ေဇာ္ဂ်ီ
ေဇာ္ဂ်ီဆိုသည္မွာ ပါဠိ သကၠတႏြယ္- ဟိႏၵီစကားလုံး ေဇာဂီ(ေယာဂီ) မွ ဆင္းသက္လာပုံရသည္။ ` စကၡဳ သဃၤာ အရိယာႏွင့္ ဆရာပုဏၰား ေဇာ္ဂီအားလည္း´ ဟူ၍ ဓမၼပါလပ်ိဳ႕တြင္ ေတြ႕ရွိရေလ သည္။ `ပုဏၰားေဇာ္ဂီ တပသီႏွိုက္´ဟူ၍၎၊ ေ႐ႊဟသၤာမင္းပ်ိဳ႕တြင္ `ရပ္ရွစ္ပါးမွ ပုဏၰားေဇာ္ဂီ´ဟူ၍၎ သံဝရပ်ိဳ႕တြင္ ေဇာ္ဂ်ီတို႔ အေၾကာင္းအဖြဲ႕မ်ား ေတြ႕နိုင္ေပသည္။
အခ်ိဳ႕ပညာရွိ ပုဂၢိဳလ္မ်ားက ေဇာ္ဂ်ီႏွင့္ ဝိဇၨာဓိုရ္တို႔သည္ တစ္ဘာသာစီ ျဖစ္သည္ဟု ဆိုေလသည္။ ဝိဇၨာဓိုရ္ေသာ ေဇာ္ဂ်ီသည္ တစ္ကိုယ္မွ အမ်ားျဖစ္နိုင္၏။ ကြယ္ေပ်ာက္နိုင္၏။ တိုင္းျခားအရပ္ကို ေရာက္နိုင္၏။ ေျမလွ်ိုးမိုးပ်ံ နိုင္၏။ ေကာင္းကင္ဝယ္ ငွက္ကဲ့သို႔ ပ်ံနိုင္၏။ `လ´ကို၎၊ `ေန´ကို၎ လက္ျဖင့္ သုံးသပ္နိုင္၏ ဟူ၍ သမႏၲစကၡဳဒီပနီက်မ္းတြင္ ေတြ႕ရသည္။
ေဇာ္ဂ်ီသည္ ဓာတ္လုံးႏွင့္ ေဆးေတာင္ေဝွး အကူအညီျဖင့္ ေျမလွ်ိုး၍ မိုးပ်ံနိုင္သည္ဟု အဆိုရွိသည္။ ေျမလွ်ိုးမိုးပ်ံနိုင္ေသာ လူသား အတတ္ပညာရွင္တစ္ဦးဟု ေခၚဆိုနိုင္ေပသည္။
ဆုေတာင္းခန္းပ်ိဳ႕တြင္ `တရိသုလိ၊ ေဇာ္ဂီပုဏၰား၊ သုံးစြဲထားသား၊ သစ္သားသုံးခြ၊ တိဒ႑ႏွင့္´ ဟု ပါရွိပုံကို ေထာက္လွ်င္ ေဇာ္ဂ်ီေတာင္ေဝွး သည္ ယေန႕ေတြ႕ေနရသကဲ့သို႔ စင္းလုံးေခ်ာမဟုတ္ဘဲ သုံးခြလွံ ေတာင္ေဝွးမ်ိဳး ျဖစ္တန္ရာသည္။ ေဇာ္ဂ်ီတြင္ မွတ္ဆိတ္ေမႊး လည္းရွိသည္။
ေဇာ္ဂ်ီတြင္ ထူးျခားသည့္ အခ်က္တစ္ခ်က္ရွိသည္မွာ ေဇာ္ဂ်ီတြင္ အမဟူ၍ မရွိဘဲ ေဇာ္ဂ်ီအထီးမ်ားသာ ရွိျခင္းျဖစ္ေပသည္။ [၁]
ေဇာ္ဂ်ီ ဆိုသည့္ပုဒ္သည္ ေယာဂီပုဒ္မွ ဆင္းသက္လာသည္။ (သဒၵါမွာ ဂဝေယာ ပုဒ္မွေန ဂဝေဇာ ျဖစ္လာသကဲ့သို႔ ေဒါဓႆစသုတ္ အဖြင့္အရ ယကို ဇ ျပဳသည္။) ေယာဂီမွ ေဇာဂီ ျဖစ္လာပါသည္။ ေယာဂီ ဆိုေသာ ပါဠိစကားလုံးကို သကၠတ အသံပ်က္ႏွင့္ ျမန္မာမ်ားက ေဇာ္ဂ်ီဟု ဖတ္လိုက္ၾကသည္။ ေယာဂတရား အားထုတ္ေနသူဟု အဓိပၸါယ္ရသည္။
ေယာဂတရား ဆိုသည္မွာ သမထတရား ၊ ဈာန္တရား သမာဓိတရားျဖစ္သည္။ ေယာဂအက်င့္ က်င့္ေနသူ မွန္သမွ်ကို ေယာဂီ ေခၚရသလို ေဇာ္ဂ်ီ လို႔လဲ ေခၚနိုင္ပါသည္။
ေဇာ္ဂီ်တို႔၏လုပ္ငန္းသည္ တစ္စိတ္တစ္ဝက္အားျဖင့္ ပုဏၰားတို႔၏ လုပ္ငန္းႏွင့္တူေပသည္။ ဆုေတာင္းခန္းပ်ိဳ႕ တြင္ ပါရွိသည့္စကားတို႔အရ ေဇာ္ဂီတို႔သည္ ေဗဒင္ေဟာၾက သည္။ လကၡဏာဖတ္ၾကသည္။ ေျမၾကန္ အတတ္ကို နားလည္ ၾကသည္။
ေနသြား လသြား၊ ေနၾကတ္ လၾကတ္၊ ၿဂိဳဟ္ေန ၿဂိဳဟ္ရပ္၊ အတိတ္ နိမိတ္၊ တံေဘာင္စံနည္းတို႔ကိုလည္း ေလ့ လာကြၽမ္းက်င္ၾကသည္။ ထိုျပင္လည္း သုဝဏၰသွ်ံသစၥာခန္ပ်ိဳ႕ တြင္ 'သဏၭာန္ေ႐ႊေလွာ္၊ ရွင္လွေက်ာ္ကို၊ သက္ေတာ္ ဝင္ေၾကာင္း၊ နတ္မ်ားေပါင္း၍၊ ႏႈတ္ေကာင္းတညီ၊ ေဇာ္ဂ်ီ အတတ္၊ နတ္မႏၲရား၊ နတ္ေဆးဝါးျဖင့္၊ ေယာက္်ားအိပ္ေပ်ာ္၊ နိုးဘိေသာ္သို႔၊ ႏုေဘာ္ျပင္းဝွန္၊ တန္ခိုးထန္ဘိ' ဟုစပ္ထားသည့္ အရဆိုေသာ္ ေဇာ္ဂ်ီတို႔သည္ အသက္သြင္ေသာအတတ္ကို တတ္ သည္ဟူ၏။
ေဇာ္ဂ်ီတို႔၏ အဆင္းသဏၭာန္ကိုေသာ္ကား ပန္းခ်ီ ပန္းပု လက္ရာတို႔တြင္၎ ဇာတ္စင္႐ုပ္ေသးစင္တို႔တြင္၎ ယေန႕တိုင္ ေတြ႕ရေပေသးသည္။ ထိုအဆင္းသဏၭာန္တို႔ မူမွန္ပုံကိုလည္း ေဇာ္ဂ်ီဦးထုပ္ပင္၊ ေဇာ္ဂ်ီ မုတ္ဆိတ္ပင္၊ ေဇာ္ဂ်ီေတာင္ေဝွးပင္၊ ေဇာ္ဂ်ီေရာင္ ေဇာ္ဂ်ီေသြးဆိုေသာ ေဝါဟာရတို႔က ေထာက္ခံ ထားၾကေပ သည္။
ေဇာ္ဂ်ီေတာင္ေဝွးဆိုရာ၌ ဆုေတာင္းခန္းပ်ိဳ႕ တြင္ 'တရိသူလီ၊ ေဇာ္ဂီပုဏၰား၊ သုံးစြဲထားသား၊ သစ္ သားသုံးခြ၊ တိဒ႑ႏွင့္'ဟု စပ္ထားသည္ကိုေထာက္ေသာ္၊ တစ္ခါတစ္ရံ ေဇာ္ဂီတို႔သည္ တရိသူလီေခၚ အသြားသုံးခြလွံတံ ကိုလည္း ကိုင္စြဲတတ္ေၾကာင္း သိရေပသည္။
'တပသီတို႔မွာ ေဇာ္ဂီအဝင္ျဖစ္သည္။ မိမိတို႔စြဲေသာ တိဒ႑သစ္ကို ေရျဖင့္ စိမ္၍ သစၥာမူေစ'ဟူေသာ မႏုက်ယ္ဓမၼသတ္လာ စကားကို ေထာက္၍လည္း သိရေပေသးသည္။
ေႏွာင္းစာတို႔တြင္ကား ေဇာ္ဂ်ီကို ဝိဇၨာဓိုရ္ႏွင့္ မကြဲမျပား ေရးၾကေလသည္။ သထုံျပည္တြင္ သူရဲေကာင္း ကုလားညီေနာင္ တို႔ ဖုတ္ကင္စားသည္မွာ 'ဝိဇၨာဓိုရ္ ေဇာ္ဂ်ီေကာင္'ျဖစ္ေၾကာင္း ကို ဦးကုလားရာဇဝင္တြင္ ဆိုထားေလသည္။
ထိုေဇာ္ဂ်ီတို႔သည္ ေဃာရမည္ေသာ မႏၲန္၊ ဂႏၶာရီ မည္ေသာမႏၲန္၊ ထိုႏွင္ေလ်ာ္ ေသာ ဂု႒ိကာမည္ေသာေဆး၊ ဤမႏၲန္ေဆးႏွစ္ပါးစုံတတ္မွ ဝိဇၨာဓိုရ္အျဖစ္ ၿပီးေျမာက္ျခင္းသို႔ေရာက္သည္။ ဝိဇၨာဓိုရ္ျဖစ္လွ်င္ မ်ားစြာေသာတန္ဖိုးဖန္ဆင္းျခင္းကို ျဖစ္ေစအပ္၏။ တစ္ေယာက္ တည္းလ်က္လည္း မ်ားစြာေသာ ကိုယ္ကို ျဖစ္ေစတတ္၏။ အမ်ားျဖစ္လ်က္လည္း တစ္ေယာက္တည္းျဖစ္ေစနိုင္၏။
ထင္ရွားေသာ ကိုယ္ရွိေသာအျဖစ္ကို၎၊ ကြယ္ေပ်ာက္ေသာ ကိုယ္ရွိေသာအျဖစ္ကို၎၊ တိုက္ျခားရာအရပ္သို႔၎၊ တံတိုင္း ျခားရာ အရပ္သို႔၎၊ ေတာင္ျခားဆီးရာအရပ္သို႔၎ ေကာင္း ကင္ျပင္ကဲ့သို႔ မၿငိမေရွာက္သြားနိုင္၏။
ေျမအျပင္၌လည္း ေရ၌ ကဲ့သို႔ ငုပ္ျခင္း ေပၚျခင္းကိုျပဳနိုင္၏။ ေရ၌ေသာ္လည္း ေျမျပင္ ၌ကဲ့သို႔ မပက္ေစဘဲသြားနိုင္၏။ ေကာင္းကင္ျပင္၌လည္း ထက္ ဝယ္ပလႅင္ျဖင့္ အေတာင္ရွိေသာ ငွက္ကဲ့သို႔ ပ်ံနိုင္၏။ တန္ခိုး အာႏုေဘာ္ႀကီးေသာ လဝန္းကို၎၊ ေနဝန္းကို၎ လက္ျဖင့္ သုံးသပ္နိုင္၏။ ဆုပ္နယ္နိုင္၏။
ျဗဟၼာျပည္တိုင္ေအာင္ေသာ္ လည္း ကိုယ္ျဖင့္အလိုသို႔ပါေစနိုင္၏ စသည္ျဖင့္ ဝိဇၨာဓိုရ္ေဇာ္ဂ်ီ တို႔ သတၱိကို သမႏၲစကၡဳဒီပနီက်မ္းတြင္ ေဖာ္ျပထားလ်က္ရွိေပ သည္။
ျမန္မာရာဇဝင္တေလ်ာက္တြင္ ဝိဇၨာဓိုရ္ေဇာ္ဂ်ီတို႔အေၾကာင္း ကိုမၾကာခဏဖတ္ရသည္။ သေရေခတၱရာျပည္တြင္ ဒြတၱစ္ေပါင္ မင္းႀကီးထံ၌ ဝိဇၨာဓိုရ္ႏွစ္ေယာက္ခစားဖူးေၾကာင္း၊ သထုံျပည္ တြင္ဝိဇၨာဓိုရ္အေသေကာင္ကို ဆရာေတာ္ ေတာမွရခဲ့ဘူးေၾကာင္း၊ ရခိုင္ျပည္ ေတာင္ႀကီးတစ္ခုတြင္ ဝိဇၨာဓိုရ္တစ္ဦးသည္ ေရဗူးကို ျမစ္သို႔ အလိုလိုသြားေစ၍ ေရယူေစဘူးေၾကာင္း၊ အင္းဝဘုရင္ တရဖ်ားမင္းသည္ ဝိဇၨာဓိုရ္လုလင္ကို ျမင္ဘူးေၾကာင္း၊ ဘုရင့္ ေနာင္မင္းတရားႀကီးလက္ထက္ ဟံသာဝတီ က်ဳံးတူးေသာကာလ ေျမထဲ၌ ေအာင္းေနေသာ ဝိဇၨာဓိုရ္ကို ေတြ႕ရဘူးေၾကာင္းတို႔မွာ ထင္ရွားေသာ အတၳဳပၸတ္တို႔ ျဖစ္ၾကေပသည္။
ေဇာ္ဂ်ီအေၾကာင္းကို ကုန္းေဘာင္ေခတ္ ျပဇာတ္ဆရာမ်ား ကလည္း ဖြဲ႕ဆိုခဲ့ေသးသည္။ ဦးၾကင္ဥက 'ငါ ေဖဂ်ီသနစ္ကို၊ ဋီကာျဖစ္ ေလာင္းေတာ့မည္။ သက္ေျပာင္းသက္ခြာ၊ ဂါထာ မႏၲန္၊ ေမွာ္ျပစုန္းနတ္၊ ဆယ့္ႏွစ္ရပ္ကို၊ ပတ္ပတ္ေႏွာက္ေမႊ၊ အရွင့္ဖုန္းႏွင့္၊ ထုံးလိုေခ်၊ ကေဝသာရ၊ လကၡဏဒီပ၊ ေဘသဇၨ ပါရဂူ၊ သရဖူပိ႑ော၊ ဥဏွႏွင့္ေတေဇာ၊ ဝါေယာဓာတု၊ ဓာတ္ ေဆးကုမွာလည္း၊ သုထက္ဆယ္ဆ၊ က်ဴးလို႔ပဲက်ေသး၊ သုတ ေလာဟာ၊ ဘင္နာခဲခ်ိဳး၊ သံေသလည္းထိုး၊ တန္ခိုးစြမ္းအင္၊ စိန္ေသနတ္အေျမာက္ႏွင့္၊ ေလးသစ္ေပါက္အဝင္၊ အရွင္သိ ရဲစာၿမီ၊ ငါနန္းေပါက္ေဇာ္ဂ်ီ'စသည္ျဖင့္ ေရးခဲ့သည္။
႐ုပ္ေသးစင္တြင္ ေဇာ္ဂ်ီထြက္ရိုးရွိသည္။ ထြက္လာေသာ အခါ 'လြမ္းေလးေစရ၊ ဟိုၿမိဳင္လယ္မွာ သည္ၿမိဳင္လယ္မွာ၊ စပယ္ေလးကို ထားဝယ္ခတယ္၊ ေဒါနကသင္း။ ေဇာဆိုေဇာ္ ခ်င္း၊ ေဇာ္ခ်င္းမို႔ေၾကာက္ဖက္ကြာ၊ ေဇာ္တကာတြင္ ေခါင္က ခ်ဳပ္တယ္၊ ဂ်ီတကာတြင္ ေခါင္ကခ်ဳပ္တယ္၊ ဂိုဏ္းကအုပ္မဲ့ လာ။ ေဇာ္ေရာင္ဂ်ီေရာင္၊ ေဆးႀကိတ္တဲ့ေတာင္၊ ကိုင္ေဆာင္ ေတာင္ေဝွး၊ လိုလိုရာေသြး ႏုေဆး၊ ေဆးႀကိတ္တဲ့ေကာင္'ဟု ဆိုင္းကဆိုတီး ေပး၍ ကရသည္။
ထိုေနာက္ ေဆးႀကိတ္သည္။ ထိုေနာက္ ေဆးေအာင္၍ေလးခင္းဆိုင္းႏွင့္ကသည္။ ထိုေနာက္ ထြက္ရပ္ေပါက္၍ လက္တန္းကိုခုန္ေက်ာ္ကာ ဝင္ေလေတာ့ သည္။ ေဇာ္ကသည္ အလြန္႐ႊင္ေသာ ျမန္မာအကတစ္မ်ိဳးေပ တည္း။
#Crd.....#Sai cherry
#10September2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈
ဇော်ဂျီ
ဇော်ဂျီဆိုသည်မှာ ပါဠိ သက္ကတနွယ်- ဟိန္ဒီစကားလုံး ဇောဂီ(ယောဂီ) မှ ဆင်းသက်လာပုံရသည်။ ` စက္ခု သင်္ဃာ အရိယာနှင့် ဆရာပုဏ္ဏား ဇော်ဂီအားလည်း´ ဟူ၍ ဓမ္မပါလပျို့တွင် တွေ့ရှိရလေ သည်။ `ပုဏ္ဏားဇော်ဂီ တပသီနှိုက်´ဟူ၍၎င်း၊ ရွှေဟင်္သာမင်းပျို့တွင် `ရပ်ရှစ်ပါးမှ ပုဏ္ဏားဇော်ဂီ´ဟူ၍၎င်း သံဝရပျို့တွင် ဇော်ဂျီတို့ အကြောင်းအဖွဲ့များ တွေ့နိုင်ပေသည်။
အချို့ပညာရှိ ပုဂ္ဂိုလ်များက ဇော်ဂျီနှင့် ဝိဇ္ဇာဓိုရ်တို့သည် တစ်ဘာသာစီ ဖြစ်သည်ဟု ဆိုလေသည်။ ဝိဇ္ဇာဓိုရ်သော ဇော်ဂျီသည် တစ်ကိုယ်မှ အများဖြစ်နိုင်၏။ ကွယ်ပျောက်နိုင်၏။ တိုင်းခြားအရပ်ကို ရောက်နိုင်၏။ မြေလျှိုးမိုးပျံ နိုင်၏။ ကောင်းကင်ဝယ် ငှက်ကဲ့သို့ ပျံနိုင်၏။ `လ´ကို၎င်း၊ `နေ´ကို၎င်း လက်ဖြင့် သုံးသပ်နိုင်၏ ဟူ၍ သမန္တစက္ခုဒီပနီကျမ်းတွင် တွေ့ရသည်။
ဇော်ဂျီသည် ဓာတ်လုံးနှင့် ဆေးတောင်ဝှေး အကူအညီဖြင့် မြေလျှိုး၍ မိုးပျံနိုင်သည်ဟု အဆိုရှိသည်။ မြေလျှိုးမိုးပျံနိုင်သော လူသား အတတ်ပညာရှင်တစ်ဦးဟု ခေါ်ဆိုနိုင်ပေသည်။
ဆုတောင်းခန်းပျို့တွင် `တရိသုလိ၊ ဇော်ဂီပုဏ္ဏား၊ သုံးစွဲထားသား၊ သစ်သားသုံးခွ၊ တိဒဏ္ဍနှင့်´ ဟု ပါရှိပုံကို ထောက်လျှင် ဇော်ဂျီတောင်ဝှေး သည် ယနေ့တွေ့နေရသကဲ့သို့ စင်းလုံးချောမဟုတ်ဘဲ သုံးခွလှံ တောင်ဝှေးမျိုး ဖြစ်တန်ရာသည်။ ဇော်ဂျီတွင် မှတ်ဆိတ်မွှေး လည်းရှိသည်။
ဇော်ဂျီတွင် ထူးခြားသည့် အချက်တစ်ချက်ရှိသည်မှာ ဇော်ဂျီတွင် အမဟူ၍ မရှိဘဲ ဇော်ဂျီအထီးများသာ ရှိခြင်းဖြစ်ပေသည်။ [၁]
ဇော်ဂျီ ဆိုသည့်ပုဒ်သည် ယောဂီပုဒ်မှ ဆင်းသက်လာသည်။ (သဒ္ဒါမှာ ဂဝယော ပုဒ်မှနေ ဂဝဇော ဖြစ်လာသကဲ့သို့ ဒေါဓဿစသုတ် အဖွင့်အရ ယကို ဇ ပြုသည်။) ယောဂီမှ ဇောဂီ ဖြစ်လာပါသည်။ ယောဂီ ဆိုသော ပါဠိစကားလုံးကို သက္ကတ အသံပျက်နှင့် မြန်မာများက ဇော်ဂျီဟု ဖတ်လိုက်ကြသည်။ ယောဂတရား အားထုတ်နေသူဟု အဓိပ္ပါယ်ရသည်။
ယောဂတရား ဆိုသည်မှာ သမထတရား ၊ ဈာန်တရား သမာဓိတရားဖြစ်သည်။ ယောဂအကျင့် ကျင့်နေသူ မှန်သမျှကို ယောဂီ ခေါ်ရသလို ဇော်ဂျီ လို့လဲ ခေါ်နိုင်ပါသည်။
ဇော်ဂျီတို့၏လုပ်ငန်းသည် တစ်စိတ်တစ်ဝက်အားဖြင့် ပုဏ္ဏားတို့၏ လုပ်ငန်းနှင့်တူပေသည်။ ဆုတောင်းခန်းပျို့ တွင် ပါရှိသည့်စကားတို့အရ ဇော်ဂီတို့သည် ဗေဒင်ဟောကြ သည်။ လက္ခဏာဖတ်ကြသည်။ မြေကြန် အတတ်ကို နားလည် ကြသည်။
နေသွား လသွား၊ နေကြတ် လကြတ်၊ ဂြိုဟ်နေ ဂြိုဟ်ရပ်၊ အတိတ် နိမိတ်၊ တံဘောင်စံနည်းတို့ကိုလည်း လေ့ လာကျွမ်းကျင်ကြသည်။ ထိုပြင်လည်း သုဝဏ္ဏသျှံသစ္စာခန်ပျို့ တွင် 'သဏ္ဌာန်ရွှေလှော်၊ ရှင်လှကျော်ကို၊ သက်တော် ဝင်ကြောင်း၊ နတ်များပေါင်း၍၊ နှုတ်ကောင်းတညီ၊ ဇော်ဂျီ အတတ်၊ နတ်မန္တရား၊ နတ်ဆေးဝါးဖြင့်၊ ယောက်ျားအိပ်ပျော်၊ နိုးဘိသော်သို့၊ နုဘော်ပြင်းဝှန်၊ တန်ခိုးထန်ဘိ' ဟုစပ်ထားသည့် အရဆိုသော် ဇော်ဂျီတို့သည် အသက်သွင်သောအတတ်ကို တတ် သည်ဟူ၏။
ဇော်ဂျီတို့၏ အဆင်းသဏ္ဌာန်ကိုသော်ကား ပန်းချီ ပန်းပု လက်ရာတို့တွင်၎င်း ဇာတ်စင်ရုပ်သေးစင်တို့တွင်၎င်း ယနေ့တိုင် တွေ့ရပေသေးသည်။ ထိုအဆင်းသဏ္ဌာန်တို့ မူမှန်ပုံကိုလည်း ဇော်ဂျီဦးထုပ်ပင်၊ ဇော်ဂျီ မုတ်ဆိတ်ပင်၊ ဇော်ဂျီတောင်ဝှေးပင်၊ ဇော်ဂျီရောင် ဇော်ဂျီသွေးဆိုသော ဝေါဟာရတို့က ထောက်ခံ ထားကြပေ သည်။
ဇော်ဂျီတောင်ဝှေးဆိုရာ၌ ဆုတောင်းခန်းပျို့ တွင် 'တရိသူလီ၊ ဇော်ဂီပုဏ္ဏား၊ သုံးစွဲထားသား၊ သစ် သားသုံးခွ၊ တိဒဏ္ဍနှင့်'ဟု စပ်ထားသည်ကိုထောက်သော်၊ တစ်ခါတစ်ရံ ဇော်ဂီတို့သည် တရိသူလီခေါ် အသွားသုံးခွလှံတံ ကိုလည်း ကိုင်စွဲတတ်ကြောင်း သိရပေသည်။
'တပသီတို့မှာ ဇော်ဂီအဝင်ဖြစ်သည်။ မိမိတို့စွဲသော တိဒဏ္ဍသစ်ကို ရေဖြင့် စိမ်၍ သစ္စာမူစေ'ဟူသော မနုကျယ်ဓမ္မသတ်လာ စကားကို ထောက်၍လည်း သိရပေသေးသည်။
နှောင်းစာတို့တွင်ကား ဇော်ဂျီကို ဝိဇ္ဇာဓိုရ်နှင့် မကွဲမပြား ရေးကြလေသည်။ သထုံပြည်တွင် သူရဲကောင်း ကုလားညီနောင် တို့ ဖုတ်ကင်စားသည်မှာ 'ဝိဇ္ဇာဓိုရ် ဇော်ဂျီကောင်'ဖြစ်ကြောင်း ကို ဦးကုလားရာဇဝင်တွင် ဆိုထားလေသည်။
ထိုဇော်ဂျီတို့သည် ဃောရမည်သော မန္တန်၊ ဂန္ဓာရီ မည်သောမန္တန်၊ ထိုနှင်လျော် သော ဂုဋ္ဌိကာမည်သောဆေး၊ ဤမန္တန်ဆေးနှစ်ပါးစုံတတ်မှ ဝိဇ္ဇာဓိုရ်အဖြစ် ပြီးမြောက်ခြင်းသို့ရောက်သည်။ ဝိဇ္ဇာဓိုရ်ဖြစ်လျှင် များစွာသောတန်ဖိုးဖန်ဆင်းခြင်းကို ဖြစ်စေအပ်၏။ တစ်ယောက် တည်းလျက်လည်း များစွာသော ကိုယ်ကို ဖြစ်စေတတ်၏။ အများဖြစ်လျက်လည်း တစ်ယောက်တည်းဖြစ်စေနိုင်၏။
ထင်ရှားသော ကိုယ်ရှိသောအဖြစ်ကို၎င်း၊ ကွယ်ပျောက်သော ကိုယ်ရှိသောအဖြစ်ကို၎င်း၊ တိုက်ခြားရာအရပ်သို့၎င်း၊ တံတိုင်း ခြားရာ အရပ်သို့၎င်း၊ တောင်ခြားဆီးရာအရပ်သို့၎င်း ကောင်း ကင်ပြင်ကဲ့သို့ မငြိမရှောက်သွားနိုင်၏။
မြေအပြင်၌လည်း ရေ၌ ကဲ့သို့ ငုပ်ခြင်း ပေါ်ခြင်းကိုပြုနိုင်၏။ ရေ၌သော်လည်း မြေပြင် ၌ကဲ့သို့ မပက်စေဘဲသွားနိုင်၏။ ကောင်းကင်ပြင်၌လည်း ထက် ဝယ်ပလ္လင်ဖြင့် အတောင်ရှိသော ငှက်ကဲ့သို့ ပျံနိုင်၏။ တန်ခိုး အာနုဘော်ကြီးသော လဝန်းကို၎င်း၊ နေဝန်းကို၎င်း လက်ဖြင့် သုံးသပ်နိုင်၏။ ဆုပ်နယ်နိုင်၏။
ဗြဟ္မာပြည်တိုင်အောင်သော် လည်း ကိုယ်ဖြင့်အလိုသို့ပါစေနိုင်၏ စသည်ဖြင့် ဝိဇ္ဇာဓိုရ်ဇော်ဂျီ တို့ သတ္တိကို သမန္တစက္ခုဒီပနီကျမ်းတွင် ဖော်ပြထားလျက်ရှိပေ သည်။
မြန်မာရာဇဝင်တလျောက်တွင် ဝိဇ္ဇာဓိုရ်ဇော်ဂျီတို့အကြောင်း ကိုမကြာခဏဖတ်ရသည်။ သရေခေတ္တရာပြည်တွင် ဒွတ္တစ်ပေါင် မင်းကြီးထံ၌ ဝိဇ္ဇာဓိုရ်နှစ်ယောက်ခစားဖူးကြောင်း၊ သထုံပြည် တွင်ဝိဇ္ဇာဓိုရ်အသေကောင်ကို ဆရာတော် တောမှရခဲ့ဘူးကြောင်း၊ ရခိုင်ပြည် တောင်ကြီးတစ်ခုတွင် ဝိဇ္ဇာဓိုရ်တစ်ဦးသည် ရေဗူးကို မြစ်သို့ အလိုလိုသွားစေ၍ ရေယူစေဘူးကြောင်း၊ အင်းဝဘုရင် တရဖျားမင်းသည် ဝိဇ္ဇာဓိုရ်လုလင်ကို မြင်ဘူးကြောင်း၊ ဘုရင့် နောင်မင်းတရားကြီးလက်ထက် ဟံသာဝတီ ကျုံးတူးသောကာလ မြေထဲ၌ အောင်းနေသော ဝိဇ္ဇာဓိုရ်ကို တွေ့ရဘူးကြောင်းတို့မှာ ထင်ရှားသော အတ္ထုပ္ပတ်တို့ ဖြစ်ကြပေသည်။
ဇော်ဂျီအကြောင်းကို ကုန်းဘောင်ခေတ် ပြဇာတ်ဆရာများ ကလည်း ဖွဲ့ဆိုခဲ့သေးသည်။ ဦးကြင်ဥက 'ငါ ဖေဂျီသနစ်ကို၊ ဋီကာဖြစ် လောင်းတော့မည်။ သက်ပြောင်းသက်ခွာ၊ ဂါထာ မန္တန်၊ မှော်ပြစုန်းနတ်၊ ဆယ့်နှစ်ရပ်ကို၊ ပတ်ပတ်နှောက်မွှေ၊ အရှင့်ဖုန်းနှင့်၊ ထုံးလိုချေ၊ ကဝေသာရ၊ လက္ခဏဒီပ၊ ဘေသဇ္ဇ ပါရဂူ၊ သရဖူပိဏ္ဍော၊ ဥဏှနှင့်တေဇော၊ ဝါယောဓာတု၊ ဓာတ် ဆေးကုမှာလည်း၊ သုထက်ဆယ်ဆ၊ ကျူးလို့ပဲကျသေး၊ သုတ လောဟာ၊ ဘင်နာခဲချိုး၊ သံသေလည်းထိုး၊ တန်ခိုးစွမ်းအင်၊ စိန်သေနတ်အမြောက်နှင့်၊ လေးသစ်ပေါက်အဝင်၊ အရှင်သိ ရဲစာမြီ၊ ငါနန်းပေါက်ဇော်ဂျီ'စသည်ဖြင့် ရေးခဲ့သည်။
ရုပ်သေးစင်တွင် ဇော်ဂျီထွက်ရိုးရှိသည်။ ထွက်လာသော အခါ 'လွမ်းလေးစေရ၊ ဟိုမြိုင်လယ်မှာ သည်မြိုင်လယ်မှာ၊ စပယ်လေးကို ထားဝယ်ခတယ်၊ ဒေါနကသင်း။ ဇောဆိုဇော် ချင်း၊ ဇော်ချင်းမို့ကြောက်ဖက်ကွာ၊ ဇော်တကာတွင် ခေါင်က ချုပ်တယ်၊ ဂျီတကာတွင် ခေါင်ကချုပ်တယ်၊ ဂိုဏ်းကအုပ်မဲ့ လာ။ ဇော်ရောင်ဂျီရောင်၊ ဆေးကြိတ်တဲ့တောင်၊ ကိုင်ဆောင် တောင်ဝှေး၊ လိုလိုရာသွေး နုဆေး၊ ဆေးကြိတ်တဲ့ကောင်'ဟု ဆိုင်းကဆိုတီး ပေး၍ ကရသည်။
ထိုနောက် ဆေးကြိတ်သည်။ ထိုနောက် ဆေးအောင်၍လေးခင်းဆိုင်းနှင့်ကသည်။ ထိုနောက် ထွက်ရပ်ပေါက်၍ လက်တန်းကိုခုန်ကျော်ကာ ဝင်လေတော့ သည်။ ဇော်ကသည် အလွန်ရွှင်သော မြန်မာအကတစ်မျိုးပေ တည်း။
#Crd.....#Sai cherry
#10September2018WLP📚📚📚📚📚
No comments:
Post a Comment