အဇာတသတ္မင္းႏွင့္ အရိေမတၱယ်ဘုရားအေလာင္း
ေခါင္းစဥ္ကို ဖတ္ၿပီး အဇာတသတ္မင္းဟာ ဘုရားအေလာင္းပဲလို႔ တထစ္ခ်သတ္မွတ္ၿပီး ေက်ာ္မသြားပါနဲ႔။ဆံုးေအာင္ဖတ္မွ အျပည့္အစံုသိရပါလိမ့္မယ္…။
အဇာတသတ္မင္းဟာ ဖခင္ ဗိမၺိသာရမင္းႀကီးကို သတ္မိၿပီး ႀကီးစြာေသာေနာင္တတရားရကာ ေနညအလီလီ စားမဝင္အိပ္မေပ်ာ္ျဖစ္လ်က္ရွိေနပါတယ္။ဒီေဝဒနာကို သက္သာေအာင္ ကုေပးနိုင္တ့ဲသူကို ရွာေဖြေတာ့ ေနာက္ဆံုး ေဂါတမျမတ္စြာဘုရားရွင္ကို မွဴးႀကီးမတ္ရာေတြ အႀကံေပးခ်က္အရ သြားေရာက္ဖူးေျမာ္လိုက္ပါတယ္။
ထိုအခ်ိန္က တန္ေဆာင္မုန္းလျပည့္ေန႔လည္းျဖစ္ေတာ့ ျမတ္စြာဘုရားဟာ အဇာတသတ္မင္းကို သာမညဖလသုတၱန္တရားေတာ္ ေဟာၾကားေပးလိုက္ပါတယ္။အဇာတသတ္မင္းဟာ တရားနာၿပီးၿပီးခ်င္းမွာပဲ သံေဝဂႀကီးစြာ ရသြားတယ္။ျမတ္စြာဘုရားကို ၾကည္ညိဳလိုက္ပံုက တုႏိႈင္းစရာမရွိေလာက္ေအာင္ပါပဲ…။
အရင္က ဆရာေဒဝဒတ္ရဲ႕ ေျမွာက္ထိုးပင့္ေကာ္ ျပဳခ့ဲမိတာေတြကို ျမတ္စြာဘုရားထံ ဝန္ခ်ေတာင္းပန္မိေတာ့တယ္။မိမိကိုယ္ကိုလည္း အမွားႀကီးမွားမွန္းသိၿပီး ယူႀကံဳးမရ ျဖစ္ရေတာ့တယ္။
ဒါေၾကာင့္ အဇာတသတ္မင္းဟာ ျမတ္စြာဘုရားထံ ရဟန္းျပဳဖို႔ ခြင့္ေတာင္းခ့ဲတယ္။ ဖခင္ကိုသတ္မိတ့ဲသူ ကံႀကီးထိုက္သူျဖစ္ေနေတာ့ မဟာအဝီစိငရဲကို ဧကန္မလြဲ က်ေရာက္မယ့္သူပါ။သို႔ေပမယ့္လည္း ျမတ္စြာဘုရားဆီက သာမညဖလသုတ္ကို နာၿပီးခ်ိန္ကစၿပီး မဟာအဝီစိငရဲမွာ က်ရမယ့္အစား အျပစ္ေပါ့တ့ဲ ေလာကဟုမၻိငရဲမွာပဲ က်ေရာက္ခ့ဲရပါတယ္…။
ဆက္လက္ၿပီး အဇာတသတ္ဟာ သာသနာ့ေဘာင္ထဲဝင္ဖို႔ ျမတ္စြာဘုရားထံ ခြင့္ေတာင္းခ့ဲေပမယ့္ ဖခင္ကိုသတ္မိေသာ အကုသိုလ္ကံေၾကာင့္ ရဟန္းဝတ္ခြင့္မျပဳခ့ဲပါဘူး…။
ဖခင္ဗိမၺိသာရမင္းႀကီးကို အက်ဥ္းခ်ၿပီး သတ္တဲ႔အခ်ိန္မွာပဲ အဇာသတသတ္မွာ သားေယာက်္ားေလး ေမြးဖြားခ့ဲတယ္။သားနာမည္က အဇ္ိတ တဲ႔။အဇိတမင္းသားေလးကို ဖခင္အဇာတသတ္ႏွင့္ အမိ ကဥၥပနဒီတို႔မွ ေမြးဖြားသန္႔စင္ခ့ဲပါတယ္…။
အဇာတသတ္ဟာ ကိုယ္တိ္ုင္ ရဟန္းဝတ္ခြင့္မရေတာ့ သားျဖစ္သူ အဇိတမင္းသားကို ၁၆ ႏွစ္အရြယ္ကတည္းက ဘုရားရွင္ထံမွာ သာသနာ့ေဘာင္ကို သြတ္သြင္းခ့ဲတယ္။
တေန႔ ျမတ္စြာဘုရားဟာ နိေျဂာဓာရံုေက်ာင္းတိုက္မွာ လက္ဝဲ လက္ယာ ရွင္သာရိပုတၱရာ၊အာနႏၵာ ရွင္မဟာေမာဂၢလာန္တို႔ အပါအဝင္ တရားေဟာျပေနခ်ိန္မွာ မိေထြးေတာ္ေဂါတမီက ျမတ္စြာဘုရားထံ ေရႊသကၤန္းႏွစ္စံုကပ္လွဴပါတယ္။ျမတ္စြာဘုရားဟာ ေရႊသကၤန္းတစ္စံုကိုသာ အလွဴလက္ခံခ့ဲတယ္။က်န္တဲ႔ သကၤန္းတစ္စံုကိုေတာ့ သင့္ေတာ္တဲ႔ရဟန္းကို အလွဴခံေစတယ္။
ရွင္သာရိပုတၱရာ၊အာနႏၵာ အစရွိတဲ႔ ရဟႏၱာေတြဟာ က်န္တဲ႔ ေရႊသကၤန္းတစ္စံု ထြက္ျပီး အလွဴမခံရဲၾကပါဘူး။ဘာလို့လဲဆိုေတာ့ သကၤန္းအတူတူကို လက္ခံလိုက္ရင္ ဘုရားႏွင့္အတူတူ ျဖစ္သြားေတာ့မွာ မို႔လို႔ပဲ။အဲ႔လိုပဲ ဘယ္သူမွ ထြက္ၿပီး အလွဴမခံရဲျဖစ္ေနခ်ိန္ အဇိတရဟန္းဟာ ထြက္ၿပီးေတာ့ ေဂါတမီရဲ႕ က်န္ရွိေနတဲႊ ေရႊသကၤန္းတစ္စံုကို အလွဴခံလိုက္တယ္။
တရားနာ ပရိတ္သတ္အားလံုးက အဇိတရဟန္းကို အျပစ္တင္ေဝဖန္ကုန္ၾကတယ္။တန္မွမတန္ရာ အလွဴခံရဲတယ္ေပါ့။အ့ဲဒီအခါ ျမတ္စြာဘုရားက လက္ထဲက ျမသပိတ္တစ္လံုးကို တစ္ခဏအတြင္း တန္ခိုးနဲ႔ေဖ်ာက္လိုက္ၿပီး ခုေခတ္လိုအရဆို (၅ စကၠန္႔အတြင္း) ျပန္ရေအာင္ ယူေစတယ္။ဘယ္ရဟႏၲာမွ ျမသပိတ္ကို တခဏတြင္း ရေအာင္ မယူနိုင္ခ့ဲၾကဘူး။
ဒီအခါမွာ အဇိတရဟန္းဟာ ကိုယ္ေရာင္ေဖ်ာက္သြားၿပီး စႀကၤာဝဠာတိုက္တစ္ေသာင္းၾကားမွာ ဝွက္ထားတ့ဲ ျမတ္စြာဘုရာရဲ႕ ျမသပိတ္ကို တခဏခ်င္း ယူျပနိုင္ခ့ဲတယ္။တရားနာပရိတ္သတ္အားလံုးဟာ အဇိတရဟန္းကို အ့ံၾသၾကကုန္တယ္။အားလံုးထင္ထားတာက အဇိတရဟန္းဟာ သာမညရဟန္းတပါးလို႔ပဲ ထင္ခ့ဲၾကတာကိုး။
ဒီအခ်ိန္မွာ ျမတ္စြာဘုရားဟာ"ခ်စ္သားတို႔ အ့ဲဒီအဇိတရဟန္းဟာ သာမညရဟန္းမဟုတ္ ေနာင္ပြင့္ေတာ္မူမယ့္ အရိေမတၱယ်ဘုရားပဲ ျဖစ္တယ္" လို႔ မိန္႔ေတာ္မူခ့ဲတယ္။အ့ဲဒီအခါမွပဲ အဇိတရဟန္းဟာ သူ႔ကိုယ္သူ ေနာင္ပြင့္မယ့္ အရိေမတၱယ်ဘုရားအေလာင္းမွန္းသိရေတာ့တာ။ပရိတ္သတ္အားလံုးကလည္း ထပ္ၿပီး အံ႔ၾသမင္သက္မိၾကကုန္တယ္။
ထိုအခါမွာ ရွင္သာရိပုတၱရာဟာ "ဘုန္းေတာ္ႀကီးျမတ္လွေသာ ျမတ္စြာဘုရား ဘဒၵကမၻာမွာ ေနာက္ဆံုးပြင့္ေတာ္မူမယ့္ အရိေမတၱယ်ျမတ္စြာဘုရားရဲ႕ သမိုင္းျဖစ္စဥ္ကို ေဟာျပဆံုးမေတာ္မူပါဘုရား" လို႔ ေလွ်ာက္ထားလိုက္တ့ဲအခါ ျမတ္စြာဘုရားရွင္က အရိေမတၱယ်ျဖစ္ေတာ္စဥ္ကို အက်ယ္တဝင့္ေဟာၾကားေတာ္မူ၏…။
ကဲ႔ ေနာင္ပြင့္ေတာ္မူမယ့္ အရိေမတၱယ်ဘုရားဟာ အဇာတသတ္မင္းရဲ႕သား အဇိတမင္းသားပဲ ျဖစ္ပါတယ္။အဇာတသတ္မဟုတ္ပါဘူး။အဇာတသတ္ဆိုၿပီး ေျပာေနၾကတာၾကားမိလို႔။အဇာတသတ္ရဲ႕သားပါ…။
ဘုရား တရား သံဃံ ဝေႏၲ ဝႏၲာမိပါဘုရား
#သာယာခ်မ္းေျမ့ၾကပါေစ //
#ဓမၼစာေပ
#22August2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
အဇာတသတ်မင်းနှင့် အရိမေတ္တယျဘုရားအလောင်း
ခေါင်းစဉ်ကို ဖတ်ပြီး အဇာတသတ်မင်းဟာ ဘုရားအလောင်းပဲလို့ တထစ်ချသတ်မှတ်ပြီး ကျော်မသွားပါနဲ့။ဆုံးအောင်ဖတ်မှ အပြည့်အစုံသိရပါလိမ့်မယ်…။
အဇာတသတ်မင်းဟာ ဖခင် ဗိမ္ဗိသာရမင်းကြီးကို သတ်မိပြီး ကြီးစွာသောနောင်တတရားရကာ နေညအလီလီ စားမဝင်အိပ်မပျော်ဖြစ်လျက်ရှိနေပါတယ်။ဒီဝေဒနာကို သက်သာအောင် ကုပေးနိုင်တဲ့သူကို ရှာဖွေတော့ နောက်ဆုံး ဂေါတမမြတ်စွာဘုရားရှင်ကို မှူးကြီးမတ်ရာတွေ အကြံပေးချက်အရ သွားရောက်ဖူးမြော်လိုက်ပါတယ်။
ထိုအချိန်က တန်ဆောင်မုန်းလပြည့်နေ့လည်းဖြစ်တော့ မြတ်စွာဘုရားဟာ အဇာတသတ်မင်းကို သာမညဖလသုတ္တန်တရားတော် ဟောကြားပေးလိုက်ပါတယ်။အဇာတသတ်မင်းဟာ တရားနာပြီးပြီးချင်းမှာပဲ သံဝေဂကြီးစွာ ရသွားတယ်။မြတ်စွာဘုရားကို ကြည်ညိုလိုက်ပုံက တုနှိုင်းစရာမရှိလောက်အောင်ပါပဲ…။
အရင်က ဆရာဒေဝဒတ်ရဲ့ မြှောက်ထိုးပင့်ကော် ပြုခဲ့မိတာတွေကို မြတ်စွာဘုရားထံ ဝန်ချတောင်းပန်မိတော့တယ်။မိမိကိုယ်ကိုလည်း အမှားကြီးမှားမှန်းသိပြီး ယူကြုံးမရ ဖြစ်ရတော့တယ်။
ဒါကြောင့် အဇာတသတ်မင်းဟာ မြတ်စွာဘုရားထံ ရဟန်းပြုဖို့ ခွင့်တောင်းခဲ့တယ်။ ဖခင်ကိုသတ်မိတဲ့သူ ကံကြီးထိုက်သူဖြစ်နေတော့ မဟာအဝီစိငရဲကို ဧကန်မလွဲ ကျရောက်မယ့်သူပါ။သို့ပေမယ့်လည်း မြတ်စွာဘုရားဆီက သာမညဖလသုတ်ကို နာပြီးချိန်ကစပြီး မဟာအဝီစိငရဲမှာ ကျရမယ့်အစား အပြစ်ပေါ့တဲ့ လောကဟုမ္ဘိငရဲမှာပဲ ကျရောက်ခဲ့ရပါတယ်…။
ဆက်လက်ပြီး အဇာတသတ်ဟာ သာသနာ့ဘောင်ထဲဝင်ဖို့ မြတ်စွာဘုရားထံ ခွင့်တောင်းခဲ့ပေမယ့် ဖခင်ကိုသတ်မိသော အကုသိုလ်ကံကြောင့် ရဟန်းဝတ်ခွင့်မပြုခဲ့ပါဘူး…။
ဖခင်ဗိမ္ဗိသာရမင်းကြီးကို အကျဉ်းချပြီး သတ်တဲ့အချိန်မှာပဲ အဇာသတသတ်မှာ သားယောကျ်ားလေး မွေးဖွားခဲ့တယ်။သားနာမည်က အဇိတ တဲ့။အဇိတမင်းသားလေးကို ဖခင်အဇာတသတ်နှင့် အမိ ကဉ္စပနဒီတို့မှ မွေးဖွားသန့်စင်ခဲ့ပါတယ်…။
အဇာတသတ်ဟာ ကိုယ်တိုင် ရဟန်းဝတ်ခွင့်မရတော့ သားဖြစ်သူ အဇိတမင်းသားကို ၁၆ နှစ်အရွယ်ကတည်းက ဘုရားရှင်ထံမှာ သာသနာ့ဘောင်ကို သွတ်သွင်းခဲ့တယ်။
တနေ့ မြတ်စွာဘုရားဟာ နိဂြောဓာရုံကျောင်းတိုက်မှာ လက်ဝဲ လက်ယာ ရှင်သာရိပုတ္တရာ၊အာနန္ဒာ ရှင်မဟာမောဂ္ဂလာန်တို့ အပါအဝင် တရားဟောပြနေချိန်မှာ မိထွေးတော်ဂေါတမီက မြတ်စွာဘုရားထံ ရွှေသင်္ကန်းနှစ်စုံကပ်လှူပါတယ်။မြတ်စွာဘုရားဟာ ရွှေသင်္ကန်းတစ်စုံကိုသာ အလှူလက်ခံခဲ့တယ်။ကျန်တဲ့ သင်္ကန်းတစ်စုံကိုတော့ သင့်တော်တဲ့ရဟန်းကို အလှူခံစေတယ်။
ရှင်သာရိပုတ္တရာ၊အာနန္ဒာ အစရှိတဲ့ ရဟန္တာတွေဟာ ကျန်တဲ့ ရွှေသင်္ကန်းတစ်စုံ ထွက်ပြီး အလှူမခံရဲကြပါဘူး။ဘာလို့လဲဆိုတော့ သင်္ကန်းအတူတူကို လက်ခံလိုက်ရင် ဘုရားနှင့်အတူတူ ဖြစ်သွားတော့မှာ မို့လို့ပဲ။အဲ့လိုပဲ ဘယ်သူမှ ထွက်ပြီး အလှူမခံရဲဖြစ်နေချိန် အဇိတရဟန်းဟာ ထွက်ပြီးတော့ ဂေါတမီရဲ့ ကျန်ရှိနေတွဲှ ရွှေသင်္ကန်းတစ်စုံကို အလှူခံလိုက်တယ်။
တရားနာ ပရိတ်သတ်အားလုံးက အဇိတရဟန်းကို အပြစ်တင်ဝေဖန်ကုန်ကြတယ်။တန်မှမတန်ရာ အလှူခံရဲတယ်ပေါ့။အဲ့ဒီအခါ မြတ်စွာဘုရားက လက်ထဲက မြသပိတ်တစ်လုံးကို တစ်ခဏအတွင်း တန်ခိုးနဲ့ဖျောက်လိုက်ပြီး ခုခေတ်လိုအရဆို (၅ စက္ကန့်အတွင်း) ပြန်ရအောင် ယူစေတယ်။ဘယ်ရဟန္တာမှ မြသပိတ်ကို တခဏတွင်း ရအောင် မယူနိုင်ခဲ့ကြဘူး။
ဒီအခါမှာ အဇိတရဟန်းဟာ ကိုယ်ရောင်ဖျောက်သွားပြီး စင်္ကြာဝဠာတိုက်တစ်သောင်းကြားမှာ ဝှက်ထားတဲ့ မြတ်စွာဘုရာရဲ့ မြသပိတ်ကို တခဏချင်း ယူပြနိုင်ခဲ့တယ်။တရားနာပရိတ်သတ်အားလုံးဟာ အဇိတရဟန်းကို အံ့သြကြကုန်တယ်။အားလုံးထင်ထားတာက အဇိတရဟန်းဟာ သာမညရဟန်းတပါးလို့ပဲ ထင်ခဲ့ကြတာကိုး။
ဒီအချိန်မှာ မြတ်စွာဘုရားဟာ"ချစ်သားတို့ အဲ့ဒီအဇိတရဟန်းဟာ သာမညရဟန်းမဟုတ် နောင်ပွင့်တော်မူမယ့် အရိမေတ္တယျဘုရားပဲ ဖြစ်တယ်" လို့ မိန့်တော်မူခဲ့တယ်။အဲ့ဒီအခါမှပဲ အဇိတရဟန်းဟာ သူ့ကိုယ်သူ နောင်ပွင့်မယ့် အရိမေတ္တယျဘုရားအလောင်းမှန်းသိရတော့တာ။ပရိတ်သတ်အားလုံးကလည်း ထပ်ပြီး အံ့သြမင်သက်မိကြကုန်တယ်။
ထိုအခါမှာ ရှင်သာရိပုတ္တရာဟာ "ဘုန်းတော်ကြီးမြတ်လှသော မြတ်စွာဘုရား ဘဒ္ဒကမ္ဘာမှာ နောက်ဆုံးပွင့်တော်မူမယ့် အရိမေတ္တယျမြတ်စွာဘုရားရဲ့ သမိုင်းဖြစ်စဉ်ကို ဟောပြဆုံးမတော်မူပါဘုရား" လို့ လျှောက်ထားလိုက်တဲ့အခါ မြတ်စွာဘုရားရှင်က အရိမေတ္တယျဖြစ်တော်စဉ်ကို အကျယ်တဝင့်ဟောကြားတော်မူ၏…။
ကဲ့ နောင်ပွင့်တော်မူမယ့် အရိမေတ္တယျဘုရားဟာ အဇာတသတ်မင်းရဲ့သား အဇိတမင်းသားပဲ ဖြစ်ပါတယ်။အဇာတသတ်မဟုတ်ပါဘူး။အဇာတသတ်ဆိုပြီး ပြောနေကြတာကြားမိလို့။အဇာတသတ်ရဲ့သားပါ…။
ဘုရား တရား သံဃံ ဝန္တေ ဝန္တာမိပါဘုရား
#သာယာချမ်းမြေ့ကြပါစေ //
#ဓမ္မစာပေ
#22August2018WLP📚📚📚📚📚
No comments:
Post a Comment