Saturday, 8 September 2018

၃၁ဘံု တို႔၏ သက္တမ္း

#သုံးဆယ့်တဘုံ တို့၏ သက်တမ်း
🎪🎪🎪🎪🎪🎪🎪🎪🎪

စကြာဝဠာ-ဟုခေါ်သော ကမ္ဘာလောကတခု၌ သတ္တဝါတို့၏ တည်ရာဌာန
( ၃၁-ဘုံ ) ရှိသည်၊
ထိုတွင် အပါယ် လေးဘုံနှင့် လူ့ဘုံတို့၌ အမြဲတည်သော သက်တမ်းမရှိ၊ ကံအားလျှော်စွာသာလျှင် တည်ကြရသည်။

ထို့အတူ နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးဖြစ်သည့် စတုမဟာရာဇ် နတ်မျိုးတွင် ပါဝင်သော ဝိနိပါတိက အသုရာ-ခေါ် အဆင့်နိမ့်နတ်များမှာလည်း တည်မြဲသော သက်တမ်းမရှိ၊
အချို့ အလွန်ရှည်ပြီး အချို့မှာမူ ခုနစ်ရက်မျှသာ တည်သည်ဟူ၍ ပါဠိ အဋ္ဌကထာတို့၌ ဆိုပါသည်။
သို့ရာတွင် အဘိဓမ္မာ အနုဋီကာ၊ ဇိနာလင်္ကာရ ဋီကာ နောက်ပေါ်ကျမ်းတို့၌မူ
ငရဲဘုံ ရှစ်ထပ်တို့၏ သက်တမ်းများ တွက်ပြထားသည်ကို တွေ့ရပါသည်။

လူ့ပြည်၌ ကမ္ဘာဦးလူသားတို့သည် နှစ်ပေါင်း အသချေၤမျှ အသက်ရှည်ခဲ့ကြပြီး အကုသိုလ်ဒုစရိုက်မှုများ ထူပြောမှုကြောင့် သက်တမ်းများ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ ယခုခေတ်သည် သက်တမ်းတရာခေတ်ဖြစ်သည်ဟု ဆိုပါသည်၊

သို့ရာတွင် ထိုနှစ်တရာတမ်းမှာ ဇမ္ဗူဒိပ်ကျွန်းသားတို့ အတွက်သာဖြစ်ပြီး ဥတ္တရကုရုခေါ် မြောက်ကျွန်း၌ နှစ်ပေါင်း ငါးရာယခုတိုင် သက်တမ်းရှိနေသည်-ဟု
အချို့ကျမ်းတို့၌ ဆိုထားသည်ကို တွေ့ရပါသည်။

လူတို့၏ နှစ်ပေါင်း ငါးဆယ်သည်  #စတုမဟာရာဇ်နတ်တို့၏ တရက်၊
နှစ်ပေါင်း တရာသည် #တာဝတိံသာနတ်တို့၏ တရက်၊
နှစ်ပေါင်း နှစ်ရာသည် #ယာမာနတ်တို့၏ တရက်၊
နှစ်ပေါင်း လေးရာသည် #တုသိတာနတ်တို့၏ တရက်၊
နှစ်ပေါင်း ရှစ်ရာသည် #နိမ္မာနရတီနတ်တို့၏ တရက်၊
နှစ်ပေါင်း တထောင့်ခြောက်ရာသည် #ပရိနိမ္မိတဝသ၀တ္တီနတ်တို့၏ တရက်၊
အသီးသီးဖြစ်သည်။

#နတ်တို့အရေအတွက်အားဖြင့်မူ

စတုမဟာရာဇ် နှစ်ပေါင်း ငါးရာ။
တာဝတိံသာ တထောင်၊
ယာမာ နှစ်ထောင်၊
တုသိတာ လေးထောင်၊
နိမ္မာနရတီ ရှစ်ထောင်၊
ပရနိမ္မိတ ဝသ၀တ္တီ တသောင်းခြောက်ထောင် အသီးသီးဖြစ်သည်။

ထို့ကြောင့် စတုမဟာရာဇ်နတ်သက် ငါးရာကို လူတို့နှစ်ဖြင့် တွက်လျှင်
နှစ်ပေါင်း ( ၉-သန်း ) ရှိ၏။
တာသတိံသာ စသော အထက်နတ်တို့၏ သက်တမ်းများကို လူတို့နှစ်ဖြင့် တွက်လျှင်လည်း အဆင့်ဆင့် လေးဆလေးဆ တက်၍ သွားပါသည်။

#ဗြဟ္မာတို့၏ သက်တမ်းများမှာမူ အလွန်ရှည်သောကြောင့်
နှစ်ဖြင့် မတွက်နိုင်၊ ကမ္ဘာဖြင့်သာ တွက်ရသည်။

#ရူပဗြဟ္မာ ၁၆-ဘုံတို့တွင်

#ပထမဈာန် ဗြဟ္မာ သုံးဘုံတို့သည်
တကမ္ဘာ၏ သုံးပုံတပုံ၊
တကမ္ဘာ၏ ထက်ဝက်နှင့်
တကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

#ဒုတိယဈာန် သုံးဘုံတို့သည်
၂-ကမ္ဘာ၊
၄-ကမ္ဘာ၊
၈-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

#တတိယဈာန် သုံးဘုံတို့သည်
၁၆-ကမ္ဘာ၊
၃၂-ကမ္ဘာ၊
၆၄-ကမ္ဘာ၊ အသီးသီး သက်တမ်းရှိကြသည်။

#စတုတ္ထဈာန် ၇-ဘုံတို့တွင်
ဝေဟပ္ဇိုလ်နှင့် အသညသတ်ဘုံတို့၌ ကမ္ဘာ-၅၀၀၊
သုဒ္ဓါဝါသ ၅-ဘုံတို့၌
ကမ္ဘာ-၁၀၀၀၊
၂၀၀၀၊
၄၀၀၀၊
၈၀၀၀၊
၁၆၀၀၀၊ အသီးသီး သက်တမ်းရှိကြသည်။

#အရူပလေးဘုံတို့၌
ကမ္ဘာ-၂၀၀၀၀၊
၄၀၀၀၀၊
၆၀၀၀၀၊
၈၀၀၀၀ အသီးသီး ရှိကြသည်။

အထက်ပါ နတ်ဗြဟ္မာတို့၏ သက်တမ်းများကို
အဘိဓမ္မာပိဋက ဝိဘင်းပါဠိတော်၊
ဓမ္မဟဒယ ဝိဘင်း၊
အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်
ဝိတ္တတူပေါသထသုတ်တို့၌ ဟောကြားထားပါသည်။

#ဓမ္မာစရိယဦးမောင်မောင်လေး
#8September2018WLP📚📚📚📚📚

#သံုးဆယ့္တဘံု တို႔၏ သက္တမ္း
🎪🎪🎪🎪🎪🎪🎪🎪🎪

စၾကာ၀ဠာ-ဟုေခၚေသာ ကမၻာေလာကတခု၌ သတၱ၀ါတို႔၏ တည္ရာဌာန
( ၃၁-ဘံု ) ရွိသည္၊
ထိုတြင္ အပါယ္ ေလးဘံုႏွင့္ လူ႔ဘံုတို႔၌ အျမဲတည္ေသာ သက္တမ္းမရွိ၊ ကံအားေလွ်ာ္စြာသာလွ်င္ တည္ၾကရသည္။

ထို႔အတူ နတ္ျပည္ေျခာက္ထပ္တြင္ ေအာက္ဆံုးျဖစ္သည့္ စတုမဟာရာဇ္ နတ္မ်ိဳးတြင္ ပါ၀င္ေသာ ၀ိနိပါတိက အသုရာ-ေခၚ အဆင့္နိမ့္နတ္မ်ားမွာလည္း တည္ျမဲေသာ သက္တမ္းမရွိ၊
အခ်ိဳ႔ အလြန္ရွည္ျပီး အခ်ိဳ႔မွာမူ ခုနစ္ရက္မွ်သာ တည္သည္ဟူ၍ ပါဠိ အ႒ကထာတို႔၌ ဆိုပါသည္။
သို႔ရာတြင္ အဘိဓမၼာ အႏုဋီကာ၊ ဇိနာလကၤာရ ဋီကာ ေနာက္ေပၚက်မ္းတို႔၌မူ
ငရဲဘံု ရွစ္ထပ္တို႔၏ သက္တမ္းမ်ား တြက္ျပထားသည္ကို ေတြ႔ရပါသည္။

လူ႔ျပည္၌ ကမၻာဦးလူသားတို႔သည္ ႏွစ္ေပါင္း အသေခ်ၤမွ် အသက္ရွည္ခဲ့ၾကျပီး အကုသိုလ္ဒုစရိုက္မႈမ်ား ထူေျပာမႈေၾကာင့္ သက္တမ္းမ်ား တျဖည္းျဖည္း ဆုတ္ယုတ္လာခဲ့ရာ ယခုေခတ္သည္ သက္တမ္းတရာေခတ္ျဖစ္သည္ဟု ဆိုပါသည္၊

သို႔ရာတြင္ ထိုႏွစ္တရာတမ္းမွာ ဇမၺဴဒိပ္ကၽြန္းသားတို႔ အတြက္သာျဖစ္ျပီး ဥတၱရကုရုေခၚ ေျမာက္ကၽြန္း၌ ႏွစ္ေပါင္း ငါးရာယခုတိုင္ သက္တမ္းရွိေနသည္-ဟု
အခ်ိဳ႔က်မ္းတို႔၌ ဆိုထားသည္ကို ေတြ႔ရပါသည္။

လူတို႔၏ ႏွစ္ေပါင္း ငါးဆယ္သည္  #စတုမဟာရာဇ္နတ္တို႔၏ တရက္၊
ႏွစ္ေပါင္း တရာသည္ #တာ၀တႎသာနတ္တို႔၏ တရက္၊
ႏွစ္ေပါင္း ႏွစ္ရာသည္ #ယာမာနတ္တို႔၏ တရက္၊
ႏွစ္ေပါင္း ေလးရာသည္ #တုသိတာနတ္တို႔၏ တရက္၊
ႏွစ္ေပါင္း ရွစ္ရာသည္ #နိမၼာနရတီနတ္တို႔၏ တရက္၊
ႏွစ္ေပါင္း တေထာင့္ေျခာက္ရာသည္ #ပရိနိမၼိတ၀သ၀တၱီနတ္တို႔၏ တရက္၊
အသီးသီးျဖစ္သည္။

#နတ္တို႔အေရအတြက္အားျဖင့္မူ

စတုမဟာရာဇ္ ႏွစ္ေပါင္း ငါးရာ။
တာ၀တႎသာ တေထာင္၊
ယာမာ ႏွစ္ေထာင္၊
တုသိတာ ေလးေထာင္၊
နိမၼာနရတီ ရွစ္ေထာင္၊
ပရနိမၼိတ ၀သ၀တၱီ တေသာင္းေျခာက္ေထာင္ အသီးသီးျဖစ္သည္။

ထို႔ေၾကာင့္ စတုမဟာရာဇ္နတ္သက္ ငါးရာကို လူတို႔ႏွစ္ျဖင့္ တြက္လွ်င္
ႏွစ္ေပါင္း ( ၉-သန္း ) ရွိ၏။
တာသတႎသာ စေသာ အထက္နတ္တို႔၏ သက္တမ္းမ်ားကို လူတို႔ႏွစ္ျဖင့္ တြက္လွ်င္လည္း အဆင့္ဆင့္ ေလးဆေလးဆ တက္၍ သြားပါသည္။

#ျဗဟၼာတို႔၏ သက္တမ္းမ်ားမွာမူ အလြန္ရွည္ေသာေၾကာင့္
ႏွစ္ျဖင့္ မတြက္ႏိုင္၊ ကမၻာျဖင့္သာ တြက္ရသည္။

#ရူပျဗဟၼာ ၁၆-ဘံုတို႔တြင္

#ပထမစ်ာန္ ျဗဟၼာ သံုးဘံုတို႔သည္
တကမၻာ၏ သံုးပံုတပံု၊
တကမၻာ၏ ထက္၀က္ႏွင့္
တကမၻာ အသီးသီး သက္တမ္းရွိၾကသည္။

#ဒုတိယစ်ာန္ သံုးဘံုတို႔သည္
၂-ကမၻာ၊
၄-ကမၻာ၊
၈-ကမၻာ အသီးသီး သက္တမ္းရွိၾကသည္။

#တတိယစ်ာန္ သံုးဘံုတို႔သည္
၁၆-ကမၻာ၊
၃၂-ကမၻာ၊
၆၄-ကမၻာ၊ အသီးသီး သက္တမ္းရွိၾကသည္။

#စတုတၳစ်ာန္ ၇-ဘံုတို႔တြင္
ေ၀ဟပၨိဳလ္ႏွင့္ အသညသတ္ဘံုတို႔၌ ကမၻာ-၅၀၀၊
သုဒၶါ၀ါသ ၅-ဘံုတို႔၌
ကမၻာ-၁၀၀၀၊
၂၀၀၀၊
၄၀၀၀၊
၈၀၀၀၊
၁၆၀၀၀၊ အသီးသီး သက္တမ္းရွိၾကသည္။

#အရူပေလးဘံုတို႔၌
ကမၻာ-၂၀၀၀၀၊
၄၀၀၀၀၊
၆၀၀၀၀၊
၈၀၀၀၀ အသီးသီး ရွိၾကသည္။

အထက္္ပါ နတ္ျဗဟၼာတို႔၏ သက္တမ္းမ်ားကို
အဘိဓမၼာပိဋက ၀ိဘင္းပါဠိေတာ္၊
ဓမၼဟဒယ ၀ိဘင္း၊
အဂၤုတၱိဳရ္ အ႒ကနိပါတ္
၀ိတၱတူေပါသထသုတ္တို႔၌ ေဟာၾကားထားပါသည္။

#ဓမၼာစရိယဦးေမာင္ေမာင္ေလး
#8September2018WLP📚📚📚📚📚

No comments:

Post a Comment

ေဆးလိပ္

ေဆးလိပ္ လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။ အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ...