#လႊတ္ေတာ္ထဲမွ " က်ိဳင္း " အေၾကာင္း
=========================
က်ိဳင္းကို အဂၤလိပ္လို (Mace) လို႔ သုံးႏႈန္းပါတယ္။
ျမန္မာလို အဓိပၸါယ္ကေတာ႔ . . .
အခြင္႔အာဏာကို ကိုယ္စားျပဳျခင္းလို႔ ဆုိပါတယ္၊
ျမန္မာ စြယ္စုံက်မ္း အတြဲ ၂ မွာကေတာ႔
က်ိဳင္း ဆုိသည္မွာ . . .
ျမင္႔ျမတ္ေသာ အခြင္႔ အာဏာကို ညြန္းဆုိသည္႕
အေဆာင္အေယာင္လုိ႔ ဆုိပါတယ္။
က်ိဳင္းမွာ ျမန္မာမင္းမ်ားလက္ထက္ ဘုရင္ မိဖုရားနွင့္
မင္းညီ မင္းသားတို႕၏ အေဆာင္ အေယာင္ တစ္ပါးပါ။
ဘုရင္က ခ်ီးေျမွာက္္ သူေကာင္းျပဳခံရသူမ်ားလည္း
ဘုရင့္အမိန္႕အရ က်ိဳင္းကို ကိုင္ေဆာင္သံုးစြဲခြင့္ရပါတယ္။
က်ိဳင္းကို ဘုရင္၊ မိဖုရား၊ မင္းညီမင္းသား စသည္တို႕
မင္းပြဲသဘင္ စေသာ အခမ္းအနားမ်ားသို႕
တက္ေရာက္ေသာအခါ ဆိုင္ရာ က်ိဳင္းကိုင္ အမႈထမ္းမ်ားက
ကိုင္ေဆာင္၍ လိုက္ပါရ၏။
က်ိဳင္း ပံုသ႑ာန္သည္ . . .
အရိုးရွည္တပ္ထားေသာ ခေမာက္သ႑န္အရာ ျဖစ္ပါတယ္။
အထြတ္ကို ေရႊခ်ထားျခင္း တစ္မ်ိုး၊
အထြတ္ေရႊနွင့္ အအံု၊ အရြက္၊ အရိုးတို႕ကို
ေဆးနီသုတ္ျခင္းတစ္မ်ိဳး။
က်ိဳင္းျဖဴတြင္ အထြတ္အနီ သုတ္ျခင္း တစ္မ်ိဳး။
စုစုေပါင္း (၃) မ်ိဳးရွိပါတယ္။
ကုန္းေဘာင္ေခတ္ ေနာက္ပိုင္းတြင္ က်ိဴင္းကို
လက္ကိုင္အရိုး တြင္ မွန္စီ၍လည္း အသံုးျပဳေၾကာင္းကို
ျမန္မာမင္းမ်ား အုပ္ခ်ဳပ္ပံု စာတမ္းတြင္ ပါေသာ
" ေဝါရွည္နွင့္ ေဝါေတာ္ေရွ႕ က်ိဳင္း ၄ ခ်က္ စီ၊
လက္ကိုင္ မွန္စီ က်ိဳင္းေတာ္ႏွစ္ '' ဟူေသာ စကားအရ
သိရပါတယ္။
တစ္ခါတစ္ရံ က်ိဳင္းကို
ေရွ႕မွ ကိုင္ေဆာင္ရံုမက ေဆာင္းမိုးျခင္းလည္း ျပဳေၾကာင္းကို
ျပာဋိဟာခန္းပ်ိဳ႕တြင္ . . .
" ယာဥ္ညွဥ္းစီးစီး၊ က်ဳိင္း ထီးေဆာင္းေဆာင္း " ဟူ၍၄င္း၊
လႊတ္ေတာ္ သတ္ပံုတြင္
" ေဆာင္းသည့္က်ိဳင္း "ဟူေသာ စကားအရ၄င္း သိရပါသည္။
က်ိဳင္းကို . . .
အေဆာင္အေယာင္အျဖစ္ အသံုးျပဳရာ၌
မင္းနွင့္ မိဖုရားကား (၈)လက္
အိမ္ေရွ႕မင္းႏွင့္ မင္းညီ မင္းသားတို႕က (၄) လက္၊
တစ္ခါတစ္ရံ (၆) လက္ ေဆာင္သည္ဟု သိရပါသည္။
က်ိုင္းကို . . .
မဂၤလာ အခမ္းအနားမ်ားတြင္ သာမက
အသုဘ အခမ္းအနားမ်ားတြင္လည္း အဆင့္အတန္းအလိုက္
ဆိုင္ရာအမႈထမ္းမ်ားက ကိုင္ေဆာင္၍ လိုက္ပါရသည္။
က်ိုင္းသည္ . . .
ျမင့္ျမတ္သူတို႕၏ အေဆာင္အေယာင္ ျဖစ္သျဖင့္
သာမာန္လူတို့နွင့္ မထိုက္တန္ရကား
" က်ိဳင္းနွင့္ သေပါက္၊ မေထာက္မတန္ " ဟူ၍၄င္း
" သိုင္းနွင့္ က်ိဳင္းနွင့္ ဂုဏ္ႀကီးျမင့္သည္ " ဟူ၍၄င္း
စာေပတြင္ စပ္ဆိုၾကပါသည္။
ယခုအခါ ျပည္ေထာင္စု ျမန္မာနိုင္ငံ
ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒နွင့္
အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌ တို႕တြင္
ေငြျဖင့္ ျပဳလုပ္ ထားေသာ က်ိဳင္းကို
အေဆာင္အေယာင္အျဖစ္ ထားရွိသည္။
ထို က်ိဳင္းမွာ အရွည္ ၄ ေပနွင့္ ၈ လက္မခြဲရွိ၍
ေငြသား က်ပ္ခ်ိန္ ၆ဝဝ ရွိပါသည္။
အဆိုပါ က်ိဳင္းသည္
ဥကၠ႒နွင့္ နာယက တို႕၏
ျမင့္ျမတ္ေသာ အခြင့္ အာဏာကို ျပသပါသည္။
ျမန္မာမင္းမ်ား လက္ထက္က က်ိဳင္းႏွင္႔
ယခု လႊတ္ေတာ္တြင္ ေတြ႕ျမင္ရေသာ က်ိဳင္းတုိ႕မွာ
အထြဋ္အျမတ္ျဖစ္ေသာ သေဘာခ်င္းသာ တူ၍
ပံုသ႑ာန္ခ်င္း မတူပါ။
ေရွးျမန္မာမင္းမ်ား လက္ထက္က က်ိဳင္းသည္
ခေမာက္ကဲ႔သို႕ သ႑ာန္ရွိၿပီး ေရႊထီးကဲ႔သို႕
ေအာက္ေျခခုံတြင္ ေထာင္ထားရေၾကာင္း သိရွိရပါသည္။
အဂၤလန္ႏုိင္ငံ၏ လႊတ္ေတာ္တြင္ အသုံးျပဳေသာ က်ိဳင္းမွာ
ၿဗိတိသွ် ဘုရင္မၾကီးကို ကိုယ္စားျပဳသည္႔ အေနျဖင္႔
ေဆာင္ထားေသာက်ိဳင္း ျဖစ္ပါသည္။
ျမန္မာ့ လႊတ္ေတာ္တြင္ထားေသာ က်ိဳင္းသည္
လႊတ္ေတာ္ ဥကၠ႒၏ အခြင္႔အာဏာကို ျပသည္႔ က်ိဳင္း
ျဖစ္ပါသည္။
ဥကၠဌ နွင့္ နာယကသည္
လႊတ္ေတာ္ အစည္းအေဝးခန္းမသို႕
ၾကြေရာက္ေသာအခါ ဆိုင္ရာက်ိဳင္းကိုင္ အရာရွိက
ဥကၠ႒ႀကီး ၏ ေရွ႕ (၈) ေပခန္႕ အကြာမွ
က်ိဳင္းကို ကိုင္လ်က္ သြားရပါသည္။
သတ္မွတ္ထားေသာ ေနရာတြင္
ဥကၠ႒ႀကီး ထိုင္ၿပီးေသာအခါ
ဥကၠ႒ႀကီးေရွ႕ရွိ က်ိဳင္းထားရာ သီးသန္႔ေနရာတြင္
က်ိဳင္းကို အလ်ားလိုက္ တင္ထားရပါသည္။
အစည္းအေဝးၿပီး၍
ဥကၠ႒ႀကီး ျပန္လည္ ထြက္ခြာမည့္အခါ
က်ိဳင္းကိုင္ အရာရွိသည္ က်ိဳင္းကို ယူေဆာင္၍
ေရွ႕မွွ သြားရပါသည္။
လႊတ္ေတာ္ထဲတြင္ က်ိဳင္းရွိေနလွ်င္
လႊတ္ေတာ္ အစည္းအေဝးရွိေနပါသည္။
ဥကၠ႒ႀကီး၏ ေရွ႕၌ရွိေသာ ကိ်ဳင္းကို ယူေဆာင္သြားလွ်င္
အစည္းအေဝး ၿပီးဆံုးၿပီဟူေသာ အထိမ္းအမွတ္ ျဖစ္ပါသည္။
က်ိုင္းကိုင္ အရာရွိကို အစဥ္အလာ အားျဖင့္
ရဲဝန္ေထာက္ (ရဲမွဴး) အဆင့္ထက္ နိမ့္သူကို
ခန္႕ထားရိုး မရွိပါ။
နိုင္ငံေတာ္ တရားလႊတ္ေတာ္ခ်ဳပ္ႏွင့္
တရားလႊတ္ေတာ္ တရားဝန္ႀကီးမ်ားလည္း
က်ိဳင္း အေဆာင္အေယာင္မ်ား ရရွိၾက၍
တရားခြင္သို႕ ဝင္သည့္အခါ က်ိဳင္းနွင့္ ဝင္ၾကပါသည္။
တရားဝန္ႀကီးမ်ား၏ က်ိဳင္းမွာ တရားဝန္ႀကီး၏
အခြင့္အာဏာကို ျပသည့္အျပင္
" ဥပေဒနွင့္ တရားမွ်တမႈ " ၏ အထိမ္းအမွတ္လည္း
ျဖစ္ပါသည္။
တရားလႊတ္ေတာ္ခ်ဳပ္တြင္ သံုးေသာ က်ိဳင္းသည္
၆ ေပခန္႕ ရွည္၍ သစ္သားျဖင့္ ျပဳလုပ္ ထာပါသည္။
က်ိဳင္း၏ ထိပ္မွာ လံုးဝန္း ၍ ေရႊခ်ထားပါသည္။
တရားဝန္ႀကီး တရားခြင္သို့ ၾကြလာသည့္ အခါ
က်ိဳင္းကိုင္ လုလင္က တရားဝန္ႀကီး၏ ေရွ႕
(၉)ေပခန္႕ အကြာမွ က်ိဳင္းကို ထမ္း၍ သြားရပါသည္။
တရားဝန္ႀကီးက ေနရာတြင္ ထိုက္လိုက္သည္နွင့္ တၿပိဳင္နက္
က်ိဳင္းကိုင္ လုလင္က ၾကမ္းျပင္ကို က်ိဳင္းျဖင့္ ေဆာင့္၍
အခ်က္ေပးရပါသည္။
ယင္းသို႔ ျပဳလုပ္ျခင္းမွာ ထိုအခ်ိန္မွစ၍
တရားရံုး ထိုင္ၿပီျဖစ္ေၾကာင္း ေၾကညာျခင္းပင္ ျဖစ္၏။
တရားဝန္ႀကီး ျပန္လည္ၾကြသြားသည့္အခါ
က်ိဳင္းကိုင္ လုလင္က ဝင္လာသည့္ နည္းတူ
တရားဝန္ၾကီး၏ ေရွ႕က ထြက္ႏွင့္ရပါသည္။
ၿဗိတိသွ် ပါလီမန္မွာ လႊတ္ေတာ္ ႏွစ္ရပ္ အျပင္
စည္းမ်ဥ္းခံ ဘုရင္စနစ္အရ ဘုရင္မႀကီး ရွိပါတယ္။
တိုင္းျပည္ရဲ႕ အေရးပါတဲ့ လႊတ္ေတာ္ကို ၿဗိတိသွ်ေတြရဲ႕ရိုးရာ အစဥ္အလာအရ ဘုရင္မႀကီး၏ ေရွ႕ေမွာက္မွာ
က်င္းပရပါတယ္။
တကယ့္လက္ေတြ႔မွာ အစည္းအေဝးတိုင္းအတြက္
ဘုရင္ မႀကီးက မတက္ေရာက္ႏိုင္တာ ရွိပါတယ္ ။
ဒါေၾကာင့္ ဘုရင္မႀကီးကိုယ္စား
က်ိဳင္းကို ပါလီမန္မွာ ခ်ထားတာ ျဖစ္ပါတယ္။
အစည္းအေဝး "စ" ေတာ့မယ္ဆိုရင္
က်ိဳင္းကို ဘုရင္မႀကီး အစည္းအေဝးခန္းထဲ ဝင္လာတဲ့ အထိမ္းအမွတ္နဲ႔ အားလံုးက အရိုအေသေပးၿပီး
ပါလီမန္ထဲကို လူတစ္ေယာက္က သယ္လာရပါတယ္။
အစည္းအေဝးၿပီးရင္ ျပန္သယ္သြားရပါတယ္။
နယူးဇီလန္ နဲ႕ ၾသစေတးလ်ႏိုင္ငံေတြလို . . .
ၿဗိတိသွ် ဘုရင္မႀကီး ၾသဇာခံ ဓနသဟာရ ႏိုင္ငံေတြရဲ႕
ပါလီမန္မွာလဲ က်ိဳင္းကို ထားရွိပါတယ္။
က်ိဳင္းမွာ ျမင့္ျမတ္ေသာဂုဏ္ထူးနွင့္ အခြင့္အာဏာ၏
အထိမ္းအမွတ္ျဖစ္၍ အျခား နိုင္ငံမ်ားတြင္လည္း . . .
ပါလီမန္ လႊတ္ေတာ္မ်ား၊ တရားလႊတ္ေတာ္မ်ား နဲ႕
တကၠသိုလ္မ်ားမွာ ဆိုင္ရာအၾကီးအကဲမ်ား၏
အေဆာင္အေယာင္ အျဖစ္ ထားရွိပါတယ္။
အဂၤလန္နိုင္ငံ လန္ဒန္ၿမိဳ႕ေတာ္ဝန္ထံတြင္
ေငြက်ိဳင္း အေဆာင္အေယာင္ ရွိသလို က်ိဳင္းကိုင္သည့္
အမႈထမ္းမ်ားကိုလည္း ထားရွိပါသည္။
ေရွးေခတ္ေဟာင္းက စစ္ဖက္ဆိုင္ရာ က်ိဳင္းမ်ားကို
လက္နက္သဖြယ္ အသံုးျပဳနိုင္ေအာင္ ျပဳလုပ္ထားသလို
အိႏၵိယနိုင္ငံတြင္မူ အလွအပ မြမ္းမံထားေသာ က်ိဳင္းအျပင္
လက္နက္သဖြယ္ ကိုင္ေဆာင္ရေသာ က်ိဳင္းမ်ားကိုလည္း
အသံုးျပၾကေသးတာကို ေတြ႕ျမင္ရပါတယ္။
တခ်ိဳ႕ေသာ သူမ်ားက ျမန္မာ့ လႊတ္ေတာ္တြင္ . . .
က်ိဳင္းထားျခင္းကို ၿဗိတိသွ် ပါလီမန္မွ အတုယူ
လုပ္ျခင္းျဖစ္သည္ ဟုေျပာဆိုသည္ ကိုေတြ႕ျမင္ဖူးပါသည္။
မဟုတ္ပါ။
က်ိဳင္းထားျခင္းကို ျမန္မာ့ လႊတ္ေတာ္ စတင္ေပၚေပါက္ခဲ႔ေသာ
ပုဂံေခတ္ နရပတိစည္သူမင္းႀကီး လက္ထက္မွာပင္
က်ိဳင္းကို စတင္သုံးစြဲေနၿပီ ျဖစ္ေၾကာင္း
ေရႊဘုံ နိဒါန္းလာ မင္းခမ္း မင္းနားမ်ားတြင္ ဖတ္မွတ္ဖူးပါသည္။
မည္သုိ႕ပင္ျဖစ္ေစ က်ိဳင္း သည္
ယဥ္ေက်းမႈ အစဥ္အလာအားျဖင္႔ ႀကီးမားေသာ ႏုိင္ငံမ်ားတြင္
အလြန္အေရးပါေသာ မင္းခမ္း မင္းနား အမွတ္တံဆိပ္တခု ျဖစ္ပါေၾကာင္း တင္ျပအပ္ပါတယ္။
#Crd, #Thein Win Oo.
#11Sep2018Winlettphyu📮📮📮📮📮
🎈🎈🎈🎈🎈🎈🎈🎈🎈🎈
#လွှတ်တော်ထဲမှ " ကျိုင်း " အကြောင်း
=========================
ကျိုင်းကို အင်္ဂလိပ်လို (Mace) လို့ သုံးနှုန်းပါတယ်။
မြန်မာလို အဓိပ္ပါယ်ကတော့ . . .
အခွင့်အာဏာကို ကိုယ်စားပြုခြင်းလို့ ဆိုပါတယ်၊
မြန်မာ စွယ်စုံကျမ်း အတွဲ ၂ မှာကတော့
ကျိုင်း ဆိုသည်မှာ . . .
မြင့်မြတ်သော အခွင့် အာဏာကို ညွန်းဆိုသည့်
အဆောင်အယောင်လို့ ဆိုပါတယ်။
ကျိုင်းမှာ မြန်မာမင်းများလက်ထက် ဘုရင် မိဖုရားနှင့်
မင်းညီ မင်းသားတို့၏ အဆောင် အယောင် တစ်ပါးပါ။
ဘုရင်က ချီးမြှောက် သူကောင်းပြုခံရသူများလည်း
ဘုရင့်အမိန့်အရ ကျိုင်းကို ကိုင်ဆောင်သုံးစွဲခွင့်ရပါတယ်။
ကျိုင်းကို ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား စသည်တို့
မင်းပွဲသဘင် စသော အခမ်းအနားများသို့
တက်ရောက်သောအခါ ဆိုင်ရာ ကျိုင်းကိုင် အမှုထမ်းများက
ကိုင်ဆောင်၍ လိုက်ပါရ၏။
ကျိုင်း ပုံသဏ္ဍာန်သည် . . .
အရိုးရှည်တပ်ထားသော ခမောက်သဏ္ဍန်အရာ ဖြစ်ပါတယ်။
အထွတ်ကို ရွှေချထားခြင်း တစ်မျိုး၊
အထွတ်ရွှေနှင့် အအုံ၊ အရွက်၊ အရိုးတို့ကို
ဆေးနီသုတ်ခြင်းတစ်မျိုး။
ကျိုင်းဖြူတွင် အထွတ်အနီ သုတ်ခြင်း တစ်မျိုး။
စုစုပေါင်း (၃) မျိုးရှိပါတယ်။
ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ကျိူင်းကို
လက်ကိုင်အရိုး တွင် မှန်စီ၍လည်း အသုံးပြုကြောင်းကို
မြန်မာမင်းများ အုပ်ချုပ်ပုံ စာတမ်းတွင် ပါသော
" ဝေါရှည်နှင့် ဝေါတော်ရှေ့ ကျိုင်း ၄ ချက် စီ၊
လက်ကိုင် မှန်စီ ကျိုင်းတော်နှစ် '' ဟူသော စကားအရ
သိရပါတယ်။
တစ်ခါတစ်ရံ ကျိုင်းကို
ရှေ့မှ ကိုင်ဆောင်ရုံမက ဆောင်းမိုးခြင်းလည်း ပြုကြောင်းကို
ပြာဋိဟာခန်းပျို့တွင် . . .
" ယာဉ်ညှဉ်းစီးစီး၊ ကျိုင်း ထီးဆောင်းဆောင်း " ဟူ၍၎င်း၊
လွှတ်တော် သတ်ပုံတွင်
" ဆောင်းသည့်ကျိုင်း "ဟူသော စကားအရ၎င်း သိရပါသည်။
ကျိုင်းကို . . .
အဆောင်အယောင်အဖြစ် အသုံးပြုရာ၌
မင်းနှင့် မိဖုရားကား (၈)လက်
အိမ်ရှေ့မင်းနှင့် မင်းညီ မင်းသားတို့က (၄) လက်၊
တစ်ခါတစ်ရံ (၆) လက် ဆောင်သည်ဟု သိရပါသည်။
ကျိုင်းကို . . .
မင်္ဂလာ အခမ်းအနားများတွင် သာမက
အသုဘ အခမ်းအနားများတွင်လည်း အဆင့်အတန်းအလိုက်
ဆိုင်ရာအမှုထမ်းများက ကိုင်ဆောင်၍ လိုက်ပါရသည်။
ကျိုင်းသည် . . .
မြင့်မြတ်သူတို့၏ အဆောင်အယောင် ဖြစ်သဖြင့်
သာမာန်လူတို့နှင့် မထိုက်တန်ရကား
" ကျိုင်းနှင့် သပေါက်၊ မထောက်မတန် " ဟူ၍၎င်း
" သိုင်းနှင့် ကျိုင်းနှင့် ဂုဏ်ကြီးမြင့်သည် " ဟူ၍၎င်း
စာပေတွင် စပ်ဆိုကြပါသည်။
ယခုအခါ ပြည်ထောင်စု မြန်မာနိုင်ငံ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်
အမျိုးသားလွှတ်တော် ဥက္ကဌ တို့တွင်
ငွေဖြင့် ပြုလုပ် ထားသော ကျိုင်းကို
အဆောင်အယောင်အဖြစ် ထားရှိသည်။
ထို ကျိုင်းမှာ အရှည် ၄ ပေနှင့် ၈ လက်မခွဲရှိ၍
ငွေသား ကျပ်ချိန် ၆ဝဝ ရှိပါသည်။
အဆိုပါ ကျိုင်းသည်
ဥက္ကဋ္ဌနှင့် နာယက တို့၏
မြင့်မြတ်သော အခွင့် အာဏာကို ပြသပါသည်။
မြန်မာမင်းများ လက်ထက်က ကျိုင်းနှင့်
ယခု လွှတ်တော်တွင် တွေ့မြင်ရသော ကျိုင်းတို့မှာ
အထွဋ်အမြတ်ဖြစ်သော သဘောချင်းသာ တူ၍
ပုံသဏ္ဍာန်ချင်း မတူပါ။
ရှေးမြန်မာမင်းများ လက်ထက်က ကျိုင်းသည်
ခမောက်ကဲ့သို့ သဏ္ဍာန်ရှိပြီး ရွှေထီးကဲ့သို့
အောက်ခြေခုံတွင် ထောင်ထားရကြောင်း သိရှိရပါသည်။
အင်္ဂလန်နိုင်ငံ၏ လွှတ်တော်တွင် အသုံးပြုသော ကျိုင်းမှာ
ဗြိတိသျှ ဘုရင်မကြီးကို ကိုယ်စားပြုသည့် အနေဖြင့်
ဆောင်ထားသောကျိုင်း ဖြစ်ပါသည်။
မြန်မာ့ လွှတ်တော်တွင်ထားသော ကျိုင်းသည်
လွှတ်တော် ဥက္ကဋ္ဌ၏ အခွင့်အာဏာကို ပြသည့် ကျိုင်း
ဖြစ်ပါသည်။
ဥက္ကဌ နှင့် နာယကသည်
လွှတ်တော် အစည်းအဝေးခန်းမသို့
ကြွရောက်သောအခါ ဆိုင်ရာကျိုင်းကိုင် အရာရှိက
ဥက္ကဋ္ဌကြီး ၏ ရှေ့ (၈) ပေခန့် အကွာမှ
ကျိုင်းကို ကိုင်လျက် သွားရပါသည်။
သတ်မှတ်ထားသော နေရာတွင်
ဥက္ကဋ္ဌကြီး ထိုင်ပြီးသောအခါ
ဥက္ကဋ္ဌကြီးရှေ့ရှိ ကျိုင်းထားရာ သီးသန့်နေရာတွင်
ကျိုင်းကို အလျားလိုက် တင်ထားရပါသည်။
အစည်းအဝေးပြီး၍
ဥက္ကဋ္ဌကြီး ပြန်လည် ထွက်ခွာမည့်အခါ
ကျိုင်းကိုင် အရာရှိသည် ကျိုင်းကို ယူဆောင်၍
ရှေ့မှှ သွားရပါသည်။
လွှတ်တော်ထဲတွင် ကျိုင်းရှိနေလျှင်
လွှတ်တော် အစည်းအဝေးရှိနေပါသည်။
ဥက္ကဋ္ဌကြီး၏ ရှေ့၌ရှိသော ကျိုင်းကို ယူဆောင်သွားလျှင်
အစည်းအဝေး ပြီးဆုံးပြီဟူသော အထိမ်းအမှတ် ဖြစ်ပါသည်။
ကျိုင်းကိုင် အရာရှိကို အစဉ်အလာ အားဖြင့်
ရဲဝန်ထောက် (ရဲမှူး) အဆင့်ထက် နိမ့်သူကို
ခန့်ထားရိုး မရှိပါ။
နိုင်ငံတော် တရားလွှတ်တော်ချုပ်နှင့်
တရားလွှတ်တော် တရားဝန်ကြီးများလည်း
ကျိုင်း အဆောင်အယောင်များ ရရှိကြ၍
တရားခွင်သို့ ဝင်သည့်အခါ ကျိုင်းနှင့် ဝင်ကြပါသည်။
တရားဝန်ကြီးများ၏ ကျိုင်းမှာ တရားဝန်ကြီး၏
အခွင့်အာဏာကို ပြသည့်အပြင်
" ဥပဒေနှင့် တရားမျှတမှု " ၏ အထိမ်းအမှတ်လည်း
ဖြစ်ပါသည်။
တရားလွှတ်တော်ချုပ်တွင် သုံးသော ကျိုင်းသည်
၆ ပေခန့် ရှည်၍ သစ်သားဖြင့် ပြုလုပ် ထာပါသည်။
ကျိုင်း၏ ထိပ်မှာ လုံးဝန်း ၍ ရွှေချထားပါသည်။
တရားဝန်ကြီး တရားခွင်သို့ ကြွလာသည့် အခါ
ကျိုင်းကိုင် လုလင်က တရားဝန်ကြီး၏ ရှေ့
(၉)ပေခန့် အကွာမှ ကျိုင်းကို ထမ်း၍ သွားရပါသည်။
တရားဝန်ကြီးက နေရာတွင် ထိုက်လိုက်သည်နှင့် တပြိုင်နက်
ကျိုင်းကိုင် လုလင်က ကြမ်းပြင်ကို ကျိုင်းဖြင့် ဆောင့်၍
အချက်ပေးရပါသည်။
ယင်းသို့ ပြုလုပ်ခြင်းမှာ ထိုအချိန်မှစ၍
တရားရုံး ထိုင်ပြီဖြစ်ကြောင်း ကြေညာခြင်းပင် ဖြစ်၏။
တရားဝန်ကြီး ပြန်လည်ကြွသွားသည့်အခါ
ကျိုင်းကိုင် လုလင်က ဝင်လာသည့် နည်းတူ
တရားဝန်ကြီး၏ ရှေ့က ထွက်နှင့်ရပါသည်။
ဗြိတိသျှ ပါလီမန်မှာ လွှတ်တော် နှစ်ရပ် အပြင်
စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီး ရှိပါတယ်။
တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ရိုးရာ အစဉ်အလာအရ ဘုရင်မကြီး၏ ရှေ့မှောက်မှာ
ကျင်းပရပါတယ်။
တကယ့်လက်တွေ့မှာ အစည်းအဝေးတိုင်းအတွက်
ဘုရင် မကြီးက မတက်ရောက်နိုင်တာ ရှိပါတယ် ။
ဒါကြောင့် ဘုရင်မကြီးကိုယ်စား
ကျိုင်းကို ပါလီမန်မှာ ချထားတာ ဖြစ်ပါတယ်။
အစည်းအဝေး "စ" တော့မယ်ဆိုရင်
ကျိုင်းကို ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး
ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။
အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။
နယူးဇီလန် နဲ့ သြစတေးလျနိုင်ငံတွေလို . . .
ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေရဲ့
ပါလီမန်မှာလဲ ကျိုင်းကို ထားရှိပါတယ်။
ကျိုင်းမှာ မြင့်မြတ်သောဂုဏ်ထူးနှင့် အခွင့်အာဏာ၏
အထိမ်းအမှတ်ဖြစ်၍ အခြား နိုင်ငံများတွင်လည်း . . .
ပါလီမန် လွှတ်တော်များ၊ တရားလွှတ်တော်များ နဲ့
တက္ကသိုလ်များမှာ ဆိုင်ရာအကြီးအကဲများ၏
အဆောင်အယောင် အဖြစ် ထားရှိပါတယ်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ဝန်ထံတွင်
ငွေကျိုင်း အဆောင်အယောင် ရှိသလို ကျိုင်းကိုင်သည့်
အမှုထမ်းများကိုလည်း ထားရှိပါသည်။
ရှေးခေတ်ဟောင်းက စစ်ဖက်ဆိုင်ရာ ကျိုင်းများကို
လက်နက်သဖွယ် အသုံးပြုနိုင်အောင် ပြုလုပ်ထားသလို
အိန္ဒိယနိုင်ငံတွင်မူ အလှအပ မွမ်းမံထားသော ကျိုင်းအပြင်
လက်နက်သဖွယ် ကိုင်ဆောင်ရသော ကျိုင်းများကိုလည်း
အသုံးပြကြသေးတာကို တွေ့မြင်ရပါတယ်။
တချို့သော သူများက မြန်မာ့ လွှတ်တော်တွင် . . .
ကျိုင်းထားခြင်းကို ဗြိတိသျှ ပါလီမန်မှ အတုယူ
လုပ်ခြင်းဖြစ်သည် ဟုပြောဆိုသည် ကိုတွေ့မြင်ဖူးပါသည်။
မဟုတ်ပါ။
ကျိုင်းထားခြင်းကို မြန်မာ့ လွှတ်တော် စတင်ပေါ်ပေါက်ခဲ့သော
ပုဂံခေတ် နရပတိစည်သူမင်းကြီး လက်ထက်မှာပင်
ကျိုင်းကို စတင်သုံးစွဲနေပြီ ဖြစ်ကြောင်း
ရွှေဘုံ နိဒါန်းလာ မင်းခမ်း မင်းနားများတွင် ဖတ်မှတ်ဖူးပါသည်။
မည်သို့ပင်ဖြစ်စေ ကျိုင်း သည်
ယဉ်ကျေးမှု အစဉ်အလာအားဖြင့် ကြီးမားသော နိုင်ငံများတွင်
အလွန်အရေးပါသော မင်းခမ်း မင်းနား အမှတ်တံဆိပ်တခု ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
#Crd, #Thein Win Oo.
#11Sep2018Winlettphyu📮📮📮📮📮
No comments:
Post a Comment