Thursday, 13 September 2018

ဘြဲ႕ ဝတ္စံု သမိုင္းေျကာင္း

ဘြဲ႔၀တ္စံု သမိုင္း
🎓🎓🎓🎓🎓

ဘြဲ႔ႏွင္းသဘင္ က်င္းပျခင္း၊ အခမ္းအနားတြင္ ဝတ္စုံဝတ္ဆင္ျခင္းကို ၁၂ ရာစုႏွင့္ ၁၃ ရာစု ေခတ္ကတည္းက စတင္ခဲ့သည္။

ထိုသို႔ ပြဲတက္ဝတ္စုံ အခမ္းအနားျဖင့္ စီစဥ္က်င္းပျခင္းအား တကၠသိုလ္မ်ားက စတင္လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။ ပညာတတ္မ်ားအျဖစ္ သတ္မွတ္ျခင္း ခံၾကရေသာ ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ ဆရာ ဆရာမမ်ားသည္ တစ္သားတည္း ျဖစ္သည္ဆိုေသာ သေဘာကို ေဖာ္က်ဴးရန္အလို႔ငွာ တူညီဝတ္စုံကို ဝတ္ဆင္ၾကျခင္း ျဖစ္သည္ဟုလည္း သတ္မွတ္ခဲ့ၾကသည္။

၁၃၂၁ ခုႏွစ္က ကိုလံဘီယာ တကၠသိုလ္သည္ ေဒါက္တာဘြဲ႔၊ သာမန္ဘြဲ႔ႏွင့္ လက္မွတ္မ်ားကို ဘြဲ႔ဝတ္စုံ ဝတ္ဆင္ၿပီး တက္ေရာက္ယူမွသာ ထုတ္ေပးရမည္ဟု သတ္မွတ္ထားခဲ့သည္။

၁၄ ရာစုလယ္ ေႏွာင္းပိုင္းတြင္ အခ်ဳိ႕ေသာ ေကာလိပ္အဆင့္ ေက်ာင္းမ်ားတြင္ ဘြဲ႔ယူအခမ္းအနား၌ ဝတ္ဆင္ေသာ ဝတ္စုံကို ဝတ္႐ုံရွည္ ဝတ္ဆင္မႈအား ကန္႔သတ္ တားျမစ္ခဲ့ေၾကာင္းလည္း ေတြ႔ရသည္။

အဂၤလန္မင္းဆက္ အ႒မေျမာက္ ဟင္နရီ လက္ထက္တြင္ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ႏွင့္ ကင္းဘရစ္ခ်္ တကၠသိုလ္မ်ားတြင္ ဘြဲ႔ဝတ္စုံကို စံတစ္ခုအေနႏွင့္ သတ္မွတ္ခဲ့သည္။ ယင္းစံသတ္မွတ္ခ်က္အရ ေသးေကြးလြန္းသည့္ ဘြဲ႔ဝတ္စုံမ်ား ဝတ္ဆင္ျခင္းကို လက္မခံခဲ့ေပ။

၁၈၀၀ ျပည့္ႏွစ္ေလာက္တြင္မွ မိမိသင္ယူခဲ့သည့္ ဘာသာရပ္အလိုက္ အေရာင္မ်ားကို ခြဲျခားရန္ သတ္မွတ္ခဲ့သည္။ သို႔ေသာ္ ထိုသို႔ အေရာင္ခြဲျခားမႈကို အေမရိကန္ ျပည္ေထာင္စုေလာက္သာ က်င့္သုံးခဲ့ေၾကာင္း ေတြ႔ရသည္။ ဥေရာပ အဖြဲ႔အစည္းမ်ားတြင္ ဘြဲ႔ဝတ္စုံႏွင့္ ပတ္သက္ၿပီး အမ်ဳိးမ်ဳိး သတ္မွတ္သုံးစြဲၾကေၾကာင္း ေတြ႔ရသည္။

ေရွးေခတ္က ဘြဲ႔ဝတ္စုံကဲ့သို႔ေသာ ဝတ္႐ုံမ်ားကို ခရစ္ယာန္ ဘုန္းေတာ္ႀကီးမ်ားသည္ ေက်ာင္းေတာ္မ်ားတြင္ ဝတ္ဆင္ေလ့ ရွိသည္။ ေနာက္ပိုင္းတြင္ ပညာရွင္မ်ားအေနႏွင့္ တကၠသိုလ္၊ ေကာလိပ္မ်ားတြင္ ပညာသင္ယူသူေရာ သင္ၾကားသူပါ ဝတ္ဆင္ၾကသည္။

ယခင္က ေန႔စဥ္ ဝတ္ဆင္ခဲ့ၾကေသာ္လည္း ေနာက္ပိုင္းတြင္ ပညာသင္ႏွစ္ တစ္ႏွစ္ ကုန္ဆုံးသည့္ အထိမ္းအမွတ္ အခမ္းအနားမ်ားတြင္သာ ဝတ္ဆင္ၾကေတာ့သည္။ ေနာက္ပိုင္းက်မွ ပညာသင္ႏွစ္ အားလုံးၿပီးဆုံးခ်ိန္ ဘြဲ႔လက္မွတ္ယူခ်ိန္၌ ဝတ္ဆင္ရန္ သတ္မွတ္ခဲ့သည္။

==============
ျမန္မာႏိုင္ငံ ပထမဆုံးဘြဲ႔
==============

ျမန္မာႏိုင္ငံ၏ ပထမဆုံး ဘြဲ႔ႏွင္းသဘင္ အခမ္းအနားကို ၁၉၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၈ ရက္ေန႔တြင္ ရန္ကုန္ၿမဳိ႕၊ ေရႊတိဂုံဘုရားလမ္းေပၚရွိ ဂ်ဴဗလီေဟာ (ယခု တပ္မေတာ္ျပခန္းေနရာ) တြင္ က်င္းပခဲ့သည္။ ရန္ကုန္တကၠသိုလ္ဝင္းအတြင္း ဘြဲ႔ႏွင္းသဘင္ခန္းမကို ေဆာက္လုပ္ျခင္း မျပဳရေသးေသာေၾကာင့္ ထိုစဥ္က မင္းပြဲစိုးပြဲ အခမ္းအနားႀကီးမ်ား က်င္းပရာ ဂ်ဴဗလီေဟာတြင္ လာေရာက္က်င္းပခဲ့ရျခင္း ျဖစ္သည္။

ဘြဲ႔ႏွင္းသဘင္ အခမ္းအနားသို႔ ထိုစဥ္က တကၠသိုလ္ အဓိပတိျဖစ္သူ၊ ျမန္မာႏိုင္ငံ၏ ဒုတိယဘုရင္ခံ ဆာရက္ ဂ်ီနယ္ကရက္ေဒါက္ ကိုယ္တိုင္ တက္ေရာက္ခဲ့သည္။ အဓိပတိ ဆာရက္ဂ်ီနယ္ ကရက္ေဒါက္ႏွင့္အတူ တကၠသိုလ္ ဆီးနိတ္အဖြဲ႔ဝင္ အားလုံးသည္ သတ္မွတ္ထားသည့္ အေရာင္အေသြးမ်ဳိးစုံျဖင့္ ခ်ဳပ္လုပ္ထားေသာ ဘြဲ႔ဝတ္႐ုံႀကီးမ်ားကို ဝတ္ဆင္ကာ အခမ္းအနားကို တက္ေရာက္ခဲ့ၾကသည္။

ဘြဲ႔ယူမည့္ ပုဂၢဳိလ္မ်ားကလည္း ႏိုင္ငံတကာစံအတိုင္း သတ္မွတ္ထားသည့္ ဘြဲ႔ဝတ္စုံမ်ား၊ အေရာင္လည္ပင္း စြပ္ (Hood) မ်ားကို ဝတ္ဆင္ၿပီး ခမ္းနားစြာ ေနရာယူခဲ့ၾကသည္။ ဝိဇၨာဘြဲ႔ယူမည့္ သူမ်ားသည္ ပန္းႏုေရာင္ ပန္းဖြားမ်ား ပါသည့္ Hood မ်ားႏွင့္ သိပၸံဘြဲ႔ယူမည့္ သူမ်ားသည္ အစိမ္းႏုေရာင္ Hood မ်ားကို ဘြဲ႔ဝတ္စုံ အနက္ေရာင္ေပၚတြင္ လႊမ္းၿခံဳကာ ဝတ္ဆင္ထားၾကသည္။

အမ်ဳိးသားမ်ားသည္ ပန္းေရာင္ ေခါင္းေပါင္းမ်ားကို ဘြဲ႔ေဒါက္ခ်ာ ေခါင္းေဆာင္းမ်ားအစား ဝတ္ဆင္သူ ရွိသကဲ့သို႔ အနက္ေရာင္ေဒါက္ခ်ာ ေခါင္းေဆာင္းႏွင့္ ႏိုင္ငံျခားဝတ္စုံ ဝတ္ကာ တက္ေရာက္သူမ်ားလည္း ရွိၾကသည္။

အခမ္းအနားတြင္ ဘြဲ႔ရပုဂၢဳိလ္ အားလုံးကို အဓိပတိႀကီးက “ဘြဲ႔ရပုဂၢဳိလ္မ်ား၏ ကိုယ္က်င့္တရား ႏွင့္အညီ ေန႔စဥ္ က်င့္ႀကံေနထိုင္မည္ေလာ” ဟု ေမးခြန္းကို အားလုံးက ႐ိုေသက်ဳိးႏြံစြာျဖင့္ ေနထိုင္မည္ ျဖစ္ေၾကာင္း ေျဖၾကားၿပီးမွ ယူနီဗာစီတီေကာလိပ္ႏွင့္ ဂ်ပ္ဆင္ေကာလိပ္တို႔က ေပးအပ္သည့္ ဘြဲ႔မ်ားကို လက္ခံယူၾကရသည္။

=====
ဘြဲ႔ဝတ္စုံ
=====

သမိုင္းအေထာက္အထားမ်ားအရ ဘြဲ႔ဝတ္စုံမ်ားကို အလယ္ေခတ္ တကၠသိုလ္မ်ားတြင္ ဝတ္ဆင္ခဲ့ေၾကာင္း ေတြ႔ရသည္။

ခရစ္ယာန္ဂိုဏ္း ထိပ္တန္း တာဝန္ယူထားေသာ ပုဂၢဳိလ္မ်ားသည္ မိမိတို႔ အဆင့္အတန္းအလိုက္ ဘြဲ႔ဝတ္႐ုံႀကီးမ်ားကို ဝတ္ဆင္ကာ အခမ္းအနားမ်ား၊ သို႔မဟုတ္ အစည္းအေဝးမ်ားသို႔ တက္ေရာက္ၾကရသည္။ တရားသူႀကီးမ်ားသည္ ေျခက်င္းဝတ္အထိ ရွည္ေသာ ဝတ္႐ုံႀကီးမ်ားကို ဝတ္ဆင္ကာ တက္ေရာက္ေလ့ ရွိသည္။

ယခင္ အလယ္ေခတ္ အခမ္းအနား၊ အစည္းအေဝးမ်ား၊ တရားစီရင္ေရးမ်ား က်င္းပသည့္ ခန္းမေနရာသည္ မ်ားေသာအားျဖင့္ ေအးစက္ၿပီး ေလတိုက္သည့္ ေနရာမ်ား ျဖစ္ေသာေၾကာင့္ ဝတ္႐ုံႀကီးမ်ား ဝတ္ဆင္ခဲ့ရာမွ အစဥ္အလာအျဖစ္ ဝတ္႐ုံမ်ားကို ဝတ္ဆင္ခဲ့ၾကဟန္ တူပါသည္။

=====
ဘြဲ႔ဦးထုပ္
=====

ဘြဲ႔ဦးထုပ္ကို ၁၅ ရာစုႏွစ္ ေလာက္ကတည္းက ပညာတတ္ အထိမ္းအမွတ္အေနႏွင့္ ေဆာင္းခဲ့ၾကျခင္း ျဖစ္သည္။ သမိုင္းအေထာက္အထားမ်ားအရ ဘြဲ႔ဦးထုပ္ကို ပါေမာကၡမ်ားသာ ေဆာင္းရန္ သတ္မွတ္ခဲ့ေၾကာင္းလည္း ေတြ႔ရသည္။ ေနာက္ပိုင္းတြင္မွ ပန္းဖြားမ်ား၊ အေရာင္မ်ားေျပာင္းကာ ခမ္းနားေစရန္ စီစဥ္ခဲ့ၾကျခင္း ျဖစ္သည္။

=================
ဘြဲ႔ဦးထုပ္၏ မူလအဓိပၸာယ္မွာ
=================

“ေဒါက္တာ” ဘြဲ႔အတြက္ ရည္စူးကာ စီစဥ္ခဲ့ၾကျခင္း ျဖစ္သည္။ ျပင္သစ္သမိုင္းပညာရွင္ ဂ်က္ကက္လီေဂါ့ဖ္က ေဒါက္တာဘြဲ႔ စာေမးပြဲအတြက္ အေသးစိတ္ ျပင္ဆင္ထားပုံကို သူ၏ “Intellectuals in Medieval Times” စာအုပ္တြင္ ေအာက္ပါအတိုင္း ေရးသားထားသည္။

“စာေမးပြဲ ေအာင္ျမင္သည့္ ေက်ာင္းသားတစ္ဦးသည္ လက္မွတ္ရ ပညာတတ္တစ္ဦး ျဖစ္သြားသည္။ သူသည္ ေဒါက္တာ၊ သို႔မဟုတ္ ပါရဂူဘြဲ႔ကို သူသင္ၾကားခဲ့သည့္ ဘာသာရပ္အတြက္ ကြၽမ္းက်င္သူအျဖစ္ သတ္မွတ္ျခင္း ခံရေသာ္လည္း မာစတာဆိုသည့္ အမွန္တကယ္ ကြၽမ္းက်င္မႈ ရွိမရွိကို ျပည္သူ႔ထံဆင္းကာ အစစ္ေဆးခံရမည္ ျဖစ္သည္။

သို႔ျဖစ္ရာ သူ႔ကို ခမ္းနားထည္ဝါသည့္ ဘုရားေက်ာင္းႀကီး တစ္ေက်ာင္းသို႔ ေခၚေဆာင္ျခင္း ခံရမည္။ ထိုေက်ာင္းတြင္ သူသည္ မိန္႔ခြန္းမ်ား ေျပာၾကားရမည္။ သူေျပာၾကားမည့္ အေၾကာင္းအရာမ်ားသည္ သူတတ္ကြၽမ္း ေလ့လာထားသည့္ ပညာရပ္မ်ားႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာမ်ားသာ ျဖစ္သည္။

ထိုအခ်ိန္တြင္ နားေထာင္ေနသည့္ ပရိသတ္ထဲက ေက်ာင္းသားမ်ားသည္ သူ႔ကို သိလိုသမွ် ထေမးမည္။ ေဆြးေႏြးမႈမ်ား ျပဳလုပ္မည္။ သူက ထိုသူတို႔၏ အေမးမ်ားကို ခ်က္က်လက္က် ျပန္လည္ေျဖဆို ရွင္းလင္းျပရန္ လိုသည္။ ထိုသို႔ ေအာင္ျမင္စြာ ေျဖဆိုရွင္းလင္းႏိုင္ၿပီ ဆိုလွ်င္ တကၠသိုလ္က သူ႔ကို မာစတာဘြဲ႔ ႏွင္းအပ္မည္ ျဖစ္သည္။

ဘြဲ႔အပ္ႏွင္းရာတြင္ သူ႔ကို ပါေမာကၡ ထိုင္သည့္ ကုလားထိုင္တြင္ ထိုင္ေစၿပီး ေရႊလက္စြပ္တစ္ကြင္း၊ စာအုပ္တစ္အုပ္ႏွင့္ ေခါင္းေဆာင္းရန္ ေဒါက္ခ်ာ ဦးထုပ္ကို ေပးအပ္ခ်ီးျမႇင့္ေလ့ ရွိသည္” ဆိုသည္မွာ ေရွးေခတ္ မာစတာဘြဲ႔ယူသည့္ သူတစ္ဦး၏ အခမ္းအနား ျဖစ္သည္။

၁၉၅၉ ခုႏွစ္က အေမရိကန္ဘြဲ႔ဝတ္စုံ ဝတ္ဆင္မႈႏွင့္ အခမ္းအနားက်င္းပေရး ေကာ္မတီက ဘြဲ႔ယူစဥ္ ဘြဲ႔ဝတ္စုံ ဝတ္ဆင္မႈကို ေအာက္ပါအတိုင္း သတ္မွတ္ခဲ့သည္။

ဘြဲ႔အခမ္းအနား က်င္းပစဥ္ႏွင့္ ဘြဲ႔လက္မွတ္ ေပးအပ္စဥ္တြင္ ဘြဲ႔ဦးထုပ္ကို ေတာက္ေလွ်ာက္ ဝတ္ဆင္ထားရမည္။ ဘြဲ႔ယူသူမ်ားသည္ ဆုေတာင္းသည့္အခါ၊ သို႔မဟုတ္ ႏိုင္ငံေတာ္သီခ်င္း တီးမႈတ္ေနစဥ္ အခါတြင္သာ ဦးထုပ္ကို ခြၽတ္ခြင့္ရွိသည္။ ႏိုင္ငံေတာ္သီခ်င္း၊ သို႔မဟုတ္ ဆုေတာင္းမႈ ၿပီးဆုံးလွ်င္ ဦးထုပ္ကို ျပန္ေဆာင္းရမည္။

ပန္းဖြားကို မည္သည့္ဘက္သို႔ ခ်မည္ဟု သတ္မွတ္ထားျခင္း မရွိ။ ကိုယ့္ေက်ာင္းႏွင့္ ကိုယ့္ပုံစံအတိုင္းသာ ျဖစ္သည္။ ဘယ္ထားသည္ ျဖစ္ေစ၊ ညာထားသည္ ျဖစ္ေစ သတ္မွတ္ထားသည့္ အတိုင္းသာ ျဖစ္သည္။

အထက္ပါအခ်က္မ်ားကို ၾကည့္ျခင္းအားျဖင့္ ဘြဲ႔ဝတ္စုံမ်ားကို အျမတ္တႏိုး သတ္မွတ္ဝတ္ဆင္ေၾကာင္း ထင္ရွားလွသည္။

ဘြဲ႔အပ္ႏွင္းျခင္း ဘြဲ႔ႏွင္းသဘင္ အခမ္းအနားျဖင့္သာ ရရွိေသာ ဘြဲ႔မ်ားကို အပ္ႏွင္းခ်ီးျမႇင့္ေလ့ ရွိသည္။ ဘြဲ႔ယူမည့္ ေက်ာင္းသား ေက်ာင္းသူမ်ားသည္ သတ္မွတ္ထားသည့္ ပညာရပ္မ်ားကို သင္ယူၿပီးေျမာက္ေၾကာင္း အစစ္ေဆးခံယူၿပီး ျဖစ္ရမည္။

ဘြဲ႔မယူမီ ဘြဲ႔ယူမည့္ သူသည္ သတ္မွတ္ထားသည့္ အတန္း သို႔မဟုတ္ စာသင္ႏွစ္ကို ေအာင္ျမင္ၿပီးသူ ျဖစ္ရသည္။ ထိုသို႔ သတ္မွတ္အရည္ အခ်င္းမ်ားႏွင့္ ျပည့္စုံသူမ်ားကို ဘြဲ႔မ်ား အပ္ႏွင္းခ်ီးျမႇင့္ေသာပြဲကို ဘြဲ႔ႏွင္းသဘင္ အခမ္းအနားေန႔ (Graduation Day) အျဖစ္ သတ္မွတ္ကာ အပ္ႏွင္းခ်ီးျမႇင့္ေလ့ ရွိသည္။

ဘြဲ႔အပ္ႏွင္းခ်ီးျမႇင့္ျခင္းကို တကၠသိုလ္ႏွင့္ ေကာလိပ္မ်ားတြင္ က်င္းပျပဳလုပ္ေလ့ ရွိသည္။ တကၠသိုလ္ အဓိပတိ၊ သို႔မဟုတ္ ေက်ာင္းအႀကီးအကဲမ်ားက ဘြဲ႔လက္မွတ္မ်ားကို ေပးအပ္ခ်ီးျမႇင့္ေလ့ ရွိသည္။ ဘြဲ႔လက္မွတ္ မွတ္ေပးရာတြင္ အဓိပတိသည္ တစ္ဦးခ်င္းအား ေပးသကဲ့သို႔ အုပ္စုလိုက္၊ အဖြဲ႔လိုက္ ေပးအပ္ခ်ီးျမႇင့္ျခင္းမ်ားလည္း ရွိတတ္သည္။

အုပ္စုလိုက္ ခ်ီးျမႇင့္သည့္ ဘြဲ႔လက္မွတ္မ်ားကို မိမိတို႔ သက္ဆိုင္ရာ ေက်ာင္းမ်ားေရာက္မွ ေက်ာင္းအုပ္ႀကီးမ်ားက သီးျခားျပန္ေပး အပ္ျခင္းမ်ားလည္း ရွိတတ္သည္။ ႏိုင္ငံတကာတြင္ မိမိတို႔ေက်ာင္းအလိုက္ ဘြဲ႔ႏွင္းသဘင္ အခမ္းအနားမ်ား က်င္းပၿပီးခ်ိန္တြင္ ဘြဲ႔ႏွင္းသဘင္ အထိမ္းအမွတ္ ပါတီပြဲမ်ားလည္း က်င္းပေလ့ရွိသည္။

#Credit  #အယ္ဒီတာတစ္ဦး
#10September2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈

ဘွဲ့ဝတ်စုံ သမိုင်း
🎓🎓🎓🎓🎓

ဘွဲ့နှင်းသဘင် ကျင်းပခြင်း၊ အခမ်းအနားတွင် ဝတ်စုံဝတ်ဆင်ခြင်းကို ၁၂ ရာစုနှင့် ၁၃ ရာစု ခေတ်ကတည်းက စတင်ခဲ့သည်။

ထိုသို့ ပွဲတက်ဝတ်စုံ အခမ်းအနားဖြင့် စီစဉ်ကျင်းပခြင်းအား တက္ကသိုလ်များက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပညာတတ်များအဖြစ် သတ်မှတ်ခြင်း ခံကြရသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တစ်သားတည်း ဖြစ်သည်ဆိုသော သဘောကို ဖော်ကျူးရန်အလို့ငှာ တူညီဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်သည်ဟုလည်း သတ်မှတ်ခဲ့ကြသည်။

၁၃၂၁ ခုနှစ်က ကိုလံဘီယာ တက္ကသိုလ်သည် ဒေါက်တာဘွဲ့၊ သာမန်ဘွဲ့နှင့် လက်မှတ်များကို ဘွဲ့ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ယူမှသာ ထုတ်ပေးရမည်ဟု သတ်မှတ်ထားခဲ့သည်။

၁၄ ရာစုလယ် နှောင်းပိုင်းတွင် အချို့သော ကောလိပ်အဆင့် ကျောင်းများတွင် ဘွဲ့ယူအခမ်းအနား၌ ဝတ်ဆင်သော ဝတ်စုံကို ဝတ်ရုံရှည် ဝတ်ဆင်မှုအား ကန့်သတ် တားမြစ်ခဲ့ကြောင်းလည်း တွေ့ရသည်။

အင်္ဂလန်မင်းဆက် အဋ္ဌမမြောက် ဟင်နရီ လက်ထက်တွင် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ကင်းဘရစ်ချ် တက္ကသိုလ်များတွင် ဘွဲ့ဝတ်စုံကို စံတစ်ခုအနေနှင့် သတ်မှတ်ခဲ့သည်။ ယင်းစံသတ်မှတ်ချက်အရ သေးကွေးလွန်းသည့် ဘွဲ့ဝတ်စုံများ ဝတ်ဆင်ခြင်းကို လက်မခံခဲ့ပေ။

၁၈၀၀ ပြည့်နှစ်လောက်တွင်မှ မိမိသင်ယူခဲ့သည့် ဘာသာရပ်အလိုက် အရောင်များကို ခွဲခြားရန် သတ်မှတ်ခဲ့သည်။ သို့သော် ထိုသို့ အရောင်ခွဲခြားမှုကို အမေရိကန် ပြည်ထောင်စုလောက်သာ ကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။ ဥရောပ အဖွဲ့အစည်းများတွင် ဘွဲ့ဝတ်စုံနှင့် ပတ်သက်ပြီး အမျိုးမျိုး သတ်မှတ်သုံးစွဲကြကြောင်း တွေ့ရသည်။

ရှေးခေတ်က ဘွဲ့ဝတ်စုံကဲ့သို့သော ဝတ်ရုံများကို ခရစ်ယာန် ဘုန်းတော်ကြီးများသည် ကျောင်းတော်များတွင် ဝတ်ဆင်လေ့ ရှိသည်။ နောက်ပိုင်းတွင် ပညာရှင်များအနေနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ယူသူရော သင်ကြားသူပါ ဝတ်ဆင်ကြသည်။

ယခင်က နေ့စဉ် ဝတ်ဆင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပညာသင်နှစ် တစ်နှစ် ကုန်ဆုံးသည့် အထိမ်းအမှတ် အခမ်းအနားများတွင်သာ ဝတ်ဆင်ကြတော့သည်။ နောက်ပိုင်းကျမှ ပညာသင်နှစ် အားလုံးပြီးဆုံးချိန် ဘွဲ့လက်မှတ်ယူချိန်၌ ဝတ်ဆင်ရန် သတ်မှတ်ခဲ့သည်။

==============
မြန်မာနိုင်ငံ ပထမဆုံးဘွဲ့
==============

မြန်မာနိုင်ငံ၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ဂျူဗလီဟော (ယခု တပ်မတော်ပြခန်းနေရာ) တွင် ကျင်းပခဲ့သည်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဘွဲ့နှင်းသဘင်ခန်းမကို ဆောက်လုပ်ခြင်း မပြုရသေးသောကြောင့် ထိုစဉ်က မင်းပွဲစိုးပွဲ အခမ်းအနားကြီးများ ကျင်းပရာ ဂျူဗလီဟောတွင် လာရောက်ကျင်းပခဲ့ရခြင်း ဖြစ်သည်။

ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ထိုစဉ်က တက္ကသိုလ် အဓိပတိဖြစ်သူ၊ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဆာရက် ဂျီနယ်ကရက်ဒေါက် ကိုယ်တိုင် တက်ရောက်ခဲ့သည်။ အဓိပတိ ဆာရက်ဂျီနယ် ကရက်ဒေါက်နှင့်အတူ တက္ကသိုလ် ဆီးနိတ်အဖွဲ့ဝင် အားလုံးသည် သတ်မှတ်ထားသည့် အရောင်အသွေးမျိုးစုံဖြင့် ချုပ်လုပ်ထားသော ဘွဲ့ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

ဘွဲ့ယူမည့် ပုဂ္ဂိုလ်များကလည်း နိုင်ငံတကာစံအတိုင်း သတ်မှတ်ထားသည့် ဘွဲ့ဝတ်စုံများ၊ အရောင်လည်ပင်း စွပ် (Hood) များကို ဝတ်ဆင်ပြီး ခမ်းနားစွာ နေရာယူခဲ့ကြသည်။ ဝိဇ္ဇာဘွဲ့ယူမည့် သူများသည် ပန်းနုရောင် ပန်းဖွားများ ပါသည့် Hood များနှင့် သိပ္ပံဘွဲ့ယူမည့် သူများသည် အစိမ်းနုရောင် Hood များကို ဘွဲ့ဝတ်စုံ အနက်ရောင်ပေါ်တွင် လွှမ်းခြုံကာ ဝတ်ဆင်ထားကြသည်။

အမျိုးသားများသည် ပန်းရောင် ခေါင်းပေါင်းများကို ဘွဲ့ဒေါက်ချာ ခေါင်းဆောင်းများအစား ဝတ်ဆင်သူ ရှိသကဲ့သို့ အနက်ရောင်ဒေါက်ချာ ခေါင်းဆောင်းနှင့် နိုင်ငံခြားဝတ်စုံ ဝတ်ကာ တက်ရောက်သူများလည်း ရှိကြသည်။

အခမ်းအနားတွင် ဘွဲ့ရပုဂ္ဂိုလ် အားလုံးကို အဓိပတိကြီးက “ဘွဲ့ရပုဂ္ဂိုလ်များ၏ ကိုယ်ကျင့်တရား နှင့်အညီ နေ့စဉ် ကျင့်ကြံနေထိုင်မည်လော” ဟု မေးခွန်းကို အားလုံးက ရိုသေကျိုးနွံစွာဖြင့် နေထိုင်မည် ဖြစ်ကြောင်း ဖြေကြားပြီးမှ ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့က ပေးအပ်သည့် ဘွဲ့များကို လက်ခံယူကြရသည်။

=====
ဘွဲ့ဝတ်စုံ
=====

သမိုင်းအထောက်အထားများအရ ဘွဲ့ဝတ်စုံများကို အလယ်ခေတ် တက္ကသိုလ်များတွင် ဝတ်ဆင်ခဲ့ကြောင်း တွေ့ရသည်။

ခရစ်ယာန်ဂိုဏ်း ထိပ်တန်း တာဝန်ယူထားသော ပုဂ္ဂိုလ်များသည် မိမိတို့ အဆင့်အတန်းအလိုက် ဘွဲ့ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ အခမ်းအနားများ၊ သို့မဟုတ် အစည်းအဝေးများသို့ တက်ရောက်ကြရသည်။ တရားသူကြီးများသည် ခြေကျင်းဝတ်အထိ ရှည်သော ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ တက်ရောက်လေ့ ရှိသည်။

ယခင် အလယ်ခေတ် အခမ်းအနား၊ အစည်းအဝေးများ၊ တရားစီရင်ရေးများ ကျင်းပသည့် ခန်းမနေရာသည် များသောအားဖြင့် အေးစက်ပြီး လေတိုက်သည့် နေရာများ ဖြစ်သောကြောင့် ဝတ်ရုံကြီးများ ဝတ်ဆင်ခဲ့ရာမှ အစဉ်အလာအဖြစ် ဝတ်ရုံများကို ဝတ်ဆင်ခဲ့ကြဟန် တူပါသည်။

=====
ဘွဲ့ဦးထုပ်
=====

ဘွဲ့ဦးထုပ်ကို ၁၅ ရာစုနှစ် လောက်ကတည်းက ပညာတတ် အထိမ်းအမှတ်အနေနှင့် ဆောင်းခဲ့ကြခြင်း ဖြစ်သည်။ သမိုင်းအထောက်အထားများအရ ဘွဲ့ဦးထုပ်ကို ပါမောက္ခများသာ ဆောင်းရန် သတ်မှတ်ခဲ့ကြောင်းလည်း တွေ့ရသည်။ နောက်ပိုင်းတွင်မှ ပန်းဖွားများ၊ အရောင်များပြောင်းကာ ခမ်းနားစေရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

=================
ဘွဲ့ဦးထုပ်၏ မူလအဓိပ္ပာယ်မှာ
=================

“ဒေါက်တာ” ဘွဲ့အတွက် ရည်စူးကာ စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ ပြင်သစ်သမိုင်းပညာရှင် ဂျက်ကက်လီဂေါ့ဖ်က ဒေါက်တာဘွဲ့ စာမေးပွဲအတွက် အသေးစိတ် ပြင်ဆင်ထားပုံကို သူ၏ “Intellectuals in Medieval Times” စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားသည်။

“စာမေးပွဲ အောင်မြင်သည့် ကျောင်းသားတစ်ဦးသည် လက်မှတ်ရ ပညာတတ်တစ်ဦး ဖြစ်သွားသည်။ သူသည် ဒေါက်တာ၊ သို့မဟုတ် ပါရဂူဘွဲ့ကို သူသင်ကြားခဲ့သည့် ဘာသာရပ်အတွက် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခြင်း ခံရသော်လည်း မာစတာဆိုသည့် အမှန်တကယ် ကျွမ်းကျင်မှု ရှိမရှိကို ပြည်သူ့ထံဆင်းကာ အစစ်ဆေးခံရမည် ဖြစ်သည်။

သို့ဖြစ်ရာ သူ့ကို ခမ်းနားထည်ဝါသည့် ဘုရားကျောင်းကြီး တစ်ကျောင်းသို့ ခေါ်ဆောင်ခြင်း ခံရမည်။ ထိုကျောင်းတွင် သူသည် မိန့်ခွန်းများ ပြောကြားရမည်။ သူပြောကြားမည့် အကြောင်းအရာများသည် သူတတ်ကျွမ်း လေ့လာထားသည့် ပညာရပ်များနှင့် ပတ်သက်သည့် အကြောင်းအရာများသာ ဖြစ်သည်။

ထိုအချိန်တွင် နားထောင်နေသည့် ပရိသတ်ထဲက ကျောင်းသားများသည် သူ့ကို သိလိုသမျှ ထမေးမည်။ ဆွေးနွေးမှုများ ပြုလုပ်မည်။ သူက ထိုသူတို့၏ အမေးများကို ချက်ကျလက်ကျ ပြန်လည်ဖြေဆို ရှင်းလင်းပြရန် လိုသည်။ ထိုသို့ အောင်မြင်စွာ ဖြေဆိုရှင်းလင်းနိုင်ပြီ ဆိုလျှင် တက္ကသိုလ်က သူ့ကို မာစတာဘွဲ့ နှင်းအပ်မည် ဖြစ်သည်။

ဘွဲ့အပ်နှင်းရာတွင် သူ့ကို ပါမောက္ခ ထိုင်သည့် ကုလားထိုင်တွင် ထိုင်စေပြီး ရွှေလက်စွပ်တစ်ကွင်း၊ စာအုပ်တစ်အုပ်နှင့် ခေါင်းဆောင်းရန် ဒေါက်ချာ ဦးထုပ်ကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်” ဆိုသည်မှာ ရှေးခေတ် မာစတာဘွဲ့ယူသည့် သူတစ်ဦး၏ အခမ်းအနား ဖြစ်သည်။

၁၉၅၉ ခုနှစ်က အမေရိကန်ဘွဲ့ဝတ်စုံ ဝတ်ဆင်မှုနှင့် အခမ်းအနားကျင်းပရေး ကော်မတီက ဘွဲ့ယူစဉ် ဘွဲ့ဝတ်စုံ ဝတ်ဆင်မှုကို အောက်ပါအတိုင်း သတ်မှတ်ခဲ့သည်။

ဘွဲ့အခမ်းအနား ကျင်းပစဉ်နှင့် ဘွဲ့လက်မှတ် ပေးအပ်စဉ်တွင် ဘွဲ့ဦးထုပ်ကို တောက်လျှောက် ဝတ်ဆင်ထားရမည်။ ဘွဲ့ယူသူများသည် ဆုတောင်းသည့်အခါ၊ သို့မဟုတ် နိုင်ငံတော်သီချင်း တီးမှုတ်နေစဉ် အခါတွင်သာ ဦးထုပ်ကို ချွတ်ခွင့်ရှိသည်။ နိုင်ငံတော်သီချင်း၊ သို့မဟုတ် ဆုတောင်းမှု ပြီးဆုံးလျှင် ဦးထုပ်ကို ပြန်ဆောင်းရမည်။

ပန်းဖွားကို မည်သည့်ဘက်သို့ ချမည်ဟု သတ်မှတ်ထားခြင်း မရှိ။ ကိုယ့်ကျောင်းနှင့် ကိုယ့်ပုံစံအတိုင်းသာ ဖြစ်သည်။ ဘယ်ထားသည် ဖြစ်စေ၊ ညာထားသည် ဖြစ်စေ သတ်မှတ်ထားသည့် အတိုင်းသာ ဖြစ်သည်။

အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် ဘွဲ့ဝတ်စုံများကို အမြတ်တနိုး သတ်မှတ်ဝတ်ဆင်ကြောင်း ထင်ရှားလှသည်။

ဘွဲ့အပ်နှင်းခြင်း ဘွဲ့နှင်းသဘင် အခမ်းအနားဖြင့်သာ ရရှိသော ဘွဲ့များကို အပ်နှင်းချီးမြှင့်လေ့ ရှိသည်။ ဘွဲ့ယူမည့် ကျောင်းသား ကျောင်းသူများသည် သတ်မှတ်ထားသည့် ပညာရပ်များကို သင်ယူပြီးမြောက်ကြောင်း အစစ်ဆေးခံယူပြီး ဖြစ်ရမည်။

ဘွဲ့မယူမီ ဘွဲ့ယူမည့် သူသည် သတ်မှတ်ထားသည့် အတန်း သို့မဟုတ် စာသင်နှစ်ကို အောင်မြင်ပြီးသူ ဖြစ်ရသည်။ ထိုသို့ သတ်မှတ်အရည် အချင်းများနှင့် ပြည့်စုံသူများကို ဘွဲ့များ အပ်နှင်းချီးမြှင့်သောပွဲကို ဘွဲ့နှင်းသဘင် အခမ်းအနားနေ့ (Graduation Day) အဖြစ် သတ်မှတ်ကာ အပ်နှင်းချီးမြှင့်လေ့ ရှိသည်။

ဘွဲ့အပ်နှင်းချီးမြှင့်ခြင်းကို တက္ကသိုလ်နှင့် ကောလိပ်များတွင် ကျင်းပပြုလုပ်လေ့ ရှိသည်။ တက္ကသိုလ် အဓိပတိ၊ သို့မဟုတ် ကျောင်းအကြီးအကဲများက ဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်။ ဘွဲ့လက်မှတ် မှတ်ပေးရာတွင် အဓိပတိသည် တစ်ဦးချင်းအား ပေးသကဲ့သို့ အုပ်စုလိုက်၊ အဖွဲ့လိုက် ပေးအပ်ချီးမြှင့်ခြင်းများလည်း ရှိတတ်သည်။

အုပ်စုလိုက် ချီးမြှင့်သည့် ဘွဲ့လက်မှတ်များကို မိမိတို့ သက်ဆိုင်ရာ ကျောင်းများရောက်မှ ကျောင်းအုပ်ကြီးများက သီးခြားပြန်ပေး အပ်ခြင်းများလည်း ရှိတတ်သည်။ နိုင်ငံတကာတွင် မိမိတို့ကျောင်းအလိုက် ဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပပြီးချိန်တွင် ဘွဲ့နှင်းသဘင် အထိမ်းအမှတ် ပါတီပွဲများလည်း ကျင်းပလေ့ရှိသည်။

#Credit  #အယ်ဒီတာတစ်ဦး
#10September2018WLP📚📚📚📚📚

No comments:

Post a Comment

ေဆးလိပ္

ေဆးလိပ္ လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။ အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ...