🕯ေလာက၌ေတြ႔ဆုံျဖစ္ေပၚဖို႔ရန္ အခက္ခဲဆုံး တရားငါးပါး🕯
(၁) ဘုရားသာသနာနဲ႔ ႀကဳံေနရျခင္း ၊
(၂) ဘုရားေဟာတဲ့ တရားေတြကို ေသေသခ်ာခ်ာ မဂ္ဖိုလ္ဆိုက္ေအာင္ ေဟာႏိုင္တဲ့ ဆရာ ေကာင္းနဲ႔ ႀကဳံျခင္း၊
(၃) နိဗၺာန္ေရာက္ေၾကာင္းတရားေတြကို ေထာင္ႏိုင္တဲ့ ဥာဏ္နား (လက္ခံႏိုင္တဲ့စိတ္) နဲ႔ သိတတ္တဲ့ဥာဏ္ (နားလည္သေဘာေပါက္တဲ စိတ္) ျဖစ္ေပၚျခင္း၊
(၄) သိၿပီးသည့္ေနာက္ လိုက္နာ က်င့္ႀကံႏိုင္တဲ့ စြမ္းရည္ သတိၱရွိျခင္း၊
(၅) ျဖစ္ေျမာက္ေအာင္ က်င့္ၿပီး ဆရာ့ေက်းဇူးကို ျပန္ဆပ္လိုစိတ္ တဖြားဖြားေပၚျခင္း၊
ဤ အခ်က္ ငါးခ်က္သည္ ေလာက၌ ျဖစ္ေပၚဖို႔ရန္ အခက္ခဲဆုံးေသာ ဒုလႅဘတရားငါးပါး ျဖစ္တယ္။
ဤဒုလႅဘတရားငါးပါးနဲ႔ႀကဳံရင္ မဂ္ဖိုလ္ရရမယ္လို႔ ဘုရားကေဟာတယ္။
ကိုယ့္စိတ္ထဲ ဆုတ္နစ္တဲ့ စိတ္ (သံသယစိတ္၊ ပ်င္းရိစိတ္) ေပၚတိုင္း ဤငါးပါးနဲ႔ စစ္ေဆးလိုက္။
ဘုရားပြင္႔လာတယ္ဆိုတာအနိစၥေဆး၊ ဒုကၡေဆး၊ အနတၱေဆး သုံးခုယူၿပီးလာတာ ၊ ခင္ဗ်ားတို႔ ႀကိဳက္တဲ့ေဆး တစ္ဖုံမွ မပါဘူး။
ကိုယ္ႀကိဳက္တဲ့ေဆး မွ ကိုယ္ေသာက္မယ္ဆိုရင္ (ကိေလသာေရာဂါ ေပ်ာက္ေစမယ့္ တကယ့္ေဆးအစစ္ကို မေသာက္ရင္) ခင္ဗ်ားတို႔ ဘုရားအဆူဆူနဲ႔ လြဲၿပီး အပါယ္ေလးပါးမွာ ေနရစ္ေနရမွာပဲ။
အပါယ္သြားတတ္တဲ့ သံေယာဇဥ္ေလာက္ေတာ့ ခင္ဗ်ားတို႔ ျဖတ္ထားဖို႔ သင့္ၿပီ။
သံေယာဇဥ္ျဖတ္ ဆိုတာ ရွိတဲ့ ပစၥည္းေတြ အကုန္စြန္႔မွ ဒီလိုမမွတ္ပါနဲ႔။
ဘာေတြ၀တ္ၿပီး ဘာေတြစားေနေန ေ၀ဒနာနဲ႔ တဏွာၾကား မဂ္၀င္ဖို႔ပဲ အေရးႀကီးတယ္။
(အေကာင္းအဆိုး ေ၀ဒနာ ခံစားခ်က္မ်ား ေၾကာင့္ တဏွာဆက္လက္ မျဖစ္ေပၚဖို႔သာ အေရးႀကီးသည္ ၊ ေ၀ဒနာမ်ားရဲ႕ ပ်က္ပ်က္သြားေနပုံ၊ အႏွစ္သာရ မဟုတ္ပုံ၊ ငါ႔ဟာမဟုတ္ပုံ ၊ တစ္ခုခုမဟုတ္ပုံ ၊ ဂရုစုိက္ေနစရာမလိုပုံတို႔ကို အဆက္မျပတ္ သတိျဖင့္ သေဘာေပါက္လက္ခံေနၿပီး ဥေပကၡာစိတ္ျဖင့္ ေစာင့္ၾကည့္ေနရေပမည္။
သုိ႔မဟုတ္ပါက တဏွာမ်ား (ႏွစ္သက္မႈ ၊ မႏွစ္သက္မႈမ်ား)၏ ခိုင္းေစမႈအတိုင္း သခၤါရမ်ား ဆက္လက္လုပ္ေဆာင္မိကာ ဒုကၡစက္မရပ္မနား လည္ေနေပလိမ့္မည္)။
🔊ေက်းဇူးေတာ္ရွင္ မိုးကုတ္ဆရာေတာ္ဘုရားႀကီး🔊
#Credit #Eiei Chaw
#10September2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈
🕯လောက၌တွေ့ဆုံဖြစ်ပေါ်ဖို့ရန် အခက်ခဲဆုံး တရားငါးပါး🕯
(၁) ဘုရားသာသနာနဲ့ ကြုံနေရခြင်း ၊
(၂) ဘုရားဟောတဲ့ တရားတွေကို သေသေချာချာ မဂ်ဖိုလ်ဆိုက်အောင် ဟောနိုင်တဲ့ ဆရာ ကောင်းနဲ့ ကြုံခြင်း၊
(၃) နိဗ္ဗာန်ရောက်ကြောင်းတရားတွေကို ထောင်နိုင်တဲ့ ဉာဏ်နား (လက်ခံနိုင်တဲ့စိတ်) နဲ့ သိတတ်တဲ့ဉာဏ် (နားလည်သဘောပေါက်တဲ စိတ်) ဖြစ်ပေါ်ခြင်း၊
(၄) သိပြီးသည့်နောက် လိုက်နာ ကျင့်ကြံနိုင်တဲ့ စွမ်းရည် သတိ္တရှိခြင်း၊
(၅) ဖြစ်မြောက်အောင် ကျင့်ပြီး ဆရာ့ကျေးဇူးကို ပြန်ဆပ်လိုစိတ် တဖွားဖွားပေါ်ခြင်း၊
ဤ အချက် ငါးချက်သည် လောက၌ ဖြစ်ပေါ်ဖို့ရန် အခက်ခဲဆုံးသော ဒုလ္လဘတရားငါးပါး ဖြစ်တယ်။
ဤဒုလ္လဘတရားငါးပါးနဲ့ကြုံရင် မဂ်ဖိုလ်ရရမယ်လို့ ဘုရားကဟောတယ်။
ကိုယ့်စိတ်ထဲ ဆုတ်နစ်တဲ့ စိတ် (သံသယစိတ်၊ ပျင်းရိစိတ်) ပေါ်တိုင်း ဤငါးပါးနဲ့ စစ်ဆေးလိုက်။
ဘုရားပွင့်လာတယ်ဆိုတာအနိစ္စဆေး၊ ဒုက္ခဆေး၊ အနတ္တဆေး သုံးခုယူပြီးလာတာ ၊ ခင်ဗျားတို့ ကြိုက်တဲ့ဆေး တစ်ဖုံမှ မပါဘူး။
ကိုယ်ကြိုက်တဲ့ဆေး မှ ကိုယ်သောက်မယ်ဆိုရင် (ကိလေသာရောဂါ ပျောက်စေမယ့် တကယ့်ဆေးအစစ်ကို မသောက်ရင်) ခင်ဗျားတို့ ဘုရားအဆူဆူနဲ့ လွဲပြီး အပါယ်လေးပါးမှာ နေရစ်နေရမှာပဲ။
အပါယ်သွားတတ်တဲ့ သံယောဇဉ်လောက်တော့ ခင်ဗျားတို့ ဖြတ်ထားဖို့ သင့်ပြီ။
သံယောဇဉ်ဖြတ် ဆိုတာ ရှိတဲ့ ပစ္စည်းတွေ အကုန်စွန့်မှ ဒီလိုမမှတ်ပါနဲ့။
ဘာတွေဝတ်ပြီး ဘာတွေစားနေနေ ဝေဒနာနဲ့ တဏှာကြား မဂ်ဝင်ဖို့ပဲ အရေးကြီးတယ်။
(အကောင်းအဆိုး ဝေဒနာ ခံစားချက်များ ကြောင့် တဏှာဆက်လက် မဖြစ်ပေါ်ဖို့သာ အရေးကြီးသည် ၊ ဝေဒနာများရဲ့ ပျက်ပျက်သွားနေပုံ၊ အနှစ်သာရ မဟုတ်ပုံ၊ ငါ့ဟာမဟုတ်ပုံ ၊ တစ်ခုခုမဟုတ်ပုံ ၊ ဂရုစိုက်နေစရာမလိုပုံတို့ကို အဆက်မပြတ် သတိဖြင့် သဘောပေါက်လက်ခံနေပြီး ဥပေက္ခာစိတ်ဖြင့် စောင့်ကြည့်နေရပေမည်။
သို့မဟုတ်ပါက တဏှာများ (နှစ်သက်မှု ၊ မနှစ်သက်မှုများ)၏ ခိုင်းစေမှုအတိုင်း သင်္ခါရများ ဆက်လက်လုပ်ဆောင်မိကာ ဒုက္ခစက်မရပ်မနား လည်နေပေလိမ့်မည်)။
🔊ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး🔊
#Credit #Eiei Chaw
#10September2018WLP📚📚📚📚📚
No comments:
Post a Comment