ရန္ျငိဳးေတြကိုသံသရာအထိ ယူမသြားပါနဲ႔လား
ရေဝႏြယ္ (အင္းမ)
တစ္ခါတုန္းက မိလိႏၵမင္းက အရွင္နာဂသိန္ကုိ ကုသိုလ္ အကုသိုလ္အက်ိဳးနဲ႔ပတ္သက္ျပီးေမးခြန္းေမးပါတယ္။
"အရွင္ဘုရားနာဂေသန ကုသိုလ္ျပဳသူနဲ႔ အကုသိုလ္ျပဳသူဟာ အက်ိဳးေပး တူတူပဲလား၊ ဒါမွမဟုတ္ ထူးျခားမႈ ရွိပါသလားဘုရား"
"မင္းျမတ္ ထူးျခားပါတယ္၊ ကုသုိလ္က ေကာင္းက်ိဳးကိုေပးတယ္၊ နတ္ျပည္သုဂတိကို ပို႔ေဆာင္ေပးတယ္၊ အကုသိုလ္က မေကာင္းက်ိဳးကို ေပးတယ္၊ ငရဲဒုဂၢတိကိုဆဲြခ်တယ္"
"အရွင္ဘုရား ဒါျဖင့္ ဟုတ္ပါျပီ၊ ေဒ၀ဒတ္ဟာ မဲညစ္ယုတ္မာတယ္၊ မဲညစ္ယုတ္မာတဲ့ တရားေတြနဲ႔လည္း ျပည့္စံုတယ္၊
ဘုရားအေလာင္းကေတာ့ ျဖဴစင္ ေကာင္းျမတ္တယ္။ ျဖဴစင္ေကာင္းျမတ္တဲ့ တရားေတြနဲ႔လည္း ျပည့္စံုတယ္လို႔ အရွင္ဘုရားတို႔ ဆရာေတာ္ဘုရားေတြက မၾကာခဏ ေဟာတတ္ပါတယ္။
ဒါေပမဲ့ ေဒ၀ဒတ္ဟာ ဘ၀တိုင္း ဘ၀တိုင္း စည္းစိမ္အားျဖင့္ပဲျဖစ္ျဖစ္၊ အေျခြအရံအားျဖင့္ပဲျဖစ္ျဖစ္ ဘုရားအေလာင္းနဲ႔ တူညီေနပါတယ္။ တစ္ခါတရံ တခ်ိဳ႕ဘ၀ေတြမွာဆို ဘုရားအေလာင္းထက္ေတာင္ သာလြန္ေနပါေသးတယ္။
ေဒ၀ဒတ္ရဲ့ အတိတ္ဇာတ္ေၾကာင္းေတြ ျပန္ၾကည့္တဲ့အခါ ေဒ၀ဒတ္ဟာ ဗာရာဏသီျပည္မွာ ျဗဟၼဒတ္မင္းကို ခစားရတဲ့ ပေရာဟိတ္ရဲ့သား ျဖစ္ျပီး ဘုရားအေလာင္းကေတာ့ ယုတ္ညံ့တဲ့ ဒြန္းစ႑ား အမ်ိဳးမွာ ျဖစ္ခဲ့ပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က ဘုရင္ျဖစ္ျပီး ဘုရားအေလာင္းက ဘုရင္ရဲ့ အသံုးေဆာင္ ဆင္ေျပာင္ၾကီး ျဖစ္ရပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က ေတာထဲမွာ ႏြားေပ်ာက္ရွာတဲ့ လူျဖစ္ျပီး ဘုရားအေလာင္းက ေမ်ာက္ျဖစ္ရပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က ေသာဏုတၱိဳရ္လူမုဆိုးျဖစ္ျပီး ဘုရားအေလာင္းက ဆဒၵန္ဆင္မင္း ျဖစ္ရပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က ကလာဗုမင္း ျဖစ္ျပီး ဘုရားအေလာင္းက ခႏီၲ၀ါဒီရေသ့ ျဖစ္ရပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က ေစတီတိုင္းျပည္မွာ အထက္ေကာင္းကင္ကို သြားႏိုင္တဲ့ ဘုရင္ျဖစ္ျပီး ဘုရားအေလာင္းက သာမန္ပုဏၰား ျဖစ္ရပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က အဓမၼနတ္သား ျဖစ္ျပီး ဘုရားအေလာင္းက ဓမၼနတ္သား ျဖစ္ရပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က ေယာက္်ား (၅၀၀)ကို အစိုးရတဲ့ ေလွသူၾကီးျဖစ္ျပီး ဘုရားအေလာင္းက တဖက္မွာေယာက္်ား (၅၀၀)ကို အစိုးရတဲ့ ေလွသူၾကီး ျဖစ္ရပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က လွည္း (၅၀၀)ကို အစိုးရတဲ့ လွည္းမွဴးၾကီး ျဖစ္ျပီး ဘုရားအေလာင္းက တဖက္မွာလွည္း (၅၀၀)ကို အစိုးရတဲ့ လွည္းမွဴးၾကီး ျဖစ္ရပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က သာခစစ္သူၾကီး ျဖစ္ျပီး ဘုရားအေလာင္းက နိေျဂာဓစစ္သူၾကီး ျဖစ္ရပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က ျဗဟၼဒတ္မင္းျဖစ္ျပီး ဘုရားအေလာင္းက အဲဒီမင္းရဲ့သား မဟာပဒုမမင္းသား ျဖစ္ရပါတယ္။
ဘ၀တခုမွာလည္း ေဒ၀ဒတ္က မဟာပတာပမင္းျဖစ္ျပီး ဘုရားအေလာင္းက အဲဒီမင္းရဲ့ သား ဓမၼပါလမင္းသား ျဖစ္ရပါတယ္။
ယခု ေနာက္ဆံုးဘ၀မွာလည္း ႏွစ္ဦးလံုး အမ်ိဳးျမတ္တဲ့ သာကီ၀င္ မင္းမ်ိဳးမွာ ျဖစ္ရသလို ဘုရားအေလာင္းက တရားအလံုးစံုကိုသိတဲ့ ဘုရားျဖစ္ျပီး ေဒ၀ဒတ္လည္း ရဟန္းျပဳ စ်ာန္အဘိဥာဥ္ေတြရျပီး ဘုရားကိုတုပျပိဳင္ခဲ့ပါတယ္။
အရွုင္ဘုရား တပည့္ေတာ္ ေလွ်ာက္ခ်င္တာက… ေဒ၀ဒတ္ဟာ ဘုရားအေလာင္းနဲ႔ ေတြ႔ဆံုေလသမွ် ဘ၀တိုင္း ဘ၀တိုင္း စည္းစိမ္အားျဖင့္ပဲျဖစ္ျဖစ္၊ အေျခြအရံအားျဖင့္ပဲျဖစ္ျဖစ္ ဘုရားအေလာင္းနဲ႔ တူညီေနပါတယ္။
တစ္ခါတေလ တခ်ိဳ႕ဘ၀ေတြမွာဆို ေဒ၀ဒတ္က ဘုရားအေလာင္းထက္ေတာင္ သာလြန္ ေနပါေသးတယ္။ အခု တပည့္ေတာ္ ေလွ်ာက္ထားခဲ့တာေတြဟာ မွန္ပါသလား၊ မွားပါသလား ဘုရား"
"မင္းျမတ္ သင္က ဇာတ္ေတာ္ေတြထဲက ထုတ္ျပီး ေလွ်ာက္ထားတယ္၊ သင္ေျပာခဲ့တဲ့ စကားအားလံုး မွန္ပါတယ္။ အမွားအယြင္းမရွိပါဘူး"
"အရွင္ဘုရား ဒါဆိုရင္ မဲညစ္ယုတ္ညံ့ေသာသူနဲ႔ ျဖဴစင္ေကာင္းျမတ္ေသာသူတို႔ ထပ္တူညီမွ် ျဖစ္ေနၾကရင္ ကုသိုလ္နဲ႔ အကုသိုလ္ တို႔ဟာလည္း ထပ္တူညီမွ် အက်ိဳးေပးၾကမယ္လို႔ ေျပာရေတာ့မွာေပါ့ ဘုရား"
"မင္းျမတ္၊ ကုသိုလ္၊ အကုသိုလ္တို႔ဟာ ထပ္တူညီမွ် အက်ိဳးမေပးႏိုင္ပါဘူး။ တကယ္ေတာ့ ေဒ၀ဒတ္ဟာ ေလာကမွာ ရွိရွိသမွ် လူသားအားလံုးနဲ႔ ဆန္႔က်င္ဘက္ လုပ္တာမဟုတ္ပါဘူး၊ ဘုရားအေလာင္းနဲ႔သာ ဆန္႔က်င္ဘက္လုပ္တာပါ။ ဘုရားအေလာင္းကို ဆန္႔က်င္ဘက္ လုပ္ခဲ့တဲ့အတြက္လည္း ဆန္႔က်င္ဘက္လုပ္ခဲ့တဲ့ ဘ၀ေတြမွာ မေကာင္းက်ိဳးကို ခံစားရပါတယ္။
ဒါေပမဲ့လည္း ေဒ၀ဒတ္ဟာ ဘုရင္ျဖစ္တဲ့အခါမွာ ျမိဳ႕ရြာေက်းလက္ေတြကို အကူအညီ အေစာင့္ေရွာက္ေတြ ေပးခဲ့တယ္၊ တံတားေတြ ေဆာက္ခဲ့တယ္၊ လမ္းေတြခင္းခဲ့တယ္၊
အလွဴခံမ႑ပ္ေတြလုပ္ျပီး ရဟန္း၊ ပုဏၰား၊ အထီးက်န္တဲ့သူ၊ ဆင္းရဲသား၊ ခရီးသြားသူ၊ သူေတာင္းစား စသည္ေတြကို စားစရာရိကၡာေတြ ေပးလွဴခဲ့ပါတယ္။ အဲဒီ အလွဴေတြရဲ့ ကုသိုလ္အက်ိဳးေၾကာင့္ ေဒ၀ဒတ္ဟာ ဘ၀တိုင္း ဘ၀တိုင္း စည္းစိမ္ခ်မ္းသာေတြ ခံစားရပါတယ္။
အလွဴေပးျခင္း၊ ဣေျႏၵကိုဆံုးမျခင္း ကိုယ္နဲ႔ႏႈတ္ကို ေစာင့္စည္းျခင္း၊ ဥပုသ္ေစာင့္ျခင္း မလုပ္ဘဲ အျခားတရားေတြနဲ႔ စည္းစိမ္ခ်မ္းသာေတြ ခံစားရလိမ့္မယ္လို႔ ဘယ္သူက ေျပာႏိုင္မွာလဲ၊ ေသခ်ာစဥ္းစားၾကည့္ပါ။
မင္းျမတ္၊ ေဒ၀ဒတ္နဲ႔ ဘုရားအေလာင္းဟာ ဘ၀တိုင္း အတူတကြ အစဥ္မျပတ္ ဆံုေတြ႔ခဲ့တာမဟုတ္ပါဘူး။ တကယ္ေတာ့ ေဒ၀ဒတ္နဲ႔ ဘုရားအေလာင္းတို႔ ေပါင္းစံုမိျခင္းဟာ ဘ၀တစ္ရာ၊ ဘ၀တစ္ေထာင္၊ ဘ၀တစ္သိန္း၊ ဘ၀တစ္သန္းမွာ တစ္ၾကိမ္တစ္ခါ ျဖစ္ခ်င္မွ ျဖစ္တာပါ။ ဘ၀မ်ားစြာ ေက်ာ္လြန္ျပီးမွ တစ္ခါတရံ ေတြ႔ဆံုရျခင္း သာျဖစ္ပါတယ္။
မင္းျမတ္ ဘုရားအေလာင္းက ေဒ၀ဒတ္နဲ႔သာေပါင္းစံုရတာ မဟုတ္ပါဘူး။ အရွင္သာရိပုတၱရာနဲ႔လည္း ေပါင္းစံုခဲ့ရတာပါပဲ။ အလ်ဥ္မျပတ္အျမဲစီးဆင္းေနတဲ့ေရဟာ ေကာင္းတဲ့ပစၥည္းေတြနဲ႔ေကာ၊ မေကာင္းတဲ့ပစၥည္းေတြနဲ႔ေကာ ေပါင္းစံုရပါတယ္။ ဒီအတိုင္းပါပဲ၊
သံသရာ ေရလ်ဥ္ေၾကာမွာ ေျမာပါေနရတဲ့ သူေတြ အားလံုးဟာ မခ်စ္ခင္ မႏွစ္သက္တဲ့သူေတြနဲ႔လည္း ေပါင္းစံုေတြ႔ရတတ္ပါတယ္။ ခ်စ္ခင္ႏွစ္သက္တဲ့သူေတြနဲ႔လည္း ေပါင္းစံု ေတြ႔ရတတ္ပါတယ္။
ေဒ၀ဒတ္ ငရဲ က်ရတဲ့ ဘ၀ေတြလည္း ရွိခဲ့ဖူးပါတယ္။ ေနာက္ဆံုးေတာ့ ေဒ၀ဒတ္ဟာ မျပစ္မွားသင့္တဲ့သူကို ျပစ္မွားမိလို႔ ေျမျမိဳခံရတယ္။ ဘုရားအေလာင္းကေတာ့ ဘုရားအျဖစ္ကို ေရာက္ရွိျပီး အႏုပါဒိေသသနိဗၺာန္စံ၀င္ သြားရပါတယ္"
"အရွင္ဘုရား ေက်းဇူးတင္ပါတယ္ဘုရား"
(မိလိႏၵပဥႇာျမန္မာျပန္စာမ်က္ႏွာ - ၂၁၃)
အရင္ကေတာ့ ဘုရားအေလာင္းနဲ႔ ေဒ၀ဒတ္တို႔ ဘ၀တိုင္းနီးပါး ဆံုေတြ႔ခဲ့တယ္လို႔ပဲ ထင္ခဲ့တာပါ။ ဇာတ္ေတာ္ေတြထဲမွာလည္း ေဒ၀ဒတ္က ဘုရားအေလာင္းကို တိုက္ခိုက္ တိုက္ခိုက္ ေနတဲ့ အခန္းေတြပဲ ဖတ္ ဖတ္ ေနရတာလည္းပါပါတယ္။ ဘုရားအေလာင္းနဲ႔ ေဒ၀ဒတ္တို႔ဟာ ဘ၀ ရာေထာင္ ေသာင္းသန္းမွ တစ္ခါတရံ တစ္ဘ၀ တေလသာ ဆံုရတာပါတဲ့။
ေနာက္ ေဒ၀ဒတ္ရဲ့ ထူးျခားခ်က္တစ္ခုက ေဒ၀ဒတ္ဟာ ရိွရွိသမွ်လူသားအားလံုးနဲ႔ ဆန္႔က်င္ဘက္လုပ္ခဲ့တာ မဟုတ္ဘဲ ဘုရားအေလာင္းနဲ႔သာ ဆန္႔က်င္ဘက္ လုပ္ခဲ့တာပါ။ ျမိဳ႕ရြာေန ျပည္သူလူထုအေပၚမွာေတာ့ အကူညီ အေစာင့္ေရွာက္ေတြ ေပးခဲ့သလို တံတားေဆာက္၊ လမ္းခင္း၊ အလွဴဒါနျပဳျခင္းစတဲ့ ၾကီးမားတဲ့ ကာမာ၀စရ
ကုသိုလ္ၾကီးေတြကို ျပဳခဲ့တာပါတဲ့။
ဒီကုသိုလ္ ကံေတြေၾကာင့္ပဲ ဘ၀ဘ၀ေတြမွာ ဘုရင္ျဖစ္တဲ့အခါျဖစ္၊ သူေဌးျဖစ္တဲ့အခါျဖစ္၊ လွည္းသမားတို႔ရဲ့ ေခါင္းေဆာင္ ျဖစ္တဲ့အခါျဖစ္၊ ေလွသမားတို႔ရဲ့ေခါင္းေဆာင္ျဖစ္တဲ့အခါျဖစ္နဲ႔ အထက္တန္းစား ေလာကီစည္းစိမ္ ခ်မ္းသာေတြကို ရခဲ့တာပါ။ တခ်ိဳ႕ဘ၀ေတြမွာဆို ဘုရားအေလာင္းထက္ေတာင္ သာေနတာပါ။
ဒါကို ေထာက္ျပီး ဘုရားအေလာင္းနဲ႔ မဆံုတဲ့ ဘ၀ေတြမွာလည္း ေဒ၀ဒတ္ဟာ အမ်ားအက်ိဳးျပဳ ကုသိုလ္ေကာင္းမႈေတြကို ျပဳလုပ္ေနပံုရပါတယ္။ သူ႔မွာ အတိတ္အတိတ္ဘ၀ေတြက ၾကီးမားတဲ့ ကုသိုလ္ၾကီးေတြ ရွိခဲ့တာပါ။ ေဒ၀ဒတ္ရဲ့ အတိတ္ကုသိုလ္ပါရမီေတြကို ေလ်ာ့တြက္လို႔မရတဲ့ သေဘာပါ။
ဒါေပမဲ့ ဘုရားအလာင္းကို ေတြ႔လိုက္တာနဲ႔ ဆန္႔က်င္ဘက္ လုပ္ခ်င္တဲ့ စိတ္က အလိုလိုေပၚလာျပီး ဆန္႔က်င္ ေကာက္က်စ္ေတာ့တာပါ။ က်န္တဲ့လူေတြနဲ႔ ေတြ႔တဲ့အခါ ဘာမွမျဖစ္ဘဲ ဘုရားအေလာင္းနဲ႔ ေတြ႔တဲ့အခါမွသာ ဆန္႔က်င္ ေကာက္က်စ္ခ်င္တဲ့စိတ္ေတြ ေပၚေပၚလာတာဟာ အတိတ္ဘ၀တစ္ခုရဲ့ ရန္ျငိဳးတစ္ခုေၾကာင့္ပါ၊ အားလံုးသိၾကတဲ့ ရြဲကုန္သည္ ဇာတ္ပါပဲ။
ေဒ၀ဒတ္ဟာ ေရႊခြက္မရလိုက္တာနဲ႔ ျမစ္ကမ္းစပ္မွာပဲ ေသြးအန္ျပီး ေသဆံုးသြားခဲ့ပါတယ္။ အဲဒီလို ေသြးအန္ ေသသြားခဲ့တဲ့အတြက္ ေဒ၀ဒတ္ဟာ ဘုရားအေလာင္းကို ရဲႊကုန္သည္ ဇာတ္ကစျပီး ပထမဆံုး ရန္ျငိဳးစဖဲြ႔ခဲ့တာလို႔ ဇာတ္ေတာ္က ဆိုပါတယ္။ ေဒ၀ဒတ္ရဲ့ ဘုရားအေလာင္းအေပၚ ပထမဆံုး ရန္ျငိဳးစဖဲြ႔ခဲ့တဲ့ သမိုင္း၀င္ အတိတ္၀တၳဳေလးပါပဲ။ ဘ၀တစ္ခုရဲ့ ရန္ျငိဳးဟာ ဘ၀အဆက္ဆက္ လိုက္ေတာ့တာပါ။
တကယ္လို႔မ်ား ေဒ၀ဒတ္ဟာ ခ်က္ခ်င္းမေသေသးဘဲ ႏွစ္ကာလေတြျခားျပီးမွေသမယ္၊ ဒီၾကားကာလေတြ မွာလည္း ေရႊခြက္ထက္သာတဲ့ တျခားတျခား အျမတ္အစြန္းေတြ ေလးငါးခုေလာက္ ရလိုက္မယ္ ဆိုရင္ေတာ့ ရန္ျငိဳးဖဲြ႔ခ်င္မွ ဖဲြ႔ျဖစ္ေတာ့မွာပါ။
ႏွစ္ကာလေတြ ၾကာသြားတာရယ္၊ သည့္ထက္မက အျမတ္အစြန္းပစၥည္းေတြ ရလိုက္တာရယ္ေၾကာင့္ ေရႊခြက္ကိစၥကို ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားေတာ့မွာပါ။ သတိရခ်င္မွလည္း ရေတာ့မွာပါ။ ေသခ်ိန္ နီးကပ္သြားတာရယ္၊ ေသတာကလည္း မသက္မသာ ပင္ပင္ပန္းပန္း ေသသြားရတာရယ္က ရန္ျငိဳးဖဲြ႔ရျခင္းရဲ့ အဓိကအေၾကာင္းရင္းေတြ ျဖစ္သြားပါလိမ့္မယ္။
ေသခါနီးဟာ သိပ္ေၾကာက္ဖို႔ ေကာင္းသလို ရန္ျငိဳးေတြဟာလည္း သိပ္ေၾကာက္ဖို႔ ေကာင္းတာပါ။ အထူးသျဖင့္ ေနာက္ဘ၀အထိ ပါသြားတဲ့ ရန္ျငိဳးေတြက ပိုေၾကာက္ဖို႔ေကာင္းပါတယ္။
ပုထုဇဥ္အားေလ်ာ္စြာ စိတ္ခံစားမႈကို အေျခခံျပီး ရန္ျငိဳးေတြကေတာ့ ရွိခ်င္ ရွိေနႏိုင္ပါတယ္။ ကိုယ္က ခ်က္ခ်င္း မေသေသးဘူးဆိုေတာ့ ဒီဘ၀က ရန္ျငိိဳးေတြကို ဒီဘ၀မွာပဲ ထားခဲ့တာေကာင္းပါတယ္။ ေနာက္ဘ၀အထိ သယ္မသြားဖို႔ပါ။
"ရန္ျငိဳးေတြကို သံသရာအထိ ယူမသြားဘူး။ ဒီဘ၀မွာပဲ အျပတ္ရွင္းခဲ့မယ္" ဆိုျပီး ဒီဘ၀မွာပဲ အျပီးအျပတ္ လက္စားေခ်ခဲ့ရမွာ မဟုတ္ပါဘူး။ ၾကံဳေတြ႔ခဲ့ရတဲ့ ရန္ျငိဳးေတြကို မေတြးမိေအာင္ရယ္ မေတြ႔ေအာင္ရယ္ ေရွာင္ရွားျပီး ဒါန၊ သီလ၊ ၀ိပႆနာ တရားေတြကို စြမ္းႏိုင္သမွ် ဖိလုပ္ေနဖို႔ပါ။ အခ်ိန္ကာလလည္း ၾကာသြားမယ္၊ ကုသိုလ္ေတြနဲ႔လည္း ေပ်ာ္ေနမယ္ ဆိုရင္ေတာ့ ရန္ျငိဳးေတြက ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားေတာ့မွာပါ။
တကယ္လို႔ ေတြးမိရင္လည္း သိလိုက္ သိလိုက္ျပီး ကိုယ့္စိတ္ကေလးကို ဆံုးမလိုက္ဖို႔ပါ။ အထူးသျဖင့္ ေဒ၀ဒတ္ရဲ့ရန္ျငိဳး ဘ၀အဆက္ဆက္ လိုက္တတ္ပံုေလးကို အာရံုျပဳလုိက္ဖို႔ပါ။
ေတြ႔စရာရွိတယ္ဆိုရင္လည္း မေတြ႔မိေအာင္ ေရွာင္လိုက္ဖို႔ပါ။ သူကဒီလမ္းမွာရွိေနရင္ ကိုယ္က တျခားလမ္းက ေရွာင္သြားလိုက္ဖို႔ပါ။ သူကအဲဒီေနရာမွာရွိေနရင္ ကိုယ္က အဲဒီေနရာကို မသြားလိုက္ဖို႔ပါ။ ဒါက မေတြ႔ေအာင္ေရွာင္တဲ့သေဘာပါ။
ျမတ္စြာဘုရားရွင္က အဂၢၤဳတိၱဳရ္ပါဠိေတာ္မွာ အမ်က္ေဒါသျဖစ္ပံု ပုဂၢိဳလ္ ၃ မ်ိဳးကို ေဟာျပထားပါတယ္။
၁။ ပါသာဏေလခူပမပုဂၢိဳလ္= ေဒါသျဖစ္ျပီးေနာက္ ေပ်ာက္ခဲျပီး ခိုင္ျမဲစြာ ျဖစ္ေနေသာသူ။
ေက်ာက္ဖ်ာမွာ ေရးထြင္းထားတဲ့ အေရးသားနဲ႔ တူတဲ့သူ။
၂။ ပထ၀ီေလခူပမပုဂၢိဳလ္= ေဒါသျဖစ္ျပီးေနာက္ ေပ်ာက္လြယ္ ေျပလြယ္တဲ့သူ။
ေျမၾကီးေပၚမွာ ေရးထားတဲ့ အေရးသားနဲ႔ တူတဲ့ ပုဂၢိဳလ္။
၃။ ဥဒကေလခူပမပုဂၢိဳလ္= ေဒါသမျဖစ္ေသာသူ။
ေရေပၚမွာ ေရးအပ္တဲ့ အေရးသားနဲ႔ တူတဲ့ပုဂၢိဳလ္။
ဒါကေတာ့ ပါဠိေတာ္ကေန ျမန္မာလို တိုက္ရိုက္ ျပန္လိုက္တာပါ။
ဥပမာေလးေတြကပိုရွင္းပါတယ္၊ မေက်နပ္တဲ့ေဒါသကို ေက်ာက္ေဆာင္ေက်ာက္ဖ်ာမွာ ေရးထားတဲ့သူရယ္၊ေျမၾကီးေပၚမွာ ေရးထားတဲ့သူရယ္၊ ေရေပၚမွာေရးတဲ့သူရယ္ပါ။
တခ်ိဳ႕က်ေတာ့ျဖစ္လိုက္တဲ့ မေက်နပ္မႈေဒါသက ေပ်ာက္ခဲျပီး ခိုင္ခိုင္ျမဲျမဲ အၾကာၾကီး ျဖစ္ေနတဲ့သူပါ။ ေက်ာက္ဖ်ာ ေက်ာက္ေဆာင္မွာ ေရးထြင္းထားသလို ခိုင္ျမဲေနတဲ့ ပုဂၢိဳလ္ပါ။
ဘယ္ေတာ့မွ မေပ်ာက္ေတာ့ပါဘူး။ ေဒါသျဖစ္ျပီး ေတာ္ေတာ္နဲ႔ မေပ်ာက္ဘဲ ျဖစ္ေၾကာေတြ ရွည္ေနတာပါ။ အဲဒီအခ်ိန္မွာ ေသသြားရင္ မသက္သာလွပါဘူး။
ေနာက္တစ္ေယာက္က်ေတာ့ ေဒါသျဖစ္ျပီး ေပ်ာက္လြယ္ ေျပလြယ္တဲ့သူပါ။ မေက်နပ္တဲ့ ခံစားမႈျဖစ္ျပီး ရူးကနဲ ဒိုင္းကနဲေတာ့ ျဖစ္လိုက္တာပါပဲ။ ခဏၾကာေတာ့ ေပ်ာက္သြားတာ မ်ားပါတယ္။ အၾကာၾကီး ျဖစ္မေနပါဘူး။ စိတ္လႈပ္ရွားမႈ ျမန္တဲ့ပုဂၢိဳလ္ပါ။ စိတ္လႈပ္ရွားမႈျမန္တာလည္း အားနည္းခ်က္တစ္ခုပါပဲ။
ဟုတ္လား မဟုတ္လားေတာ့ မသိပါဘူး။ ဗုဒၶဟူး သားသမီးေတြဟာ မေက်နပ္တဲ့ ကိစၥတစ္ခု ေပၚလာတာနဲ႔ ရႈးကနဲ ဒိုင္းကနဲေတာ့ ထေပါက္ကဲြတတ္ပါသတဲ့။ ေပါက္ကဲြျပီးရင္ေတာ့ ျငိမ္က် သြားပါသတဲ့။ ဒါေပမဲ့ အဲဒီ စိတ္လႈပ္ရွားေနတုန္း ဆံုးျဖစ္စရာေတြကို ဆံုးျဖတ္လိုက္ရင္ မွားတာပဲ မ်ားပါတယ္။
ေဒါသျဖစ္ျပီး ေပ်ာက္ပ်က္လြယ္တဲ့သူကို ေျမၾကီးေပၚမွာ ေရးထားတဲ့သူနဲ႔ တူတယ္လို႔ ဆိုပါတယ္။ ေျမၾကီးေပၚမွာ ေရးထားတဲ့စာဟာ ခဏေနရင္ ေပ်ာက္သြားတတ္ပါတယ္။
ေနာက္တစ္ေယာက္က်ေတာ့ ေဒါသမျဖစ္တဲ့သူပါ။ ေရထဲမွာေရးတဲ့ အေရးသားနဲ႔တူတဲ့သူပါ။ ေရထဲမွာ ၀လံုး လို႔ ေရးလိုက္ရင္ ေရွ႕ကေရး ေနာက္က ပ်က္သြားေတာ့တာပါ။
အဘိဓမၼာသေဘာအရဆိုရင္ေတာ့ အနာဂါမ္ျဖစ္မွပဲ ေဒါသကို အျပီးပယ္လို႔ရတာပါ။ ဒါေပမဲ့လည္း ဂုဏ္ေတာ္ကို အျမဲပြားထံုေနတဲ့သူ၊ ေမတၱာကို အျမဲပြားေနတဲ့သူ၊ ၀ိပႆနာကို အျမဲပြားေနတဲ့သူကေတာ့ မေက်နပ္တဲ့ အာရံုတစ္ခုေၾကာင့္ ေဒါသေတာ့ ျဖစ္လိုက္တာပါပဲ။ ဒါေပမဲ့ ခဏပါပဲ၊ ေရထဲမွာစာေရးသလို ခဏေလးနဲ႔ ေပ်ာက္သြားတာ မ်ားပါတယ္။ အဲဒီလိုလူေတြလည္း ရဟန္းထဲမွာေရာ၊ လူထဲမွာပါ အမ်ားၾကီး ေတြ႔ရပါတယ္။
ဒီအတိုင္းပါပဲ ေက်နပ္တဲ့ ကုသိုလ္တခုခုကို ျပဳေနတဲ့အခ်ိန္၊ ကုသိုလ္ျပဳျပီး ပီတိ ၀မ္းေျမာက္မႈေတြ ျဖစ္ေနတဲ့အခ်ိန္ အဲဒီအခ်ိန္မွာ မေက်နပ္စရာ တစ္ခုနဲ႔ ၾကံဳလုိက္ရေပမယ့္ စိတ္က ကုသိုလ္ ပီတိထဲမွာ ေရာက္ေနတဲ့အတြက္ ခဏပါပဲ၊ တကယ့္ ေရထဲမွာ စာေရးလိုက္သလိုပါပဲ၊ ခဏေလးပဲ ျဖစ္သြားတာပါ။
ပုဂၢိဳလ္ (၃)ေယာက္ထဲက တမ်ိဳးမ်ိဳးထဲမွာ ပါေနတာေတာ့ အေသခ်ာပါ။ ဘယ္အမ်ိဳးစားထဲမွာ ပါေနလဲ ဆိုတာေတာ့ ကိုယ္တိုင္ပဲ ဆံုးျဖစ္ရမွာပါ။ အထူးသျဖင့္ေတာ့ နံပါတ္ (၁) ပုဂၢိဳလ္ထဲမွာ မပါဖို႔ဘဲ အေရးၾကီးပါတယ္။
ေဒါသျဖစ္ျပီး မေက်နပ္တဲ့စိတ္နဲ႔ ခ်က္ခ်င္း ေသသြားတဲ့သူရယ္၊ ေဒါသျဖစ္ျပီး မေသေသးေပမယ့္ အၾကာၾကီး ျဖစ္ေၾကာရွည္ေနတဲ့သူရယ္၊ ေသတဲ့အခါမွာလည္း အဲဒီမေက်နပ္စိတ္ကေလးနဲ႔ပဲ ေသသြားတဲ့သူေတြရဲ့ ရန္ျငိဳးကေတာ့ သံသရာအထိ ပါသြားဖို႔ မ်ားပါတယ္။
သံသရာရဲ့ ေနာက္ဘ၀ေတြမွာ ဆံုေတြ႔တိုင္း ဆံုေတြ႔တိုင္း တိုက္ခိုက္ေနရင္ ႏိုင္ႏိုင္ရံႈးရံႈး အကုသိုလ္ပဲ ျဖစ္ေနေတာ့မွာပါ။ ေနာက္ဘ၀အထိ အကုသိုလ္ကို လက္မွတ္ထိုး စာခ်ဳပ္ခ်ဳပ္ျပီးယူသြားတဲ့သေဘာပါ။
ဒီဘ၀ရန္ျငိဳးကို ဒီဘ၀မွာပဲထားခဲ့တာ ေကာင္းပါတယ္။ စိ္တ္ပိုင္းဆိုင္ရာ ရုပ္ပိုင္းဆိုင္ရာေတြ ခံခဲ့ရတာေတာ့ ခံခဲ့ရတာပါပဲ။ ခ်က္ခ်င္း လြယ္လြယ္ကူကူ ေပ်ာက္ပ်က္သြားဖို႔ဆိုတာ ကေတာ့ မလြယ္လွပါဘူး။ အရံႈးထဲက အျမတ္ထြက္ေအာင္ လုပ္ရေတာ့မွာပါ။
ကိုယ္က မေက်နပ္တဲ့ စိတ္ေတြနဲ႔ ခံခဲ့ရေပမယ့္ မေသေသးဘူး ဆိုရင္ေတာ့ ကုစားစရာအျဖစ္ လမ္းေၾကာင္း အခြင့္အေရးေတြ အမ်ားၾကီးရွိေနပါေသးတယ္။
ေဒ၀ဒတ္ရဲ့ ရန္ျငိဳးကို အာရံုျပဳလုိက္ရင္ပဲ ရန္ျငိဳးရဲ့ ေကာင္းက်ိဳး ဆိုးျပစ္ေတြကို တြက္ဆလို႔ ရပါတယ္။ ဆရာၾကီး ဦးေရႊေအာင္ကေတာ့ သာသနာ့သမိုင္းမွာ ေဒ၀ဒတ္ဟာ သံေ၀ဂ ယူဖြယ္ အေကာင္းဆံုး ပုဂၢိဳလ္လို႔ ေရးျပထားပါတယ္။
မေက်နပ္တဲ့ စိတ္နဲ႔ ေသသြားရတဲ့ သူေတြထက္စာရင္ ကိုယ္က မေသေသးတဲ့အတြက္ ကိုယ့္မွာ အခြင့္ေရးေတြ အမ်ားၾကီး ရွိေနပါေသးတယ္။ ဂုဏ္ေတာ္၊ ေမတၱာ၊ ၀ိပႆနာေတြ အျမဲပြားေနမယ္၊ အမ်ားေကာင္းက်ိဳး ျဖစ္ေစမယ့္ ကုသိုလ္ေကာင္းမႈေတြ အစဥ္အျမဲ ျပဳလုပ္ေနမယ္၊ ရန္ျငိဳးေတြ ေပၚလာရင္လည္း ရန္ျငိဳးရဲ့ ေကာင္းက်ိဳး ဆိုးျပစ္ေတြကို ဆင္ျခင္လိုက္မယ္ ဆိုရင္ သံသရာထိ ပါသြားစရာ အေၾကာင္းမရွိေတာ့ပါဘူး။
ဒီအတိုင္း ေနသြားရင္ သံသရာမွာလည္း ကိုယ့္အတြက္ အထက္တန္းက်က်၊ အဆင့္တန္းျမင့္ျမင့္ ေလာကီ၊ ေလာကုတၱရာ ေကာင္းက်ိဳးေတြ ျဖစ္ေနေတာ့မွာပါ။ ဒါဆို အရံႈးထဲက အျမတ္ ထြက္သြားေတာ့ တာပါပဲ။
မေက်နပ္တဲ့စိတ္နဲ႔ တိုက္ရင္းခိုက္ရင္း ေသသြားတဲ့ သူေတြက်ေတာ့ ရန္ျငိဳးေတြက သံသရာအထိ ပါသြားဖို႔ မ်ားပါတယ္။ ဒီလိုပါပဲ တိရစာၦန္ေလးေတြ ေသြးသံတရဲရဲနဲ႔ မခ်ိမဆန္႔ ေအာ္ဟစ္ေသသြားရတဲ့အခါ ရန္ျငိဳးေတြကေတာ့ ပါခ်င္ ပါသြားႏိုင္ပါတယ္။ ထင္မထားတဲ့ သံသရာအတြက္ ရန္ျငိဳးေလးေတြပါ။
ဘာပဲေျပာေျပာေလ ရန္ျငိဳးေတြကို သံသရာအထိ ယူမသြားတာကေတာ့ အေကာင္းဆံုးပါပဲေလ။
ရေဝႏြယ္ (အင္းမ)
က်မ္းကိုး
၁။ မိလိႏၵပဥွာျမန္မာျပန္= ကမာၻေအး၊
၂။ မိလိႏၵပဥွာ၀တၳဳ= ဒါန္႔တိုင္ဆရာေတာ္၊
၃။ မိလိႏၵပဥွာ= မာဏ၀၊
၄။ မိလိႏၵပဥွာ= ဦးေသာ္ဇင္၊ စံေတာ္ခ်ိန္သတင္းစာ ၁၇-၇-၂၀၁၆။
#11Sep2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
ရန်ငြိုးတွေကိုသံသရာအထိ ယူမသွားပါနဲ့လား
ရဝေနွယ် (အင်းမ)
တစ်ခါတုန်းက မိလိန္ဒမင်းက အရှင်နာဂသိန်ကို ကုသိုလ် အကုသိုလ်အကျိုးနဲ့ပတ်သက်ပြီးမေးခွန်းမေးပါတယ်။
"အရှင်ဘုရားနာဂသေန ကုသိုလ်ပြုသူနဲ့ အကုသိုလ်ပြုသူဟာ အကျိုးပေး တူတူပဲလား၊ ဒါမှမဟုတ် ထူးခြားမှု ရှိပါသလားဘုရား"
"မင်းမြတ် ထူးခြားပါတယ်၊ ကုသိုလ်က ကောင်းကျိုးကိုပေးတယ်၊ နတ်ပြည်သုဂတိကို ပို့ဆောင်ပေးတယ်၊ အကုသိုလ်က မကောင်းကျိုးကို ပေးတယ်၊ ငရဲဒုဂ္ဂတိကိုဆွဲချတယ်"
"အရှင်ဘုရား ဒါဖြင့် ဟုတ်ပါပြီ၊ ဒေဝဒတ်ဟာ မဲညစ်ယုတ်မာတယ်၊ မဲညစ်ယုတ်မာတဲ့ တရားတွေနဲ့လည်း ပြည့်စုံတယ်၊
ဘုရားအလောင်းကတော့ ဖြူစင် ကောင်းမြတ်တယ်။ ဖြူစင်ကောင်းမြတ်တဲ့ တရားတွေနဲ့လည်း ပြည့်စုံတယ်လို့ အရှင်ဘုရားတို့ ဆရာတော်ဘုရားတွေက မကြာခဏ ဟောတတ်ပါတယ်။
ဒါပေမဲ့ ဒေဝဒတ်ဟာ ဘဝတိုင်း ဘဝတိုင်း စည်းစိမ်အားဖြင့်ပဲဖြစ်ဖြစ်၊ အခြွေအရံအားဖြင့်ပဲဖြစ်ဖြစ် ဘုရားအလောင်းနဲ့ တူညီနေပါတယ်။ တစ်ခါတရံ တချို့ဘဝတွေမှာဆို ဘုရားအလောင်းထက်တောင် သာလွန်နေပါသေးတယ်။
ဒေဝဒတ်ရဲ့ အတိတ်ဇာတ်ကြောင်းတွေ ပြန်ကြည့်တဲ့အခါ ဒေဝဒတ်ဟာ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကို ခစားရတဲ့ ပရောဟိတ်ရဲ့သား ဖြစ်ပြီး ဘုရားအလောင်းကတော့ ယုတ်ညံ့တဲ့ ဒွန်းစဏ္ဍား အမျိုးမှာ ဖြစ်ခဲ့ပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က ဘုရင်ဖြစ်ပြီး ဘုရားအလောင်းက ဘုရင်ရဲ့ အသုံးဆောင် ဆင်ပြောင်ကြီး ဖြစ်ရပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က တောထဲမှာ နွားပျောက်ရှာတဲ့ လူဖြစ်ပြီး ဘုရားအလောင်းက မျောက်ဖြစ်ရပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က သောဏုတ္တိုရ်လူမုဆိုးဖြစ်ပြီး ဘုရားအလောင်းက ဆဒ္ဒန်ဆင်မင်း ဖြစ်ရပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က ကလာဗုမင်း ဖြစ်ပြီး ဘုရားအလောင်းက ခနီ္တဝါဒီရသေ့ ဖြစ်ရပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က စေတီတိုင်းပြည်မှာ အထက်ကောင်းကင်ကို သွားနိုင်တဲ့ ဘုရင်ဖြစ်ပြီး ဘုရားအလောင်းက သာမန်ပုဏ္ဏား ဖြစ်ရပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က အဓမ္မနတ်သား ဖြစ်ပြီး ဘုရားအလောင်းက ဓမ္မနတ်သား ဖြစ်ရပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က ယောက်ျား (၅၀၀)ကို အစိုးရတဲ့ လှေသူကြီးဖြစ်ပြီး ဘုရားအလောင်းက တဖက်မှာယောက်ျား (၅၀၀)ကို အစိုးရတဲ့ လှေသူကြီး ဖြစ်ရပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က လှည်း (၅၀၀)ကို အစိုးရတဲ့ လှည်းမှူးကြီး ဖြစ်ပြီး ဘုရားအလောင်းက တဖက်မှာလှည်း (၅၀၀)ကို အစိုးရတဲ့ လှည်းမှူးကြီး ဖြစ်ရပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က သာခစစ်သူကြီး ဖြစ်ပြီး ဘုရားအလောင်းက နိဂြောဓစစ်သူကြီး ဖြစ်ရပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က ဗြဟ္မဒတ်မင်းဖြစ်ပြီး ဘုရားအလောင်းက အဲဒီမင်းရဲ့သား မဟာပဒုမမင်းသား ဖြစ်ရပါတယ်။
ဘဝတခုမှာလည်း ဒေဝဒတ်က မဟာပတာပမင်းဖြစ်ပြီး ဘုရားအလောင်းက အဲဒီမင်းရဲ့ သား ဓမ္မပါလမင်းသား ဖြစ်ရပါတယ်။
ယခု နောက်ဆုံးဘဝမှာလည်း နှစ်ဦးလုံး အမျိုးမြတ်တဲ့ သာကီဝင် မင်းမျိုးမှာ ဖြစ်ရသလို ဘုရားအလောင်းက တရားအလုံးစုံကိုသိတဲ့ ဘုရားဖြစ်ပြီး ဒေဝဒတ်လည်း ရဟန်းပြု ဈာန်အဘိဉာဉ်တွေရပြီး ဘုရားကိုတုပပြိုင်ခဲ့ပါတယ်။
အရှုင်ဘုရား တပည့်တော် လျှောက်ချင်တာက… ဒေဝဒတ်ဟာ ဘုရားအလောင်းနဲ့ တွေ့ဆုံလေသမျှ ဘဝတိုင်း ဘဝတိုင်း စည်းစိမ်အားဖြင့်ပဲဖြစ်ဖြစ်၊ အခြွေအရံအားဖြင့်ပဲဖြစ်ဖြစ် ဘုရားအလောင်းနဲ့ တူညီနေပါတယ်။
တစ်ခါတလေ တချို့ဘဝတွေမှာဆို ဒေဝဒတ်က ဘုရားအလောင်းထက်တောင် သာလွန် နေပါသေးတယ်။ အခု တပည့်တော် လျှောက်ထားခဲ့တာတွေဟာ မှန်ပါသလား၊ မှားပါသလား ဘုရား"
"မင်းမြတ် သင်က ဇာတ်တော်တွေထဲက ထုတ်ပြီး လျှောက်ထားတယ်၊ သင်ပြောခဲ့တဲ့ စကားအားလုံး မှန်ပါတယ်။ အမှားအယွင်းမရှိပါဘူး"
"အရှင်ဘုရား ဒါဆိုရင် မဲညစ်ယုတ်ညံ့သောသူနဲ့ ဖြူစင်ကောင်းမြတ်သောသူတို့ ထပ်တူညီမျှ ဖြစ်နေကြရင် ကုသိုလ်နဲ့ အကုသိုလ် တို့ဟာလည်း ထပ်တူညီမျှ အကျိုးပေးကြမယ်လို့ ပြောရတော့မှာပေါ့ ဘုရား"
"မင်းမြတ်၊ ကုသိုလ်၊ အကုသိုလ်တို့ဟာ ထပ်တူညီမျှ အကျိုးမပေးနိုင်ပါဘူး။ တကယ်တော့ ဒေဝဒတ်ဟာ လောကမှာ ရှိရှိသမျှ လူသားအားလုံးနဲ့ ဆန့်ကျင်ဘက် လုပ်တာမဟုတ်ပါဘူး၊ ဘုရားအလောင်းနဲ့သာ ဆန့်ကျင်ဘက်လုပ်တာပါ။ ဘုရားအလောင်းကို ဆန့်ကျင်ဘက် လုပ်ခဲ့တဲ့အတွက်လည်း ဆန့်ကျင်ဘက်လုပ်ခဲ့တဲ့ ဘဝတွေမှာ မကောင်းကျိုးကို ခံစားရပါတယ်။
ဒါပေမဲ့လည်း ဒေဝဒတ်ဟာ ဘုရင်ဖြစ်တဲ့အခါမှာ မြို့ရွာကျေးလက်တွေကို အကူအညီ အစောင့်ရှောက်တွေ ပေးခဲ့တယ်၊ တံတားတွေ ဆောက်ခဲ့တယ်၊ လမ်းတွေခင်းခဲ့တယ်၊
အလှူခံမဏ္ဍပ်တွေလုပ်ပြီး ရဟန်း၊ ပုဏ္ဏား၊ အထီးကျန်တဲ့သူ၊ ဆင်းရဲသား၊ ခရီးသွားသူ၊ သူတောင်းစား စသည်တွေကို စားစရာရိက္ခာတွေ ပေးလှူခဲ့ပါတယ်။ အဲဒီ အလှူတွေရဲ့ ကုသိုလ်အကျိုးကြောင့် ဒေဝဒတ်ဟာ ဘဝတိုင်း ဘဝတိုင်း စည်းစိမ်ချမ်းသာတွေ ခံစားရပါတယ်။
အလှူပေးခြင်း၊ ဣနြေ္ဒကိုဆုံးမခြင်း ကိုယ်နဲ့နှုတ်ကို စောင့်စည်းခြင်း၊ ဥပုသ်စောင့်ခြင်း မလုပ်ဘဲ အခြားတရားတွေနဲ့ စည်းစိမ်ချမ်းသာတွေ ခံစားရလိမ့်မယ်လို့ ဘယ်သူက ပြောနိုင်မှာလဲ၊ သေချာစဉ်းစားကြည့်ပါ။
မင်းမြတ်၊ ဒေဝဒတ်နဲ့ ဘုရားအလောင်းဟာ ဘဝတိုင်း အတူတကွ အစဉ်မပြတ် ဆုံတွေ့ခဲ့တာမဟုတ်ပါဘူး။ တကယ်တော့ ဒေဝဒတ်နဲ့ ဘုရားအလောင်းတို့ ပေါင်းစုံမိခြင်းဟာ ဘဝတစ်ရာ၊ ဘဝတစ်ထောင်၊ ဘဝတစ်သိန်း၊ ဘဝတစ်သန်းမှာ တစ်ကြိမ်တစ်ခါ ဖြစ်ချင်မှ ဖြစ်တာပါ။ ဘဝများစွာ ကျော်လွန်ပြီးမှ တစ်ခါတရံ တွေ့ဆုံရခြင်း သာဖြစ်ပါတယ်။
မင်းမြတ် ဘုရားအလောင်းက ဒေဝဒတ်နဲ့သာပေါင်းစုံရတာ မဟုတ်ပါဘူး။ အရှင်သာရိပုတ္တရာနဲ့လည်း ပေါင်းစုံခဲ့ရတာပါပဲ။ အလျဉ်မပြတ်အမြဲစီးဆင်းနေတဲ့ရေဟာ ကောင်းတဲ့ပစ္စည်းတွေနဲ့ကော၊ မကောင်းတဲ့ပစ္စည်းတွေနဲ့ကော ပေါင်းစုံရပါတယ်။ ဒီအတိုင်းပါပဲ၊
သံသရာ ရေလျဉ်ကြောမှာ မြောပါနေရတဲ့ သူတွေ အားလုံးဟာ မချစ်ခင် မနှစ်သက်တဲ့သူတွေနဲ့လည်း ပေါင်းစုံတွေ့ရတတ်ပါတယ်။ ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့လည်း ပေါင်းစုံ တွေ့ရတတ်ပါတယ်။
ဒေဝဒတ် ငရဲ ကျရတဲ့ ဘဝတွေလည်း ရှိခဲ့ဖူးပါတယ်။ နောက်ဆုံးတော့ ဒေဝဒတ်ဟာ မပြစ်မှားသင့်တဲ့သူကို ပြစ်မှားမိလို့ မြေမြိုခံရတယ်။ ဘုရားအလောင်းကတော့ ဘုရားအဖြစ်ကို ရောက်ရှိပြီး အနုပါဒိသေသနိဗ္ဗာန်စံဝင် သွားရပါတယ်"
"အရှင်ဘုရား ကျေးဇူးတင်ပါတယ်ဘုရား"
(မိလိန္ဒပဥှာမြန်မာပြန်စာမျက်နှာ - ၂၁၃)
အရင်ကတော့ ဘုရားအလောင်းနဲ့ ဒေဝဒတ်တို့ ဘဝတိုင်းနီးပါး ဆုံတွေ့ခဲ့တယ်လို့ပဲ ထင်ခဲ့တာပါ။ ဇာတ်တော်တွေထဲမှာလည်း ဒေဝဒတ်က ဘုရားအလောင်းကို တိုက်ခိုက် တိုက်ခိုက် နေတဲ့ အခန်းတွေပဲ ဖတ် ဖတ် နေရတာလည်းပါပါတယ်။ ဘုရားအလောင်းနဲ့ ဒေဝဒတ်တို့ဟာ ဘ၀ ရာထောင် သောင်းသန်းမှ တစ်ခါတရံ တစ်ဘ၀ တလေသာ ဆုံရတာပါတဲ့။
နောက် ဒေဝဒတ်ရဲ့ ထူးခြားချက်တစ်ခုက ဒေဝဒတ်ဟာ ရှိရှိသမျှလူသားအားလုံးနဲ့ ဆန့်ကျင်ဘက်လုပ်ခဲ့တာ မဟုတ်ဘဲ ဘုရားအလောင်းနဲ့သာ ဆန့်ကျင်ဘက် လုပ်ခဲ့တာပါ။ မြို့ရွာနေ ပြည်သူလူထုအပေါ်မှာတော့ အကူညီ အစောင့်ရှောက်တွေ ပေးခဲ့သလို တံတားဆောက်၊ လမ်းခင်း၊ အလှူဒါနပြုခြင်းစတဲ့ ကြီးမားတဲ့ ကာမာဝစရ
ကုသိုလ်ကြီးတွေကို ပြုခဲ့တာပါတဲ့။
ဒီကုသိုလ် ကံတွေကြောင့်ပဲ ဘဝဘ၀တွေမှာ ဘုရင်ဖြစ်တဲ့အခါဖြစ်၊ သူဌေးဖြစ်တဲ့အခါဖြစ်၊ လှည်းသမားတို့ရဲ့ ခေါင်းဆောင် ဖြစ်တဲ့အခါဖြစ်၊ လှေသမားတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အခါဖြစ်နဲ့ အထက်တန်းစား လောကီစည်းစိမ် ချမ်းသာတွေကို ရခဲ့တာပါ။ တချို့ဘဝတွေမှာဆို ဘုရားအလောင်းထက်တောင် သာနေတာပါ။
ဒါကို ထောက်ပြီး ဘုရားအလောင်းနဲ့ မဆုံတဲ့ ဘဝတွေမှာလည်း ဒေဝဒတ်ဟာ အများအကျိုးပြု ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်နေပုံရပါတယ်။ သူ့မှာ အတိတ်အတိတ်ဘဝတွေက ကြီးမားတဲ့ ကုသိုလ်ကြီးတွေ ရှိခဲ့တာပါ။ ဒေဝဒတ်ရဲ့ အတိတ်ကုသိုလ်ပါရမီတွေကို လျော့တွက်လို့မရတဲ့ သဘောပါ။
ဒါပေမဲ့ ဘုရားအလာင်းကို တွေ့လိုက်တာနဲ့ ဆန့်ကျင်ဘက် လုပ်ချင်တဲ့ စိတ်က အလိုလိုပေါ်လာပြီး ဆန့်ကျင် ကောက်ကျစ်တော့တာပါ။ ကျန်တဲ့လူတွေနဲ့ တွေ့တဲ့အခါ ဘာမှမဖြစ်ဘဲ ဘုရားအလောင်းနဲ့ တွေ့တဲ့အခါမှသာ ဆန့်ကျင် ကောက်ကျစ်ချင်တဲ့စိတ်တွေ ပေါ်ပေါ်လာတာဟာ အတိတ်ဘဝတစ်ခုရဲ့ ရန်ငြိုးတစ်ခုကြောင့်ပါ၊ အားလုံးသိကြတဲ့ ရွဲကုန်သည် ဇာတ်ပါပဲ။
ဒေဝဒတ်ဟာ ရွှေခွက်မရလိုက်တာနဲ့ မြစ်ကမ်းစပ်မှာပဲ သွေးအန်ပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီလို သွေးအန် သေသွားခဲ့တဲ့အတွက် ဒေဝဒတ်ဟာ ဘုရားအလောင်းကို ရွဲှကုန်သည် ဇာတ်ကစပြီး ပထမဆုံး ရန်ငြိုးစဖွဲ့ခဲ့တာလို့ ဇာတ်တော်က ဆိုပါတယ်။ ဒေဝဒတ်ရဲ့ ဘုရားအလောင်းအပေါ် ပထမဆုံး ရန်ငြိုးစဖွဲ့ခဲ့တဲ့ သမိုင်းဝင် အတိတ်ဝတ္ထုလေးပါပဲ။ ဘဝတစ်ခုရဲ့ ရန်ငြိုးဟာ ဘဝအဆက်ဆက် လိုက်တော့တာပါ။
တကယ်လို့များ ဒေဝဒတ်ဟာ ချက်ချင်းမသေသေးဘဲ နှစ်ကာလတွေခြားပြီးမှသေမယ်၊ ဒီကြားကာလတွေ မှာလည်း ရွှေခွက်ထက်သာတဲ့ တခြားတခြား အမြတ်အစွန်းတွေ လေးငါးခုလောက် ရလိုက်မယ် ဆိုရင်တော့ ရန်ငြိုးဖွဲ့ချင်မှ ဖွဲ့ဖြစ်တော့မှာပါ။
နှစ်ကာလတွေ ကြာသွားတာရယ်၊ သည့်ထက်မက အမြတ်အစွန်းပစ္စည်းတွေ ရလိုက်တာရယ်ကြောင့် ရွှေခွက်ကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့မှာပါ။ သတိရချင်မှလည်း ရတော့မှာပါ။ သေချိန် နီးကပ်သွားတာရယ်၊ သေတာကလည်း မသက်မသာ ပင်ပင်ပန်းပန်း သေသွားရတာရယ်က ရန်ငြိုးဖွဲ့ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်သွားပါလိမ့်မယ်။
သေခါနီးဟာ သိပ်ကြောက်ဖို့ ကောင်းသလို ရန်ငြိုးတွေဟာလည်း သိပ်ကြောက်ဖို့ ကောင်းတာပါ။ အထူးသဖြင့် နောက်ဘဝအထိ ပါသွားတဲ့ ရန်ငြိုးတွေက ပိုကြောက်ဖို့ကောင်းပါတယ်။
ပုထုဇဉ်အားလျော်စွာ စိတ်ခံစားမှုကို အခြေခံပြီး ရန်ငြိုးတွေကတော့ ရှိချင် ရှိနေနိုင်ပါတယ်။ ကိုယ်က ချက်ချင်း မသေသေးဘူးဆိုတော့ ဒီဘဝက ရန်ငြိုးတွေကို ဒီဘဝမှာပဲ ထားခဲ့တာကောင်းပါတယ်။ နောက်ဘဝအထိ သယ်မသွားဖို့ပါ။
"ရန်ငြိုးတွေကို သံသရာအထိ ယူမသွားဘူး။ ဒီဘဝမှာပဲ အပြတ်ရှင်းခဲ့မယ်" ဆိုပြီး ဒီဘဝမှာပဲ အပြီးအပြတ် လက်စားချေခဲ့ရမှာ မဟုတ်ပါဘူး။ ကြုံတွေ့ခဲ့ရတဲ့ ရန်ငြိုးတွေကို မတွေးမိအောင်ရယ် မတွေ့အောင်ရယ် ရှောင်ရှားပြီး ဒါန၊ သီလ၊ ဝိပဿနာ တရားတွေကို စွမ်းနိုင်သမျှ ဖိလုပ်နေဖို့ပါ။ အချိန်ကာလလည်း ကြာသွားမယ်၊ ကုသိုလ်တွေနဲ့လည်း ပျော်နေမယ် ဆိုရင်တော့ ရန်ငြိုးတွေက မေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့မှာပါ။
တကယ်လို့ တွေးမိရင်လည်း သိလိုက် သိလိုက်ပြီး ကိုယ့်စိတ်ကလေးကို ဆုံးမလိုက်ဖို့ပါ။ အထူးသဖြင့် ဒေဝဒတ်ရဲ့ရန်ငြိုး ဘဝအဆက်ဆက် လိုက်တတ်ပုံလေးကို အာရုံပြုလိုက်ဖို့ပါ။
တွေ့စရာရှိတယ်ဆိုရင်လည်း မတွေ့မိအောင် ရှောင်လိုက်ဖို့ပါ။ သူကဒီလမ်းမှာရှိနေရင် ကိုယ်က တခြားလမ်းက ရှောင်သွားလိုက်ဖို့ပါ။ သူကအဲဒီနေရာမှာရှိနေရင် ကိုယ်က အဲဒီနေရာကို မသွားလိုက်ဖို့ပါ။ ဒါက မတွေ့အောင်ရှောင်တဲ့သဘောပါ။
မြတ်စွာဘုရားရှင်က အဂ္င်္ဂုတိ္တုရ်ပါဠိတော်မှာ အမျက်ဒေါသဖြစ်ပုံ ပုဂ္ဂိုလ် ၃ မျိုးကို ဟောပြထားပါတယ်။
၁။ ပါသာဏလေခူပမပုဂ္ဂိုလ်= ဒေါသဖြစ်ပြီးနောက် ပျောက်ခဲပြီး ခိုင်မြဲစွာ ဖြစ်နေသောသူ။
ကျောက်ဖျာမှာ ရေးထွင်းထားတဲ့ အရေးသားနဲ့ တူတဲ့သူ။
၂။ ပထဝီလေခူပမပုဂ္ဂိုလ်= ဒေါသဖြစ်ပြီးနောက် ပျောက်လွယ် ပြေလွယ်တဲ့သူ။
မြေကြီးပေါ်မှာ ရေးထားတဲ့ အရေးသားနဲ့ တူတဲ့ ပုဂ္ဂိုလ်။
၃။ ဥဒကလေခူပမပုဂ္ဂိုလ်= ဒေါသမဖြစ်သောသူ။
ရေပေါ်မှာ ရေးအပ်တဲ့ အရေးသားနဲ့ တူတဲ့ပုဂ္ဂိုလ်။
ဒါကတော့ ပါဠိတော်ကနေ မြန်မာလို တိုက်ရိုက် ပြန်လိုက်တာပါ။
ဥပမာလေးတွေကပိုရှင်းပါတယ်၊ မကျေနပ်တဲ့ဒေါသကို ကျောက်ဆောင်ကျောက်ဖျာမှာ ရေးထားတဲ့သူရယ်၊မြေကြီးပေါ်မှာ ရေးထားတဲ့သူရယ်၊ ရေပေါ်မှာရေးတဲ့သူရယ်ပါ။
တချို့ကျတော့ဖြစ်လိုက်တဲ့ မကျေနပ်မှုဒေါသက ပျောက်ခဲပြီး ခိုင်ခိုင်မြဲမြဲ အကြာကြီး ဖြစ်နေတဲ့သူပါ။ ကျောက်ဖျာ ကျောက်ဆောင်မှာ ရေးထွင်းထားသလို ခိုင်မြဲနေတဲ့ ပုဂ္ဂိုလ်ပါ။
ဘယ်တော့မှ မပျောက်တော့ပါဘူး။ ဒေါသဖြစ်ပြီး တော်တော်နဲ့ မပျောက်ဘဲ ဖြစ်ကြောတွေ ရှည်နေတာပါ။ အဲဒီအချိန်မှာ သေသွားရင် မသက်သာလှပါဘူး။
နောက်တစ်ယောက်ကျတော့ ဒေါသဖြစ်ပြီး ပျောက်လွယ် ပြေလွယ်တဲ့သူပါ။ မကျေနပ်တဲ့ ခံစားမှုဖြစ်ပြီး ရူးကနဲ ဒိုင်းကနဲတော့ ဖြစ်လိုက်တာပါပဲ။ ခဏကြာတော့ ပျောက်သွားတာ များပါတယ်။ အကြာကြီး ဖြစ်မနေပါဘူး။ စိတ်လှုပ်ရှားမှု မြန်တဲ့ပုဂ္ဂိုလ်ပါ။ စိတ်လှုပ်ရှားမှုမြန်တာလည်း အားနည်းချက်တစ်ခုပါပဲ။
ဟုတ်လား မဟုတ်လားတော့ မသိပါဘူး။ ဗုဒ္ဓဟူး သားသမီးတွေဟာ မကျေနပ်တဲ့ ကိစ္စတစ်ခု ပေါ်လာတာနဲ့ ရှုးကနဲ ဒိုင်းကနဲတော့ ထပေါက်ကွဲတတ်ပါသတဲ့။ ပေါက်ကွဲပြီးရင်တော့ ငြိမ်ကျ သွားပါသတဲ့။ ဒါပေမဲ့ အဲဒီ စိတ်လှုပ်ရှားနေတုန်း ဆုံးဖြစ်စရာတွေကို ဆုံးဖြတ်လိုက်ရင် မှားတာပဲ များပါတယ်။
ဒေါသဖြစ်ပြီး ပျောက်ပျက်လွယ်တဲ့သူကို မြေကြီးပေါ်မှာ ရေးထားတဲ့သူနဲ့ တူတယ်လို့ ဆိုပါတယ်။ မြေကြီးပေါ်မှာ ရေးထားတဲ့စာဟာ ခဏနေရင် ပျောက်သွားတတ်ပါတယ်။
နောက်တစ်ယောက်ကျတော့ ဒေါသမဖြစ်တဲ့သူပါ။ ရေထဲမှာရေးတဲ့ အရေးသားနဲ့တူတဲ့သူပါ။ ရေထဲမှာ ဝလုံး လို့ ရေးလိုက်ရင် ရှေ့ကရေး နောက်က ပျက်သွားတော့တာပါ။
အဘိဓမ္မာသဘောအရဆိုရင်တော့ အနာဂါမ်ဖြစ်မှပဲ ဒေါသကို အပြီးပယ်လို့ရတာပါ။ ဒါပေမဲ့လည်း ဂုဏ်တော်ကို အမြဲပွားထုံနေတဲ့သူ၊ မေတ္တာကို အမြဲပွားနေတဲ့သူ၊ ဝိပဿနာကို အမြဲပွားနေတဲ့သူကတော့ မကျေနပ်တဲ့ အာရုံတစ်ခုကြောင့် ဒေါသတော့ ဖြစ်လိုက်တာပါပဲ။ ဒါပေမဲ့ ခဏပါပဲ၊ ရေထဲမှာစာရေးသလို ခဏလေးနဲ့ ပျောက်သွားတာ များပါတယ်။ အဲဒီလိုလူတွေလည်း ရဟန်းထဲမှာရော၊ လူထဲမှာပါ အများကြီး တွေ့ရပါတယ်။
ဒီအတိုင်းပါပဲ ကျေနပ်တဲ့ ကုသိုလ်တခုခုကို ပြုနေတဲ့အချိန်၊ ကုသိုလ်ပြုပြီး ပီတိ ဝမ်းမြောက်မှုတွေ ဖြစ်နေတဲ့အချိန် အဲဒီအချိန်မှာ မကျေနပ်စရာ တစ်ခုနဲ့ ကြုံလိုက်ရပေမယ့် စိတ်က ကုသိုလ် ပီတိထဲမှာ ရောက်နေတဲ့အတွက် ခဏပါပဲ၊ တကယ့် ရေထဲမှာ စာရေးလိုက်သလိုပါပဲ၊ ခဏလေးပဲ ဖြစ်သွားတာပါ။
ပုဂ္ဂိုလ် (၃)ယောက်ထဲက တမျိုးမျိုးထဲမှာ ပါနေတာတော့ အသေချာပါ။ ဘယ်အမျိုးစားထဲမှာ ပါနေလဲ ဆိုတာတော့ ကိုယ်တိုင်ပဲ ဆုံးဖြစ်ရမှာပါ။ အထူးသဖြင့်တော့ နံပါတ် (၁) ပုဂ္ဂိုလ်ထဲမှာ မပါဖို့ဘဲ အရေးကြီးပါတယ်။
ဒေါသဖြစ်ပြီး မကျေနပ်တဲ့စိတ်နဲ့ ချက်ချင်း သေသွားတဲ့သူရယ်၊ ဒေါသဖြစ်ပြီး မသေသေးပေမယ့် အကြာကြီး ဖြစ်ကြောရှည်နေတဲ့သူရယ်၊ သေတဲ့အခါမှာလည်း အဲဒီမကျေနပ်စိတ်ကလေးနဲ့ပဲ သေသွားတဲ့သူတွေရဲ့ ရန်ငြိုးကတော့ သံသရာအထိ ပါသွားဖို့ များပါတယ်။
သံသရာရဲ့ နောက်ဘဝတွေမှာ ဆုံတွေ့တိုင်း ဆုံတွေ့တိုင်း တိုက်ခိုက်နေရင် နိုင်နိုင်ရှုံးရှုံး အကုသိုလ်ပဲ ဖြစ်နေတော့မှာပါ။ နောက်ဘဝအထိ အကုသိုလ်ကို လက်မှတ်ထိုး စာချုပ်ချုပ်ပြီးယူသွားတဲ့သဘောပါ။
ဒီဘဝရန်ငြိုးကို ဒီဘဝမှာပဲထားခဲ့တာ ကောင်းပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေ ခံခဲ့ရတာတော့ ခံခဲ့ရတာပါပဲ။ ချက်ချင်း လွယ်လွယ်ကူကူ ပျောက်ပျက်သွားဖို့ဆိုတာ ကတော့ မလွယ်လှပါဘူး။ အရှုံးထဲက အမြတ်ထွက်အောင် လုပ်ရတော့မှာပါ။
ကိုယ်က မကျေနပ်တဲ့ စိတ်တွေနဲ့ ခံခဲ့ရပေမယ့် မသေသေးဘူး ဆိုရင်တော့ ကုစားစရာအဖြစ် လမ်းကြောင်း အခွင့်အရေးတွေ အများကြီးရှိနေပါသေးတယ်။
ဒေဝဒတ်ရဲ့ ရန်ငြိုးကို အာရုံပြုလိုက်ရင်ပဲ ရန်ငြိုးရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို တွက်ဆလို့ ရပါတယ်။ ဆရာကြီး ဦးရွှေအောင်ကတော့ သာသနာ့သမိုင်းမှာ ဒေဝဒတ်ဟာ သံဝေဂ ယူဖွယ် အကောင်းဆုံး ပုဂ္ဂိုလ်လို့ ရေးပြထားပါတယ်။
မကျေနပ်တဲ့ စိတ်နဲ့ သေသွားရတဲ့ သူတွေထက်စာရင် ကိုယ်က မသေသေးတဲ့အတွက် ကိုယ့်မှာ အခွင့်ရေးတွေ အများကြီး ရှိနေပါသေးတယ်။ ဂုဏ်တော်၊ မေတ္တာ၊ ဝိပဿနာတွေ အမြဲပွားနေမယ်၊ အများကောင်းကျိုး ဖြစ်စေမယ့် ကုသိုလ်ကောင်းမှုတွေ အစဉ်အမြဲ ပြုလုပ်နေမယ်၊ ရန်ငြိုးတွေ ပေါ်လာရင်လည်း ရန်ငြိုးရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ဆင်ခြင်လိုက်မယ် ဆိုရင် သံသရာထိ ပါသွားစရာ အကြောင်းမရှိတော့ပါဘူး။
ဒီအတိုင်း နေသွားရင် သံသရာမှာလည်း ကိုယ့်အတွက် အထက်တန်းကျကျ၊ အဆင့်တန်းမြင့်မြင့် လောကီ၊ လောကုတ္တရာ ကောင်းကျိုးတွေ ဖြစ်နေတော့မှာပါ။ ဒါဆို အရှုံးထဲက အမြတ် ထွက်သွားတော့ တာပါပဲ။
မကျေနပ်တဲ့စိတ်နဲ့ တိုက်ရင်းခိုက်ရင်း သေသွားတဲ့ သူတွေကျတော့ ရန်ငြိုးတွေက သံသရာအထိ ပါသွားဖို့ များပါတယ်။ ဒီလိုပါပဲ တိရစ္ဆာန်လေးတွေ သွေးသံတရဲရဲနဲ့ မချိမဆန့် အော်ဟစ်သေသွားရတဲ့အခါ ရန်ငြိုးတွေကတော့ ပါချင် ပါသွားနိုင်ပါတယ်။ ထင်မထားတဲ့ သံသရာအတွက် ရန်ငြိုးလေးတွေပါ။
ဘာပဲပြောပြောလေ ရန်ငြိုးတွေကို သံသရာအထိ ယူမသွားတာကတော့ အကောင်းဆုံးပါပဲလေ။
ရဝေနွယ် (အင်းမ)
ကျမ်းကိုး
၁။ မိလိန္ဒပဥှာမြန်မာပြန်= ကမ္ဘာအေး၊
၂။ မိလိန္ဒပဥှာဝတ္ထု= ဒါန့်တိုင်ဆရာတော်၊
၃။ မိလိန္ဒပဥှာ= မာဏဝ၊
၄။ မိလိန္ဒပဥှာ= ဦးသော်ဇင် စံတော်ချိန်သတင်းစာ ၁၇-၇-၂၀၁၆။
#11Sep2018WLP📚📚📚📚📚
No comments:
Post a Comment