#အာနန္ဒာဘုရားအံ့ဖွယ်၉ပါး
🍀🍀🍀🍀🍀🍀🍀🍀
#WinLettPhyu2017
#ပုဂံပြည်ရှိအာနန္ဒာဘုရားကို သက္ကရာဇ် ၄၅၂-ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ဘုရားဒကာမှာ ကျန်စစ်မင်းကြီး ဖြစ်ပါသည်။
#ထုမှာ ဓမ္မရံ၊ #အနုမှာ အာနန္ဒာ-ဆိုသောစကားနှင့်အညီ ဓမ္မရံ ဘုရားသည် ထုထည်ကြီးမားပြီး အာနန္ဒာဘုရားမှာမူ အနုပညာလက်ရာမြောက်ကြောင်း ပညာရှိများက ဆိုမိန့်ခဲ့ကြပါသည်။ အာနန္ဒာဘုရား ထူးခြားသည်နှင့်အမျှ အံ့ဖွယ် (၉)ပါး ရှိပါသည်။
၁။ စေတီတော် တည်တော်မူစဉ်က ရဟန္တာအရှင်မြတ်တို့ ဖန်ဆင်းပြအပ်သော နန္ဒမူလိုဏ်ဂူ-၏ပုံစံကိုယူ၍ တည်ထားသည့် စေတီတော်ဖြစ်ခြင်း။
၂။ စေတီတော်၏ အောက်ခံအုတ်မြစ်ကို အတောင်-၆၀ အထိ နက်အောင်တူး၍ အတောင် ၃၀-ထိအောင် နဂါးရစ်ကျောက်အမျိုးအစားဖြင့် အုတ်မြစ်ချတော်မူခြင်း။
၃။ ထို့ထက် ကျန်အတောင် ၃၀-ကို ကျောက်သေတ္တာပုံစံ ဌာပနာတိုက်
ပြုလုပ်၍ ရွှေစင်ပိဿ. ပေါင်းများစွာရှိသော ဗုဒ္ဓဘုရား၏ ဆင်းတုတော် ဗုဒ္ဓဝင်ရုပ်တု အစရှိသည့် ရွှေစင်ရုပ်တုပေါင်းများစွာ ခြံရံလျက် ဓာတ်တော်များကို ဌာပနာထားခြင်း။
၄။ အာနန္ဒာစေတီတော်၏ပုံသည် စကြာမင်းနန်းတော် နတ်ဗိမာန်ကဲ့သို့ လှပဆန်းပြား တင့်တယ်ခန်းနားကာ သပ္ပာယ်တော်မူခြင်း။
၅။ စေတီတော်အတွင်း၌ ဤဘဒ္ဒကမ္ဘာတွင် ပွင့်ထွန်းပေါ်ပေါက်ခဲ့ပြီးသော ဘုရားလေးဆူဖြစ်သည့် ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဘုရားရှင်တို့ကို ရည်မှန်း၍ ၁၈-တောင် အမြင့်ရှိသော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် လေးဆူတို့ကို ထုလုပ်ပူဇော် ကိုးကွယ်ထားရှိခြင်း။
၆။ စေတီတော်ကြီး ပတ်လည်၌ ဗုဒ္ဓဝင်ဇာတ်တော်များကို ပုံစံရုပ်တု စဥ့်ခွက်များ စီခြယ်ထားရှိခြင်း။
၇။ စေတီတော်တည်စအချိန်တွင် စေတီတော်ရင်ပြင် လေးမျက်နှာတို့၌ ပုဗ္ဗာရုံအစရှိသော ကျောင်းတိုက်လေးတိုက် ခြံရံပြီး ထားရှိသဖြင့် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ဟု ထင်မှတ်သတိရစေခြင်း။
၈။ ပုဂံခေတ် အနုပညာလက်ရာများနှင့် ဗိသုကာပညာရပ်များကို ပေါ်လွင်ထင်ရှားစေသော ဝိသေသလက္ခဏာ မဟာစေတီတော်ကြီးအဖြစ် ထီးထီးမားမား ထင်ရှားစွာ တည်ရှိခြင်း။
၉။ ဘုရားဖူးလာသူ ရဟန်းရှင်လူ ပြည်သူအများ ဖူးလာမစဲ တဖွဲဖွဲရှိခြင်း။ ဖူး၍မ၀ ရှု၍မဝနိုင်သော စေတီတော်ကြီးဖြစ်ခြင်း။ စသော အံ့ဖွယ် (၉)ပါးနှင့် ပြည့်စုံပေ၏။
#WinLettPhyu2017
📭📭📭📭📭📭📭
#အာနႏၵာဘုရားအံ႔ဖြယ္၉ပါး
🎈🎈🎈🎈🎈🎈🎈🎈
#WinLettPhyu2017
#ပုဂံျပည္ရွိအာနႏၵာဘုရားကို သကၠရာဇ္ ၄၅၂-ခုႏွစ္တြင္ တည္ထားကိုးကြယ္ခဲ့ပါသည္။ ဘုရားဒကာမွာ က်န္စစ္မင္းႀကီး ျဖစ္ပါသည္။
#ထုမွာ ဓမၼရံ၊ #အႏုမွာ အာနႏၵာ-ဆိုေသာစကားႏွင့္အညီ ဓမၼရံ ဘုရားသည္ ထုထည္ႀကီးမားျပီး အာနႏၵာဘုရားမွာမူ အႏုပညာလက္ရာေျမာက္ေၾကာင္း ပညာရွိမ်ားက ဆိုမိန္႔ခဲ့ၾကပါသည္။ အာနႏၵာဘုရား ထူးျခားသည္ႏွင့္အမွ် အံ႔ဖြယ္ (၉)ပါး ရွိပါသည္။
၁။ ေစတီေတာ္ တည္ေတာ္မူစဥ္က ရဟႏၲာအရွင္ျမတ္တို႔ ဖန္ဆင္းျပအပ္ေသာ နႏၵမူလိုဏ္ဂူ-၏ပံုစံကိုယူ၍ တည္ထားသည့္ ေစတီေတာ္ျဖစ္ျခင္း။
၂။ ေစတီေတာ္၏ ေအာက္ခံအုတ္ျမစ္ကို အေတာင္-၆၀ အထိ နက္ေအာင္တူး၍ အေတာင္ ၃၀-ထိေအာင္ နဂါးရစ္ေက်ာက္အမ်ိဳးအစားျဖင့္ အုတ္ျမစ္ခ်ေတာ္မူျခင္း။
၃။ ထို႔ထက္ က်န္အေတာင္ ၃၀-ကို ေက်ာက္ေသတၱာပံုစံ ဌာပနာတိုက္
ျပဳလုပ္၍ ေရႊစင္ပိႆ. ေပါင္းမ်ားစြာရွိေသာ ဗုဒၶဘုရား၏ ဆင္းတုေတာ္ ဗုဒၶ၀င္ရုပ္တု အစရွိသည့္ ေရႊစင္ရုပ္တုေပါင္းမ်ားစြာ ျခံရံလ်က္ ဓာတ္ေတာ္မ်ားကို ဌာပနာထားျခင္း။
၄။ အာနႏၵာေစတီေတာ္၏ပံုသည္ စၾကာမင္းနန္းေတာ္ နတ္ဗိမာန္ကဲ့သို႔ လွပဆန္းျပား တင့္တယ္ခန္းနားကာ သပၸာယ္ေတာ္မူျခင္း။
၅။ ေစတီေတာ္အတြင္း၌ ဤဘဒၵကမၻာတြင္ ပြင့္ထြန္းေပၚေပါက္ခဲ့ျပီးေသာ ဘုရားေလးဆူျဖစ္သည့္ ကကုသန္၊ ေကာဏာဂံု၊ ကႆပ၊ ေဂါတမဘုရားရွင္တို႔ကို ရည္မွန္း၍ ၁၈-ေတာင္ အျမင့္ရွိေသာ ရပ္ေတာ္မူ ဗုဒၶရုပ္ပြားေတာ္ ေလးဆူတို႔ကို ထုလုပ္ပူေဇာ္ ကိုးကြယ္ထားရွိျခင္း။
၆။ ေစတီေတာ္ႀကီး ပတ္လည္၌ ဗုဒၶ၀င္ဇာတ္ေတာ္မ်ားကို ပံုစံရုပ္တု စဥ့္ခြက္မ်ား စီျခယ္ထားရွိျခင္း။
၇။ ေစတီေတာ္တည္စအခ်ိန္တြင္ ေစတီေတာ္ရင္ျပင္ ေလးမ်က္ႏွာတို႔၌ ပုဗၺာရံုအစရွိေသာ ေက်ာင္းတိုက္ေလးတိုက္ ျခံရံျပီး ထားရွိသျဖင့္ သာ၀တၳိျပည္ ေဇတ၀န္ေက်ာင္းေတာ္ဟု ထင္မွတ္သတိရေစျခင္း။
၈။ ပုဂံေခတ္ အႏုပညာလက္ရာမ်ားႏွင့္ ဗိသုကာပညာရပ္မ်ားကို ေပၚလြင္ထင္ရွားေစေသာ ၀ိေသသလကၡဏာ မဟာေစတီေတာ္ႀကီးအျဖစ္ ထီးထီးမားမား ထင္ရွားစြာ တည္ရွိျခင္း။
၉။ ဘုရားဖူးလာသူ ရဟန္းရွင္လူ ျပည္သူအမ်ား ဖူးလာမစဲ တဖြဲဖြဲရွိျခင္း။ ဖူး၍မ၀ ရႈ၍မ၀ႏိုင္ေသာ ေစတီေတာ္ႀကီးျဖစ္ျခင္း။ စေသာ အံ႔ဖြယ္ (၉)ပါးႏွင့္ ျပည့္စံုေပ၏။
#WinLettPhyu2017
No comments:
Post a Comment