Saturday, 22 September 2018

သင့္ ရင့္က်က္လာၿပီလား

#သင္ရင့္က်က္လာျပီလား
ℹℹℹℹℹℹℹ

(၁) အခ်စ္ဆုိတာ ဘဝရဲ႕ အစိတ္အပုိင္းတစ္ခုပဲဆုိတာ တျဖည္းျဖည္းနားလည္လာျပီ။
ဘဝ၊ အခ်စ္နဲ႔ ပုိင္ဆုိင္ရမယ့္အရာေတြ၊ လက္လႊတ္ရမယ့္အရာေတြအေၾကာင္း သိလာျပီ။
ဒါဆုိ သင္ ရင့္က်က္လာျပီ။
.
(၂) ငယ္ငယ္တုန္းကေတာ့ ၾကိဳးစားရင္ ဘာမဆုိျဖစ္ႏုိင္တယ္လို႔ ယံုဖူးတယ္။
လက္ေတြ႔ဘဝမွာေတာ့ ဘာေတြကို ၾကိဳးစားရမယ္၊
ဘာေတြကို လ်စ္လ်ဴရႈတတ္ရမယ္ဆုိတာ သေဘာေပါက္သြားျပီ။
ဒါဆုိ သင္ ရင့္က်က္လာျပီ။
.
(၃) အရံႈးဆုိတာ နာက်င္စရာမဟုတ္သလို၊
အဆံုးသတ္လည္း မဟုတ္ဘူးဆုိတာ သိသြားျပီ။
အရံႈးေတြနဲ႔ မၾကာခဏဆုိသလုိ ရင္းႏွီးလာေပမယ့္
အရံႈးသမားဆုိတဲ့ တံဆိပ္ကပ္မခံရေအာင္ သင္ခန္းစာေတြ ယူတတ္လာျပီ။
ဒါဆုိ သင္ ရင့္က်က္လာျပီ။
.
(၄) ဟုိးတုန္းက သင္ယူတယ္ဆုိတာ ဂုဏ္ယူနုိင္ဖုိ႔ဆုိတဲ့ ဦးတည္ခ်က္ပဲရွိတယ္။
ေနာက္ပုိင္းမွာေတာ့ သင္ယူတယ္ဆုိတာ အသံုးခ်ဖို႔၊ မွ်ေဝဖို႔၊ စတဲ့
တိက်တဲ့ အေၾကာင္းအရင္းေတြနဲ႔ သင္လာတယ္။
ဒါဆုိ သင္ ရင့္က်က္လာျပီ။
.
(၅) ဝမ္းနည္းေနေပမယ့္ ျပံဳးေနမိတယ္။
ရင္ထဲ ဝမ္းသာေပမယ့္ တည္ျငိမ္ေအာင္ ေနေနရတယ္။
ဒါဆုိ သင္ ရင့္က်က္လာျပီ။
.
(၆) လူဆုိတာ အေကာင္းနဲ႔အဆုိး ေရာေနတဲ့ သတၱဝါေတြမွန္း သိလာရတယ္။
ဒါေပမယ့္ ေကာင္းတဲ့အခ်က္ေတြကိုပဲ ျမင္ေအာင္ၾကည့္ျပီး ဆုိးတာေတြကို လ်စ္လ်ဴရႈတတ္လာမယ္။
ဒါဆုိ သင္ ရင့္က်က္လာျပီ။
.
(၇) အစပုိင္းမွာ လူေတြသတ္မွတ္ထားတဲ့ ေအာင္ျမင္မႈကို ရွာတယ္။
ေနာက္ပုိင္းမွာေတာ့ ကုိယ့္ရင္ထဲက ယံုၾကည္ေနတဲ့ ေအာင္ျမင္မႈကိုပဲ ရွာေတာ့တယ္။
ဒါဆုိ သင္ ရင့္က်က္လာျပီ။
.
(၈) ဘယ္အခ်ိန္မွာ ေျပာရမယ္၊
ဘယ္အခ်ိန္မွာ ႏႈတ္ဆိတ္ေနရမယ္၊
သင္ေကာင္းေကာင္း သိလာျပီ။
ဒါဆုိ သင္ ရင့္က်က္လာျပီ။
.
(၉) လူေတြရဲ႕ စကားကို ဂရုမစုိက္တတ္ဘူး။
ဒါေပမယ့္ ကုိယ့္ရဲ႕ သိကၡာတရားကုိေတာ့ ဂရုစုိက္တတ္လာျပီ။
ဒါဆုိ သင္ ရင့္က်က္လာျပီ။
.
(၁၀) အဆုိးေတြနဲ႔ ၾကံဳရတုိင္း ဝမ္းမနည္းတတ္ေတာ့ဘူး။
ဒါေတြဟာ အခုိက္အတန္႔ပဲဆုိတာ သိသြားျပီ။
ဒါဆုိ သင္ ရင့္က်က္လာျပီ။
🎈🎈🎈🎈🎈🎈🎈
#Credit   #ေရႊညာေမာင္ (Focus Youth)
#18September2018WLP📚📚📚📚📚
🔴🔴🔴

#သင်ရင့်ကျက်လာပြီလား
ℹℹℹℹℹℹℹ

(၁) အချစ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတာ တဖြည်းဖြည်းနားလည်လာပြီ။
ဘဝ၊ အချစ်နဲ့ ပိုင်ဆိုင်ရမယ့်အရာတွေ၊ လက်လွှတ်ရမယ့်အရာတွေအကြောင်း သိလာပြီ။
ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၂) ငယ်ငယ်တုန်းကတော့ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်လို့ ယုံဖူးတယ်။
လက်တွေ့ဘဝမှာတော့ ဘာတွေကို ကြိုးစားရမယ်၊
ဘာတွေကို လျစ်လျူရှုတတ်ရမယ်ဆိုတာ သဘောပေါက်သွားပြီ။
ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၃) အရှုံးဆိုတာ နာကျင်စရာမဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ။
အရှုံးတွေနဲ့ မကြာခဏဆိုသလို ရင်းနှီးလာပေမယ့်
အရှုံးသမားဆိုတဲ့ တံဆိပ်ကပ်မခံရအောင် သင်ခန်းစာတွေ ယူတတ်လာပြီ။
ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၄) ဟိုးတုန်းက သင်ယူတယ်ဆိုတာ ဂုဏ်ယူနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်ပဲရှိတယ်။
နောက်ပိုင်းမှာတော့ သင်ယူတယ်ဆိုတာ အသုံးချဖို့၊ မျှဝေဖို့၊ စတဲ့
တိကျတဲ့ အကြောင်းအရင်းတွေနဲ့ သင်လာတယ်။
ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၅) ဝမ်းနည်းနေပေမယ့် ပြုံးနေမိတယ်။
ရင်ထဲ ဝမ်းသာပေမယ့် တည်ငြိမ်အောင် နေနေရတယ်။
ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၆) လူဆိုတာ အကောင်းနဲ့အဆိုး ရောနေတဲ့ သတ္တဝါတွေမှန်း သိလာရတယ်။
ဒါပေမယ့် ကောင်းတဲ့အချက်တွေကိုပဲ မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူရှုတတ်လာမယ်။
ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၇) အစပိုင်းမှာ လူတွေသတ်မှတ်ထားတဲ့ အောင်မြင်မှုကို ရှာတယ်။
နောက်ပိုင်းမှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာတော့တယ်။
ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၈) ဘယ်အချိန်မှာ ပြောရမယ်၊
ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ။
ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၉) လူတွေရဲ့ စကားကို ဂရုမစိုက်တတ်ဘူး။
ဒါပေမယ့် ကိုယ့်ရဲ့ သိက္ခာတရားကိုတော့ ဂရုစိုက်တတ်လာပြီ။
ဒါဆို သင် ရင့်ကျက်လာပြီ။
.
(၁၀) အဆိုးတွေနဲ့ ကြုံရတိုင်း ဝမ်းမနည်းတတ်တော့ဘူး။
ဒါတွေဟာ အခိုက်အတန့်ပဲဆိုတာ သိသွားပြီ။
ဒါဆို သင် ရင့်ကျက်လာပြီ။
🎈🎈🎈🎈🎈🎈🎈
#Credit   #ရွှေညာမောင် (Focus Youth)
#18September2018WLP📚📚📚📚📚

No comments:

Post a Comment

ေဆးလိပ္

ေဆးလိပ္ လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။ အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ...