#စိတ္ညစ္ေနသူအတြက္နည္းေကာင္း (၅)ခ်က္
✔✔✔✔✔✔✔✔✔✔✔✔✔
နည္းမသိရင္ စိ္တ္က ညစ္သည္ထက္ ညစ္မွာ ေသခ်ာပါတယ္။
ဘာျဖစ္လုိ႔လဲဆုိေတာ့
စိတ္မၾကည္လင္ဘဲ စိတ္အေမွာင္ထဲမွာပဲ တ၀ဲ၀ဲလည္ေနလုိ႔ ျဖစ္တယ္။
စိတ္ကုိ သတိနဲ႔ ထိန္းႏုိင္ရမယ္။
စိတ္ဆင္းရဲရင္ သတိနဲ႔ထိန္းႏုိင္ေအာင္ ေလ့က်င့္ရမယ္။
၁။စိတ္ညစ္တာ
၂။ထိတ္လန္႔တာ
၃။စုိးရိမ္ေၾကာင့္ၾကတာ
၄။အားငယ္တာေတြ ေပၚလာခဲ့ရင္ ဆက္လက္ၿပီး ေတြးမေနဘဲ
အေတြးကုိ ခ်က္ခ်င္း ရပ္ပစ္ရမယ္။
မရပ္လုိ႔ကေတာ့ စိတ္ညစ္ တာကပဲ ပတ္ခ်ာလည္ေနမွာပဲ။
အဲဒီ မေကာင္းတဲ့အာ႐ုံအစား ေျပာင္းလဲေတြးရမွာကေတာ့...
၁။တည္ၿငိမ္တာ
၂။သတိၱရွိတာ
၃။ဇြဲရွိတာ
၄။ေပ်ာ္ရႊင္တာေတြ ျဖစ္တယ္။
စိတ္ဆင္းရဲတာကုိရပ္ၿပီး
ငါဟာ ယခုအခ်ိန္ကစလုိ႔စိတ္တည္ၿငိမ္စြာ လုပ္ေတာ့မယ္လုိ႔ ဆုံးျဖတ္ရမယ္။
၁။..#ပထမဆုံးနည္းတစ္နည္းက ...။
ဘယ္လုိလဲဆုိေတာ့ စိတ္ဆင္းရဲေနေပမယ့္၊
အခက္အခဲႀကံဳေနေပမယ့္ အျပင္ပန္းအားျဖင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနရမယ္။
တတ္ႏုိင္သမွ် ျဖစ္ေနတဲ့စိတ္ကုိ တည္တည္ၿငိမ္ၿငိမ္ ထားရမယ္။
မိမိ ႀကံဳေတြ႕ေနရတဲ့အျဖစ္ကုိ ရယ္စရာ
သေဘာ၊ ဟာသသေဘာ ေျပာင္းသြားေအာင္ စိတ္ကူးရမယ္။
ရယ္ပစ္ရမယ္။
ေျပာျပၿပီး ရယ္ပစ္၊ ေတြးၿပီး ရယ္ပစ္လုိက္။
အခ်ဳိ႕ဟာ အဲဒီလုိေနတတ္လုိ႔ စိတ္ဆင္းရဲေနေပမယ့္
ဆင္းရဲမွန္းေတာင္ မသိသာပါဘူး။
ဒုကၡကုိ ဟာသလုပ္တယ္။
ဟာသလုပ္ႏုိင္တဲ့အတြက္ ေတာ္႐ုံတန္႐ုံ အခက္အခဲဟာ လြန္ေျမာက္တာပဲ။
က်န္းမာေရးလည္း မထိခုိက္ဘူး။
ေပါင္းသင္း ဆက္ဆံေရးမွာလည္း မခ်ဳိ႕ယြင္းဘူး။
အခ်ိန္ကာလက သူ႔ဒုကၡနဲ႔ အခက္အခဲကုိ ေျပာင္းလဲ ကယ္တင္
သြားေတာ့တယ္။အခ်ဳိ႕ဆုိ အဲဒီလုိေနႏုိင္တတ္လုိ႔
“ဟင္- သိေတာင္ မသိလုိက္ဘူး” လုိ႔ ေျပာၾကရတာပဲ။
စိတ္ညစ္ၿပီး လင္းတမႈိင္ မႈိင္ၾကသူမ်ဳိးကုိ လူေတြက မုန္းၾကတယ္။
မျမင္မေတြ႕ခ်င္ၾကတဲ့သေဘာ ရွိတယ္။
ကုိယ့္ဒုကၡနဲ႔ကုိယ္ ျပန္အမုန္းခံၾကရတာပဲ။
စိတ္ညစ္စရာရွိရင္ေတာင္ ညစ္မျပနဲ႔ ဆုိတာ အဲဒါေၾကာင့္ေျပာတာျဖစ္တယ္။
၂။..#ဒုတိယနည္းကေတာ့ ...။
ကုိယ္ႀကံဳေနရတဲ့ ဒုကၡဆင္းရဲကုိ အပ္ေၾကာင္းထပ္ေနေအာင္ မေတြးတာပါဘဲ။
ဓာတ္ျပားႀကီးကုိ အဖန္တလဲလဲလည္ၿပီး ေတြးေနရင္ အေျဖနဲ႔ ထြက္ေပါက္ မရဘဲ
႐ူးေတာင္ ႐ူးတတ္ပါတယ္။
အဲဒီလုိမ်ိဳး ဒုကၡဆင္းရဲကုိ အဆက္မျပတ္ ေတြးမေနရပါဘူး။
ဘယ္သူက ငါ့ဘယ္လုိေျပာတယ္၊
ဘယ္လုိျပဳတယ္
အစရွိတာပဲ ထပ္ထပ္ေတြးေနရင္ အကုသုိလ္တက္တာနဲ႔အမွ
် စိတ္မွာ ၀န္ထုပ္၀န္ပုိးပိသလုိ ျဖစ္ေနတတ္တယ္။
အဲဒါေၾကာင့္
အဆက္မျပတ္ မေတြးလည္း မေတြးနဲ႔၊
ၿပီးေတာ့ စိတ္လည္း တုိမေနပါနဲ႔။
အခက္အခဲကုိ ဆူဆူပူပူလုပ္ေနရင္လည္း ပုိၿပီး ခက္ခဲမယ္။
အခ်ဳိ႕ကေတာ့ ကုိယ့္ကုိယ္ကုိယ္ သနားၿပီး စိတ္ငယ္သြားတယ္။
အဲဒါလည္း မွားတာပဲ။
မိမိကုိယ္မိမိ သနားၿပီး စိတ္ငယ္သူေတြရဲ႕အခက္အခဲဟာ လြတ္ေျမာက္ခဲလွတယ္။
၃။.#တတိယနည္းကေတာ့ ...။
႐ႈံးနိမ့္ျခင္းကေန ေအာင္ျမင္ျခင္းကုိ ေျပာင္းလဲႏုိင္ေအာင္ ေခါင္းေအးေအးထားၿပီး
စီမံကိန္းဆြဲတာပါပဲ။စီမံကိန္းနဲ႔ ရင္ဆုိင္တာဟာ ေကာင္းတယ္။
ေယာက္ယက္မခတ္ဘူး။
ေအာင္ျမင္ဖုိ႔အတြက္ လုိအပ္တဲ့ လက္နက္ဆုိတာက တည္ၿငိမ္ျခင္း၊
သတိၱရွိျခင္း၊ စိတ္ေပ်ာ္ရႊင္ျခင္းေတြပဲ မဟုတ္လား။
အဲဒီ စိတ္ထားေတြဟာ လူတုိင္း ေလးစားတဲ့စိတ္ထား ျဖစ္တယ္။
၄။..#စတုတၳနည္းကေတာ့...။
(က) စိတ္တည္ၿငိမ္စြာ ထားပါ။
(ခ) ျဖစ္သမွ်အေၾကာင္း အေကာင္းခ်ည္းပဲဟု ေအာက္ေမ့ပါ။
(ဂ) သတိၱရွိပါ။ ဘာျဖစ္ျဖစ္ မမႈဟု ေတြးပါ။
(ဃ) ဇြဲရွိပါေစ။ ငါ မုခ်ေအာင္ျမင္ရမည္ဟု ဆုံးျဖတ္ပါ။
(င) ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနပါ။
(စ) စိတ္ေကာင္းထားပါ။ သူတစ္ပါးအေပၚ ၿငိဳျငင္တဲ့စိတ္မျဖစ္ပါေစနဲ႔။
၅။ #ပဥၥမနည္းကေတာ့...။
တရားထိုင္ျပီး စိတ္ကိုတည္ျငိမ္ေအာင္ထားကာ ေမတၱာျဖင့္ ပူေလာင္ေနတဲ့
စိတ္ကိုျငိမ္းေအးေအာင္လုပ္ရမယ္..
.ပူေလာင္ေနတဲ့ စိတ္ရဲ့ထြက္ေပါက္သည္
ေမတၱာ တရားလမ္းပင္ျဖစ္ပါတယ္..လို႔
ဘုရားရွင္ေဟာထားပါတယ္။
ဤနည္း ၅ နည္းျဖင့္ မိမိစိတ္ ပူေလာင္ေနမႈကို ျငိမ္းေအးနိုင္ၾကပါတယ္။
ဒါေတြသိရင္ စိတ္ညစ္သက္သာမယ္။
စိတ္၏ခ်မ္းသာျခင္းနဲ႔ ဘ၀တက္လမ္းကုိ
ေလ်ာက္လွမ္းနိုင္မွာျဖစ္ပါတယ္...။
(#ဆရာတက္တိုး - #ေသာကကင္းေ၀းေနနိုင္ေရးစာအုပ္မွ)
#Credit #OriginalUploader
#10September2018WLP📚📚📚📚📚
📮📮📮📮📮📮📮📮📮
#စိတ်ညစ်နေသူအတွက်နည်းကောင်း (၅)ချက်
✔✔✔✔✔✔✔✔✔✔✔✔✔
နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။
ဘာဖြစ်လို့လဲဆိုတော့
စိတ်မကြည်လင်ဘဲ စိတ်အမှောင်ထဲမှာပဲ တဝဲ၀ဲလည်နေလို့ ဖြစ်တယ်။
စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။
စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်ရမယ်။
၁။စိတ်ညစ်တာ
၂။ထိတ်လန့်တာ
၃။စိုးရိမ်ကြောင့်ကြတာ
၄။အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ
အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။
မရပ်လို့ကတော့ စိတ်ညစ် တာကပဲ ပတ်ချာလည်နေမှာပဲ။
အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့...
၁။တည်ငြိမ်တာ
၂။သတိ္တရှိတာ
၃။ဇွဲရှိတာ
၄။ပျော်ရွှင်တာတွေ ဖြစ်တယ်။
စိတ်ဆင်းရဲတာကိုရပ်ပြီး
ငါဟာ ယခုအချိန်ကစလို့စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။
၁။..#ပထမဆုံးနည်းတစ်နည်းက ...။
ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊
အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင် နေရမယ်။
တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။
မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာ
သဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။
ရယ်ပစ်ရမယ်။
ပြောပြပြီး ရယ်ပစ်၊ တွေးပြီး ရယ်ပစ်လိုက်။
အချို့ဟာ အဲဒီလိုနေတတ်လို့ စိတ်ဆင်းရဲနေပေမယ့်
ဆင်းရဲမှန်းတောင် မသိသာပါဘူး။
ဒုက္ခကို ဟာသလုပ်တယ်။
ဟာသလုပ်နိုင်တဲ့အတွက် တော်ရုံတန်ရုံ အခက်အခဲဟာ လွန်မြောက်တာပဲ။
ကျန်းမာရေးလည်း မထိခိုက်ဘူး။
ပေါင်းသင်း ဆက်ဆံရေးမှာလည်း မချို့ယွင်းဘူး။
အချိန်ကာလက သူ့ဒုက္ခနဲ့ အခက်အခဲကို ပြောင်းလဲ ကယ်တင်
သွားတော့တယ်။အချို့ဆို အဲဒီလိုနေနိုင်တတ်လို့
“ဟင်- သိတောင် မသိလိုက်ဘူး” လို့ ပြောကြရတာပဲ။
စိတ်ညစ်ပြီး လင်းတမှိုင် မှိုင်ကြသူမျိုးကို လူတွေက မုန်းကြတယ်။
မမြင်မတွေ့ချင်ကြတဲ့သဘော ရှိတယ်။
ကိုယ့်ဒုက္ခနဲ့ကိုယ် ပြန်အမုန်းခံကြရတာပဲ။
စိတ်ညစ်စရာရှိရင်တောင် ညစ်မပြနဲ့ ဆိုတာ အဲဒါကြောင့်ပြောတာဖြစ်တယ်။
၂။..#ဒုတိယနည်းကတော့ ...။
ကိုယ်ကြုံနေရတဲ့ ဒုက္ခဆင်းရဲကို အပ်ကြောင်းထပ်နေအောင် မတွေးတာပါဘဲ။
ဓာတ်ပြားကြီးကို အဖန်တလဲလဲလည်ပြီး တွေးနေရင် အဖြေနဲ့ ထွက်ပေါက် မရဘဲ
ရူးတောင် ရူးတတ်ပါတယ်။
အဲဒီလိုမျိုး ဒုက္ခဆင်းရဲကို အဆက်မပြတ် တွေးမနေရပါဘူး။
ဘယ်သူက ငါ့ဘယ်လိုပြောတယ်၊
ဘယ်လိုပြုတယ်
အစရှိတာပဲ ထပ်ထပ်တွေးနေရင် အကုသိုလ်တက်တာနဲ့အမှ
ျ စိတ်မှာ ဝန်ထုပ်ဝန်ပိုးပိသလို ဖြစ်နေတတ်တယ်။
အဲဒါကြောင့်
အဆက်မပြတ် မတွေးလည်း မတွေးနဲ့၊
ပြီးတော့ စိတ်လည်း တိုမနေပါနဲ့။
အခက်အခဲကို ဆူဆူပူပူလုပ်နေရင်လည်း ပိုပြီး ခက်ခဲမယ်။
အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး စိတ်ငယ်သွားတယ်။
အဲဒါလည်း မှားတာပဲ။
မိမိကိုယ်မိမိ သနားပြီး စိတ်ငယ်သူတွေရဲ့အခက်အခဲဟာ လွတ်မြောက်ခဲလှတယ်။
၃။.#တတိယနည်းကတော့ ...။
ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး
စီမံကိန်းဆွဲတာပါပဲ။စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။
ယောက်ယက်မခတ်ဘူး။
အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊
သတိ္တရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။
အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။
၄။..#စတုတ္ထနည်းကတော့...။
(က) စိတ်တည်ငြိမ်စွာ ထားပါ။
(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။
(ဂ) သတိ္တရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။
(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။
(င) ပျော်ပျော်ရွှင်ရွှင်နေပါ။
(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ်မဖြစ်ပါစေနဲ့။
၅။ #ပဉ္စမနည်းကတော့...။
တရားထိုင်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာ မေတ္တာဖြင့် ပူလောင်နေတဲ့
စိတ်ကိုငြိမ်းအေးအောင်လုပ်ရမယ်..
.ပူလောင်နေတဲ့ စိတ်ရဲ့ထွက်ပေါက်သည်
မေတ္တာ တရားလမ်းပင်ဖြစ်ပါတယ်..လို့
ဘုရားရှင်ဟောထားပါတယ်။
ဤနည်း ၅ နည်းဖြင့် မိမိစိတ် ပူလောင်နေမှုကို ငြိမ်းအေးနိုင်ကြပါတယ်။
ဒါတွေသိရင် စိတ်ညစ်သက်သာမယ်။
စိတ်၏ချမ်းသာခြင်းနဲ့ ဘဝတက်လမ်းကို
လျောက်လှမ်းနိုင်မှာဖြစ်ပါတယ်...။
(#ဆရာတက်တိုး - #သောကကင်းဝေးနေနိုင်ရေးစာအုပ်မှ)
#Credit #OriginalUploader
#10September2018WLP📚📚📚📚📚
No comments:
Post a Comment