#ေမေမေတြသိခ်င္ျကတဲ့ဦးေနွာက္ညာဘက္ၿခမ္းအေၾကာင္း
ℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹ
လူတစ္ေယာက္နဲ႔ လူတစ္ေယာက္ မတူဘူး ၊ ညဏ္ေရ ကြာၿခားတယ္ ၊
အမူအက်င့္ေတြ ကြာၿခားတယ္ ဆုိတာဟာ တကယ္ေတာ့ ေမြးစကေန သံုးနွစ္အတြင္း ကာလမွာ
ကေလးတုိ႔ ဘယ္လိုေတြ ေနထုိင္က်င့္ၾကံ ခဲ့ရသလဲ၊
ကေလးအနားမွာေနတဲ့လူၾကီးေတြက ကေလးတုိ႔ကို ဘယ္လုိ ၿပဳစုေစာင့္ေရွာက္ေပးခဲ့သလဲ
ဆုိတာ ေပၚမူတည္ၿပီးေတာ့ ကြဲၿပားသြားတာပါ။
ေမြးစ အရြယ္မွာ ကေလးတုိ႔ရဲ႔ ဦးေႏွာက္ ဆဲလ္ေတြ ဟာ ၁၀၀ ဘီလီလ်ံ ေက်ာ္အထိ ပါပါတယ္။
ဒီဆဲလ္ေတြ ဟာ ကေလးေမြးၿပီ (လူ႔ေလာက ထဲကုိ ေရာက္ၿပီဆုိတာနဲ႔ တစ္ၿပိဳင္နက္ထဲ)
အေရးၾကီးတဲ့ ကုိယ္ ခႏာအတြက္ လုိအပ္တဲ့ အလုပ္ေတြ ၿဖစ္တဲ့ အသက္ရွဴတာ၊ ႏွလံုးခုန္တာ
စတာေတြကို ဆက္သြယ္ လုပ္ေဆာင္ ပါတယ္။
ဒီေမြးရာပါ ပါလာတဲ့ ဦးေနွာက္ဆဲလ္ေတြကို မေသဆံုးသြားဖုိ႔ အတြက္ ကၽြန္မတုိ႔ ဟာ
ဆက္သြယ္မွဳ လမ္းေၾကာင္း ေဖာက္ေပးဖုိ႔လုိပါတယ္။
ဘယ္လို ဆက္သြယ္မွဳ လမ္းေၾကာင္းေဖာက္ေပး ရမလဲ ဆုိေတာ့ ကေလးတုိ႔ကို
အၾကား၊ အၿမင္၊ အထိ၊အေတြ႔ မ်ားမ်ားရေအာင္လုိ႔ လုပ္ေပးၿခင္းပါပဲ။
ဥပမာ အားၿဖင့္ နားလည္ေအာင္ ေၿပာရမယ္ဆုိရင္ၿဖင့္ ေရမေလာင္းတဲ့ အပင္ေလးေတြဟာ
ေသဆံုး ညွိဳးေခ်ာက္ သြားသလုိပဲ ဆက္သြယ္မွု မ်ားမ်ားလုပ္ခြင့္ မရတဲ့ ဦးေနွာက္ဆဲလ္ မ်ားဟာလည္း
ကေလး အသက္ သံုးနွစ္ ေလာက္ ေရာက္လာၿပီ ဆုိရင္ အလုိလုိ ေသဆံုး ကုန္ပါေတာ့တယ္။
ကေလးတုိ႔ဟာ ေမြးစကတည္းကုိ က သင္ယူႏုိင္ပါတယ္။
အထိအေတြ႔၊ အၾကား၊ အၿမင္၊ အနံ႔ ၊ အရသာ ဆုိတဲ့ အာရုံ ငါးပါး နဲ႔ သင္ယူၾကတာပါ။
ႏူးညံတာကို ထိရင္ သေဘာက် သြားတဲ့ စိတ္၊
ျကမ္းၾကမး္ ၾကီးကို ထိမိရင္ မၾကိဳက္တဲ့ စိတ္
ဒါေတြကို ၿဖတ္ခနဲ ၿဖတ္ခနဲ ခံစား သြားရတဲ့ အလုပ္ကုိ ဘယ္သူ က လုပ္ သလဲ ဆုိရင္
ကၽြန္မတုိ႔ရဲ႔ ဦးေႏွာက္ ညာဘက္ၿခမး္က လုပ္တာပါ။
ဦးေႏွာက္ညာဘက္ၿခမး္ ဟာ (လြယ္လြယ္ရွင္းရွင္း ေၿပာရရင္)ခံစားတယ္ ဆုိတဲ့
ခံစားမွဳဆ ုိတဲ့ အလုပ္ကုိ လုပ္ေနတာပါ။
ကေလးဟာ အထိေတြ႔ ကို သိလိုက္တယ္။
ဒါေပမယ့္ ၾကမ္းတယ္တုိ႔၊ ေပ်ာ့တယ္ တုိ႔ ၊ မာတယ္တုိ႔ စတဲ့ နာမည္ တပ္ တဲ့ အလုပ္ကို ေတာ့ မသိေသးဘူး(မလုပ္တတ္ေသးဘူး)။
ဘာေၾကာင့္လဲ ဆုိေတာ့ နာမည္ တပ္ တဲ့ အလုပ္ကုိ ဦးေနွာက္ ဘယ္ဘက္ ၿခမး္က လုပ္တာမုိ႔လုိ႔ပါ။
ေမြးစ ကေန သံဳးနွစ္တာ ကာလမွာ ဦးေနွာက္ဘယ္ဘက္ ၿခမး္နဲ႔ ညာဘက္ၿခမး္ကုိ ဆက္သြယ္ေပးတဲ့
ဆက္သြယ္မွဳကုိ ေကာင္းေကာင္း မလုပ္ႏုိင္ေသးပါဘူး။
#ဦးေႏွာက္ညာဘက္ၿခမး္ဖြံ႔ၿဖိဳးေအာင္ဘာေၾကာင့္လုပ္ဖို႔လိုသလဲ
ဦးေနွာက္ညာဘက္ ၿခမ္းကို ဖြံ႔ၿဖိဳးေအာင္ လုပ္တယ္ ဆုိတာဟာ တကယ္ေတာ့
(တစ္ခ်ိဳ႔ မိဘမ်ားထင္ေနသလုိ) ဦးေနွာက္ညာဘက္ ၿခမ္းၾကီးက ပုိေကာင္းေနလို႔ လုပ္ေနတာမဟုတ္ပါဘူး။
လူတစ္ေယာက္ ညဏ္ရည္ ဖြံ႔ၿဖိုးတုိးတတ္ဖို႔အတြက္ ဦးေႏွာက္ တစ္ခုလံုုး( The whole Brain)
ဖြံ႔႔ၿဖိဳးေအာင္ လုပ္ဖုိ႔လုိပါတယ္။
ေမြးစကေန သံုးနွစ္အတြင္းမွာ (Right Brain အတြက္ ေလ့က်င့္ခန္း ေတြလုပ္ဖို႔ လုိတယ္
လုိ႔ ဆုိၿခင္းဟာ ဒီ ကာလအတြင္းမွာ ကေလးတုိ႔ ရဲ႔ ဦးေႏွာက္ညာဘက္ ၿခမ္း က ပဲ ေကာင္းေကာင္း အလုပ္လုပ္ေနေသးတာမုိ႔လို႔ အလုပ္လုပ္ေနတဲ့ ဦးေနွာက္ညာဘက္ၿခမ္း မွာ ရွိတဲ့
ႏူရြန္ လမ္းေၾကာင္း ေတြ မဆံုးရွဴံးရေအာင္လုိ႔ မ်ားမ်ားေလ့က်င့္ေပး ဖုိ႔လုိတယ္ လုိ႔ ဆုိလုိတာပါပဲ။
ဦးေႏွာက္ညာဘက္ၿခမ္းဟာ ၀မ္းသာတာ၊ ၀မ္းနည္းတာေပ်ာ္တာစတာေတြကုိ ခံစားတတ္ပါတယ္။
ကၽြန္မတုိ႔ဟာ ကေလးေတြကို ေလ့က်င့္ေပးတဲ့အခ်ိန္မွာ အၾကား၊အၿမင္၊ အထိအေတြ႔၊အနံ႔ ၊ အရသာ ဆုိတဲ့
အာရုံ ငါးပါး ကို အေၿခခံၿပီးေတာ့ေလ့က်င့္ေပးရမယ္။
ဒီအခါမွာ အေရးၾကီးတကာ့ အေရးၾကီးဆံုး အရာ ကေတာ့ ကေလးေပ်ာ္ဖုိ႔ပါ။
ကေလးတုိ႔ရဲ႔ ဥာဏ္ေရဖြံ႔ၿဖိဳးဖို႔နဲ႔ လူ႔ ဘ၀ကို အေကာင္းၿမင္ဖုိ႔၊ Self-Esteem အားေကာင္းဖုိ႔ အတြက္
အေၿခခံအက် ဆံုးအရာကေတာ့ ကေလးေပ်ာ္ဖုိ႔ပါ။
ကေလး ဟာ ေပ်ာ္ဖုိ႔ အေရး ၾကီးပါတယ္။
ဘာကုိ ပဲ လုပ္လုပ္ ကေလးေပ်ာ္ရမယ္။
ကေလးစိတ္၀င္စားရပါမယ္။
ကေလး မေပ်ာ္တာကို တတ္ခ်င္ေဇာ နဲ႔ အတင္း စြတ္လုပ္မယ္ ဆုိရင္ၿဖင့္
ကေလးရဲ႔ ဖြံ႔ၿဖိဳးမွု (စိတ္၊ ကိုယ္) နဲ႔ ညဏ္ေရကုိ ပါ ထိခုိက္ေစႏုိင္ပါတယ္။
အထိအေတြ႔မွာ အထိေတြ႔မ်ိဳးမ်ိဳးကို (ညာဘက္ဦးေနွာက္ေလ့က်င့္မွုနဲ႔ ) ထိေတြ႔ခံစားဖူးတဲ့ ကေလးဟာ
ဘယ္ဘက္ ဦးေနွာက္နဲ႔ ဆက္သြယ္ခ်ိန္မွာ နာမည္ တပ္တဲ့ အခ်ိန္မွာ လြယ္ကူပါတယ္။
အဲလိုပဲ အသံအမ်ိဳးမ်ိဳး၊ အေရာင္အမ်ိဳးအမ်ိဳး၊ အနံ႔ အမ်ိဳးမ်ိဳး၊ အရသာအမ်ိဳးမ်ိဳးကိုလည္း
ထိေတြ႔ခံစား ဖူးဖုိ႔ အေရးၾကီးပါတယ္။
အေသးစိတ္ေလ့က်င့္ခန္းမ်ားကိုေတာ့ ကၽြန္မရဲ႔ ညဏ္ၾကီးရွင္ မဂၢဇင္း ထြက္တဲ့ အခ်ိန္မွာ
ေရးသား ေဖာ္ၿပသြားပါ့မယ္။
တကယ္ေတာ့ ကေလးတုိ႔ရဲ႔ ဦးေႏွာက္ညာဘက္ ၿခမး္ကုိ ေလ့က်င့္တယ္ ဆုိတာဟာ
အဂၤလိပ္ စာ ေတာ္ဖုိ႔၊ သခ်ာၤေတာ္ဖို႔ ၊ စာက်က္ရင္ ခဏေလး နဲ႔ ရဖုိ႔ ေလ့က်င့္တာမဟုတ္ပါဘူး။
ဥပမာ အားၿဖင့္ ေၿပာရရင္ ေၿမၾကီးကုိ ညက္ေနေအာင္ ထြန္ထားရင္
ဘာပင္ စိုက္စိုက္ အလြယ္တကူ ေပါက္ သလုိပဲ
ကၽြန္မတုိ႔ဟာ ကေလးတုိ႔ရဲ႔ ဦးေနွာက္မွာ ရွိတဲ့ ႏ်ဴရြန္လမး္ေၾကာင္းေတြကိုအဆံုး ရွဳံးမခံဘဲနဲ႔
ဆက္သြယ္မွဳ မ်ားႏုိင္သမွ် မ်ားေအာင္ ေလ့က်င့္ေပးထားမယ္ ဆုိရင္ၿဖင့္
ကၽြန္္မတုိ႔ကေလးေတြက ို လိမ္မာ ယဥ္ေက်းေအာင္၊ ထူးခၽြန္ထက္ၿမက္ေအာင္ လုပ္ေပးႏုိင္မွာပဲ။
လူတစ္ေယာက္အတြက္ ( လူ႔ဦးေနွာက္အတြက္) Early Chilhood ဟာ သိပ္ကုိမွအေရးၾကီးပါတယ္။
ဒီကာလ ဟာ ဘယ္ေတာ့ မွ ၿပန္မရႏုိင္ေတာ့ တဲ့ကာလပါ။
ကၽြန္မတုိ႔ေတြ ႏုိင္ငံၿခားသားေတြနဲ႔ ညဏ္ေရၿခင္းကြာတယ္ ဆုိတာဟာ ဒီကာလမွာ
ကေလးကုိ ဘယ္လုိေလ့က်င့္ ခဲ့သလဲဆုိတာ ကြာၿခားလုိ႔ပါပဲ။
ညဏ္ေကာင္းၿခင္း မေကာင္းၿခင္း ဆုိတာဟာ မိဘမ်ိဳးရိုးနဲ႔လည္း မဆုိင္ပါဘူး။
ၿပဳစုပ်ိဳးေထာင္မွဳနဲ႔သာ ဆုိင္ တာမို႔လုိ႔ ကေလးကုိ မွန္ကန္ တည့္မတ္စြာနဲ႔ ၿပဳစုပ်ိဳးေထာင္ဖုိ႔လိုပါတယ္။
#Crd.....#PanYeikPhyu
#21September2018WLP📚📚📚📚📚
🍒🍒🍒🍒🍒🍒🍒🍒🍒🍒
#မေမေတွေသိချင်ကြတဲ့ဦးနှောက်ညာဘက်ခြမ်းအကြောင်း
ℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹ
လူတစ်ယောက်နဲ့ လူတစ်ယောက် မတူဘူး ၊ ညဏ်ရေ ကွာခြားတယ် ၊
အမူအကျင့်တွေ ကွာခြားတယ် ဆိုတာဟာ တကယ်တော့ မွေးစကနေ သုံးနှစ်အတွင်း ကာလမှာ
ကလေးတို့ ဘယ်လိုတွေ နေထိုင်ကျင့်ကြံ ခဲ့ရသလဲ၊
ကလေးအနားမှာနေတဲ့လူကြီးတွေက ကလေးတို့ကို ဘယ်လို ပြုစုစောင့်ရှောက်ပေးခဲ့သလဲ
ဆိုတာ ပေါ်မူတည်ပြီးတော့ ကွဲပြားသွားတာပါ။
မွေးစ အရွယ်မှာ ကလေးတို့ရဲ့ ဦးနှောက် ဆဲလ်တွေ ဟာ ၁၀၀ ဘီလီလျံ ကျော်အထိ ပါပါတယ်။
ဒီဆဲလ်တွေ ဟာ ကလေးမွေးပြီ (လူ့လောက ထဲကို ရောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက်ထဲ)
အရေးကြီးတဲ့ ကိုယ် ခနာအတွက် လိုအပ်တဲ့ အလုပ်တွေ ဖြစ်တဲ့ အသက်ရှူတာ၊ နှလုံးခုန်တာ
စတာတွေကို ဆက်သွယ် လုပ်ဆောင် ပါတယ်။
ဒီမွေးရာပါ ပါလာတဲ့ ဦးနှောက်ဆဲလ်တွေကို မသေဆုံးသွားဖို့ အတွက် ကျွန်မတို့ ဟာ
ဆက်သွယ်မှု လမ်းကြောင်း ဖောက်ပေးဖို့လိုပါတယ်။
ဘယ်လို ဆက်သွယ်မှု လမ်းကြောင်းဖောက်ပေး ရမလဲ ဆိုတော့ ကလေးတို့ကို
အကြား၊ အမြင်၊ အထိ၊အတွေ့ များများရအောင်လို့ လုပ်ပေးခြင်းပါပဲ။
ဥပမာ အားဖြင့် နားလည်အောင် ပြောရမယ်ဆိုရင်ဖြင့် ရေမလောင်းတဲ့ အပင်လေးတွေဟာ
သေဆုံး ညှိုးချောက် သွားသလိုပဲ ဆက်သွယ်မှု များများလုပ်ခွင့် မရတဲ့ ဦးနှောက်ဆဲလ် များဟာလည်း
ကလေး အသက် သုံးနှစ် လောက် ရောက်လာပြီ ဆိုရင် အလိုလို သေဆုံး ကုန်ပါတော့တယ်။
ကလေးတို့ဟာ မွေးစကတည်းကို က သင်ယူနိုင်ပါတယ်။
အထိအတွေ့၊ အကြား၊ အမြင်၊ အနံ့ ၊ အရသာ ဆိုတဲ့ အာရုံ ငါးပါး နဲ့ သင်ယူကြတာပါ။
နူးညံတာကို ထိရင် သဘောကျ သွားတဲ့ စိတ်၊
ကြမ်းကြမ်း ကြီးကို ထိမိရင် မကြိုက်တဲ့ စိတ်
ဒါတွေကို ဖြတ်ခနဲ ဖြတ်ခနဲ ခံစား သွားရတဲ့ အလုပ်ကို ဘယ်သူ က လုပ် သလဲ ဆိုရင်
ကျွန်မတို့ရဲ့ ဦးနှောက် ညာဘက်ခြမ်းက လုပ်တာပါ။
ဦးနှောက်ညာဘက်ခြမ်း ဟာ (လွယ်လွယ်ရှင်းရှင်း ပြောရရင်)ခံစားတယ် ဆိုတဲ့
ခံစားမှုဆ ိုတဲ့ အလုပ်ကို လုပ်နေတာပါ။
ကလေးဟာ အထိတွေ့ ကို သိလိုက်တယ်။
ဒါပေမယ့် ကြမ်းတယ်တို့၊ ပျော့တယ် တို့ ၊ မာတယ်တို့ စတဲ့ နာမည် တပ် တဲ့ အလုပ်ကို တော့ မသိသေးဘူး(မလုပ်တတ်သေးဘူး)။
ဘာကြောင့်လဲ ဆိုတော့ နာမည် တပ် တဲ့ အလုပ်ကို ဦးနှောက် ဘယ်ဘက် ခြမ်းက လုပ်တာမို့လို့ပါ။
မွေးစ ကနေ သုံးနှစ်တာ ကာလမှာ ဦးနှောက်ဘယ်ဘက် ခြမ်းနဲ့ ညာဘက်ခြမ်းကို ဆက်သွယ်ပေးတဲ့
ဆက်သွယ်မှုကို ကောင်းကောင်း မလုပ်နိုင်သေးပါဘူး။
#ဦးနှောက်ညာဘက်ခြမ်းဖွံ့ဖြိုးအောင်ဘာကြောင့်လုပ်ဖို့လိုသလဲ
ဦးနှောက်ညာဘက် ခြမ်းကို ဖွံ့ဖြိုးအောင် လုပ်တယ် ဆိုတာဟာ တကယ်တော့
(တစ်ချို့ မိဘများထင်နေသလို) ဦးနှောက်ညာဘက် ခြမ်းကြီးက ပိုကောင်းနေလို့ လုပ်နေတာမဟုတ်ပါဘူး။
လူတစ်ယောက် ညဏ်ရည် ဖွံ့ဖြိုးတိုးတတ်ဖို့အတွက် ဦးနှောက် တစ်ခုလုံး( The whole Brain)
ဖွံ့ဖြိုးအောင် လုပ်ဖို့လိုပါတယ်။
မွေးစကနေ သုံးနှစ်အတွင်းမှာ (Right Brain အတွက် လေ့ကျင့်ခန်း တွေလုပ်ဖို့ လိုတယ်
လို့ ဆိုခြင်းဟာ ဒီ ကာလအတွင်းမှာ ကလေးတို့ ရဲ့ ဦးနှောက်ညာဘက် ခြမ်း က ပဲ ကောင်းကောင်း အလုပ်လုပ်နေသေးတာမို့လို့ အလုပ်လုပ်နေတဲ့ ဦးနှောက်ညာဘက်ခြမ်း မှာ ရှိတဲ့
နူရွန် လမ်းကြောင်း တွေ မဆုံးရှူံးရအောင်လို့ များများလေ့ကျင့်ပေး ဖို့လိုတယ် လို့ ဆိုလိုတာပါပဲ။
ဦးနှောက်ညာဘက်ခြမ်းဟာ ဝမ်းသာတာ၊ ဝမ်းနည်းတာပျော်တာစတာတွေကို ခံစားတတ်ပါတယ်။
ကျွန်မတို့ဟာ ကလေးတွေကို လေ့ကျင့်ပေးတဲ့အချိန်မှာ အကြား၊အမြင်၊ အထိအတွေ့၊အနံ့ ၊ အရသာ ဆိုတဲ့
အာရုံ ငါးပါး ကို အခြေခံပြီးတော့လေ့ကျင့်ပေးရမယ်။
ဒီအခါမှာ အရေးကြီးတကာ့ အရေးကြီးဆုံး အရာ ကတော့ ကလေးပျော်ဖို့ပါ။
ကလေးတို့ရဲ့ ဉာဏ်ရေဖွံ့ဖြိုးဖို့နဲ့ လူ့ ဘဝကို အကောင်းမြင်ဖို့၊ Self-Esteem အားကောင်းဖို့ အတွက်
အခြေခံအကျ ဆုံးအရာကတော့ ကလေးပျော်ဖို့ပါ။
ကလေး ဟာ ပျော်ဖို့ အရေး ကြီးပါတယ်။
ဘာကို ပဲ လုပ်လုပ် ကလေးပျော်ရမယ်။
ကလေးစိတ်ဝင်စားရပါမယ်။
ကလေး မပျော်တာကို တတ်ချင်ဇော နဲ့ အတင်း စွတ်လုပ်မယ် ဆိုရင်ဖြင့်
ကလေးရဲ့ ဖွံ့ဖြိုးမှု (စိတ်၊ ကိုယ်) နဲ့ ညဏ်ရေကို ပါ ထိခိုက်စေနိုင်ပါတယ်။
အထိအတွေ့မှာ အထိတွေ့မျိုးမျိုးကို (ညာဘက်ဦးနှောက်လေ့ကျင့်မှုနဲ့ ) ထိတွေ့ခံစားဖူးတဲ့ ကလေးဟာ
ဘယ်ဘက် ဦးနှောက်နဲ့ ဆက်သွယ်ချိန်မှာ နာမည် တပ်တဲ့ အချိန်မှာ လွယ်ကူပါတယ်။
အဲလိုပဲ အသံအမျိုးမျိုး၊ အရောင်အမျိုးအမျိုး၊ အနံ့ အမျိုးမျိုး၊ အရသာအမျိုးမျိုးကိုလည်း
ထိတွေ့ခံစား ဖူးဖို့ အရေးကြီးပါတယ်။
အသေးစိတ်လေ့ကျင့်ခန်းများကိုတော့ ကျွန်မရဲ့ ညဏ်ကြီးရှင် မဂ္ဂဇင်း ထွက်တဲ့ အချိန်မှာ
ရေးသား ဖော်ပြသွားပါ့မယ်။
တကယ်တော့ ကလေးတို့ရဲ့ ဦးနှောက်ညာဘက် ခြမ်းကို လေ့ကျင့်တယ် ဆိုတာဟာ
အင်္ဂလိပ် စာ တော်ဖို့၊ သချာၤတော်ဖို့ ၊ စာကျက်ရင် ခဏလေး နဲ့ ရဖို့ လေ့ကျင့်တာမဟုတ်ပါဘူး။
ဥပမာ အားဖြင့် ပြောရရင် မြေကြီးကို ညက်နေအောင် ထွန်ထားရင်
ဘာပင် စိုက်စိုက် အလွယ်တကူ ပေါက် သလိုပဲ
ကျွန်မတို့ဟာ ကလေးတို့ရဲ့ ဦးနှောက်မှာ ရှိတဲ့ နျူရွန်လမ်းကြောင်းတွေကိုအဆုံး ရှုံးမခံဘဲနဲ့
ဆက်သွယ်မှု များနိုင်သမျှ များအောင် လေ့ကျင့်ပေးထားမယ် ဆိုရင်ဖြင့်
ကျွန်မတို့ကလေးတွေက ို လိမ်မာ ယဉ်ကျေးအောင်၊ ထူးချွန်ထက်မြက်အောင် လုပ်ပေးနိုင်မှာပဲ။
လူတစ်ယောက်အတွက် ( လူ့ဦးနှောက်အတွက်) Early Chilhood ဟာ သိပ်ကိုမှအရေးကြီးပါတယ်။
ဒီကာလ ဟာ ဘယ်တော့ မှ ပြန်မရနိုင်တော့ တဲ့ကာလပါ။
ကျွန်မတို့တွေ နိုင်ငံခြားသားတွေနဲ့ ညဏ်ရေခြင်းကွာတယ် ဆိုတာဟာ ဒီကာလမှာ
ကလေးကို ဘယ်လိုလေ့ကျင့် ခဲ့သလဲဆိုတာ ကွာခြားလို့ပါပဲ။
ညဏ်ကောင်းခြင်း မကောင်းခြင်း ဆိုတာဟာ မိဘမျိုးရိုးနဲ့လည်း မဆိုင်ပါဘူး။
ပြုစုပျိုးထောင်မှုနဲ့သာ ဆိုင် တာမို့လို့ ကလေးကို မှန်ကန် တည့်မတ်စွာနဲ့ ပြုစုပျိုးထောင်ဖို့လိုပါတယ်။
#Crd.....#PanYeikPhyu
#21September2018WLP📚📚📚📚📚
No comments:
Post a Comment