Saturday, 8 September 2018

ဘာသာရေး နှင့် ဆပ်ပြာ

ဘာသာရေးနှင့် ဆပ်ပြာ။

လူနှစ်ယောက်လမ်းအတူလျှောက်လာသည်၊
တစ်ဦးက ဘုန်းကြီး၊
နောက်တစ်ဦးက ဆပ်ပြာစက်ရုံသူဌေးကြီးတစ်ယောက်.. ၊

ဆပ်ပြာသူဌေးကြီးကပဲ..
စကားတွေ တစ်တွတ်တွတ်ပြောနေသည်၊

ဘုန်းကြီးဖြစ်သူကမူ
ဘေးက တိတ်တဆိတ်နားထောင်ပြီး လိုက်လာသည်။

ဆပ်ပြာသူဌေးက
ဘုန်းကြီးကို ဒီလိုမေးတယ်..

“ ကျေးဇူးပြုပြီး ကျနော့်ကိုပြောပြပါ၊ ဘာသာရေးက ဘာများကောင်းလို့လဲ.
. ဘုန်းဘုန်းတို့ဒီလောက် တရားတွေနေ့တိုင်း ရွတ်နေတာကော.. ဘာထူးလို့လဲ..
လူတွေရဲ့ ရင်ထဲမှာသောကတွေရှိမြဲရှိနေတာပဲ..

ခိုးတဲ့သူက ခိုးမြဲခိုးနေတာပဲ..

သတ်တဲ့သူက အချင်းချင်းသတ်ဖြတ်နေတာပဲ..

မုန်းတဲ့သူကအချင်းချင်း အာဃာတတွေနဲ့
မုန်းတီးနေကြတာပဲ..

ဗုဒ္ဒဘာသာဆို တည်ရှိနေတာ နှစ်ပေါင်း ၂ထောင်ကျော်ပြီ..

တရားတွေရွတ်ဖတ်နေတာလည်းနှစ် ၂ ထောင်ကျော်လောက်ကိုရှိနေပြီ....
.ဒါပေမယ့်
ကမ္ဘာကြီးက ခိုးမြဲ..
သတ်မြဲ...
လုယက်မြဲ..
မုန်းတီးမြဲ ပဲ… ”

ဘုန်းကြီးဖြစ်သူက ဘာမှပြန်မပြောဘူး.
.ဒီတိုင်းပဲနားထောင်ပြီးလိုက်လာတယ်..

ဒါပေမယ့်တစ်နေရာရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ကလေးအချို့က
ရွံ့အိုင်လေးထဲမှာ ဆော့ကစားနေကြတယ်..

ဘုန်းကြီးဖြစ်သူက ဆပ်ပြာသူဌေးကိုမေးတယ်

“ ဒကာကြီးဖြေကြည့်..
ဆပ်ပြာက လူကိုသန့်ရှင်းစေတယ်ဆို..
ဘုန်းကြီးတော့မယုံဘူး..
ကြည့်လေ..

ဒီကလေးတွေ ဘယ်လောက်ညစ်ပတ်လိုက်သလဲ..
ဆပ်ပြာရှိတာ ဘာများ ကောင်းလို့လဲ..
ဆပ်ပြာလည်း တီထွင်ထားတာ နှစ်ပေါင်း ထောင်နဲ့ ချီနေပြီမဟုတ်လား..

ကမ္ဘာအနှံ့ ဆပ်ပြာတွေမှ ပေါလို့ သောလို့ . 
ဒါပေမယ့် ဒီကလေးတွေကိုယ်က ရွံ့တွေနဲ့ ..ညစ်ပတ်မြဲ
နံစော်မြဲပဲမဟုတ်လား .. ”

ဆပ်ပြာသူဌေးက
အလျင်အမြန် စကားဖြတ်ပြောတယ်..

“ မှားနေပြီ ဘုန်းဘုန်းရေ.. ဆပ်ပြာဆိုတာ လူကသုံးမှ သန့်စင်တာလေ..
မသုံးရင် သူက ရှိနေလည်း အလကားပဲ. . ”

“ဒါပေါ့.. ” 
ဘုန်းကြီးကပြန်ဖြေလိုက်တယ်..

“ ဆပ်ပြာမှာ ပင်ကိုယ်က လူကို သန့်စင်နိုင်စွမ်းမရှိဘူး..
လူက သူ့ကို ကိုယ်မှာ ယူပြီး အသုံးပြုမှ သန့်စင်နိုင်စွမ်းရှိတာ..

အေး.. ဘာသာတရားတစ်ခုမှာလည်း
အဲဒီအတိုင်းပဲ... .

ဘာသာရေးက လူတစ်ယောက်ကို ဘယ်လိုမှ မပြောင်းလဲစေနိုင်ဘူး.. 
ဒါပေမယ့် သူက ဒါကို သူ့ကိုယ်ပေါ်မှာ အသုံးချသွားမယ်ဆိုရင်တော့..
ဒီဘာသာတရားရဲ့ အကျိုးဆက်က
သူ့ကိုယ်မှာ ဖြစ်ထွန်းလာတယ်.”

" ဒီသဘောတရား အတိုင်းပါပဲ ဒကာကြီး "

🎪🎪🎪🎪🎪🎪🎪

စာပေဒါနပါ..

#crd  #winhlaingoo
#22August2018WLP📚📚📚📚📚

No comments:

Post a Comment

ဆေးလိပ်

ဆေးလိပ် လူတွေမှာ အမြဲတမ်း လိုလို ဆန့်ကျင်ဘက် ၂ခု ကို လွန်ဆွဲဘို့ ဖြစ်တတ်ပါတယ်။ အချိုနဲ့မတည့်ဘူး မစားသင့်ပေမဲ့ အချိုကို နည်းနည်းလေး ဖြစ်ဖြစ...