Wednesday, 12 September 2018

ျမန္မာတို႔အတြက္ကဗ်ာတပုဒ္

ျမန္မာတို႔အတြက္ ကဗ်ာတစ္ပုဒ္  (ဆရာၾကီးမင္းသုဝဏ္)
📣📣📣📣📣📣📣📣📣

'ငါ' သာလွ်င္ ေတာ္ ၊ 'သူ' မေတာ္ ဟု
လူေတာ္ ထင္ပါ ၊ တို႔ျမန္မာကို
ဘယ္ခါ ဆယ္၍ ရမလဲ ၊၊

ႂကြားရင္းႏွင့္ နစ္ ၊ ဝါးရင္း နစ္သည့္
နစ္လ်က္ေနပါ ၊ တို႔ျမန္မာကို
ဘယ္ခါ ဆယ္၍ ရမလဲ ၊၊

အေကာင္း, ဆိုးထင္ ၊ ဆိုး, ေကာင္းထင္ ႏွင့္
အထင္လြဲပါ ၊ တို႔ျမန္မာကို
ဘယ္ခါဆယ္၍ ရမလဲ ၊၊

'သူ႔'ကို ငါညွိဳး ၊ 'ငါ့' သူညွိဳးႏွင့္
အညွိဳးႀကီးပါ ၊ တို႔ျမန္မာကို
ဘယ္ခါ ဆယ္၍ ရမလဲ ၊၊

ညည္း၍ မၿပီး ၊ ညဴ, မၿပီးဘူး
အၿပီးတကာ ၊ လုပ္ႏိုင္ပါမွ
ေတာ္ရာေရာက္လိမ့္ ေနာင္အဖို႔ ၊၊
ႏိုးၾက ထၾက ျမန္မာတို႔ ၊၊
သားေျမးတို႔တြက္ ႀကိဳးစားစို႔ ၊၊

#ဆရာၾကီးမင္းသုဝဏ္

မွတ္ခ်က္။ ။ အမိျမန္မာျပည္အတြက္ တစ္ဦး တစ္ေယာက္စီမွစ
                စိတ္ဓါတ္ေလးေတြျပင္ၾကရေအာင္ပါ

#Credit - Aye KoKo
#10September2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈

မြန်မာတို့အတွက် ကဗျာတစ်ပုဒ်   (ဆရာကြီးမင်းသုဝဏ်)
📬📬📬📬📬📬📬📬📬📬📬

'ငါ' သာလျှင် တော် ၊ 'သူ' မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်
နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

အကောင်း, ဆိုးထင် ၊ ဆိုး, ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

'သူ့'ကို ငါညှိုး ၊ 'ငါ့' သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ညည်း၍ မပြီး ၊ ညူ, မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊

ဆရာကြီးမင်းသုဝဏ်

မှတ်ချက်။ ။ အမိမြန်မာပြည်အတွက် တစ်ဦး တစ်ယောက်စီမှစ                          စိတ်ဓါတ်လေးတွေပြင်ကြရအောင်ပါ

#Credit - Aye KoKo
#10September2018WLP📚📚📚📚📚

No comments:

Post a Comment

ေဆးလိပ္

ေဆးလိပ္ လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။ အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ...