Saturday, 22 September 2018

လူေကာင္းကို အႏိုင္က်င့္ရတာ လြယ္တယ္။

#လူေကာင္းကို အနိုင္က်င့္ရတာ လြယ္တယ္#

ပံုျပင္ကေလးက ဒီလိုဗ်။
တခါက ရြာတရြာမွာ ရြာဦးနတ္ကြန္းေဘးမွာ
ေရႏႈတ္ေျမာင္း ျဖတ္စီးေနတယ္။
နတ္ကြန္းထဲက နတ္ရုပ္က
မတ္တတ္ကိုယ္ေတာ္ႀကီး။
တေန႔ေတာ့ လူတေယာက္က
ေျမာင္းေဘာင္အတိုင္း ေလွ်ာက္လာပီး
ဟိုဘက္ကမ္းကို ကူးမယ္လုပ္တယ္။
အဲ့ေျမာင္းထဲမွာ ေရေတာ္ေတာ္မ်ားေနတယ္။
ညက မိုးရြာထားတာကိုး။
ခုန္ကူးရေအာင္ကလဲ မမီမကမ္းနဲ႔။
ေျမာင္းထဲ ဆင္းကူးယင္လဲ ေရစိုမယ္ေလ။
ပီးေတာ့ ဒီလူကလဲ ခပ္ရြတ္ရြတ္ဆိုေတာ့
နတ္ကြန္းထဲက နတ္ရုပ္ႀကီးကို ဆြဲခ်လာ၊
ေျမာင္းေပၚခြေက်ာ္ပီး ခ်၊ ပီးမွ နတ္ရုပ္ႀကီးကို
တံုးတံတားလုပ္ပီး ေျမာင္းကို ကူးသြားတယ္။
ဟိုဘက္ကမ္းအဆင္းမွာ နတ္ရုပ္ႀကီး
မ်က္ႏွာခြက္ကိုေတာင္ ေဆာင့္နင္းသြားလိုက္ေသးသတဲ့။ 

သိပ္မၾကာလိုက္ပါဘူး။
လယ္သမားႀကီးတေယာက္ ေရာက္လာတယ္။
သူကေတာ့ နတ္ရုပ္ႀကီးမ်က္ခြက္မွာ
ရႊံ႕ေျခရာႀကီး ေပေနတာ ေတြ႕ေတာ့
မ်က္ေစ့ေတာင္ ပ်ာခနဲ ျဖစ္သြားပီး ေျမာင္းထဲဆင္း၊
ေရေတြ လက္ခုပ္နဲ႔ ခပ္္၊ နတ္ရုပ္ႀကီးကိုေဆး၊ 
မနိုင့္တနိုင္နဲ႔ မ၊ နတ္ကြန္းထဲ ျပန္ထူထားလိုက္တယ္။

အဲ့မွာ မထီမဲ့ျမင္လုပ္တယ္ဆိုပီး
နတ္ႀကီးက ဖမ္းစားသတဲ့။
ဘယ္သူ႔ကိုလဲဆိုေတာ့ သူ႕ကို နတ္ကြန္းထ
ဲ ျပန္ထားတဲ့ လယ္သမားႀကီး ကို၊
သူ႕ကို ခ်နင္းသြားတဲ့ လူကို မဟုတ္ဘူး။
နတ္ရုပ္ကို ေရႊ႕ေျပာင္းရာမွာ
အစဥ္အလာရွိတဲ့အတိုင္း
အေမႊးတိုင္ထြန္းပီး မပင့္မေလွ်ာက္လို႔တဲ့၊
နတ္ဆရာေတြက ဒီလိုေဟာလို႔
လယ္သမားႀကီးက ဝက္ေပၚပီး ပူေဇာ္ရသတဲ့။

ဒါနဲ႔ သူ႔သူငယ္ခ်င္းနတ္ေတြက
အဲ့နတ္ကို ဝိုင္းေလွာင္ၾကတယ္-
မင္းကြာ မင့္ကို တက္နင္းသြားတဲ့
ေကာင္ေတာ့ ဖမ္းမစားရဲဘူး ေပါ့။

ဟ..ငါ့ကိုမ႐ိုမေသမေၾကာက္မရံြ႔လို႔မွ
မ်က္ခြက္ေတာင္ ဖေနာင့္နဲ႔ေပါက္သြားတဲ့လူကို
ငါကသြားကိုင္ရင္ မေၾကာက္ရြံ႕တဲ့အျပင္
ငါ့နတ္စင္ပါေတာင္အမႈန္႔ႀကိတ္သြားမွာေပါ့..

သူငယ္ခ်င္းနတ္ေတြက" ဒါဆို...
မင္းကို႐ိုေသေၾကာက္ရြံ ့တဲ့လူကိုပ
ဲအမိအရကိုင္လိုက္တာေပါ့"

ဒီေတာ့ အဲ့နတ္က အားရပါးရ ရယ္ပီး ျပန္ေျပာသတဲ့့

-‘ေဟ႔ေကာင္ေတြ၊ မင္းတို႔ မသိဘူးလား၊
လူေကာင္းကို အနိဳင္က်င့္ရတာ လြယ္တယ္ကြ’ တဲ့။

တခ်ိဳ႕ေတြက သူတို႔အခြက္ကို
တက္နင္းတဲ့ ေကာင္ေတြနဲ႔ပဲ   တန္တယ္။

#Credit Tin Maung Nyunt
#18September2018WLP📚📚📚📚📚
🔮🔮🔮🔮🔮🔮🔮🔮🔮🔮

#လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်#

ပုံပြင်ကလေးက ဒီလိုဗျ။
တခါက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေးမှာ
ရေနှုတ်မြောင်း ဖြတ်စီးနေတယ်။
နတ်ကွန်းထဲက နတ်ရုပ်က
မတ်တတ်ကိုယ်တော်ကြီး။
တနေ့တော့ လူတယောက်က
မြောင်းဘောင်အတိုင်း လျှောက်လာပီး
ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ်။
အဲ့မြောင်းထဲမှာ ရေတော်တော်များနေတယ်။
ညက မိုးရွာထားတာကိုး။
ခုန်ကူးရအောင်ကလဲ မမီမကမ်းနဲ့။
မြောင်းထဲ ဆင်းကူးယင်လဲ ရေစိုမယ်လေ။
ပီးတော့ ဒီလူကလဲ ခပ်ရွတ်ရွတ်ဆိုတော့
နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ၊
မြောင်းပေါ်ခွကျော်ပီး ချ၊ ပီးမှ နတ်ရုပ်ကြီးကို
တုံးတံတားလုပ်ပီး မြောင်းကို ကူးသွားတယ်။
ဟိုဘက်ကမ်းအဆင်းမှာ နတ်ရုပ်ကြီး
မျက်နှာခွက်ကိုတောင် ဆောင့်နင်းသွားလိုက်သေးသတဲ့။ 

သိပ်မကြာလိုက်ပါဘူး။
လယ်သမားကြီးတယောက် ရောက်လာတယ်။
သူကတော့ နတ်ရုပ်ကြီးမျက်ခွက်မှာ
ရွှံ့ခြေရာကြီး ပေနေတာ တွေ့တော့
မျက်စေ့တောင် ပျာခနဲ ဖြစ်သွားပီး မြောင်းထဲဆင်း၊
ရေတွေ လက်ခုပ်နဲ့ ခပ်၊ နတ်ရုပ်ကြီးကိုဆေး၊ 
မနိုင့်တနိုင်နဲ့ မ၊ နတ်ကွန်းထဲ ပြန်ထူထားလိုက်တယ်။

အဲ့မှာ မထီမဲ့မြင်လုပ်တယ်ဆိုပီး
နတ်ကြီးက ဖမ်းစားသတဲ့။
ဘယ်သူ့ကိုလဲဆိုတော့ သူ့ကို နတ်ကွန်းထ
ဲ ပြန်ထားတဲ့ လယ်သမားကြီး ကို၊
သူ့ကို ချနင်းသွားတဲ့ လူကို မဟုတ်ဘူး။
နတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ
အစဉ်အလာရှိတဲ့အတိုင်း
အမွှေးတိုင်ထွန်းပီး မပင့်မလျှောက်လို့တဲ့၊
နတ်ဆရာတွေက ဒီလိုဟောလို့
လယ်သမားကြီးက ဝက်ပေါ်ပီး ပူဇော်ရသတဲ့။

ဒါနဲ့ သူ့သူငယ်ချင်းနတ်တွေက
အဲ့နတ်ကို ဝိုင်းလှောင်ကြတယ်-
မင်းကွာ မင့်ကို တက်နင်းသွားတဲ့
ကောင်တော့ ဖမ်းမစားရဲဘူး ပေါ့။

ဟ..ငါ့ကိုမရိုမသေမကြောက်မရံွ့လို့မှ
မျက်ခွက်တောင် ဖနောင့်နဲ့ပေါက်သွားတဲ့လူကို
ငါကသွားကိုင်ရင် မကြောက်ရွံ့တဲ့အပြင်
ငါ့နတ်စင်ပါတောင်အမှုန့်ကြိတ်သွားမှာပေါ့..

သူငယ်ချင်းနတ်တွေက" ဒါဆို...
မင်းကိုရိုသေကြောက်ရွံ့တဲ့လူကိုပ
ဲအမိအရကိုင်လိုက်တာပေါ့"

ဒီတော့ အဲ့နတ်က အားရပါးရ ရယ်ပီး ပြန်ပြောသတဲ့

-‘ဟေ့ကောင်တွေ၊ မင်းတို့ မသိဘူးလား၊
လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်ကွ’ တဲ့။

တချို့တွေက သူတို့အခွက်ကို
တက်နင်းတဲ့ ကောင်တွေနဲ့ပဲ   တန်တယ်။

#Credit Tin Maung Nyunt
#18September2018WLP📚📚📚📚📚

No comments:

Post a Comment

ေဆးလိပ္

ေဆးလိပ္ လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။ အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ...