Wednesday, 12 September 2018

လူ၂ေယာက္ နဲ႔ သရဲတေကာင္

#လူ၂ေယာက္နဲ႔သရဲတေကာင္
💩💩💩💩💩💩💩💩

တခါက လူႏွစ္ေယာက္ရွိတယ္။

တေယာက္က မ်က္စိမျမင္တဲ့သူ။
ဒါေပမယ့္ ဉာဏ္ေတာ့ရွိတယ္။
သူ ့နာမည္က ဖိုးဉာဏ္ တဲ့၊

ေနာက္တေယာက္ေတာ့
ဗလေကာင္းေကာင္းနဲ႔ လူပဲ။
ဆိုးတာက သူကဉာဏ္​ေတာ့မရွိဘူး။
အဲ့ သူသိတာတခုေတာ့ ရွိတယ္အဲ့ဒါ ဖိုးဉာဏ္ကို ဆရာတင္ရမယ္ ဆိုတာပဲ။
သူ ့နာမည္ ဗလတဲ့။

သူတို႔က အတြဲေတာ့ညီသား။
ဗလ က ဖိုးဉာဏ္ ကို ကုန္းပိုးၿပီးသြားတတ္သလို
ဖိုးဉာဏ္ က​ေတာ့ ဗလ ေျပာတာနားေထာင္ၿပီး ဆံုးျဖတ္ေပး တတ္တယ္။

တခါက သူတို ညပိုင္းႀကီးျပန္လာတာ ဗလ က …
“ေဟ့့ေကာင္ ဖိုးဉာဏ္
ငါတို႔ဆီကို ခပ္လင္းလင္းဟာ ႀကီးႏွစ္ခု ေျပး၀င္လာတယ္”

ဖိုးဉာဏ္ ကစဥ္းစားၿပီး
“ဘယ္လိုဟာလဲ ဟ”

“ခပ္လင္းလင္းနဲ႔ အသံေတြလဲ ထြက္ေနတယ္ 
ႏွာမူတ္သံႀကီးနဲ႔ ငါတို႔နဲ႔ေတာင္ အေတာ္နီးလာၿပီ”                                       
“လင္းလဲ လင္းတယ္"

အသံလဲထြက္ေနတယ္ ဟုတ္လား”    
                                                      
“ေအး ငါတို႔နဲ႔ေတာင္ သိပ္မကြာေတာ့ဘူး”    

“ဘယ္လိုအသံလဲကြ”                                             

  “တ တီတီတပြမ္ပြမ္နဲ႔ ကြ”                                 

  “ဟာ …. မင္း အဘ … အဲ့ဒါ… ကားဟ… ေရွာင္ေရွာင္…”      
                      
အေသအလဲေရွာင္လို႔ မတိုက္မိေပမယ့္
ႏွစ္ေယာက္လံုး လမ္းေဘးကို ဒိုင္ဗင္ပစ္လိုက္ရလို႔ အကြဲကြဲ အျပဲျပဲပဲ။
အဲ့လိုႏွစ္ ေယာက္ပါ။

ဒါေပမယ္အေပးအယူေတာ့ ​ေျဖာင္လို႔။
အဲ့လိုနဲ႔ တေန႔ညတညမွာ သူတို႔ အိမ္အျပန္မွာ
အပင္ႀကီးတပင္ႀကီး ေအာက္ ကျဖတ္ျပန္ရတယ္။

အဲ့အပင္မွာ ညဂ်ဴတီက်တဲ့ သရဲတေကာင္ ေရာက္ေနတယ္။
သူ႔တာ၀န္က ဒီညမွာ ဒီအပင္ေအာက္ကိုျဖတ္တဲ့ လူႏွစ္ ေယာက္ကို
ေျခာက္ရမွာ။

တခါတည္း ႏွစ္ေယာက္ကိုေတြ႔ေတာ့
ပိုင္ၿပီေပါ ့
ပိုတဲ့အခ်ိန္ကို ဘီယာဆိုင္ထိုင္မယ္၊
မာဆတ္ သြားမယ္ေပါ့။

ဒါေၾကာင့္ ၀ုန္းထခနဲခုန္ခ်ၿပီး
သူရဲ႕ ​ေၾကာက္စရာေကာင္းတဲ့ လက္ေတြကို ဆန္႔ထုတ္လိုက္တယ္။
ဗလ က သူေရွ႕ေရာက္လာတဲ့ သရဲကို ေသခ်ာ ၾကည့္ၿပီး …      
      
🐱“ဖိုးဉာဏ္ေရ ငါတို႔ေရွ႕ကို အျဖဴေရာင္အ၀တ္နဲ႔
လူတေယာက္ ေျခကားယား လက္ကားယား လုပ္ေနတယ္”         
               
🐲“ေဟ …. ေမာ္ေတာ္ပီကယ္ေနမွာပါကြာ  သူတို႔ဖလားႀကီးေတာင္ ပါဦးမယ္ ”

🐱“အျဖဴေရာင္အ၀တ္က အစုတ္စုတ္အျပတ္ျပတ္နဲ႔ကြ”

🐲“ေအာ္ ၀န္ထမ္းေနမွာေပါ့”                                   

🐱“ မ်က္လံုးျပဴးႀကီးနဲ႔ ဟ ”        
    
🐲 “ေ၀ဖန္ေရးဆရာ ေနမွာဟ”       
             
🐱“လွ်ာကလဲ တေတာင္ ေလာက္ထြက္ေနတယ္”

🐲“က်ဴရွင္ဆရာေနမွာ”        
       
သူတို႔ေျပာေနတာေတြ ၾကားၿပီး ၾကာေတာ့ သရဲလဲစိတ္က မရွည္ေတာ့ဘူး။

🐙“ဟိတ္လူေတြေၾကာက္ၾကေလဗ်ာ
က်ဳပ္က တေစၱ ခင္ဗ်ားတို႔ေတြ ကိုေျခာက္ေနတာ”  

🐱“ဖိိုးဉာဏ္ေရ ငါတို႔ကို သူက တေစၧေျခာက္ေနတာတဲ့”                           

🐲 “အာ သူက သရဲဆိုတိုင္း ယံုလို႔မရဘူးကြ ဒီေခတ္ႀကီးကအလိမ္အညာေတြမ်ားတယ္။
သူ႔မွာ ဘာအေထာက္အထားပါ လဲ၊ ေမးၾကည့္ကြာ”

သရဲလဲ အေတာ္တင္းေနၿပီ
ဒါနဲ သူ႔ရဲ႕ သရဲမွတ္ပံုတင္ကတ္ျပားကို ျပလိုက္တယ္။
သူ႔ဘ၀သက္တမ္းမွာ ဒီလိုကတ္ျပား ျပၿပီး ေျခာက္ရတဲ့ လူမ်ဳိးမေတြ႔ဖူးဘူး။

ဗလ က မွတ္ပံုတင္ကိုၾကည့္ၿပီး  
🐱 “ကတ္ျပားကေတာ့ဟုတ္တယ္ ပံုက၀ါးေနတယ္ကြ”

🐲 “ပံုက၀ါးတယ္ဆိုေတာ့ ယံုလို႔မရေသးဘူး ၿပီးေတာ့ အဲ့ ကတ္ျပားကို
ငါကျမင္ရတာ မဟုတ္ဘူး။
ဗလ ဒီေကာင့္ ၾကည့္ရ တာ မသကၤာစရာဘဲကြ၊ ၾကာတယ္ကြာ
ဒီေကာင္ကို မင္းခ်ဳပ္ထားလိုက္စမ္းကြာ”                        

  ဒါမ်ဳိးကေတာ့ ဗလတို႔ ဘာသြက္သလဲမေမးနဲ႔ ခ်ဳပ္ထားလိုက္တာ
သရဲခမ်ာ ယွက္ကန္ယွက္ကန္နဲ႔ မိပါေရာ။

🐙“ေဟ့… လူေတြ…. က်ဳပ္က… သ… ရဲေနာ္.. က်ဳပ္… ကို္င္လိုက္ရမလား”      

🐲 “ေအာင္မာ အခုထိ သရဲက တျပားသားမွ မေလ်ာ့ေသးဘူး…၊
ေအး မင္းကိုငါေမးမယ္ မင္းသရဲ ဆိုသိရမယ္
လူဟာေသ ရင္ ဒြါရ ကိုးေပါက္က အသက္ထြက္တယ္လို႔ဆိုတယ္၊
မင္းဟာ ေသဖူးတဲ့ သရဲ ဆိုေတာ့ သိရမယ္၊
ေျပာ မင္း ဘယ္အ ေပါက္ကထြက္သလဲအသက္။”                    

သရဲ လဲ အေတာ္ ညစ္သြားတယ္၊
ကို႔ဟာကို ဘယ္က ထြက္မွန္းမသိဘူး။
ဒါနဲ႔ ရမ္းၿဖီး လိုက္တယ္။     
   
🐙 “ နာ… နား … က… ထြက္တာ”      
               
ဒီအခါဖိုး ဉာဏ္က ေတာက္တခ်က္ ျပင္းျပင္းေခါက္ၿပီး       
                              
“လူ႔ရဲ႕ ျမင့္ျမတ္တဲ့ နားႏွေခါင္းထြက္ရင္ ေကာင္းတဲ့ဘံုေရာက္တယ္ ကြ။
ေဟ့ေကာင္ဗလ  ဒီေကာင္လူလိမ္ကြ ခ်ကြာ”         
      
ဘာေျပာေကာင္းမလဲ ဗလ သမလိုက္တာ သရဲ ေခြေခြ ေလးက်န္ခဲ့တယ္။    
 
ဒီဇာတ္ကၿပီးမသြားခဲ့ဘူး။
တေစၦေလာကမွာ ဂယက္ထသြားတယ္။
သရဲေတြ ကိုယ့္ကိုယ္ကိုယ္  ျပန္ေမးၾကတယ္။
ငါတို႔က ဘာလဲ ဘာေတြလဲ ဘာေကာင္ေတြလဲ။
ေဆာက္တည္ရာမရ ျဖစ္ကုန္တယ္။

တေစၦအႀကီးအကဲႀကီးကေတာ့ ​ေျပာရွာပါတယ္…       
                                          
🐞 “တို႔ေတြက သရဲေတြပါ သံသယ မရွိၾကပါနဲ႔”      
                                         
  ဒါေပမယ့္ သူစကား ဘယ္သူမွနားမေထာင္ၾကဘူး ။

​ေခါင္းေဆာင္ႀကီးလဲ တဖြဖြေျပာရင္း သူ႔ဘ၀  ေနာက္ဆံုးအခ်ိန္ ေရာက္ေတာ့ ေသတမ္းစာမွာ  မွာခဲ့တယ္။                                                               

မ်က္စိ မျမင္တဲ့သူနဲ႔ ဉာဏ္နည္းတဲ့ သူေတြကို  ဘယ္ေတာ့မွ မေျခာက္ပါနဲ႔တဲ့။
ခုခ်ိန္ထိ ဘယ္ မ်က္မျမင္ ဘယ္အ႐ူးကိုမွ တေစၦေျခာက္တယ္လို႔
မၾကားမိတာ အမွန္ပါပဲ ။        ။

#Credit #OriginalUploader
#10September2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈

#လူ၂ယောက်နဲ့သရဲတကောင်
💩💩💩💩💩💩💩💩

တခါက လူနှစ်ယောက်ရှိတယ်။

တယောက်က မျက်စိမမြင်တဲ့သူ။
ဒါပေမယ့် ဉာဏ်တော့ရှိတယ်။
သူ့နာမည်က ဖိုးဉာဏ် တဲ့၊

နောက်တယောက်တော့
ဗလကောင်းကောင်းနဲ့ လူပဲ။
ဆိုးတာက သူကဉာဏ်တော့မရှိဘူး။
အဲ့ သူသိတာတခုတော့ ရှိတယ်အဲ့ဒါ ဖိုးဉာဏ်ကို ဆရာတင်ရမယ် ဆိုတာပဲ။
သူ့နာမည် ဗလတဲ့။

သူတို့က အတွဲတော့ညီသား။
ဗလ က ဖိုးဉာဏ် ကို ကုန်းပိုးပြီးသွားတတ်သလို
ဖိုးဉာဏ် ကတော့ ဗလ ပြောတာနားထောင်ပြီး ဆုံးဖြတ်ပေး တတ်တယ်။

တခါက သူတို ညပိုင်းကြီးပြန်လာတာ ဗလ က …
“ဟေ့ကောင် ဖိုးဉာဏ်
ငါတို့ဆီကို ခပ်လင်းလင်းဟာ ကြီးနှစ်ခု ပြေးဝင်လာတယ်”

ဖိုးဉာဏ် ကစဉ်းစားပြီး
“ဘယ်လိုဟာလဲ ဟ”

“ခပ်လင်းလင်းနဲ့ အသံတွေလဲ ထွက်နေတယ် 
နှာမူတ်သံကြီးနဲ့ ငါတို့နဲ့တောင် အတော်နီးလာပြီ”                                       
“လင်းလဲ လင်းတယ်"

အသံလဲထွက်နေတယ် ဟုတ်လား”    
                                                      
“အေး ငါတို့နဲ့တောင် သိပ်မကွာတော့ဘူး”    

“ဘယ်လိုအသံလဲကွ”                                             

  “တ တီတီတပွမ်ပွမ်နဲ့ ကွ”                                 

  “ဟာ …. မင်း အဘ … အဲ့ဒါ… ကားဟ… ရှောင်ရှောင်…”      
                      
အသေအလဲရှောင်လို့ မတိုက်မိပေမယ့်
နှစ်ယောက်လုံး လမ်းဘေးကို ဒိုင်ဗင်ပစ်လိုက်ရလို့ အကွဲကွဲ အပြဲပြဲပဲ။
အဲ့လိုနှစ် ယောက်ပါ။

ဒါပေမယ်အပေးအယူတော့ ဖြောင်လို့။
အဲ့လိုနဲ့ တနေ့ညတညမှာ သူတို့ အိမ်အပြန်မှာ
အပင်ကြီးတပင်ကြီး အောက် ကဖြတ်ပြန်ရတယ်။

အဲ့အပင်မှာ ညဂျူတီကျတဲ့ သရဲတကောင် ရောက်နေတယ်။
သူ့တာဝန်က ဒီညမှာ ဒီအပင်အောက်ကိုဖြတ်တဲ့ လူနှစ် ယောက်ကို
ခြောက်ရမှာ။

တခါတည်း နှစ်ယောက်ကိုတွေ့တော့
ပိုင်ပြီပေါ့
ပိုတဲ့အချိန်ကို ဘီယာဆိုင်ထိုင်မယ်၊
မာဆတ် သွားမယ်ပေါ့။

ဒါကြောင့် ဝုန်းထခနဲခုန်ချပြီး
သူရဲ့ ကြောက်စရာကောင်းတဲ့ လက်တွေကို ဆန့်ထုတ်လိုက်တယ်။
ဗလ က သူရှေ့ရောက်လာတဲ့ သရဲကို သေချာ ကြည့်ပြီး …      
      
🐱“ဖိုးဉာဏ်ရေ ငါတို့ရှေ့ကို အဖြူရောင်အဝတ်နဲ့
လူတယောက် ခြေကားယား လက်ကားယား လုပ်နေတယ်”         
               
🐲“ဟေ …. မော်တော်ပီကယ်နေမှာပါကွာ  သူတို့ဖလားကြီးတောင် ပါဦးမယ် ”

🐱“အဖြူရောင်အဝတ်က အစုတ်စုတ်အပြတ်ပြတ်နဲ့ကွ”

🐲“အော် ဝန်ထမ်းနေမှာပေါ့”                                   

🐱“ မျက်လုံးပြူးကြီးနဲ့ ဟ ”        
    
🐲 “ဝေဖန်ရေးဆရာ နေမှာဟ”       
             
🐱“လျှာကလဲ တတောင် လောက်ထွက်နေတယ်”

🐲“ကျူရှင်ဆရာနေမှာ”        
       
သူတို့ပြောနေတာတွေ ကြားပြီး ကြာတော့ သရဲလဲစိတ်က မရှည်တော့ဘူး။

🐙“ဟိတ်လူတွေကြောက်ကြလေဗျာ
ကျုပ်က တစ္တေ ခင်ဗျားတို့တွေ ကိုခြောက်နေတာ”  

🐱“ဖိုးဉာဏ်ရေ ငါတို့ကို သူက တစ္ဆေခြောက်နေတာတဲ့”                           

🐲 “အာ သူက သရဲဆိုတိုင်း ယုံလို့မရဘူးကွ ဒီခေတ်ကြီးကအလိမ်အညာတွေများတယ်။
သူ့မှာ ဘာအထောက်အထားပါ လဲ၊ မေးကြည့်ကွာ”

သရဲလဲ အတော်တင်းနေပြီ
ဒါနဲ သူ့ရဲ့ သရဲမှတ်ပုံတင်ကတ်ပြားကို ပြလိုက်တယ်။
သူ့ဘဝသက်တမ်းမှာ ဒီလိုကတ်ပြား ပြပြီး ခြောက်ရတဲ့ လူမျိုးမတွေ့ဖူးဘူး။

ဗလ က မှတ်ပုံတင်ကိုကြည့်ပြီး  
🐱 “ကတ်ပြားကတော့ဟုတ်တယ် ပုံကဝါးနေတယ်ကွ”

🐲 “ပုံကဝါးတယ်ဆိုတော့ ယုံလို့မရသေးဘူး ပြီးတော့ အဲ့ ကတ်ပြားကို
ငါကမြင်ရတာ မဟုတ်ဘူး။
ဗလ ဒီကောင့် ကြည့်ရ တာ မသင်္ကာစရာဘဲကွ၊ ကြာတယ်ကွာ
ဒီကောင်ကို မင်းချုပ်ထားလိုက်စမ်းကွာ”                        

  ဒါမျိုးကတော့ ဗလတို့ ဘာသွက်သလဲမမေးနဲ့ ချုပ်ထားလိုက်တာ
သရဲခမျာ ယှက်ကန်ယှက်ကန်နဲ့ မိပါရော။

🐙“ဟေ့… လူတွေ…. ကျုပ်က… သ… ရဲနော်.. ကျုပ်… ကိုင်လိုက်ရမလား”      

🐲 “အောင်မာ အခုထိ သရဲက တပြားသားမှ မလျော့သေးဘူး…၊
အေး မင်းကိုငါမေးမယ် မင်းသရဲ ဆိုသိရမယ်
လူဟာသေ ရင် ဒွါရ ကိုးပေါက်က အသက်ထွက်တယ်လို့ဆိုတယ်၊
မင်းဟာ သေဖူးတဲ့ သရဲ ဆိုတော့ သိရမယ်၊
ပြော မင်း ဘယ်အ ပေါက်ကထွက်သလဲအသက်။”                    

သရဲ လဲ အတော် ညစ်သွားတယ်၊
ကို့ဟာကို ဘယ်က ထွက်မှန်းမသိဘူး။
ဒါနဲ့ ရမ်းဖြီး လိုက်တယ်။     
   
🐙 “ နာ… နား … က… ထွက်တာ”      
               
ဒီအခါဖိုး ဉာဏ်က တောက်တချက် ပြင်းပြင်းခေါက်ပြီး       
                              
“လူ့ရဲ့ မြင့်မြတ်တဲ့ နားနှခေါင်းထွက်ရင် ကောင်းတဲ့ဘုံရောက်တယ် ကွ။
ဟေ့ကောင်ဗလ  ဒီကောင်လူလိမ်ကွ ချကွာ”         
      
ဘာပြောကောင်းမလဲ ဗလ သမလိုက်တာ သရဲ ခွေခွေ လေးကျန်ခဲ့တယ်။    
 
ဒီဇာတ်ကပြီးမသွားခဲ့ဘူး။
တစ္ဆေလောကမှာ ဂယက်ထသွားတယ်။
သရဲတွေ ကိုယ့်ကိုယ်ကိုယ်  ပြန်မေးကြတယ်။
ငါတို့က ဘာလဲ ဘာတွေလဲ ဘာကောင်တွေလဲ။
ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။

တစ္ဆေအကြီးအကဲကြီးကတော့ ပြောရှာပါတယ်…       
                                          
🐞 “တို့တွေက သရဲတွေပါ သံသယ မရှိကြပါနဲ့”      
                                         
  ဒါပေမယ့် သူစကား ဘယ်သူမှနားမထောင်ကြဘူး ။

ခေါင်းဆောင်ကြီးလဲ တဖွဖွပြောရင်း သူ့ဘ၀  နောက်ဆုံးအချိန် ရောက်တော့ သေတမ်းစာမှာ  မှာခဲ့တယ်။                                                               

မျက်စိ မမြင်တဲ့သူနဲ့ ဉာဏ်နည်းတဲ့ သူတွေကို  ဘယ်တော့မှ မခြောက်ပါနဲ့တဲ့။
ခုချိန်ထိ ဘယ် မျက်မမြင် ဘယ်အရူးကိုမှ တစ္ဆေခြောက်တယ်လို့
မကြားမိတာ အမှန်ပါပဲ ။        ။

#Credit #OriginalUploader
#10September2018WLP📚📚📚📚📚

No comments:

Post a Comment

ေဆးလိပ္

ေဆးလိပ္ လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။ အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ...