ျပည့္ဝျခင္းဆိုသည္မွာ
🍊🍊🍊🍊🍊🍊🍊
ဖိုးဖိုး
သူတို႔ မိသားစုက ခ်မ္းသာတယ္ေနာ္ အားက်စရာေကာင္းလိုက္တာ လူျဖစ္ရက်ိဳးနပ္လိုက္တာ
ဘာလို႔လဲ ေျမးေလး ေျမးေလးလည္လူပဲေလ သူတို႔လို လက္ေတြ ေျခေတြ ပါတယ္ေလ
ဒါေပမယ့္ ေျမးတို႔က သူတို႔ေလာက္လူရာမဝင္သလိုပဲ
ေျမးထင္လို႔ပါ
လူရယ္လို႔ ျဖစ္လာရင္ ခ်မ္းသာခ်င္တယ္ ေအာင္ျမင္ခ်င္တယ္ ပိုင္ဆိုင္ခ်င္ၾကတယ္ ဘာလို႔လဲ သိလားေျမးေလး
သူတို႔လိုတာရရင္ ေပ်ာ္ရႊင္ရလိမ့္မယ္လို႔
ပံုေသတြက္ထားၾကလို႔ပဲ
ဟိုမွာေတြ႕ လား ေျမးေလး အဲ့ ေရစည္ထဲက ေရေတြကို ဒီအိုးထဲ အကုန္ဝင္ေအာင္ထည့္
ဟာ ဖိုးဖိုးကလည္း ေရစည္က အၿကီးႀကီး
အိုးကေသးေသးေလး ေရစည္ထဲေရေတြအားလံုး ဘယ္ဆန္႔ပါမလဲ
အဘိုးအိုက အိုးေအာက္ေျခကို ခဲတစ္လံုးေကာက္ၿပီး ဆက္ကနဲ႔ ခြဲေပါက္လိုက္တယ္ ေျမး ျပည့္ေအာင္ထည့္
ဒီလိုဆို ဘယ္ျပည့္ပါေတာ့မလဲ ဖိုးဖိုးရဲ႕
လူေတြရဲ႕ လိုအပ္ဆနၵဟာလည္း ေပါက္ေနတဲ့ အိုးလိုပဲေျမး ေရျပည့္တဲ့အိုးတိုင္း လ်ွံတတ္သလို ေရမ႐ွိတဲ့အိုးကလည္း ေျခာက္ေသြ႕ အက္ကြဲတတ္တယ္ေျမးေလး
လူ ျဖစ္ရက်ိဳး နပ္တယ္ မနပ္ဘူးဆိုတာက ဒီလို႐ွိတယ္ ေျမး စားေနတဲ့ ထမင္း အင္း ဆန္ေပါ့ကြာ
အေကာင္းစား ဆန္းတစ္လံုးတည္မယ္ အညံ႕စား ဆန္ တစ္လံုးတည္မယ္
ေျမးဘယ္ဆန္စားမလဲ
ဘိုးဘိုးကလည္း အေကာင္းစားပဲစားမွာေပါ့
အဲ့ ေျမးစားမယ္ဆိုတဲ့ အေကာင္းစားဆန္က ေပ်ာ့တူးမနပ္ ျဖစ္ေနၿပီး အညံ့စားဆန္က စားလို႔ရတဲ့အေနေတာ္ဆိုရင္ေရာ
စားလို႔ရတာပဲ စားမယ္ အဖိုး
လူဆိုတာလည္း ဒီလိုပဲ ဘယ္ေလာက္ျပည့္စံုပါေစ စာနာစိတ္ ၊ ခြင့္လႊတ္စိတ္ သူ႔ဘက္ကိုယ္ဖက္မၾကည့္တတ္ရင္ အိုးထဲမွာထဲမွာ မနပ္ခဲ့တဲ့ ထမင္းလိုပဲ ပန္းကန္ထဲေရာက္မွ နပ္ေအာင္ႏွပ္မရေတာ့ဘူးေျမး
အဲ့လိုပဲေျမး မျပည့္စံုေပမယ့္ စာနာစိတ္ျပည့္႐ွိတဲ့သူ ခြင့္လႊတ္နားလည္တတ္သူ သူ႔ဘက္ကိုယ္ဘက္ကို အတိုင္းအတာနဲ႔ၾကည့္တတ္သူဟာလည္း လူျဖစ္ရက်ိဳးနပ္ပါတယ္ ေျမးရဲ႕
ေရျပည့္တိုင္း မသန္႔ဘူးေျမးေလးရဲ႕ ခုေျမးေ႐ွ႕က ကန္ၾကီးေတြ႕လား အမိႈက္သ႐ိုက္ေပါင္းစံုနဲ႔ျပည့္ေနတယ္ ေျမးေသာက္မလား ေရခ်ိဳးမလား
ရြံစရာ ႀကီး ဖိုးဖိုးရယ္
ဒါဆို ဟိုေရစည္ထဲက ေရနည္းနည္းေလးကိုေရာ
ေသာက္လည္းေသာက္လို႔ရတယ္
ခ်ိဳးလည္းခ်ိဳးလို႔ရတယ္
ေျမး လူျဖစ္ရက်ိဳးဆိုတာဒါပဲ ျပည့္ဝတယ္ဆိုတာ သေဘာထားျပည့္ဝျခင္း ခြင့္လႊတ္သည္းခံျခင္းေတြ ျပည့္ေနဖို႔နဲ႔ ကိုယ္ခ်င္းစာနာစိတ္ေတြ အျမဲ ျပည့္ဝေနရင္ လူ ျဖစ္ရက်ိဳးနပ္တာပါပဲ ေျမးရယ္။
ေရြးခ်ယ္မႈသည္မိမိအတြက္ျဖစ္ပါေစ။
#Crd.....ဘာမထီဘြား...အေတြးစာစုေလးမ်ား
#22September2018WLP📚📚📚📚📚
🔮🔮🔮🔮🔮🔮🔮
ပြည့်ဝခြင်းဆိုသည်မှာ
🍊🍊🍊🍊🍊🍊🍊
ဖိုးဖိုး
သူတို့ မိသားစုက ချမ်းသာတယ်နော် အားကျစရာကောင်းလိုက်တာ လူဖြစ်ရကျိုးနပ်လိုက်တာ
ဘာလို့လဲ မြေးလေး မြေးလေးလည်လူပဲလေ သူတို့လို လက်တွေ ခြေတွေ ပါတယ်လေ
ဒါပေမယ့် မြေးတို့က သူတို့လောက်လူရာမဝင်သလိုပဲ
မြေးထင်လို့ပါ
လူရယ်လို့ ဖြစ်လာရင် ချမ်းသာချင်တယ် အောင်မြင်ချင်တယ် ပိုင်ဆိုင်ချင်ကြတယ် ဘာလို့လဲ သိလားမြေးလေး
သူတို့လိုတာရရင် ပျော်ရွှင်ရလိမ့်မယ်လို့
ပုံသေတွက်ထားကြလို့ပဲ
ဟိုမှာတွေ့ လား မြေးလေး အဲ့ ရေစည်ထဲက ရေတွေကို ဒီအိုးထဲ အကုန်ဝင်အောင်ထည့်
ဟာ ဖိုးဖိုးကလည်း ရေစည်က အကြီးကြီး
အိုးကသေးသေးလေး ရေစည်ထဲရေတွေအားလုံး ဘယ်ဆန့်ပါမလဲ
အဘိုးအိုက အိုးအောက်ခြေကို ခဲတစ်လုံးကောက်ပြီး ဆက်ကနဲ့ ခွဲပေါက်လိုက်တယ် မြေး ပြည့်အောင်ထည့်
ဒီလိုဆို ဘယ်ပြည့်ပါတော့မလဲ ဖိုးဖိုးရဲ့
လူတွေရဲ့ လိုအပ်ဆန္ဒဟာလည်း ပေါက်နေတဲ့ အိုးလိုပဲမြေး ရေပြည့်တဲ့အိုးတိုင်း လျှံတတ်သလို ရေမရှိတဲ့အိုးကလည်း ခြောက်သွေ့ အက်ကွဲတတ်တယ်မြေးလေး
လူ ဖြစ်ရကျိုး နပ်တယ် မနပ်ဘူးဆိုတာက ဒီလိုရှိတယ် မြေး စားနေတဲ့ ထမင်း အင်း ဆန်ပေါ့ကွာ
အကောင်းစား ဆန်းတစ်လုံးတည်မယ် အညံ့စား ဆန် တစ်လုံးတည်မယ်
မြေးဘယ်ဆန်စားမလဲ
ဘိုးဘိုးကလည်း အကောင်းစားပဲစားမှာပေါ့
အဲ့ မြေးစားမယ်ဆိုတဲ့ အကောင်းစားဆန်က ပျော့တူးမနပ် ဖြစ်နေပြီး အညံ့စားဆန်က စားလို့ရတဲ့အနေတော်ဆိုရင်ရော
စားလို့ရတာပဲ စားမယ် အဖိုး
လူဆိုတာလည်း ဒီလိုပဲ ဘယ်လောက်ပြည့်စုံပါစေ စာနာစိတ် ၊ ခွင့်လွှတ်စိတ် သူ့ဘက်ကိုယ်ဖက်မကြည့်တတ်ရင် အိုးထဲမှာထဲမှာ မနပ်ခဲ့တဲ့ ထမင်းလိုပဲ ပန်းကန်ထဲရောက်မှ နပ်အောင်နှပ်မရတော့ဘူးမြေး
အဲ့လိုပဲမြေး မပြည့်စုံပေမယ့် စာနာစိတ်ပြည့်ရှိတဲ့သူ ခွင့်လွှတ်နားလည်တတ်သူ သူ့ဘက်ကိုယ်ဘက်ကို အတိုင်းအတာနဲ့ကြည့်တတ်သူဟာလည်း လူဖြစ်ရကျိုးနပ်ပါတယ် မြေးရဲ့
ရေပြည့်တိုင်း မသန့်ဘူးမြေးလေးရဲ့ ခုမြေးရှေ့က ကန်ကြီးတွေ့လား အမှိုက်သရိုက်ပေါင်းစုံနဲ့ပြည့်နေတယ် မြေးသောက်မလား ရေချိုးမလား
ရွံစရာ ကြီး ဖိုးဖိုးရယ်
ဒါဆို ဟိုရေစည်ထဲက ရေနည်းနည်းလေးကိုရော
သောက်လည်းသောက်လို့ရတယ်
ချိုးလည်းချိုးလို့ရတယ်
မြေး လူဖြစ်ရကျိုးဆိုတာဒါပဲ ပြည့်ဝတယ်ဆိုတာ သဘောထားပြည့်ဝခြင်း ခွင့်လွှတ်သည်းခံခြင်းတွေ ပြည့်နေဖို့နဲ့ ကိုယ်ချင်းစာနာစိတ်တွေ အမြဲ ပြည့်ဝနေရင် လူ ဖြစ်ရကျိုးနပ်တာပါပဲ မြေးရယ်။
ရွေးချယ်မှုသည်မိမိအတွက်ဖြစ်ပါစေ။
#Crd.....ဘာမထီဘွား...အတွေးစာစုလေးများ
#22September2018WLP📚📚📚📚📚
🔮🔮🔮🔮🔮🔮🔮
No comments:
Post a Comment