Sunday, 9 September 2018

သကၠန္းအစ ၾကာပန္းက

#သကၤန္းအစၾကာပန္းက
  🌸🌸🌸🌸🌸🌸   

သကၤန္းဆိုတာ မအပ္တဲ့ဆိုးရည္၊
မအပ္တဲ့ အေရာင္မ်ားကို ပယ္စြန္႔ၿပီး
အပ္တဲ့ဆိုးရည္၊ အပ္တဲ့အေရာင္မ်ားျဖင့္ ဆိုးထားတဲ့အတြက္
"ကသာေဝန ရတၱံ ကာသာဝံ"လို႔ ပါဠိလို ေခၚရတယ္၊

ကာသာဝ, ကာသာယ, စီဝရ အမည္ရတဲ့ သည္သကၤန္းဟာ
ဘယ္ကစခဲ့သလဲဆိုရင္
"သကၤန္းအစ ၾကာပန္းက"လို႔ ဆိုရလိမ့္မယ္ ...။

ကမၻာ့နိမိတ္ျဖစ္တဲ့ ၾကာပန္းအတြင္း တန္ခိုးအားျဖင့္
ျဖစ္ေပၚလာတဲ့ သကၤန္းက စတင္ခဲ့တဲ့အတြက္ေၾကာင္႔ 
"သကၤန္းအစ ၾကာပန္းက"လို႔ ဆိုျခင္းျဖစ္ပါတယ္ ။

ဒီစကားကို အခ်ိဳ႕က ပံုျပင္လို႔ ထင္ေကာင္းထင္လိမ္႔မယ္ ။
ပံုျပင္မဟုတ္ပါဘူး က်မ္းဂန္မွ လာတဲ႔စကားျဖစ္ပါတယ္ ။
(သုတ္မဟာဝါ အ႒ကထာ- စာမ်က္ႏွာ(၅)
မဟာပဓာနသုတ္အဖြင့္မွာ ဒီလို ဖြင္႔ျပထားပါတယ္)

🌸ကမၻာေျမႀကီးဟာ ေရျပင္ေပၚတည္တဲ့ ၾကာရြက္လို
ေရျပင္ထက္မွာတည္ေနျပီး မဟာေဗာဓိပလႅင္ေတာ္
တည္ရာအရပ္ဟာ ကမၻာ ပ်က္စဥ္ကလည္း ေနာက္ဆံုးမွပ်က္ၿပီး
တည္ျပန္ေတာ့လည္း ေရွးဦးစြာတည္ရွိပါတယ္။
ေရွးဦးစြာတည္တဲ့ ထုိေျမျပင္ထက္မွာ ပုဗၺနိမိတ္ အျဖစ္ျဖင့္
ၾကာတစ္႐ံုေပါက္ေရာက္ျပီး အကယ္၍ ယခုျဖစ္ေပၚတဲ့
ကမၻာအတြင္း ဘုရားမပြင့္ဘူးဆိုလွ်င္ ၾကာ႐ံုက အပြင့္မပြင့္ဘူး၊
ဘုရားပြင့္မယ္ဆိုမွ ၾကာ႐ံုက အပြင့္ ပြင္႔ပါတယ္ ။
ပြင္႔တဲ႔အခါမွာည္း ဘုရားတစ္ဆူ ပြင္႔မယ္ဆိုလွ်င္
ၾကာပြင္႔ တစ္ပြင္႔သာ ပြင္႔ပါတယ္ ။
ဘုရား ႏွစ္ဆူ, သံုးဆူ, ေလးဆူ, ငါးဆူပြင့္မယ္ဆိုလွ်င္
အစဥ္ အတိုင္း ႏွစ္ပြင့္၊ သံုးပြင့္၊ ေလးပြင့္၊ ငါးပြင့္အထိ
ပြင့္ေနေလ့ရွိပါတယ္။ အဲဒီ ၾကာပန္းေတြဟာလည္း
အ႐ိုးတစ္ခုတည္းမွာသာ ပန္းအခ်ပ္ကဲ့သို႔ ပြင့္လ်က္ ရွိၾကတယ္ ။
အ႐ိုးတစ္ခု အပြင့္တစ္ခု မဟုတ္ၾကေပ။

ပုဗၺနိမိတ္အျဖစ္ ၾကာပြင့္တဲ့အခ်ိန္မွာ သုဒၶါဝါသ ျဗဟၼာမ်ားဟာ
ၾကာပြင့္ရာဌာနကို လာေရာက္ ၾကည့္႐ႈၾကၿပီး ၾကာပြင့္တာ မျမင္လွ်င္
ေလာကႀကီးဟာ အမိုက္တိုက္သာျဖစ္လိမ့္မယ္၊
ေသကုန္ေသာသတၱဝါမ်ားဟာ အပါယ္ဘံုသို႔ လားၾကလိမ့္မယ္၊
နတ္ျပည္၊ ျဗဟၼျပည္မ်ား ဆိတ္သုန္းၾကလိမ့္မယ္လို႔ ညည္းတြားၾကၿပီး
ၾကာပြင့္ကိုျမင္တဲ့အခါ ႏွစ္သက္ဝမ္းေျမာက္ ၾကရပါတယ္။
ပြင့္တဲ့ၾကာရဲ႕အတြင္းမွာလည္း ပြင့္ေတာ္မူေသာဘုရားရွင္မ်ား
သံုးေဆာင္ေတာ္မူဖို႔ရန္အတြက္ ပရိကၡရာရွစ္ပါး တန္ခိုးအားျဖင့္
ပါလာခ့ဲျပီးျဖစ္ပါတယ္ ။
ယခု ဘဒၵကမၻာမွာျဖင္႔ဆိုလွ်င္ ၾကာငါးပြင့္အတြင္းက ပရိကၡရာမ်ားကို
သုဒၶါဝါသ ျဗဟၼာမ်ားက ျဗဟၼာျပည္ကို ေဆာင္ယူသြားၿပီး
ဘုရားေလာင္းမ်ား ေတာထြက္ေတာ္မူၾကတဲ့အခါ
လာေရာက္ဆက္ကပ္ၾကရပါတယ္။
ယခု ဘဒၵကမၻာ၌ ေလးဆူေျမာက္ျဖစ္တဲ႔
တို႔ ျမတ္ဗုဒၶေဂါတမဘုရားအေလာင္းေတာ္ သိဒၶတၳမင္းသား
ေတာထြက္ေတာ္မူအခါ ေနရဥၨရာျမစ္ကမ္းမွာ
လာေရာက္ ဆက္ကပ္ၾကရပါတယ္။
အေလာင္းေတာ္ သိဒၶမင္းသားကလည္း ၾကာသကၤန္းႏွင့္ပင္
ဘုရားအျဖစ္ကို ေရာက္ေတာ္မူခဲ့တယ္၊
ေနာင္ပြင္႔မူမည္႔ အရိေမတၱယ်ဘုရားရွင္ဟာလည္း
ၾကာသကၤန္းနဲ႔ပဲ ဘုရားအျဖစ္ကို ေရာက္ရွိေတာ္မူၾကလိမ္႔မယ္။
ဒါေၾကာင့္ "သကၤန္းအစ ၾကာပန္းက"လို႔ ေဟာေတာ္မူပါတယ္။

🌻ဓမၼမိတ္ေဆြမ်ားအားလံုး အသိတရားမ်ား တိုးပြါး၍☘
🌺ေအးခ်မ္းၾကပါေစ…………။🌼

#Credit #OriginalUploader
#9September2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈

#သင်္ကန်းအစကြာပန်းက
  🌸🌸🌸🌸🌸🌸   

သင်္ကန်းဆိုတာ မအပ်တဲ့ဆိုးရည်၊
မအပ်တဲ့ အရောင်များကို ပယ်စွန့်ပြီး
အပ်တဲ့ဆိုးရည်၊ အပ်တဲ့အရောင်များဖြင့် ဆိုးထားတဲ့အတွက်
"ကသာဝေန ရတ္တံ ကာသာဝံ"လို့ ပါဠိလို ခေါ်ရတယ်၊

ကာသာဝ, ကာသာယ, စီဝရ အမည်ရတဲ့ သည်သင်္ကန်းဟာ
ဘယ်ကစခဲ့သလဲဆိုရင်
"သင်္ကန်းအစ ကြာပန်းက"လို့ ဆိုရလိမ့်မယ် ...။

ကမ္ဘာ့နိမိတ်ဖြစ်တဲ့ ကြာပန်းအတွင်း တန်ခိုးအားဖြင့်
ဖြစ်ပေါ်လာတဲ့ သင်္ကန်းက စတင်ခဲ့တဲ့အတွက်ကြောင့် 
"သင်္ကန်းအစ ကြာပန်းက"လို့ ဆိုခြင်းဖြစ်ပါတယ် ။

ဒီစကားကို အချို့က ပုံပြင်လို့ ထင်ကောင်းထင်လိမ့်မယ် ။
ပုံပြင်မဟုတ်ပါဘူး ကျမ်းဂန်မှ လာတဲ့စကားဖြစ်ပါတယ် ။
(သုတ်မဟာဝါ အဋ္ဌကထာ- စာမျက်နှာ(၅)
မဟာပဓာနသုတ်အဖွင့်မှာ ဒီလို ဖွင့်ပြထားပါတယ်)

🌸ကမ္ဘာမြေကြီးဟာ ရေပြင်ပေါ်တည်တဲ့ ကြာရွက်လို
ရေပြင်ထက်မှာတည်နေပြီး မဟာဗောဓိပလ္လင်တော်
တည်ရာအရပ်ဟာ ကမ္ဘာ ပျက်စဉ်ကလည်း နောက်ဆုံးမှပျက်ပြီး
တည်ပြန်တော့လည်း ရှေးဦးစွာတည်ရှိပါတယ်။
ရှေးဦးစွာတည်တဲ့ ထိုမြေပြင်ထက်မှာ ပုဗ္ဗနိမိတ် အဖြစ်ဖြင့်
ကြာတစ်ရုံပေါက်ရောက်ပြီး အကယ်၍ ယခုဖြစ်ပေါ်တဲ့
ကမ္ဘာအတွင်း ဘုရားမပွင့်ဘူးဆိုလျှင် ကြာရုံက အပွင့်မပွင့်ဘူး၊
ဘုရားပွင့်မယ်ဆိုမှ ကြာရုံက အပွင့် ပွင့်ပါတယ် ။
ပွင့်တဲ့အခါမှာည်း ဘုရားတစ်ဆူ ပွင့်မယ်ဆိုလျှင်
ကြာပွင့် တစ်ပွင့်သာ ပွင့်ပါတယ် ။
ဘုရား နှစ်ဆူ, သုံးဆူ, လေးဆူ, ငါးဆူပွင့်မယ်ဆိုလျှင်
အစဉ် အတိုင်း နှစ်ပွင့်၊ သုံးပွင့်၊ လေးပွင့်၊ ငါးပွင့်အထိ
ပွင့်နေလေ့ရှိပါတယ်။ အဲဒီ ကြာပန်းတွေဟာလည်း
အရိုးတစ်ခုတည်းမှာသာ ပန်းအချပ်ကဲ့သို့ ပွင့်လျက် ရှိကြတယ် ။
အရိုးတစ်ခု အပွင့်တစ်ခု မဟုတ်ကြပေ။

ပုဗ္ဗနိမိတ်အဖြစ် ကြာပွင့်တဲ့အချိန်မှာ သုဒ္ဓါဝါသ ဗြဟ္မာများဟာ
ကြာပွင့်ရာဌာနကို လာရောက် ကြည့်ရှုကြပြီး ကြာပွင့်တာ မမြင်လျှင်
လောကကြီးဟာ အမိုက်တိုက်သာဖြစ်လိမ့်မယ်၊
သေကုန်သောသတ္တဝါများဟာ အပါယ်ဘုံသို့ လားကြလိမ့်မယ်၊
နတ်ပြည်၊ ဗြဟ္မပြည်များ ဆိတ်သုန်းကြလိမ့်မယ်လို့ ညည်းတွားကြပြီး
ကြာပွင့်ကိုမြင်တဲ့အခါ နှစ်သက်ဝမ်းမြောက် ကြရပါတယ်။
ပွင့်တဲ့ကြာရဲ့အတွင်းမှာလည်း ပွင့်တော်မူသောဘုရားရှင်များ
သုံးဆောင်တော်မူဖို့ရန်အတွက် ပရိက္ခရာရှစ်ပါး တန်ခိုးအားဖြင့်
ပါလာခဲ့ပြီးဖြစ်ပါတယ် ။
ယခု ဘဒ္ဒကမ္ဘာမှာဖြင့်ဆိုလျှင် ကြာငါးပွင့်အတွင်းက ပရိက္ခရာများကို
သုဒ္ဓါဝါသ ဗြဟ္မာများက ဗြဟ္မာပြည်ကို ဆောင်ယူသွားပြီး
ဘုရားလောင်းများ တောထွက်တော်မူကြတဲ့အခါ
လာရောက်ဆက်ကပ်ကြရပါတယ်။
ယခု ဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်တဲ့
တို့ မြတ်ဗုဒ္ဓဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား
တောထွက်တော်မူအခါ နေရဉ္ဇရာမြစ်ကမ်းမှာ
လာရောက် ဆက်ကပ်ကြရပါတယ်။
အလောင်းတော် သိဒ္ဓမင်းသားကလည်း ကြာသင်္ကန်းနှင့်ပင်
ဘုရားအဖြစ်ကို ရောက်တော်မူခဲ့တယ်၊
နောင်ပွင့်မူမည့် အရိမေတ္တယျဘုရားရှင်ဟာလည်း
ကြာသင်္ကန်းနဲ့ပဲ ဘုရားအဖြစ်ကို ရောက်ရှိတော်မူကြလိမ့်မယ်။
ဒါကြောင့် "သင်္ကန်းအစ ကြာပန်းက"လို့ ဟောတော်မူပါတယ်။

🌻ဓမ္မမိတ်ဆွေများအားလုံး အသိတရားများ တိုးပွါး၍☘
🌺အေးချမ်းကြပါစေ…………။🌼

#Credit #OriginalUploader
#9September2018WLP📚📚📚📚📚
  

  

No comments:

Post a Comment

ေဆးလိပ္

ေဆးလိပ္ လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။ အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ...