ဘာသာရေးနှင့် ဆပ်ပြာ။
လူနှစ်ယောက်လမ်းအတူလျှောက်လာသည်၊ တစ်ဦးက ဘုန်းကြီး၊ နောက်တစ်ဦးက ဆပ်ပြာစက်ရုံသူဌေးကြီးတစ်ယောက်.. ၊
ဆပ်ပြာသူဌေးကြီးကပဲ.. စကားတွေ တစ်တွတ်တွတ်ပြောနေသည်၊
ဘုန်းကြီးဖြစ်သူကမူ ဘေးက တိတ်တဆိတ်နားထောင်ပြီး လိုက်လာသည်။
ဆပ်ပြာသူဌေးက ဘုန်းကြီးကို ဒီလိုမေးတယ်..
“ ကျေးဇူးပြုပြီး ကျနော့်ကိုပြောပြပါ၊ ဘာသာရေးက ဘာများကောင်းလို့လဲ.. ဘုန်းဘုန်းတို့ဒီလောက် တရားတွေနေ့တိုင်း ရွတ်နေတာကော.. ဘာထူးလို့လဲ.. လူတွေရဲ့ ရင်ထဲမှာသောကတွေရှိမြဲရှိနေတာပဲ..
ခိုးတဲ့သူက ခိုးမြဲခိုးနေတာပဲ..
သတ်တဲ့သူက အချင်းချင်းသတ်ဖြတ်နေတာပဲ..
မုန်းတဲ့သူကအချင်းချင်း အာဃာတတွေနဲ့
မုန်းတီးနေကြတာပဲ..
ဗုဒ္ဒဘာသာဆို တည်ရှိနေတာ နှစ်ပေါင်း ၂ထောင်ကျော်ပြီ..
တရားတွေရွတ်ဖတ်နေတာလည်းနှစ် ၂ ထောင်ကျော်လောက်ကိုရှိနေပြီ.....ဒါပေမယ့် ကမ္ဘာကြီးက ခိုးမြဲ.. သတ်မြဲ... လုယက်မြဲ.. မုန်းတီးမြဲ ပဲ… ”
ဘုန်းကြီးဖြစ်သူက ဘာမှပြန်မပြောဘူး..ဒီတိုင်းပဲနားထောင်ပြီးလိုက်လာတယ်..
ဒါပေမယ့်တစ်နေရာရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ကလေးအချို့က ရွံ့အိုင်လေးထဲမှာ ဆော့ကစားနေကြတယ်..
ဘုန်းကြီးဖြစ်သူက ဆပ်ပြာသူဌေးကိုမေးတယ်
“ ဒကာကြီးဖြေကြည့်.. ဆပ်ပြာက လူကိုသန့်ရှင်းစေတယ်ဆို.. ဘုန်းကြီးတော့မယုံဘူး.. ကြည့်လေ..
ဒီကလေးတွေ ဘယ်လောက်ညစ်ပတ်လိုက်သလဲ.. ဆပ်ပြာရှိတာ ဘာများ ကောင်းလို့လဲ.. ဆပ်ပြာလည်း တီထွင်ထားတာ နှစ်ပေါင်း ထောင်နဲ့ ချီနေပြီမဟုတ်လား..
ကမ္ဘာအနှံ့ ဆပ်ပြာတွေမှ ပေါလို့ သောလို့ . ဒါပေမယ့် ဒီကလေးတွေကိုယ်က ရွံ့တွေနဲ့ ..ညစ်ပတ်မြဲ နံစော်မြဲပဲမဟုတ်လား .. ”
ဆပ်ပြာသူဌေးက အလျင်အမြန် စကားဖြတ်ပြောတယ်..
“ မှားနေပြီ ဘုန်းဘုန်းရေ.. ဆပ်ပြာဆိုတာ လူကသုံးမှ သန့်စင်တာလေ.. မသုံးရင် သူက ရှိနေလည်း အလကားပဲ. . ”
“ဒါပေါ့.. ” ဘုန်းကြီးကပြန်ဖြေလိုက်တယ်..
“ ဆပ်ပြာမှာ ပင်ကိုယ်က လူကို သန့်စင်နိုင်စွမ်းမရှိဘူး.. လူက သူ့ကို ကိုယ်မှာ ယူပြီး အသုံးပြုမှ သန့်စင်နိုင်စွမ်းရှိတာ..
အေး.. ဘာသာတရားတစ်ခုမှာလည်း အဲဒီအတိုင်းပဲ... .
ဘာသာရေးက လူတစ်ယောက်ကို ဘယ်လိုမှ မပြောင်းလဲစေနိုင်ဘူး.. ဒါပေမယ့် သူက ဒါကို သူ့ကိုယ်ပေါ်မှာ အသုံးချသွားမယ်ဆိုရင်တော့.. ဒီဘာသာတရားရဲ့ အကျိုးဆက်က သူ့ကိုယ်မှာ ဖြစ်ထွန်းလာတယ်.”
" ဒီသဘောတရား အတိုင်းပါပဲ ဒကာကြီး "
စာပေဒါနပါ..
crd#
#winhlaingoo
No comments:
Post a Comment