(၁၂)ပါးကုိေလ့လာၾကည့္မည္ဆုိပါက ကုိယ္(ကာယကံ)။ ႏွဳတ္(ဝစီကံ)ဒီႏွစ္ပါးေၾကာင့္ျဖစ္ရတယ္ဆုိတာထင္ရွားပါတယ္။ ဒါေၾကာင့္အမ်ားထိခုိက္မယ့္၊ အမ်ားဆင္းရဲမယ့္ အမွဳကုိကုိယ္ျဖင့္ ေသာ္လည္းေကာင္း၊ ႏွုတ္ျဖင့္ေသာ္လည္းေကာင္း မလုပ္ဖုိ႔ မေျပာဖုိ႔ အထူးေရွာင္ၾကဥ္ဖုိ႔လုိအပ္ပါေၾကာင္း အသိေပးပါတယ္။ သတၱဝါေလးမ်ားကုိ မေသမရွင္၊ ေျခခ်ဳိးျခင္း၊ မ်က္လုံးေဖာက္ျခင္း၊ လက္ခ်ဳိးစတဲ့ ဝဋ္လုိက္ေစတတ္တဲ့အမွဳမ်ဳိးရယ္၊ သူတစ္ပါးအားမဟုတ္မမွန္ စြပ္စြဲပုတ္ခတ္မ်ဳိးမ်ားကုိ အထူေရွာင္ၾကဥ္ ၾကပါလုိ႔ အသိေပးေရးသားလုိက္ရပါသည္။
#ကုိးကား။ ။မင္းကြန္းဆရာေတာ္ဘုရားၾကီး၏ မဟာဗုဒၶဝင္ (ပဥၥမတြဲ) မွ ေကာက္ႏွုတ္ခ်က္သာျဖစ္ပါသည္။
(ဆရာေတာ္အ႐ွင္ေဒါက္တာပါရမီ)
#Credit #အညတရ ဘိကၡဳ
#15September2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈
“မြတ်စွာဘုရားရှင်၏ ဝဋ်တော်(၁၂)ပါး အကြောင်း”
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသလို ဝဋ်ဆိုတဲ့အရာက ဘယ်လိုပုဂ္ဂိုလ်ကိုမှ မျက်နှာသာမပေးသလို ဘယ်သို့သောပုဂ္ဂိုလ်ကမှာလည်း လွတ်ကင်းကြတယ်ဆိုတာမရှိပါဘူး။ ဦးဇင်းတို့ကိုးကွယ်ဆည်းကပ်နေတဲ့ မြတ်စွာဘုရားသည်ပင်လျှင် ဝဋ်တော်နှင့်မကင်းတဲ့အတွက် ကျန်သော ပုဂ္ဂိုလ်များမှာ ဆိုဖွယ်ရာပင်မရှိပါ။
အတုမရှိတဲ့ မြတ်စွာဘုရားသည်ပင်လျှင် ဝဋ်တော်နှင့်မကင်းကြောင်းကို မြတ်စွာဘုရားကိုယ်တိုင်ဟောတော်မူခဲ့တာတွေရှိပါတယ်။ မြတ်စွာဘုရားဖြစ်နေတာတောင်ရှောင်လို့မရခဲ့ပါဘူး။ ခံစားရတာပါပဲ။ ခံစားရတာတောင်တစ်ပါးတည်းမဟုတ် (၁၂)ပါးတောင်ဖြစ်ပါတယ်။ အဲဒီဝဋ်တော်(၁၂)ပါးအကြောင်းကို မသိသေးသောသူများကိုရည်ရွယ်ပြီး ရေးသားလိုက်ခြင်းဖြစ်သလို၊ သိပြီးသူများလည်း သိသည်ထက်သိအောင် အသိပေးလိုခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်၏ဝဋ်တော်(၁၂)ပါးကအောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) ပထမဝဋ်တော်။ ။
မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ်တစ်ခုသောဘဝက မုနာဠိမည်တဲ့ သေသောက်ကြူးဖြစ်ခဲ့ဖူးပါတယ်။အဲဒီဘဝမှာ (သုရဘိ)အမည်တော်ရတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးကို ဤသူကား လူသူလေးပါး ဆိတ်ကွယ်ရာအရပ်၌ ကာမလိုက်စားမွေ့လျော်ပျော်ပါး၍ တရားမရှိ သီလမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ စွပ်စွဲစကားပြောမှားတော်မူခဲ့ပါတယ်။အဲဒီမကောင်းမှု အကုသိုလ်ကံကြောင်း ငရဲမှာ နှစ်ပေါင်းများစွာ ခံရပြီး ယခုမြတ်စွာဘုရားဖြစ်တော်မူတဲ့အခါ လူသူအများထင်မှားအောင် သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲခြင်းကိုခံရတော်မူပါတယ်။ဒါက ပထမဝဋ်တော်ဖြစ်ပါတယ်။ဒါကြောင့် သူတစ်ပါးအား စွပ်စွဲပုတ်ခြင်းကို အထူးရှောင်ကြဉ်ပါလို့တိုက်တွန်းချင်ပါတယ်။
(၂) ဒုတိယဝဋ်တော်။ ။
မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ်တစ်ခုသော ဘဝမှာ သဗ္ဗာဘိဘူ အမည်တော်ရှိသော ပစ္စေကဗုဒ္ဓဘုရားရှင်၏ နန္ဒမည်သော တပည့်သာဝကဖြစ်ခဲ့၍ ထိုသဗ္ဗာဘိဘူ ပစ္စေက ဗုဒ္ဓါ အရှင်မြတ်ကို သီလမရှိသောသူ ယုတ်မာသောသူ ဖြစ်ဘိ၏ဟု စွပ်စွဲစကား ပြောမှားခဲ့ပါတယ်။အဲဒီအကုသိုလ်ကံကြောင့် ငရဲမှာ အနှစ်တစ်သောင်းကြာအောင်ခံရပြီး လူဖြစ်သောဘဝများစွာတို့မှာလည်း လူသူလေးပါးရဲ့ မဟုတ်မတရားစွပ်စွဲခြင်းကိုခံရသလို၊ယခုနောက်ဆုံးဘဝမြတ်စွာဘုရားရှင်ဖြစ်တော်မူတဲ့အခါမှာ လူများအလည်၌ စိဉ္စမာန မိန်းမယုတ်ရဲ့ မဟုတ်မတရားစွပ်စွဲခြင်းကိုခံရတော်မူတယ်ဆိုတာအားလုံးအသိပါ။ဒါက ဒုတိယမြောက်ဝဋ်တော်ဖြစ်ပါတယ်။ဒါကြောင့်သူတစ်ပါးအား ယုတ်မာသောစိတ်ထား၊မကောင်းတဲ့စိတ်ထားနဲ့ စွပ်စွဲပြောဆိုခြင်းကို ရှောင်ကြဉ်ပါလို့ တိုက်တွန်းပါတယ်။
(၃) တတိယဝဋ်တော်။ ။
မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ လူများလေးစားခြင်းကိုခံရတဲ့ဗေဒင်သုံးရပ်ကို အကုန်တတ်မြောက်တဲ့ ပါမောက္ခဆရာဖြစ်ပြီး တပည့်ငါးရာကို မဟာဝုန်တော်မှာ ဗေဒင်များကို သင်ကြားပို့ချနေစဉ် အဘိညာဏ်တန်ခိုးရှင် ဘီမ မည်သော ရသေ့သူမြတ်ထိုအရပ်ကိုကြွရောက်တော်မူတာကို မြင်တဲ့အခါမှာ (ကြည်ညိုလေးစားရမယ့်အစား) ဤရသေ့ကား ကာမစည်းစိမ်ကိုခံစားသူ ရသေစဉ်းလဲဖြစ်သည်ဟု စွပ်စွဲပြီးတပည့်တွေကိုလည်းပြောကြားပါတယ်။ တပည့်တွေကလည်းအားရဝမ်းသာလက်ခံကြပြီး မြို့ရွာအတွင်း ဆွမ်းခံကြွနေသော ထိုဘီမရှင်ရသေ့ကို ဤရသေ့ကား ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်သည်ဟု အိမ်တိုင်း အိမ်တိုင်းရှိလူများအား ပြောကြားပါတယ်။အဲဒီအကုသိုလ်ကံကြောင့်ပင်လျှင် နောက်ဆုံးဘဝ ဘုရားရှင်လက်ထက်ရောက်တော်မူတဲ့အခါမှာ တပည့်ရဟန်းငါးရာဖြစ်လာကြကာ သုန္ဒရီပရဗိုဇ်မ (တိတ္တိတို့သတ်၍) သေရတယ်ဆိုပြီး လူအများရဲ့ စွပ်စွဲခြင်းကိုခံရပါတယ်။ တပည့်မကောင်းဆရာခေါင်းဆိုသလို တပည့်ရဟန်းငါးရာကိုစွပ်စွဲခြင်းသည် မြတ်စွာဘုရားကိုစွပ်စွဲခြင်းသာဖြစ်တဲ့အတွက် တတိယဝဋ်လို့ဆိုရမှာပါ။ (မှတ်ချတ်။ သုန္ဒရီပရဗိုဇ်မက မြတ်စွာဘုရားကိုစွပ်စွဲတဲ့ အကုသိုလ်ကံကြောင့်မြေမြိုပြီးသေဆုံးခြင်းသာဖြစ်ပါတယ်။) လူအများက ရဟန်းငါးရာကို တတ္တိဟုဆိုပြီးစွပ်စွဲခြင်းကား ရသေ့အရှင်မြတ်ကို ရသေ့စဉ်းလဲ၊ကာမဂုဏ်ကိုခံစားသူဟုစွပ်စွဲတဲ့အကုသိုလ်ကံကြောင့်ဖြစ်ပါတယ်။
(၄) စတုတ္ထဝဋ်တော်။ ။
မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ အဖေတူ အမေကွဲ ဖြစ်သောညီငယ်အား ဥစ္စာကို လိုချင်တက်မက်သောကြောင့် သတ်ဖြတ်၍ တောင်ချောက်ကြားမှာ ပစ်ချရုံမျှမက ကျောက်တုံးဖြင့် တစ်ဖန်ထပ်ပြီး ဖိညှပ်ကြိတ်ခြေမှုကိုပြုခဲ့ပါတယ်။အဲဒီအကုသိုလ်ကံကြောင့် မြတ်စွာဘုရားဖြစ်တော်မူတဲ့ဘဝကိုရောက်တော့ ရှင်ဒေဝဒတ်ကျောက်မောင်းဆင်ပြီး ပစ်ချသည်ကိုခံရပြီး ခြေမတော်မှာ ကျောက်ချပ်ကျောက်လွှာ စဉ်ထွက်လာကာ သွေးစိမ်းတည်အောင် အထိအခိုက်ခံတော်မူရတယ်ဆိုအားလုံးသိပြီးသားဖြစ်မှာပါ။ဒါက စတုတ္ထဝဋ်တော်ဖြစ်ပါတယ်။
(၅) ပဉ္စမဝဋ်တော်။ ။
မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ အမြော်အမြင် အဆင်အခြင် နည်းပါး ကစားလေလွင့်နေတဲ့ လူငယ်ဆိုးဖြစ်ပြီး လမ်းခရီးမမှာ မြူးတူးပျော်ပါးကစားနေစဉ် ပစ္စေကဗုဒ္ဓါတစ်ပါး ကိုမြင်ရလျှင် (ကြည်ညိုရမည့်အစား)နှလုံးသွင်းမှားကာ လမ်းခရီးမှာရှိတဲ့ ကျောက်ခဲများကိုကောက်ယူကာ ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ပစ်ခတ်ပါတယ်။အဲဒီအကုသိုလ်ကြောင့် နောက်ဆုံးဘဝဖြစ်တဲ့ မြတ်စွာဘုရားဖြစ်တော်မူတဲ့အခါမှာ အရှင်ဒေဝဒတ်က လူသတ်လေးသမားများကို စေလွှတ်ပြီး အသတ်သေအောင်ပြုခြင်းကိုခံရပါတယ်။ဒါက ပဉ္စမမြောက်ဝဋ်တော်ပါ။
(၆) ဆဋ္ဌမမြောက်ဝဋ်တော်။ ။
မြတ်စွာဘုရားရှင် နုစဉ်အခါ တစ်ခုသောဘဝမှာ ဆင်ထိန်းဖြစ်ခဲ့ဖူးပါတယ်။တစ်နေ့တော့ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးကို ဆင်ဖြင့်နင်းသတ်တော့မည်ဟန်ဖြင့်အကြိမ်ကြိမ် ခြောက်လှန့်ခဲ့ပါတယ်။အဲဒီအကုသိုလ်ကံကြောင့် ရာဇဂြိုလ်ပြည်မှာ အရက်များစွာသောက်ပြီး အကြမ်းစိတ်၊အရိုင်းစိတ်ပေါက်နေတဲ့ နာဠာဂီရိဆင်ရဲ့ နင်းသတ်ရန် ရှေ့ရှုချဉ်းကပ်လာသည်ကို ခံရတော်မူပါတယ်။ဒါက ဆဋ္ဌမမြောက်ဝဋ်တော်ပါ။
(၇) သတ္တမမြောက်ဝဋ်တော်။ ။
မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ ပြည့်ရှင်မင်းဖြစ်ပြီး မင်းဆိုတော့ မာန်တက်တဲ့သဘောရှိပါတယ်။အဲဒါကြောင့် မကောင်းမှုကိုမစဉ်းစားဘဲ ယောကျၤားတစ်ယောက်ကို ကိုယ်တိုင်လှံဖြင့်ထိုးဆွသတ်ဖြတ်ခဲ့ပါတယ်။အဲဒီအကုသိုလ်ကြောင့် ငရဲမှာ နှစ်ပေါင်းများစွာခံရပြီး မြတ်စွာဘုရားဖြစ်တော်မူတဲ့ဘဝမှာလည်း အရှင်ဒေဝဒတ်ကျောက်မောင်းဆင်တဲ့အခါ ကျောက်ချပ်ထိပြီး ခြေမတော်သွေစည်တည်တဲ့အခါ ထိုရောဂါကိုကုစားဖို့ ဆရာဇီဝက ခြေမတော်ကိုဓားဖြင့်ခွဲခြင်းကိုခံရတော်မူပါတယ်။ဒါက သတ္တမြောက် ဝဋ်တော်ပါ။
(၈) အဋ္ဌမမြောက်ဝဋ်တော်။ ။
မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ တံငါသည်တစ်ယောက်ရဲ့သားဖြစ်ခဲ့ဖူးပါတယ်။ မိမိရဲ့ဆွေမျိုးညီအစ်ကိုမောင်နှမ တွေက ငါးတို့ကိုရက်ရက်စက်စက် သတ်ဖြတ်တာကိုမြင်တော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။ အမှန်က သတ္တဝါလေးတွေအသတ်ကိုသတ်တာကိုမြင်ရရင် သနားစိတ်ဖြစ်ရမှာပါ။ အဲလိုစိတ်မဖြစ်သည့်အပြင် ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ (ကိုယ်တိုင်သတ်ခြင်းမျိုးမဟုတ်) အကုသိုလ်ကံကြောင့် ဤနောက်ဆုံးမြတ်စွာဘုရားရှင်ဖြစ်တော်မူတဲ့ဘဝမှာလည်းဦးခေါင်းတော် ကိုက်ခြင်းဝေဒနာကို မကြာခဏ ခံစားရပါတယ်။ ငါးတို့ကို သတ်ဖြတ်ကြတဲ့ ဆွေးမျိုးတွေကတော့ မြတ်စွာဘုရားရှင်၏ သာဂီဝင်မင်းမျိုးဆွေတော်မျိုးတော်များ ဖြစ်လာကြပြီး ဥပစ္ဆေဒကကံလို့ခေါ်တဲ့ c ဒါက အဋ္ဌမမြောက်ဝဋ်တော်ဖြစ်ပါတယ်။
(၉) နဝမဝဋ်တော်၊၊ ။
မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် ဖုဿမြတ်စွာဘုရားရှင်၏သာသနာတော်မှာ တပည့်သာဝက ရဟန်းတော်တို့ကို သင်တို့သည် မုယောကိုစားကြလော့၊သလေးဆွမ်းတို့ကို မစားကြနဲ့လိုဆိုပြီး ရေရွတ်တော်မူခဲ့ပါတယ်။အဲဒီမကောင်းတဲ့ကံကြောင့် မြတ်စွာဘုရား ဖြစ်တော်မူတဲ့ဘဝမှာ ဝေရဉ္စာပြည်၊ဝေရဉ္စာပုဏ္ဏားလျှောက်ထားပင့်ဖိတ်ချက်အရ ဝါကပ်တော်မူစဉ် ဝါတွင်းသုံးလလုံး မုယောမှုန်ကိုသာဘုဉ်းပေးတော်မူခဲ့ရတာပါ။ဒါက နဝမမြောက် ဝဋ်တော်ဖြစ်ပါတယ်။
(၁၀) ဒသမဝဋ်တော်။ ။
မြတ်စွာဘုရားရှင် အလောင်းဖြစ်စဉ်တစ်ခုသော ဘဝမှာ လက်ဝှေ့သမားဖြစ်တော်မူ၍ အခြားသော လက်ဝှေ့သမားတစ်ဦးကို ခါးကျိုးအောင် ရိုက်ချိုးထိုးသတ်ခဲ့ဖူးပါတယ်။အဲဒီ အကုသိုလ်ကြောင့် နောက်ဆုံးမြတ်စွာဘုရားဖြစ်တော်မူတဲ့ဘဝမှာခါးတော် ညောင်းညာကိုက်ခဲခြင်းဝေဒနာကိုခံရတော်မူပါတယ်။ဒါကဒသမမြောက်ဝဋ်တော်ဖြစ်ပါတယ်။
(၁၁) ဧကာဒသမမြောက်ဝဋ်တော်။ ။
မြတ်စွာဘုရားရှင် အလောင်းဖြစ်စဉ် တစ်ခုသော ဘဝမှာ ဆေးဆရာဖြစ်ခဲ့ဖူးပါတယ်။ဆေးဖိုးဝါးခ မပေးလိုသော သူဌေးသားတစ်ယောက်ကို ဝမ်းလားဆေး(ဝမ်းလျောဆေး) ကိုတိုက်ကျွေးခဲ့ပါတယ်။ အဲဒီအကုသိုလ်ကံကြောင့် မြတ်စွာဘုရားဖြစ်တော်မူတဲ့နောက်ဆုံးဘဝမှာ ပရိနိဗ္ဗာန်စံတော်မူခါနီးအခါ သွေးလွန်သည့်ရောဂါဝေဒနာကိုခံစားရတော်မူတာပါ။ (မှတ်ချက်။ ။စုန္ဒသတို့သားရဲ့ ဝက်ပျိုသားကိုဘုဉ်းပေးတော်မူလို့ ဝမ်းလျှောခြင်းမဟုတ်ပါဘူး။) ဒါက တစ်ဆယ့်တစ်ပါးမြောက်ဝဋ်တော်ဖြစ်ပါတယ်။
(၁၂) ဒွါဒသမဝဋ်တော်။ ။
မြတ်စွာဘုရားရှင်အလောင်းတော်ဖြစ်စဉ် ကဿပ မြတ်စွာဘုရားလက်ထက်တော်မှာ ဇောတိပါလမည်တဲ့ ပုဏ္ဏားလုလင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ကဿပမြတ်စွာဘုရားကို ဤဦးပြည်းရဟန်အဖို့ရာ သဗ္ဗညုတရွှေဉာဏ်တော်သည် အဘယ်မှာဖြစ်အံ့နည်း။ ထိုသဗ္ဗညုတဉာဏ်တော်သည် အလွန်တရာရခဲသော တရားဖြစ်သည်ဟု နှုတ်ဖြင့်ပြစ်မှားပြောကြားခဲ့ပါတယ်။ အဲဒီအကုသိုလ်ကံကြောင့်နောက်ဆုံးမြတ်စွာဘုရားဖြစ်ဖို့ရန် ဒုက္ကရစရိယာကျင့်တော်မူ တဲ့အခါ ရက်၊လ အနည်းငယ်သာထိုက်သည့်အလျောက်ကျင့်ကြရသော်လည်း ဦးဇင်းတို့မြတ်စွာဘုရားရှင်ဟာ ဝစီဝိပါက်တော်ကြောင့် ခြောက်နှစ်ကြာအောင် ခဲခဲယဉ်းယဉ်းကျင့်တော်မူခဲ့ရပါတယ်။ ဒါကနောက်ဆုံးဝဋ်တော်ပါ။
ထိုဝဋ်တော်(၁၂)ပါးကိုမြတ်စွာဘုရား ကိုယ်တော်တိုင်ဟောကြားတာဖြစ်ပါတယ်။ခုဒ္ဒက နိကာယ် ထေရာပဒါနပါဠိ(၃၉)အဝဋဖလဝဂ်မှာအကျယ်ဖတ်ရှုနိုင်ပါတယ်။
ဒီဝဋ်တော်(၁၂)ပါးကိုလေ့လာကြည့်မည်ဆိုပါက ကိုယ်(ကာယကံ)။ နှုတ်(ဝစီကံ)ဒီနှစ်ပါးကြောင့်ဖြစ်ရတယ်ဆိုတာထင်ရှားပါတယ်။ ဒါကြောင့်အများထိခိုက်မယ့်၊ အများဆင်းရဲမယ့် အမှုကိုကိုယ်ဖြင့် သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း မလုပ်ဖို့ မပြောဖို့ အထူးရှောင်ကြဉ်ဖို့လိုအပ်ပါကြောင်း အသိပေးပါတယ်။ သတ္တဝါလေးများကို မသေမရှင်၊ ခြေချိုးခြင်း၊ မျက်လုံးဖောက်ခြင်း၊ လက်ချိုးစတဲ့ ဝဋ်လိုက်စေတတ်တဲ့အမှုမျိုးရယ်၊ သူတစ်ပါးအားမဟုတ်မမှန် စွပ်စွဲပုတ်ခတ်မျိုးများကို အထူရှောင်ကြဉ် ကြပါလို့ အသိပေးရေးသားလိုက်ရပါသည်။
#ကိုးကား။ ။မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် (ပဉ္စမတွဲ) မှ ကောက်နှုတ်ချက်သာဖြစ်ပါသည်။
(ဆရာတော်အရှင်ဒေါက်တာပါရမီ)
#Credit #အညတရ ဘိက္ခု
#15September2018WLP📚📚📚📚📚
No comments:
Post a Comment