" ဗ်ည္းအကၡရာဘုရားရွိခိုး"
🍀🍀🍀🍀🍀🍀🍀
က ။.....။ ကႀကီးဟူသည္ကား ကိေလသာ မာန္ကို
ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ခ ။.....။ ခေခြးဟူသည္ကား ခႏၶမာန္ကို ေအာင္ ျမင္ေတာ္မူေသာ
ျမတ္စြာဘုရား
ဂ ။.....။ ဂငယ္ဟူသည္ကား ဂုဏ္ေတာ္ကိုးပါးႏွင့္ ျပည့္စုံေတာ္မူေသာ
ျမတ္စြာဘုရား
ဃ ။....။ ဃႀကီးဟူသည္ကား ဃဋိက ျဗဟၼာမင္း ဆက္သေတာ္မူေသာ ေ႐ႊၾကာသဃၤန္း ဆင္ျမန္းေတာ္မူေသာ ျမတ္စြာဘုရား
င ။.....။ ငဟူသည္ကား မာန္ငါးပါးကို ေအာင္ျမင္ေတာ္မူေသာ
ျမတ္စြာဘုရား
စ ။....။ စလုံးဟူသည္ကား စၾကဝဠာ တစ္သိုက္ တုဖက္ၿပိဳင္ဖက္
ရွိေတာ္မမူေသာ ျမတ္စြာဘုရား
ဆ ။....။ ဆလိမ္ဟူသည္ကား ဆယ္ပါးေသာ ဒုစရိုက္ကို ပယ္ဖ်က္
ခုတ္ထြင္း ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဇ ။....။ ဇကြဲဟူသည္ကား ဇာတိႆ ရဉာဏ္ကို ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဈ ။....။ ဇမ်ဥ္ဇြဲဟူသည္ကား ဈာန္သမာပတ္အေပါင္း
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
ည ။.....။ ညဟူသည္က ေဉယ် ဓံတရား ငါးပါး ႏွင့္ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
ဋ ။....။ တတလင္းခ်ိတ္ဟူသည္ကား
ဒီဃလင္တက်မ္းေအာက္အစြယ္စြယ္တို႔ကို ဆရာမရွိ ကိုယ္ကိုတိုင္
သိေတာ္မူေသာ ျမတ္စြာဘုရား
႒ ။....။ ႒ဝန္ဘဲဟူသည္ကား ပ႒ာန္းက်မ္းကို ေအာင္ျမင္ေတာ္မူေသာ
ျမတ္စြာဘုရား
ဍ ။....။ ဒရင္ ေကာက္ဟူသည္ကား
ေကာဒည ပုဏၰားသည္ လက္ညိုးတစ္ေခ်ာင္းေထာင္ျပ၍ ဘုရားဧကန္
ျဖစ္ပါလိမ့္မည္ဟုေျပာဆိုခံရေသာ ျမတ္စြာဘုရား
ဎ ။....။ ဓရင္မႈတ္ ဟူသည္ကား ဒီပကၤရာ ျမတ္စြာဘုရားေရွ႕ေတာ္၌ အနိယတ ဗ်ာဒိတ္ပန္းကိုဆင္ျမန္းေတာ္မူေသာ ျမတ္စြာဘုရား
ဏ ။....။ ဏႀကီးဟူသည္ကား တဏွာတည္းဟူေသာ အမိုက္ေမွာင္တို႔ကို ပယ္ဖ်က္ခုတ္ထြင္း ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
တ ။...။ တဝမ္းပူဟူသည္ကား တစ္ေထာင္မကမကေသာ ဒိ႒ိတို႔ကို
ဆုံးမေတာ္မူေသာ ျမတ္စြာဘုရား
ထ ။....။ ထဆင္ထူး ဟူသည္ကား ထူးျမတ္ေသာ တရားအေပါင္း၌
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
ဒ ။....။ ဒေဒြးဟူသည္ကား ဒိပၸစကၡဳ ေ႐ႊဉာဏ္ေတာ္ကို ရေတာ္မူေသာ
ျမတ္စြာဘုရား
ဓ ။....။ ဓေအာက္ခ်ိဳက္ဟူသည္ကား ဓမၼစၾကာ တရားအေပါင္း၌
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
န ။....။ နငယ္ဟူသသည္ကား နိဗၺာန္ ေခမာ ျပည့္ေအာင္ဉာဏ္မ်ိဳးတို႔ကို ပို႔ေဆာင္ေတာ္မူေသာ ျမတ္စြာဘုရား
ပ ။....။ ပေဆာက္ဟူသည္ကား ပုေဗၺနိဝါသ
ႏုႆ တိဉာဏ္ကိုေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဖ ။....။ ဖဥထုပ္ဟူသည္ကား ဖိုလ္ ၊ မဂ္ ခ်မ္းသာကို
ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ဗ ။...။ ဗလခ်ိဳက္ဟူသည္ကား ေဗာဓိပင္ကို ေအာင္ျမင္ေတာ္မူေသာ
ျမတ္စြာဘုရား
ဘ ။....။ ဘကုန္းဟူသည္ကား ဘုန္းေတာ္ေျခာက္ပါးႏွင့္
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
မ ။....။ မဟူသည္ကား မဇၨ်ိမ မာန္ကို ေအာင္ျမင္ေတာ္မူေသာ
ျမတ္စြာဘုရား
ယ ။....။ ယပလက္ဟူသည္ကား ယမက ဗ်ာဒိယာ၌ ရတနာေ႐ႊပလႅင္ကို ေအာင္ျမင္ေတာ္မူေသာ ျမတ္စြာဘုရား
ရ ။....။ ရေကာက္ဟူသည္ကား ရတနာေျခာက္သြယ္ႏွင့္
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
လ ။....။ လဟူသည္ကား လူသုံးပါးတို႔တြင္ တုဖက္ ၿပိဳင္ဖက္
ကင္းေတာ္မူေသာ ျမတ္စြာဘုရား
ဝ ။....။ ဝဟူသည္ကား ဝသုႏၵျေဒ ေျမေစာင့္နတ္သားသည္
သက္ေသျပဳ၍ မာနတ္မင္းအား ခုခံ ေအာင္ျမင္ေတာ္မူေသာ
ျမတ္စြာဘုရား
သ ။.....။ သဟူသည္ကား သစၥာေလးပါး တရားအေပါင္းႏွင့္
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား
ဟ ။....။ ဟဟူသည္ကား ဟႏၵ ဒါနိ ဘိကၡေဝ ပါ႒ိေတာ္လာသည္ႏွင့္ အနိယတ ဗ်ာဒိတ္ပန္း ဆင္ျမန္းေတာ္မူသည့္ ျမတ္စြာဘုရား
ဠ ။....။ လႀကီး ဟူသည္ကား ေဝဠုဝန္ေက်ာင္းေတာ္၌ လျပည့္ဝန္းကဲ့သို႔ ျပည့္ထြန္းေတာ္မူေသာ ျမတ္စြာဘုရား
အ ။....။ အဟူသည္ကား ေန အ႐ုဏ္မတက္မွီ အာသေဝါကင္း၍
အာသဝကၡယဉာဏ္ကို ရေတာ္မူေသာ ျမတ္စြာဘုရား
ထို႔ေၾကာင့္ စာတစ္လုံးဘုရားတစ္ဆူဟု ေရွးလူႀကီးသူမတို႔ဆိုရိုးရွိေပ၏့။
#Credit: @tzw
#10September2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈
" ဗျည်းအက္ခရာဘုရားရှိခိုး"
🍀🍀🍀🍀🍀🍀🍀🍀
က ။.....။ ကကြီးဟူသည်ကား ကိလေသာ မာန်ကို
အောင်မြင်တော်မူသော မြတ်စွာဘုရား
ခ ။.....။ ခခွေးဟူသည်ကား ခန္ဓမာန်ကို အောင် မြင်တော်မူသော
မြတ်စွာဘုရား
ဂ ။.....။ ဂငယ်ဟူသည်ကား ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား
ဃ ။....။ ဃကြီးဟူသည်ကား ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသော မြတ်စွာဘုရား
င ။.....။ ငဟူသည်ကား မာန်ငါးပါးကို အောင်မြင်တော်မူသော
မြတ်စွာဘုရား
စ ။....။ စလုံးဟူသည်ကား စကြဝဠာ တစ်သိုက် တုဖက်ပြိုင်ဖက်
ရှိတော်မမူသော မြတ်စွာဘုရား
ဆ ။....။ ဆလိမ်ဟူသည်ကား ဆယ်ပါးသော ဒုစရိုက်ကို ပယ်ဖျက်
ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား
ဇ ။....။ ဇကွဲဟူသည်ကား ဇာတိဿ ရဉာဏ်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား
ဈ ။....။ ဇမျဉ်ဇွဲဟူသည်ကား ဈာန်သမာပတ်အပေါင်း
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ည ။.....။ ညဟူသည်က ဉေယျ ဓံတရား ငါးပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
ဋ ။....။ တတလင်းချိတ်ဟူသည်ကား
ဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို ဆရာမရှိ ကိုယ်ကိုတိုင်
သိတော်မူသော မြတ်စွာဘုရား
ဋ္ဌ ။....။ ဋ္ဌဝန်ဘဲဟူသည်ကား ပဋ္ဌာန်းကျမ်းကို အောင်မြင်တော်မူသော
မြတ်စွာဘုရား
ဍ ။....။ ဒရင် ကောက်ဟူသည်ကား
ကောဒည ပုဏ္ဏားသည် လက်ညိုးတစ်ချောင်းထောင်ပြ၍ ဘုရားဧကန်
ဖြစ်ပါလိမ့်မည်ဟုပြောဆိုခံရသော မြတ်စွာဘုရား
ဎ ။....။ ဓရင်မှုတ် ဟူသည်ကား ဒီပင်္ကရာ မြတ်စွာဘုရားရှေ့တော်၌ အနိယတ ဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသော မြတ်စွာဘုရား
ဏ ။....။ ဏကြီးဟူသည်ကား တဏှာတည်းဟူသော အမိုက်မှောင်တို့ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော်မူသော မြတ်စွာဘုရား
တ ။...။ တဝမ်းပူဟူသည်ကား တစ်ထောင်မကမကသော ဒိဋ္ဌိတို့ကို
ဆုံးမတော်မူသော မြတ်စွာဘုရား
ထ ။....။ ထဆင်ထူး ဟူသည်ကား ထူးမြတ်သော တရားအပေါင်း၌
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ဒ ။....။ ဒဒွေးဟူသည်ကား ဒိပ္ပစက္ခု ရွှေဉာဏ်တော်ကို ရတော်မူသော
မြတ်စွာဘုရား
ဓ ။....။ ဓအောက်ချိုက်ဟူသည်ကား ဓမ္မစကြာ တရားအပေါင်း၌
ပြည့်စုံတော်မူသော မြတ်စွာဘုရား
န ။....။ နငယ်ဟူသသည်ကား နိဗ္ဗာန် ခေမာ ပြည့်အောင်ဉာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော မြတ်စွာဘုရား
ပ ။....။ ပဆောက်ဟူသည်ကား ပုဗ္ဗေနိဝါသ
နုဿ တိဉာဏ်ကိုအောင်မြင်တော်မူသော မြတ်စွာဘုရား
ဖ ။....။ ဖဥထုပ်ဟူသည်ကား ဖိုလ် ၊ မဂ် ချမ်းသာကို
အောင်မြင်တော်မူသော မြတ်စွာဘုရား
ဗ ။...။ ဗလချိုက်ဟူသည်ကား ဗောဓိပင်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား
ဘ ။....။ ဘကုန်းဟူသည်ကား ဘုန်းတော်ခြောက်ပါးနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
မ ။....။ မဟူသည်ကား မဇ္ဇျိမ မာန်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား
ယ ။....။ ယပလက်ဟူသည်ကား ယမက ဗျာဒိယာ၌ ရတနာရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား
ရ ။....။ ရကောက်ဟူသည်ကား ရတနာခြောက်သွယ်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
လ ။....။ လဟူသည်ကား လူသုံးပါးတို့တွင် တုဖက် ပြိုင်ဖက်
ကင်းတော်မူသော မြတ်စွာဘုရား
ဝ ။....။ ဝဟူသည်ကား ဝသုန္ဒြဒေ မြေစောင့်နတ်သားသည်
သက်သေပြု၍ မာနတ်မင်းအား ခုခံ အောင်မြင်တော်မူသော
မြတ်စွာဘုရား
သ ။.....။ သဟူသည်ကား သစ္စာလေးပါး တရားအပေါင်းနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ဟ ။....။ ဟဟူသည်ကား ဟန္ဒ ဒါနိ ဘိက္ခဝေ ပါဋ္ဌိတော်လာသည်နှင့် အနိယတ ဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား
ဠ ။....။ လကြီး ဟူသည်ကား ဝေဠုဝန်ကျောင်းတော်၌ လပြည့်ဝန်းကဲ့သို့ ပြည့်ထွန်းတော်မူသော မြတ်စွာဘုရား
အ ။....။ အဟူသည်ကား နေ အရုဏ်မတက်မှီ အာသဝေါကင်း၍
အာသဝက္ခယဉာဏ်ကို ရတော်မူသော မြတ်စွာဘုရား
ထို့ကြောင့် စာတစ်လုံးဘုရားတစ်ဆူဟု ရှေးလူကြီးသူမတို့ဆိုရိုးရှိပေ၏့။
#Credit: @tzw
#10September2018WLP📚📚📚📚📚
No comments:
Post a Comment