#ေလျဖတ္ျခင္းအေၾကာင္းသိေကာင္းစရာမ်ား
ℹℹℹℹℹℹℹℹℹℹℹℹ
ႏွစ္တိုင္းမွာ လူဦးေရ ၈သိန္းခန္႔ဟာ ေလျဖတ္ျခင္း ကုိ ခံစားေနရျပီး စကၠန္႔၄၀မွာ တေယာက္ႏွဳန္း ျဖစ္ပြားေနၾကပါတယ္။ ႏွလုံးေရာဂါ၊ ကင္ဆာ ေရာဂါ၊ နာတာရွည္အသက္ရွဴလမ္းေၾကာင္း ေရာဂါ နဲ႔ မေတာ္တဆ ထိခိုက္ျခင္းတုိ႔ဟာ ပုိျပီးေသဆုံးမွဳ မ်ားပါတယ္။
#ေလျဖတ္ျခင္း ဟာ ဦးေနွာက္ ကုိသြားတဲ့ေသြးေၾကာ ေတြမွာ ျပသနာျဖစ္ျခင္းပါပဲ။ ေသြးေၾကာ ပိတ္ျခင္း ေၾကာင္႔ ျဖစ္ေစ၊ ေသြးေၾကာေပါက္ျခင္းေၾကာင္႔ျဖစ္ေစ ဦးေႏွာက္ဆဲလ္ေတြကုိ ေသေစႏိုင္ပါတယ္။ ေလျဖတ္ျခင္း ဟာ အေရးေပၚအေျခအေနျဖစ္ျပီး ကုသမွဳ အျမန္ဆုံးခံယူဖုိ႔ လုိပါတယ္။ေလျဖတ္ျခင္းဟာ ဦးေႏွာက္ ကုိသြားတဲ့ ေသြးေၾကာ ရပ္တန္႔သြားတာ၊ ေလ်ာ႔က်သြားတာေၾကာင္႔ ျဖစ္ပါတယ္။ ဒီလုိျဖစ္တဲ့အခါ ဦးေႏွာက္ကလုိအပ္တဲ့ ေအာက္ဆီဂ်င္ နဲ႔ အာဟာရဓာတ္ ေတြ မရေတာ႕ဘဲ ဆဲလ္ေတြကုိ ေသသြားေစပါတယ္။ ေလျဖတ္ျခင္းဟာ အဓိကအားျဖင္႔ ၃မ်ဳိး ရွိပါတယ္။ ေသြးေၾကာပိတ္ေလျဖတ္ျခင္း၊ ေသြးေၾကာေပါက္ ေလျဖတ္ျခင္း နဲ႔ ယာယီ ေလျဖတ္ျခင္း တုိ႔ ျဖစ္ပါတယ္။ဒီေဆာင္းပါးမွာ ေသြးေၾကာပိတ္ ေလျဖတ္ျခင္းနဲ႔ ေသြးေၾကာေပါက္ ေလျဖတ္ျခင္း ကုိ အဓိကထား ေျပာသြားပါမယ္။
အေမရိကန္မွာ ေလျဖတ္ျပီး ေသဆုံးသူ မ်ားရဲ့ ၄၀%ဟာ အမ်ဳိးသားမ်ားျဖစ္ျပီး ၆၀%ဟာ အမ်ဳိးသမီးမ်ား ျဖစ္ပါတယ္။ အေမရိကန္ႏွလုံးအဖြဲ႔အစည္းရဲ့ အဆုိအရ လူမည္း မ်ားဟာ လူျဖဴမ်ားထက္ ပထမအၾကိမ္ ေလျဖတ္ျခင္းကုိ ၂ဆၾကဳံႏိုင္ေျခရွိျပီး ေလျဖတ္ျခင္းေၾကာင္႔ ေသဆုံးမွဳႏွဳန္းလည္း ျမင္႔ပါတယ္။
၂၀၀၉ ခုႏွစ္ အေမရိကန္မွာ ေလျဖတ္ျခင္း ေၾကာင္႔ ေသဆုံးသူေပါင္း ၁၂၈၈၄၂ ဥိးရွိခဲ့ျပီး အသက္အရြယ္နဲ႔ ဆိုင္တဲ့ႏွဳန္းထားအရ လူတသိန္းမွာ ၃၈.၉ ေယာက္ ျဖစ္ပါားပါတယ္။ ဟစ္ပန္းနစ္မဟုတ္တဲ႔ လူမည္း ေတြမွာ ၂ဆခန္႔ (၁သိန္းမွာ ၇၃.၆) ရွိပါတယ္။ ေလျဖတ္ျခင္းေၾကာင္႔ အရြယ္မတိုင္မီေသဆုံးမွဳဟာ ဟစ္ပန္းနစ္မဟုတ္တဲ႔ လူမည္း ေတြမွာ ရြယ္တူ လူျဖဴေတြထက္ မ်ားပါတယ္ (၂၅ ဆႏွင္႔ ၁၀.၂ ဆ)
ေလျဖတ္ျခင္းဟာ ကုိယ္အေလးခ်ိန္ပုိသူမ်ား၊ အသက္ ၅၅ႏွစ္ထက္ ၾကီးသူမ်ား၊ မိသားစုတြင္း ေလျဖတ္ေရာဂါ ရာဇ၀င္ရွိသူမ်ား၊ ကုိယ္လက္လွဳပ္ရွား မလုပ္သူမ်ား၊ အရက္အလြန္အကၽြံေသာက္သူမ်ား၊ ေဆးလိပ္ေသာက္သူမ်ား၊ မူးယစ္ေဆးသုံးသူမ်ားမွာ ပုိျဖစ္တတ္ပါတယ္။
#ေသြးေၾကာပိတ္ေလျဖတ္ျခင္း
အျဖစ္အမ်ားဆုံး ေလျဖတ္ျခင္း အမ်ဳိးအစားျဖစ္ျပီး အားလုံးရဲ့ ၈၀% ရွိပါတယ္။ ဒီေလျဖတ္ျခင္းဟာ ေသြးခဲျခင္းေၾကာင္႔ျဖစ္တတ္ျပီး ဦးေႏွာက္ကုိသြားတဲ့ ေသြးလႊတ္ေၾကာထဲမွာ ျဖစ္တတ္ပါတယ္။ ေသြးခဲေၾကာင္႔ ဦးေႏွာက္ အတြင္း ေသြးေရာက္တာ ေလ်ာ႔နည္းသြားႏိုင္ပါတယ္။
ေသြးေၾကာ ပိတ္ဆုိ႔ျခင္းဟာ ဦးေႏွာက္ ေသြးေၾကာ ေတြ ထဲမွာ ျဖစ္တတ္သလုိ တျခားေသြးေၾကာထဲမွာ ျဖစ္ေပၚလာျပီး ဦးေႏွာက္ထဲ ေရာက္လာတာမ်ဳိးလည္း ရွိတတ္ပါတယ္။ ေသြးခဲမ်ားဟာ ေသြးလႊတ္ေၾကာ အတြင္း အဆီဓာတ္မ်ား အနည္က်ျဖစ္ေပၚလာျခင္း ျဖစ္ပါတယ္။
#ေသြးေၾကာေပါက္ေလျဖတ္ျခင္း
ေသြးေၾကာေပါက္ေလျဖတ္ျခင္းဟာ ဦးေႏွာက္အ တြင္းက ေသြးေၾကာေတြ ေပါက္သြားျခင္းေၾကာင္႔ ျဖစ္ပါတယ္။ ေပါက္သြားတဲ့ ေသြးေၾကာဟာ ဦးေနွာက္ ဆဲလ္ေတြကုိ ဖိအားေပးျပီး ပ်က္စီးေစပါတယ္။ ဦးေႏွာက္အလယ္ပိုင္းနဲ႔ မ်က္ႏွာျပင္ပိုင္းမွာ ေသြးေၾကာေပါက္တတ္ျပီး ေသြးမ်ားဟာ ဦးေႏွာက္ နဲ႔ ဦးေခါင္းခြံၾကား ကုိ ေရာက္သြားပါတယ္။
ေသြးေၾကာေပါက္ျခင္း ဟာ ေသြးတုိးျခင္း၊ ဒဏ္ရာရျခင္း၊ ေသြးက်ဲျခင္းနဲ႔ ေသြးေၾကာေဖာင္း ျခင္းတုိ႔ေၾကာင္႔ ျဖစ္တတ္ပါတယ္။
ဦးေႏွာက္အတြင္း ေသြးယုိျခင္း ဟာ အျဖစ္အမ်ားဆုံးျဖစ္ျပီး ဦးေႏွာက္ေသြးေၾကာေပါက္သြားျပီး ဦးေႏွာက္ တစ္သွ်ဴးမ်ားဟာ ေသြးနဲ႔ျပည္႔သြားရင္ ျဖစ္တတ္ပါတယ္။ ဦးေႏွာက္ အေျမွးပါး ေအာက္ ေသြးယုိျခင္း ကေတာ႔ ဒုတိယအမ်ဳိးအစားျဖစ္ျပီး ေတြ႔ရနည္းပါတယ္။ ဒီအမ်ဳိးအစားမွာ ေသြးယုိျခင္းဟာ ဦးေႏွာက္ နဲ ႔ဦးေႏွာက္ အေျမွးပါးၾကား မွာ ျဖစ္တတ္ပါတယ္။
#ယာယီေလျဖတ္ျခင္း
ယာယီ ေလျဖတ္ျခင္း ဟာ ဦးေႏွာက္ ကုိသြားတဲ့ ေသြးစီးဆင္းမွဳ မေကာင္းေၾကာင္းျပတဲ့ ေရွ႔ေျပးလကၡဏာ ျဖစ္ပါတယ္။ သူဟာ ေသြးခဲနဲ႔ အနည္အႏွစ္ေတြေၾကာင္႔ ျဖစ္တဲ့ ေသြးေၾကာပိတ္ ေလျဖတ္ျခင္း နဲ႔ ဆင္တူပါတယ္။
ယာယီ ေလျဖတ္ျခင္း မွ ေသြးေၾကာ ဟာ ခဏတာပဲ ပိတ္ေပမယ္႔ တျခား ေလျဖတ္ျခင္း ေတြလုိပဲ အေရးေပၚကိစၥ မွတ္ယူရပါမယ္။ ေနာင္မွာ တျခား ေလျဖတ္ျခင္း ေတြ ျဖစ္ႏိုင္တဲ့ သတိေပးျခင္းျဖစ္ျပီး တစိတ္တပိုင္းပိတ္ေနတဲ႔ ေသြးေၾကာ၊ ဒါမွမဟုတ္ ႏွလုံးထဲမွာ ေသြးခဲျဖစ္ေစတဲ့ အရင္းအျမစ္ တခုခု ရွိႏိုင္ေၾကာင္း ျပေနပါတယ္။
ေရာဂါ ထိန္းခ်ဳပ္ ကာကါယ္ေရးဌာန ရဲ့ အဆုိအရ ယာယီ ေလျဖတ္ျခင္း ျဖစ္ဖူးသူေတြရဲ့ သုံးပုံတပုံခန္႔ဟာ ကုသမွဳမခံယူရင္ တႏွစ္အတြင္း ေလျဖတ္ျခင္း ျဖစ္ႏိုင္တယ္လုိ႔ သိရပါတယ္။ ၁၀ ကေန ၁၅%ခန္႔ဟာ ယာယီေလျဖတ္ျခင္းျဖစ္အျပီး ၃ႏွစ္အတြင္း ေလျဖတ္တတ္တယ္လုိ႔ သိရပါတယ္။
#ေလျဖတ္ျခင္းလကၡဏာမ်ား
ေလျဖတ္ျခင္း ဟာ တခါတရံမွာ ၾကဳိတင္မသိႏိုင္ဘဲ လ်င္ျမန္စြာ ျဖစ္ေပၚလာတတ္ပါတယ္။
အဓိက လကၡဏာ ေတြကေတာ႔
စိတ္ရွဳပ္ေထြးျခင္း၊ စကားေျပာခက္ခဲျခင္း၊ သူတပါးေျပာသည္ကုိ နားလည္ရန္ခက္ခဲျခင္း
ေခါင္းကုိက္ျခင္း၊ အန္ျခင္း
ကုိယ္ခႏၶာတဖက္တည္းရွိ မ်က္ႏွာ၊ လက္ႏွင္႔ ေျခမ်ားထုံျခင္း
မ်က္လုံးတဖက္ သုိ႔ ႏွစ္ဖက္စလုံးတြင္ အျမင္အာရုံ မေကာင္းျခင္း
လမ္းေလွ်ာက္ရန္ခက္ခဲျခင္း၊ မူးေ၀ျခင္း၊ မထိန္းႏိုင္ျခင္း
စသျဖင္႔ ျဖစ္ပါတယ္။
ေလျဖတ္ျခင္း ဟာ ေရရွည္ျပသနာျဖစ္ပါတယ္။ ေလျဖတ္ျခင္း ေနာက္ပိုင္းမွာ မစြမ္းမသန္ျခင္းဟာ ယာယီျဖစ္သြားမလား၊ အျမဲတမ္းျဖစ္သြားမလား ဆုိတာဟာ ဘယ္ေလာက္ျမန္ျမန္ ေရာဂါရွာေတြ႔လဲ၊ ကုႏိုင္လဲ ဆုိတာကုိ မူတည္ပါတယ္။ အထက္ပါျပသနာေတြအျပင္ ေအာက္ပါအေျခအေန မ်ားလည္း ေတြ႔ၾကဳံႏိုင္ပါတယ္။
ဆီးႏွင္႔၀မ္းထိန္းရာတြင္ ျပသနာရွိျခင္း
စိတ္ဓာတ္က်ျခင္း
လက္မ်ားနာျပီး လွဳပ္ရွားလွ်င္ အပူအေအးေျပာင္းလဲလွ်င္ ပုိဆုိးျခင္း
ကုိယ္ခႏၶာတဖက္ သုိ႔ ႏွစ္ဖက္လုံးတြင္ ခ်ည္႔နဲ႔ျခင္း၊ အားနည္းျခင္း
စိတ္ခံစားမွဳထိန္းခ်ဳပ္ရာတါင္၊ ေဖာ္ျပရာတါင္ ျပသနာရွိျခင္း
#ေလျဖတ္ျခင္းအတြက္ကုသမွဳမ်ား
ကုသမွဳေတြမွာ ေသြးခဲကုိေပ်ာ္ေစျပီး ထပ္မံျဖစ္ေပၚျခင္းကေန တားျမစ္ေပးပါတယ္။ Asprin ေပးႏိုင္ျပီး TPA ေဆးထုိးႏိုင္ပါတယ္။
TPA ေဆးဟာ ေသြးခဲေပ်ာ္ေစတဲ့ အာနိသင္ရွိျပီး ေလျဖတ္ျခင္း လကၡဏာ ျဖစ္ေပၚျပီး ၄-၅နာရီအတြင္း ထုိးႏိုင္ဖုိ႔လုိပါတယ္။
ကုသမွဳဟာ ဥိးေႏွာက္အတြင္းဖိအားကုိ က်ေစတဲ့ ေဆးမ်ား၊ ေသြးတုိးက်ေစတဲ့ေဆးမ်ား၊ အတက္ေရာဂါ ကာကြယ္ေဆးမ်ား၊ ေသြးေၾကာက်ဳံ႔ျခင္းကုိ ကာကြယ္တဲ့ေဆးမ်ားနဲ႔လည္း စတင္ႏိုင္ပါတယ္။ လူနာဟာ Warfarin နဲ႔ Clopidogrel စတဲ့ ေသြးက်ဲေဆးမ်ား ေသာက္ေနရရင္ ေဆးအာနိသင္ကုိ တန္ျပန္ဖုိ႔ ေဆးေပးတာ၊ ေသြးသြင္းတာ လုပ္ရပါတယ္။ေနထိုင္မွဳပုံစံေျပာင္းသလုိ ေနာင္ေလျဖတ္ျခင္းကေန ကာကြယ္ႏိုင္ဖုိ႔ ဆရာ၀န္ ဟာ ေသြးမခဲေစတဲ့ေဆးမ်ား ညႊန္ႏိုင္ပါတယ္။ ဒါ႔အျပင္ ေသြးေၾကာခြဲစိတ္ျခင္းကုိလည္း ေလျဖတ္ျခင္းျဖစ္ပြားႏိုင္ေျခကုိ ေလွ်ာ႔ခ်ဖုိ႔ သုံးႏိုင္ပါတယ္။
#ေရးသားသူ #DrThantZin
#ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ #DrThureinHlaingWin.
#21September2018WLP📚📚📚📚📚
✔✔✔✔✔✔✔✔✔✔
#လေဖြတ်ခြင်းအကြောင်းသိကောင်းစရာများ
🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
နှစ်တိုင်းမှာ လူဦးရေ ၈သိန်းခန့်ဟာ လေဖြတ်ခြင်း ကို ခံစားနေရပြီး စက္ကန့်၄၀မှာ တယောက်နှုန်း ဖြစ်ပွားနေကြပါတယ်။ နှလုံးရောဂါ၊ ကင်ဆာ ရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်း ရောဂါ နဲ့ မတော်တဆ ထိခိုက်ခြင်းတို့ဟာ ပိုပြီးသေဆုံးမှု များပါတယ်။
#လေဖြတ်ခြင်း ဟာ ဦးနှောက် ကိုသွားတဲ့သွေးကြော တွေမှာ ပြသနာဖြစ်ခြင်းပါပဲ။ သွေးကြော ပိတ်ခြင်း ကြောင့် ဖြစ်စေ၊ သွေးကြောပေါက်ခြင်းကြောင့်ဖြစ်စေ ဦးနှောက်ဆဲလ်တွေကို သေစေနိုင်ပါတယ်။ လေဖြတ်ခြင်း ဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှု အမြန်ဆုံးခံယူဖို့ လိုပါတယ်။လေဖြတ်ခြင်းဟာ ဦးနှောက် ကိုသွားတဲ့ သွေးကြော ရပ်တန့်သွားတာ၊ လျော့ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးနှောက်ကလိုအပ်တဲ့ အောက်ဆီဂျင် နဲ့ အာဟာရဓာတ် တွေ မရတော့ဘဲ ဆဲလ်တွေကို သေသွားစေပါတယ်။ လေဖြတ်ခြင်းဟာ အဓိကအားဖြင့် ၃မျိုး ရှိပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း၊ သွေးကြောပေါက် လေဖြတ်ခြင်း နဲ့ ယာယီ လေဖြတ်ခြင်း တို့ ဖြစ်ပါတယ်။ဒီဆောင်းပါးမှာ သွေးကြောပိတ် လေဖြတ်ခြင်းနဲ့ သွေးကြောပေါက် လေဖြတ်ခြင်း ကို အဓိကထား ပြောသွားပါမယ်။
အမေရိကန်မှာ လေဖြတ်ပြီး သေဆုံးသူ များရဲ့ ၄၀%ဟာ အမျိုးသားများဖြစ်ပြီး ၆၀%ဟာ အမျိုးသမီးများ ဖြစ်ပါတယ်။ အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ အဆိုအရ လူမည်း များဟာ လူဖြူများထက် ပထမအကြိမ် လေဖြတ်ခြင်းကို ၂ဆကြုံနိုင်ခြေရှိပြီး လေဖြတ်ခြင်းကြောင့် သေဆုံးမှုနှုန်းလည်း မြင့်ပါတယ်။
၂၀၀၉ ခုနှစ် အမေရိကန်မှာ လေဖြတ်ခြင်း ကြောင့် သေဆုံးသူပေါင်း ၁၂၈၈၄၂ ဥိးရှိခဲ့ပြီး အသက်အရွယ်နဲ့ ဆိုင်တဲ့နှုန်းထားအရ လူတသိန်းမှာ ၃၈.၉ ယောက် ဖြစ်ပါားပါတယ်။ ဟစ်ပန်းနစ်မဟုတ်တဲ့ လူမည်း တွေမှာ ၂ဆခန့် (၁သိန်းမှာ ၇၃.၆) ရှိပါတယ်။ လေဖြတ်ခြင်းကြောင့် အရွယ်မတိုင်မီသေဆုံးမှုဟာ ဟစ်ပန်းနစ်မဟုတ်တဲ့ လူမည်း တွေမှာ ရွယ်တူ လူဖြူတွေထက် များပါတယ် (၂၅ ဆနှင့် ၁၀.၂ ဆ)
လေဖြတ်ခြင်းဟာ ကိုယ်အလေးချိန်ပိုသူများ၊ အသက် ၅၅နှစ်ထက် ကြီးသူများ၊ မိသားစုတွင်း လေဖြတ်ရောဂါ ရာဇဝင်ရှိသူများ၊ ကိုယ်လက်လှုပ်ရှား မလုပ်သူများ၊ အရက်အလွန်အကျွံသောက်သူများ၊ ဆေးလိပ်သောက်သူများ၊ မူးယစ်ဆေးသုံးသူများမှာ ပိုဖြစ်တတ်ပါတယ်။
#သွေးကြောပိတ်လေဖြတ်ခြင်း
အဖြစ်အများဆုံး လေဖြတ်ခြင်း အမျိုးအစားဖြစ်ပြီး အားလုံးရဲ့ ၈၀% ရှိပါတယ်။ ဒီလေဖြတ်ခြင်းဟာ သွေးခဲခြင်းကြောင့်ဖြစ်တတ်ပြီး ဦးနှောက်ကိုသွားတဲ့ သွေးလွှတ်ကြောထဲမှာ ဖြစ်တတ်ပါတယ်။ သွေးခဲကြောင့် ဦးနှောက် အတွင်း သွေးရောက်တာ လျော့နည်းသွားနိုင်ပါတယ်။
သွေးကြော ပိတ်ဆို့ခြင်းဟာ ဦးနှောက် သွေးကြော တွေ ထဲမှာ ဖြစ်တတ်သလို တခြားသွေးကြောထဲမှာ ဖြစ်ပေါ်လာပြီး ဦးနှောက်ထဲ ရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ သွေးခဲများဟာ သွေးလွှတ်ကြော အတွင်း အဆီဓာတ်များ အနည်ကျဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
#သွေးကြောပေါက်လေဖြတ်ခြင်း
သွေးကြောပေါက်လေဖြတ်ခြင်းဟာ ဦးနှောက်အ တွင်းက သွေးကြောတွေ ပေါက်သွားခြင်းကြောင့် ဖြစ်ပါတယ်။ ပေါက်သွားတဲ့ သွေးကြောဟာ ဦးနှောက် ဆဲလ်တွေကို ဖိအားပေးပြီး ပျက်စီးစေပါတယ်။ ဦးနှောက်အလယ်ပိုင်းနဲ့ မျက်နှာပြင်ပိုင်းမှာ သွေးကြောပေါက်တတ်ပြီး သွေးများဟာ ဦးနှောက် နဲ့ ဦးခေါင်းခွံကြား ကို ရောက်သွားပါတယ်။
သွေးကြောပေါက်ခြင်း ဟာ သွေးတိုးခြင်း၊ ဒဏ်ရာရခြင်း၊ သွေးကျဲခြင်းနဲ့ သွေးကြောဖောင်း ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
ဦးနှောက်အတွင်း သွေးယိုခြင်း ဟာ အဖြစ်အများဆုံးဖြစ်ပြီး ဦးနှောက်သွေးကြောပေါက်သွားပြီး ဦးနှောက် တစ်သျှူးများဟာ သွေးနဲ့ပြည့်သွားရင် ဖြစ်တတ်ပါတယ်။ ဦးနှောက် အမြှေးပါး အောက် သွေးယိုခြင်း ကတော့ ဒုတိယအမျိုးအစားဖြစ်ပြီး တွေ့ရနည်းပါတယ်။ ဒီအမျိုးအစားမှာ သွေးယိုခြင်းဟာ ဦးနှောက် နဲ့ဦးနှောက် အမြှေးပါးကြား မှာ ဖြစ်တတ်ပါတယ်။
#ယာယီလေဖြတ်ခြင်း
ယာယီ လေဖြတ်ခြင်း ဟာ ဦးနှောက် ကိုသွားတဲ့ သွေးစီးဆင်းမှု မကောင်းကြောင်းပြတဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်ပါတယ်။ သူဟာ သွေးခဲနဲ့ အနည်အနှစ်တွေကြောင့် ဖြစ်တဲ့ သွေးကြောပိတ် လေဖြတ်ခြင်း နဲ့ ဆင်တူပါတယ်။
ယာယီ လေဖြတ်ခြင်း မှ သွေးကြော ဟာ ခဏတာပဲ ပိတ်ပေမယ့် တခြား လေဖြတ်ခြင်း တွေလိုပဲ အရေးပေါ်ကိစ္စ မှတ်ယူရပါမယ်။ နောင်မှာ တခြား လေဖြတ်ခြင်း တွေ ဖြစ်နိုင်တဲ့ သတိပေးခြင်းဖြစ်ပြီး တစိတ်တပိုင်းပိတ်နေတဲ့ သွေးကြော၊ ဒါမှမဟုတ် နှလုံးထဲမှာ သွေးခဲဖြစ်စေတဲ့ အရင်းအမြစ် တခုခု ရှိနိုင်ကြောင်း ပြနေပါတယ်။
ရောဂါ ထိန်းချုပ် ကာကါယ်ရေးဌာန ရဲ့ အဆိုအရ ယာယီ လေဖြတ်ခြင်း ဖြစ်ဖူးသူတွေရဲ့ သုံးပုံတပုံခန့်ဟာ ကုသမှုမခံယူရင် တနှစ်အတွင်း လေဖြတ်ခြင်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ၁၀ ကနေ ၁၅%ခန့်ဟာ ယာယီလေဖြတ်ခြင်းဖြစ်အပြီး ၃နှစ်အတွင်း လေဖြတ်တတ်တယ်လို့ သိရပါတယ်။
#လေဖြတ်ခြင်းလက္ခဏာများ
လေဖြတ်ခြင်း ဟာ တခါတရံမှာ ကြိုတင်မသိနိုင်ဘဲ လျင်မြန်စွာ ဖြစ်ပေါ်လာတတ်ပါတယ်။
အဓိက လက္ခဏာ တွေကတော့
စိတ်ရှုပ်ထွေးခြင်း၊ စကားပြောခက်ခဲခြင်း၊ သူတပါးပြောသည်ကို နားလည်ရန်ခက်ခဲခြင်း
ခေါင်းကိုက်ခြင်း၊ အန်ခြင်း
ကိုယ်ခန္ဓာတဖက်တည်းရှိ မျက်နှာ၊ လက်နှင့် ခြေများထုံခြင်း
မျက်လုံးတဖက် သို့ နှစ်ဖက်စလုံးတွင် အမြင်အာရုံ မကောင်းခြင်း
လမ်းလျှောက်ရန်ခက်ခဲခြင်း၊ မူးဝေခြင်း၊ မထိန်းနိုင်ခြင်း
စသဖြင့် ဖြစ်ပါတယ်။
လေဖြတ်ခြင်း ဟာ ရေရှည်ပြသနာဖြစ်ပါတယ်။ လေဖြတ်ခြင်း နောက်ပိုင်းမှာ မစွမ်းမသန်ခြင်းဟာ ယာယီဖြစ်သွားမလား၊ အမြဲတမ်းဖြစ်သွားမလား ဆိုတာဟာ ဘယ်လောက်မြန်မြန် ရောဂါရှာတွေ့လဲ၊ ကုနိုင်လဲ ဆိုတာကို မူတည်ပါတယ်။ အထက်ပါပြသနာတွေအပြင် အောက်ပါအခြေအနေ များလည်း တွေ့ကြုံနိုင်ပါတယ်။
ဆီးနှင့်ဝမ်းထိန်းရာတွင် ပြသနာရှိခြင်း
စိတ်ဓာတ်ကျခြင်း
လက်များနာပြီး လှုပ်ရှားလျှင် အပူအအေးပြောင်းလဲလျှင် ပိုဆိုးခြင်း
ကိုယ်ခန္ဓာတဖက် သို့ နှစ်ဖက်လုံးတွင် ချည့်နဲ့ခြင်း၊ အားနည်းခြင်း
စိတ်ခံစားမှုထိန်းချုပ်ရာတါင်၊ ဖော်ပြရာတါင် ပြသနာရှိခြင်း
#လေဖြတ်ခြင်းအတွက်ကုသမှုများ
ကုသမှုတွေမှာ သွေးခဲကိုပျော်စေပြီး ထပ်မံဖြစ်ပေါ်ခြင်းကနေ တားမြစ်ပေးပါတယ်။ Asprin ပေးနိုင်ပြီး TPA ဆေးထိုးနိုင်ပါတယ်။
TPA ဆေးဟာ သွေးခဲပျော်စေတဲ့ အာနိသင်ရှိပြီး လေဖြတ်ခြင်း လက္ခဏာ ဖြစ်ပေါ်ပြီး ၄-၅နာရီအတွင်း ထိုးနိုင်ဖို့လိုပါတယ်။
ကုသမှုဟာ ဥိးနှောက်အတွင်းဖိအားကို ကျစေတဲ့ ဆေးများ၊ သွေးတိုးကျစေတဲ့ဆေးများ၊ အတက်ရောဂါ ကာကွယ်ဆေးများ၊ သွေးကြောကျုံ့ခြင်းကို ကာကွယ်တဲ့ဆေးများနဲ့လည်း စတင်နိုင်ပါတယ်။ လူနာဟာ Warfarin နဲ့ Clopidogrel စတဲ့ သွေးကျဲဆေးများ သောက်နေရရင် ဆေးအာနိသင်ကို တန်ပြန်ဖို့ ဆေးပေးတာ၊ သွေးသွင်းတာ လုပ်ရပါတယ်။နေထိုင်မှုပုံစံပြောင်းသလို နောင်လေဖြတ်ခြင်းကနေ ကာကွယ်နိုင်ဖို့ ဆရာဝန် ဟာ သွေးမခဲစေတဲ့ဆေးများ ညွှန်နိုင်ပါတယ်။ ဒါ့အပြင် သွေးကြောခွဲစိတ်ခြင်းကိုလည်း လေဖြတ်ခြင်းဖြစ်ပွားနိုင်ခြေကို လျှော့ချဖို့ သုံးနိုင်ပါတယ်။
#ရေးသားသူ #DrThantZin
#ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ #DrThureinHlaingWin.
#21September2018WLP📚📚📚📚📚
No comments:
Post a Comment