#အာစိဏၰကံ
🔴🔴🔴🔴
▬▬▬▬▬
★ အာစိဏၰကံ ဆိုတာ ေန႔စဥ္ ဆြမ္းေလာင္း၊ ေန႔စဥ္ ဘုရား၀တ္တက္၊ ေန႔စဥ္ ပုတီးစိပ္ စသျဖင့္ရိွတယ္။ ေသခါနီး ကိုယ့္စိတ္ထဲမွာ ပုတီးစိပ္တာ တရားထိုင္တာ၊ ဆြမ္းေလာင္းတာေတြ ခံစားေနရတယ္။
★ အဲဒီလို အာရုံေကာင္းေကာင္ေလးနဲ႔ အျမဲလုပ္ေနတာကို အာစိဏၰကံလို႔ ေခၚတယ္။ မေကာင္းတဲ့ အာစိဏၰကံလုပ္တဲ့ ပုဂၢိဳလ္က်ေတာ့ မေကာင္းတဲ့ အာရုံေတြ လာထင္မွာပဲ။ ေသခါနီး အင္မတန္ အေရးႀကီးတယ္။
★ အာစိဏၰကံ မရိွဘူးဆိုရင္ အမွတ္တမဲ့ျပဳလုပ္ထားတဲ့ကံေတြက ၀င္ျပီး အက်ိဳးေပးတယ္။ အဲဒီကံမ်ိဳးကို ကဋတၱာကံလို႔ ေခၚတယ္။ အဲဒါက ကံေတြရဲ႕အက်ိဳးေပးတဲ့ အဆင့္ပဲ။ တစ္ခုနဲ႔တစ္ခု မတူဘူး။ ေစတနာေပၚ မူတည္ျပီး အက်ိဳးေပးတယ္။
★ ဒီလို အက်ိဳးေပးေပမယ့္ ကံေတြဟာ အက်ိဳးေပးပံုခ်င္း တစ္ေယာက္နဲ႔တစ္ေယာက္ တူႏိုင္သလားလို႔ ေမးရင္ မတူဘူး။ လူရဲ႕ qualification ေပၚမူတည္ျပီး ကံကလိုက္အက်ိဳးေပးတာ၊ ဒါေၾကာင့္ မတူဘူး။
★ ကုသိုလ္ေကာင္းမႈကို စုေပါင္းျပီးျပဳလုပ္တဲ့ ပုဂၢိဳလ္ေတြမွာ ဆုိပါစို႔၊ စုေပါင္းျပီး ကထိန္ခင္းတာ၊ စုေပါင္းျပီး တရားနာတာေတြမွာေတာင္ အလုပ္က တူေကာင္းတူႏိုင္ေပးမယ့္ စိတ္ေစတနာခ်င္းကေတာ့ မတူလို႔ အက်ိဳးေပးခ်င္လည္း မတူႏိုင္ၾကဘူး။ quality က ဘာလဲဆိုရင္ ကံနဲ႔ပတ္သက္လာရင္ ကံမွတစ္ပါး အျခားအေျခခံေကာင္းေတြ ကိုယ့္သႏၲာန္မွာ ရိွေနဖို႔လိုတယ္။
★ လူေတြထဲမွာလည္းၾကည့္ မတူတာေတြ ေျပာရရင္ တခ်ိဳ႕ပုဂၢိဳလ္ေတြက လူတစ္ေယာက္ကို သတ္တဲ့ ပါဏာတိပါတာကံ က်ဴးလြန္လိုက္လို႔ ေသစားေသေစ (သို႔) ေထာင္ တစ္သက္တစ္ကၽြန္း က်သြားေစတယ္။ တခ်ိဳ႕က်ေတာ့ သူတစ္ပါးရဲ႕အသက္ကို သတ္ေပမယ့္ အျပမ္မရရုံမွ်မက ဆုေတာင္ရေသးတယ္။
★ အဲဒါမ်ိဳး ရိွဘူးလား၊ ရိွတယ္။ ဘာေၾကာင့္လဲဆိုေတာ့ condition ခ်င္း မတူဘူးေလ။ condition ဆိုတာ ရိွေသးတယ္။ ကံကလည္း လူတိုင္းမွာ ဖိဖိစီးစီး အက်ိဳးမေပးႏိုင္ဘူး။ အျခားအေၾကာင္းေတြ ရိွေသးတယ္။
★ ဥပမာ - ျမတ္စြာဘုရားေဟာထားတဲ့ လာဏကပလႅသုတ္ဟာ အင္မတန္မွ မွတ္သားစရာေကာင္းတယ္။ ဆားခဲေလးယူျပီး ဖန္ခြက္ထဲရိွ ေရထဲထည့္ျပီး အဲ့ဒီေရကို ေသာက္ၾကည့္ရင္ အင္မတန္ ငန္သြားမယ္။ အဲဒီပမာဏ ဆားခဲ့ကိုပဲ ဂဂၤါျမစ္ထဲ၊ ဧရာ၀တီျမစ္ထဲ၊ ေရကန္ႀကီးထဲ ထည့္လိုက္ပါဦး။ ဆားရဲ႕ အရသာ ေပၚပါေတာ့မလားတဲ့။
★ အဲဒီလုိပဲ တခ်ိဳ႕ပုဂၢိဳလ္ေတြက်ေတာ့ ကိုယ္က်င့္တရားကလည္း မေကာင္းဘူး၊ ကုသိုလ္ေကာင္းမႈလည္း ဘာမွမလုပ္ဘူးဆိုရင္ အဲဒီ ပုဂၢိဳလ္ဟာ အကုသိုလ္နည္းနည္း လုပ္ေပမယ့္လည္း အမ်ားႀကီးခံရမယ္။ သူမ်ားထက္ ျပင္းျပင္းထန္ထန္ ခံရမယ္။ ေငြတစ္မက္နဲ႔ ေထာင္က်ခ်င္က်တာ။ ေငြတစ္သိန္းနဲ႔ ေထာင္က်ခ်င္မွ က်တာ။
★ ပိုက္ဆံရိွရင္ မက်ဘူး။ ပိုက္ဆံရိွသူနဲ႔ ပိုက္ဆံမရိွသူကလည္း အေျခအေနကြာေသးတယ္။ ပိုက္ဆံမရိွရင္ ေထာင္က်မယ္။ ပိုက္ဆံရိွရင္ ေထာင္မက်ဘူး။ All are equal under the law လို႔ဆိုေပမယ့္ ပိုက္ဆံေပးႏိုင္လို႔ လြတ္သြားတာေတြ အမ်ားႀကီးရိွတယ္။ ဒါက ေလာကျဖစ္ရပ္ပဲေလ။ အဲဒီမွာ ပိုက္ဆံဟာ အရည္အခ်င္းတစ္ခုျဖစ္တယ္။ ဘုရားေဟာတဲ့ စာထဲမွာလည္း ပါပါတယ္။
★ ဒီအတိုင္းပဲ ကံအက်ိဳးပံုခ်င္း မတူၾကဘူး။ တခ်ိဳ႕မွာ ကုသိုလ္စိတ္မ်ားတယ္။ ပုထုဇဥ္မို႔လို႔ မေကာင္းမႈကို တစ္ခါတစ္ရံ လုပ္မိေပမယ့္ ေပ်ာက္သြားတယ္။ သိပ္ အက်ိဳးမထင္ဘူး။ ကံက မ်က္ႏွာလိုက္တာ မဟုတ္ဘူး။ ကံမွာလည္း အရည္အခ်င္းေတြရိွတယ္။ အျခား condition ေတြရိွေသးတယ္။ သဘာ၀တရားေတြမွာ ဆိုင္ရာဆိုင္ရာ အေထာက္အကူ အေၾကာင္းတရားေတြ ရိွေသးတယ္။
★ ျမတ္စြာဘုရား ေဟာထားတာတစ္ခု ရိွေသးတယ္ - ငါးသယ္ထံက ဆင္းရဲသားက ငါးတစ္ေကာင္ခိုးယူရင္ အေလးနဲ႔ အထုခံရမွာေနာ္။ ကားနဲ႔သူေဌးတစ္ေယာက္က ယူရင္ေတာ့ ေနာက္တစ္ေကာင္ေတာင္ ထပ္ေပးလိုက္ဦးမယ္။ ခ်မ္းသာတဲ့သူကို ဦးစားေပးျပီး မခ်မ္းသာတဲ့သူကိုေတာ့ ဦးစားမေပးဘူး။
★ ဒါက ေလာကရဲ႕ျဖစ္စဥ္ပဲေလ။ ကံက်ေတာ့ ပိုက္ဆံရိွတာ မရိွတာကို ေျပာတာမဟုတ္ဘူး။ က်န္တဲ့ အရည္အခ်င္း ေတြရိွတာ၊ မရိွတာကို ေျပာတာ။ က်န္တဲ့ အရည္အခ်င္းေတြ ရိွတဲ့သူက အျပစ္သက္သာသြားမယ္။
★ ဆိုပါစို႔၊ ကိုယ္က်င့္တရားျပည့္စံုျပီး၊ စိတ္ေကာင္းႏုလံုးေကာင္း အျမဲထားျပီး ကုသိုလ္ေကာင္းမႈေတြ လုပ္တဲ့ပုဂၢိဳလ္တစ္ဦးဟာ တစ္ခါတစ္ရံ မေကာင္းမႈလုပ္ေပမယ့္ ထိုအကုသိုလ္က ေပ်ာက္ပ်က္သြားတယ္။
★ ဘာမွ ေကာင္းမႈကုသိုလ္ မရိွတဲ့ ပုဂၢိဳလ္က်ေတာ့ အကုသိုလ္ နည္းနည္း လုပ္တာနဲ႔ မ်ားမ်ားခံရမွာပဲ။
★ ေလာကမွာလည္း ျဖစ္စဥ္က ဒီအတိုင္းပဲ။ အဲဒီေတာ့ မေကာင္းတဲ့ကံလုပ္မိရင္ ထိုကံမွ သက္သာဖို႔ ေကာင္းတာ မ်ားမ်ားလုပ္ထားလို႔ ဆိုလိုတဲ့ အဓိပၸါယ္ကို ေျပတာ။
★ ေအး- ကံတရားဆိုတာ ပထမဘ၀မွာ အက်ိဳးေပးတာရိွတယ္။ ဒုတိယဘ၀မွာ အက်ိဳးေပးတာရိွတယ္။ တတိယဘ၀မွာ အက်ိဳးေပးတာ ရိွတယ္။ ဒီကံတရားေတြဟာ အေျခခံေပၚမူတည္ျပီး ထိုကံတရားရဲ႕ အကိ်ဳးဟာလည္း ထက္သန္မႈ၊ နိမ့္က်မႈဆိုတာ ျဖစ္သြားခဲ့တယ္။ ဘယ္ေလာက္ပဲ ေကာင္းတဲ့ကံျဖစ္ေစ၊ အထက္တန္းေရာက္တဲ့ကံ ျဖစ္ေစ အေျခခံ တစ္ခုညံ့ရင္ နိမ့္က်တဲ့ဘ၀ကို ရသြားမွာပဲ။
ေက်းဇူးေတာ္ရွင္ပါေမာကၡခ်ဳပ္ဆရာေတာ္
🙏🙏🙏
‘နိဗၺာန္တံခါးႀကီး ဖြင့္ေတာ္မႈပါ အပိုင္း(၃)’ တရားေတာ္မွ ေကာက္ႏႈတ္ခ်က္ျဖစ္ပါသည္။
#mp3_link
http://media.thitsarparamisociety.com/mp3/DrNandamalabhivamsa/DVD-171/0061-NDML.mp3
#ebook_link
http://www.drnandamalabhivamsa.com.mm/book/570
ဆရာေတာ္ဘုရား တရားေတာ္မ်ားနာယူရန္⤵️
https://www.thitsarparamisociety.com/dr-nandamarlabiwinsa
#Credit >> #မခင္ခင္စီ >>
#22August2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈
#အာစိဏ္ဏကံ
🌻🌻🌻🌻
▬▬▬▬▬
★ အာစိဏ္ဏကံ ဆိုတာ နေ့စဉ် ဆွမ်းလောင်း၊ နေ့စဉ် ဘုရားဝတ်တက်၊ နေ့စဉ် ပုတီးစိပ် စသဖြင့်ရှိတယ်။ သေခါနီး ကိုယ့်စိတ်ထဲမှာ ပုတီးစိပ်တာ တရားထိုင်တာ၊ ဆွမ်းလောင်းတာတွေ ခံစားနေရတယ်။
★ အဲဒီလို အာရုံကောင်းကောင်လေးနဲ့ အမြဲလုပ်နေတာကို အာစိဏ္ဏကံလို့ ခေါ်တယ်။ မကောင်းတဲ့ အာစိဏ္ဏကံလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ မကောင်းတဲ့ အာရုံတွေ လာထင်မှာပဲ။ သေခါနီး အင်မတန် အရေးကြီးတယ်။
★ အာစိဏ္ဏကံ မရှိဘူးဆိုရင် အမှတ်တမဲ့ပြုလုပ်ထားတဲ့ကံတွေက ဝင်ပြီး အကျိုးပေးတယ်။ အဲဒီကံမျိုးကို ကဋတ္တာကံလို့ ခေါ်တယ်။ အဲဒါက ကံတွေရဲ့အကျိုးပေးတဲ့ အဆင့်ပဲ။ တစ်ခုနဲ့တစ်ခု မတူဘူး။ စေတနာပေါ် မူတည်ပြီး အကျိုးပေးတယ်။
★ ဒီလို အကျိုးပေးပေမယ့် ကံတွေဟာ အကျိုးပေးပုံချင်း တစ်ယောက်နဲ့တစ်ယောက် တူနိုင်သလားလို့ မေးရင် မတူဘူး။ လူရဲ့ qualification ပေါ်မူတည်ပြီး ကံကလိုက်အကျိုးပေးတာ၊ ဒါကြောင့် မတူဘူး။
★ ကုသိုလ်ကောင်းမှုကို စုပေါင်းပြီးပြုလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဆိုပါစို့၊ စုပေါင်းပြီး ကထိန်ခင်းတာ၊ စုပေါင်းပြီး တရားနာတာတွေမှာတောင် အလုပ်က တူကောင်းတူနိုင်ပေးမယ့် စိတ်စေတနာချင်းကတော့ မတူလို့ အကျိုးပေးချင်လည်း မတူနိုင်ကြဘူး။ quality က ဘာလဲဆိုရင် ကံနဲ့ပတ်သက်လာရင် ကံမှတစ်ပါး အခြားအခြေခံကောင်းတွေ ကိုယ့်သန္တာန်မှာ ရှိနေဖို့လိုတယ်။
★ လူတွေထဲမှာလည်းကြည့် မတူတာတွေ ပြောရရင် တချို့ပုဂ္ဂိုလ်တွေက လူတစ်ယောက်ကို သတ်တဲ့ ပါဏာတိပါတာကံ ကျူးလွန်လိုက်လို့ သေစားသေစေ (သို့) ထောင် တစ်သက်တစ်ကျွန်း ကျသွားစေတယ်။ တချို့ကျတော့ သူတစ်ပါးရဲ့အသက်ကို သတ်ပေမယ့် အပြမ်မရရုံမျှမက ဆုတောင်ရသေးတယ်။
★ အဲဒါမျိုး ရှိဘူးလား၊ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ condition ချင်း မတူဘူးလေ။ condition ဆိုတာ ရှိသေးတယ်။ ကံကလည်း လူတိုင်းမှာ ဖိဖိစီးစီး အကျိုးမပေးနိုင်ဘူး။ အခြားအကြောင်းတွေ ရှိသေးတယ်။
★ ဥပမာ - မြတ်စွာဘုရားဟောထားတဲ့ လာဏကပလ္လသုတ်ဟာ အင်မတန်မှ မှတ်သားစရာကောင်းတယ်။ ဆားခဲလေးယူပြီး ဖန်ခွက်ထဲရှိ ရေထဲထည့်ပြီး အဲ့ဒီရေကို သောက်ကြည့်ရင် အင်မတန် ငန်သွားမယ်။ အဲဒီပမာဏ ဆားခဲ့ကိုပဲ ဂင်္ဂါမြစ်ထဲ၊ ဧရာဝတီမြစ်ထဲ၊ ရေကန်ကြီးထဲ ထည့်လိုက်ပါဦး။ ဆားရဲ့ အရသာ ပေါ်ပါတော့မလားတဲ့။
★ အဲဒီလိုပဲ တချို့ပုဂ္ဂိုလ်တွေကျတော့ ကိုယ်ကျင့်တရားကလည်း မကောင်းဘူး၊ ကုသိုလ်ကောင်းမှုလည်း ဘာမှမလုပ်ဘူးဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ အကုသိုလ်နည်းနည်း လုပ်ပေမယ့်လည်း အများကြီးခံရမယ်။ သူများထက် ပြင်းပြင်းထန်ထန် ခံရမယ်။ ငွေတစ်မက်နဲ့ ထောင်ကျချင်ကျတာ။ ငွေတစ်သိန်းနဲ့ ထောင်ကျချင်မှ ကျတာ။
★ ပိုက်ဆံရှိရင် မကျဘူး။ ပိုက်ဆံရှိသူနဲ့ ပိုက်ဆံမရှိသူကလည်း အခြေအနေကွာသေးတယ်။ ပိုက်ဆံမရှိရင် ထောင်ကျမယ်။ ပိုက်ဆံရှိရင် ထောင်မကျဘူး။ All are equal under the law လို့ဆိုပေမယ့် ပိုက်ဆံပေးနိုင်လို့ လွတ်သွားတာတွေ အများကြီးရှိတယ်။ ဒါက လောကဖြစ်ရပ်ပဲလေ။ အဲဒီမှာ ပိုက်ဆံဟာ အရည်အချင်းတစ်ခုဖြစ်တယ်။ ဘုရားဟောတဲ့ စာထဲမှာလည်း ပါပါတယ်။
★ ဒီအတိုင်းပဲ ကံအကျိုးပုံချင်း မတူကြဘူး။ တချို့မှာ ကုသိုလ်စိတ်များတယ်။ ပုထုဇဉ်မို့လို့ မကောင်းမှုကို တစ်ခါတစ်ရံ လုပ်မိပေမယ့် ပျောက်သွားတယ်။ သိပ် အကျိုးမထင်ဘူး။ ကံက မျက်နှာလိုက်တာ မဟုတ်ဘူး။ ကံမှာလည်း အရည်အချင်းတွေရှိတယ်။ အခြား condition တွေရှိသေးတယ်။ သဘာဝတရားတွေမှာ ဆိုင်ရာဆိုင်ရာ အထောက်အကူ အကြောင်းတရားတွေ ရှိသေးတယ်။
★ မြတ်စွာဘုရား ဟောထားတာတစ်ခု ရှိသေးတယ် - ငါးသယ်ထံက ဆင်းရဲသားက ငါးတစ်ကောင်ခိုးယူရင် အလေးနဲ့ အထုခံရမှာနော်။ ကားနဲ့သူဌေးတစ်ယောက်က ယူရင်တော့ နောက်တစ်ကောင်တောင် ထပ်ပေးလိုက်ဦးမယ်။ ချမ်းသာတဲ့သူကို ဦးစားပေးပြီး မချမ်းသာတဲ့သူကိုတော့ ဦးစားမပေးဘူး။
★ ဒါက လောကရဲ့ဖြစ်စဉ်ပဲလေ။ ကံကျတော့ ပိုက်ဆံရှိတာ မရှိတာကို ပြောတာမဟုတ်ဘူး။ ကျန်တဲ့ အရည်အချင်း တွေရှိတာ၊ မရှိတာကို ပြောတာ။ ကျန်တဲ့ အရည်အချင်းတွေ ရှိတဲ့သူက အပြစ်သက်သာသွားမယ်။
★ ဆိုပါစို့၊ ကိုယ်ကျင့်တရားပြည့်စုံပြီး၊ စိတ်ကောင်းနုလုံးကောင်း အမြဲထားပြီး ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့ပုဂ္ဂိုလ်တစ်ဦးဟာ တစ်ခါတစ်ရံ မကောင်းမှုလုပ်ပေမယ့် ထိုအကုသိုလ်က ပျောက်ပျက်သွားတယ်။
★ ဘာမှ ကောင်းမှုကုသိုလ် မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အကုသိုလ် နည်းနည်း လုပ်တာနဲ့ များများခံရမှာပဲ။
★ လောကမှာလည်း ဖြစ်စဉ်က ဒီအတိုင်းပဲ။ အဲဒီတော့ မကောင်းတဲ့ကံလုပ်မိရင် ထိုကံမှ သက်သာဖို့ ကောင်းတာ များများလုပ်ထားလို့ ဆိုလိုတဲ့ အဓိပ္ပါယ်ကို ပြေတာ။
★ အေး- ကံတရားဆိုတာ ပထမဘဝမှာ အကျိုးပေးတာရှိတယ်။ ဒုတိယဘဝမှာ အကျိုးပေးတာရှိတယ်။ တတိယဘဝမှာ အကျိုးပေးတာ ရှိတယ်။ ဒီကံတရားတွေဟာ အခြေခံပေါ်မူတည်ပြီး ထိုကံတရားရဲ့ အကျိုးဟာလည်း ထက်သန်မှု၊ နိမ့်ကျမှုဆိုတာ ဖြစ်သွားခဲ့တယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ကံဖြစ်စေ၊ အထက်တန်းရောက်တဲ့ကံ ဖြစ်စေ အခြေခံ တစ်ခုညံ့ရင် နိမ့်ကျတဲ့ဘဝကို ရသွားမှာပဲ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
🙏🙏🙏
‘နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မှုပါ အပိုင်း(၃)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
#mp3_link
http://media.thitsarparamisociety.com/mp3/DrNandamalabhivamsa/DVD-171/0061-NDML.mp3
#ebook_link
http://www.drnandamalabhivamsa.com.mm/book/570
ဆရာတော်ဘုရား တရားတော်များနာယူရန်⤵️
https://www.thitsarparamisociety.com/dr-nandamarlabiwinsa
#Credit >> #မခင်ခင်စီ
#22August2018WLP📚📚📚📚📚
No comments:
Post a Comment