" ေသာတာပန္အမ်ဳိးအစား(၂၄)မ်ဳိး"
🔴🔴🔴🔴🔴🔴🔴🔴🔴🔴
ယခုုေခတ္အခါသည္ ဝိပႆနာထြန္းကားလာေသာ အခါျဖစ္ေပသည္။ ဝိပႆနာ ထြန္းကားသည့္အားေလ်ာ္စြာ အားထုုတ္ဖုုိ႔ရာ အခြင့္အခါအခ်ိန္ရၾကေသာ ပုုဂၢိဳလ္တုုိ႔က ဝိပႆနာတရားကုုိ တတ္နုုိင္သမ်ွ အားထုုတ္ေနၾကျပီး၊ အားထုုတ္ဖုုိ႔ရာ အခြင့္အခါ မၾကဳံနုုိင္ေသးသည့္ပုုဂၢိဳလ္တုုိ႔ကလည္း ဝိပႆနာတရားအားထုုတ္ေသာအခါ လုုိက္နာဖြယ္ရာ အေျခခံမ်ားကုုိ မွတ္သားေလ့လာလ်က္ရွိၾကေပသည္။
အားထုုတ္ေသာအခါမွာလည္း အနည္းဆုုံး ေသာတာပန္ျဖစ္ေအာင္ အားထုုတ္မည္ဟုု ရည္မွန္းခ်က္ထားၾကသည့္ ပုုဂၢိဳလ္တုုိ႔က မ်ားၾကေပသည္။မိမိတုုိ႔ရည္မွန္းခ်က္ထားၾကသည့္အတုုိင္း ယခုုဘဝမွာပင္ ေသာတာပန္ျဖစ္လုုိၾကေသာ ပုဂၢိဳလ္တုုိ႔သည္ ဝိပႆနာတရားကိုု အားထုုတ္ၾကရေပသည္။
ဝိပႆနာအားထုုတ္ၾကေသာ အခါ မိမိတုုိ႔၏ ပါရမီဓာတ္ခံႏွင့္ အက်င့္ပဋိပဒါအားေလ်ာ္စြာ ေသာတာပန္တုုိ႔သည္ အမ်ဳိးအစားအားျဖင့္ (၂၄)မ်ဳိးကြဲျပားသြားၾကေပသည္။
ယခုုဘဝမွာ ေသာတာပန္ျဖစ္နုုိင္သည့္ ပါရမီဓာတ္ခံ ပါလာေသာ ပုုဂၢိဳလ္အခ်င္းပင္ တူၾကပါေသာ္လည္း ဝိပႆနာတရားအားထုုတ္ေသာအခါမွာေတာ့ တစ္ဦးႏွင့္တစ္ဦး တရားေတြ႕ပုုံခ်င္းမတူၾကေပ။ ကြဲျပားလ်က္ရွိၾကေပသည္။
အခ်ဳိ႕ေသာ ပုုဂၢိဳလ္မ်ားက တရားသေဘာမ်ားကုုိ ထင္ထင္ရွားရွား ေတြ႔ျမင္ၾကေသာ္လည္း အခ်ဳိ႕ေသာပုုဂၢိဳလ္မ်ားက မထင္မရွား မျပတ္မသား ေတြ႕ျမင္ၾကေပသည္။
တရားသေဘာမ်ားကုုိ မထင္မရွား မျပတ္မသား ေတြ႔ျမင္ၾကရေသာ ပုုဂၢိဳလ္တုုိ႔သည္ ယခုုဘဝမွာ မိမိသည္ ေသာတာပန္မျဖစ္နုုိင္ဟုု ထင္ျမင္ကာ စိတ္ဓာတ္မ်ား က်ဆင္းသြားတတ္ၾကေပသည္။ ဤကဲ့သုုိ႔ စိတ္ဓာတ္မ်ား မက်ဆင္းသြားရေအာင္ မိမိတုုိ႔ျဖစ္ရမည့္ ေသာတာပန္အမ်ဳိးအစားမ်ားကုုိ သိထားသင့္လွ၏။
ေသာတာပန္ျဖစ္လုုိ၍ ဝိပႆနာတရား အားထုုတ္ၾကေသာ ပုုဂၢိဳလ္တုုိ႔တြင္ အခ်ဳိ႕ေသာ ပုုဂၢိဳလ္တုုိ႔က ခ်မ္းခ်မ္းသာသာ လြယ္လြယ္ကူကူျဖင့္ အားထုုတ္ၾကရေပသည္။ အခ်ဳိ႕ေသာ ပုုဂၢိဳလ္တုုိ႔က ျငိဳျငိဳျငင္ျငင္ ပင္ပင္ပန္းပန္းျဖင့္ အားထုုတ္ၾကရေပသည္။
ျငိဳျငိဳျငင္ျငင္ ပင္ပင္ပန္းပန္းျဖင့္ အားထုုတ္ၾကရေသာ ပုုဂၢိဳလ္တုုိ႔မွာ မိမိသည္ ယခုုဘဝ၌ ေသာတာပန္ျဖစ္နုုိင္ေသာ ပုုဂၢိဳလ္မ်ဳိးမဟုုတ္ေပဟုု ထင္ျမင္ကာ စိတ္ဓာတ္မ်ားက်ဆင္းတတ္ေသာေၾကာင့္ စိတ္ဓာတ္မ်ားမက်ဆင္းသြားရေအာင္ ေသာတာပန္ အမ်ဳိးအစားကုုိ သိထားသင့္ၾကေပသည္။
ယခုုဘဝမွာပင္ ေသာတာပန္ျဖစ္ေအာင္ အားထုုတ္ၾကမည့္ အမ်ဳိးေကာင္းသား အမ်ဳိးေကာင္းသမီးတုုိ႔သည္ မိမိတုုိ႔၏ ပါရမီဓာတ္ခံအားေလ်ာ္စြာ တရားသေဘာမ်ားကုုိ ထင္ထင္ရွားရွား ေတြ႕ခ်င္လည္း ေတြ႔ၾကေပလိမ့္မည္။ မထင္မရွား ေတြ႔ခ်င္လည္း ေတြ႕ၾကေပလိမ့္မည္။
ခ်မ္းခ်မ္းသာသာ လြယ္လြယ္ကူကူ အားထုုတ္လ်ွင္လည္း အားထုုတ္ၾကရေပလိမ့္မည္။ ဆင္းဆင္းရဲရဲ ပင္ပင္ပန္းပန္း အားထုုတ္လ်ွင္လည္း အားထုုတ္ၾကရေပလိမ့္မည္။
မည္သုုိ႔ပင္ အားထုုတ္ရ အားထုုတ္ရ ေသာတာပန္(၂၄)မ်ဳိးတုုိ႔တြင္ ပါဝင္နုုိင္ပါက မိမိသည္ ဧကန္မုုခ် ေသာတာပန္ျဖစ္ရမည္ဟုု သိျမင္ကာ စိတ္ဓာတ္မ်ား မက်ဆင္းဘဲ ဝိပႆနာတရားကုုိ မဆုုတ္မနစ္ အားထုုတ္နုုိင္ၾကမည္ျဖစ္ေပသည္။ သုုိ႔ျဖစ္၍ ေသာတာပန္(၂၄)မ်ဳိးတုုိ႔ကုုိ သိထားသင့္ၾကေပသည္။
ေသာတာပန္တုုိ႔သည္ ဘဝအပုုိင္းအျခားအားျဖင့္
၁။ သတၱကၡတၱဳ ပရမ ေသာတာပႏၷ- လူျပည္ႏွင့္ နတ္ျပည္တုုိ႔၌ (၇)ဘဝသာျဖစ္၍ နိဗၺာန္သုုိ႔ ဝင္စံမည့္ေသာတာပန္။
၂။ ေကာလံေကာလ ေသာတာပႏၷ- လူ႔ျပည္နတ္ျပည္တုုိ႔၌ (၂)ဘဝမွ (၆)ဘဝသာျဖစ္၍ နိဗၺာန္သုုိ႔ ဝင္စံမည့္ေသာတာပန္။
၃။ ဧကဗီဇ ေသာတာပႏၷ- လူ႔ျပည္နတ္ျပည္တုုိ႔၌ (၁)ဘဝသာ ျဖစ္၍ နိဗၺာန္သုုိ႔စံဝင္မည့္ ေသာတာပန္ဟူ၍ (၃)မ်ဳိးရွိေပသည္။ (အံ-၁-၊၂၃၄)
ျပ႒ာန္းေသာ ဓုုရအားျဖင့္ ေသာတာပန္(၂)မ်ဳိး
********************************
ေသာတာပန္ပုုဂၢိဳလ္တုုိ႔သည္ ျပဌာန္းေသာ ဓုုရအားျဖင့္
၁။ သဒၶါျပဌာန္းေသာ သဒၶါဓုုရ ေသာတာပန္။
၂။ ပညာျပဌာန္းေသာ ပညာဓုုရ ေသာတာပန္ဟူ၍ (၂)မ်ဳိးွရွိေပသည္။
ယခုုဘဝမွာပင္ ေသာတာပန္ျဖစ္လုုိၾကေသာ ပုုဂၢိဳလ္တုုိ႔သည္ ဝိပႆနာတရား အားထုုတ္ၾကရေပသည္။ ဝိပႆနာတရား အားထုုတ္ေသာအခါ သဒၶါေရွ႕သြား၊ သဒၶါျပဌာန္းေသာအားျဖင့္ ေသာတာပန္အျဖစ္သုုိ႔ ေရာက္သြားမည့္ ပုုဂၢိဳလ္တုုိ႔သည္ သဒၶါဓုုရ ေသာတာပန္မည္၏။
ပညာေရွ႕သြား ပညာျပဌာန္းေသာအားျဖင့္ ေသာတာပန္အျဖစ္သုုိ႔ ေရာက္သြားမည့္ ပုုဂၢိဳလ္တုုိ႔သည္ ပညာဓုုရေသာတာပန္မည္၏။ အၾကင္ပုုဂၢိဳလ္တုုိ႔သည္ သဒၶါေရွ႕သြား သဒၶါျပဌာန္းေသာအားျဖင့္ ေသာတာပန္အျဖစ္သုုိ႔ ေရာက္သြားမည့္ ပုုဂၢိဳလ္ျဖစ္၏။
ထုုိပုုဂၢိဳလ္တုုိ႔သည္ ဝိပႆနာတရားအားထုုတ္ေသာအခါ မိမိသည္ ယခုုဘဝ၌ ေသာတာပန္ျဖစ္နုုိင္သည္ဟုု ယုုံၾကည္ခ်က္သဒၶါ ထက္သန္အားေကာင္း၍သာ အားထုုတ္ေနရေပသည္။ တရားသေဘာမ်ားကုုိေတြ႕ရာတြင္ ထင္ထင္ရွားရွား မရွိလွေပ။
နာမရူပ ပရိေစၦဒဥာဏ္သုုိ႔ေရာက္၍ နာမ္ႏွင့္ရုုပ္ကုုိပုုိင္းျခားကာ သိေသာအခါ၌လည္း ကြဲကြဲျပားျပားမရွိလွေပ။ မထင္မရွားပင္ သိျမင္ေပသည္။ ဆရာသမားမ်ားက ေဟာျပေသာအခါမွသာ သိလာတတ္ေပသည္။ ထုုိပုုဂၢိဳလ္သည္ သဒၶါဓုုရ ေသာတာပန္ျဖစ္မည့္ ပုုဂၢိဳလ္ျဖစ္ေပသည္။
အၾကင္ပုုဂၢိဳလ္သည္ ပစၥယပရိဂၢဟဥာဏ္- အေၾကာင္းႏွင့္အက်ဳိးကုုိ သိေသာဥာဏ္၊ သမၼသနဥာဏ္- အနိစၥ ဒုုကၡ အနတၱဟုု သုုံးသပ္ဆင္ျခင္၍ သိေသာဥာဏ္၊ ဥဒယဗၺယဥာဏ္- အျဖစ္အပ်က္ကုုိသိေသာဥာဏ္၊ ဘဂၤဥာဏ္- အပ်က္ကုုိသိေသာဥာဏ္၊ ဘယဥာဏ္- ေၾကာက္ဖြယ္ထင္ေသာဥာဏ္၊ အာဒီနဝဥာဏ္- အျပစ္ျမင္ေသာာဥာဏ္၊ နိဗၺိႏၵဥာဏ္- ျငီးေငြ႕ေသာဥာဏ္၊ မုုဥၥိတုုကမ်တာဥာဏ္- လြတ္ေျမာက္လုုိ္ေသာဥာဏ္၊ ပဋိသခၤ`ါဥာဏ္- တစ္ဖန္ျပန္ရႈရေသာဥာဏ္၊ သခၤ`ါရုုေပကၡာဥာဏ္- လ်စ္လ်ွဴရႈေသာ ဥာဏ္သုုိ႔ေရာက္၍ ရႈမွတ္ေသာအခါတုုိ႔၌လည္း တရားသေဘာမ်ားကုုိ ထင္ထင္ရွားရွား ကြဲကြဲျပားျပား မသိေပ။
မထင္မရွားသာ သိေပသည္။ ထုုိပုုဂၢိဳလ္သည္ သဒၶါဓုုရ ေသာတာပန္ျဖစ္မည့္ပုုဂၢိဳလ္ျဖစ္ေပသည္။
ဤကဲ့သုုိ႔ ဝိပႆနာတရား အားထုုတ္ေသာအခါ၌ တရားသေဘာမ်ားကုုိ မထင္မရွားပင္ သိျမင္ပါေသာ္လည္း အမွတ္ျပည့္သြားေသာအခါ ဥာဏ္စဥ္ျပည့္သြားေသာအခါ ေသာတာပန္အျဖစ္သုုိ႔ ေရာက္သြားမည္ျဖစ္ေပသည္။ ဤေသာတာပန္မ်ဳိးကုုိ သဒၶါဓုုရ ေသာတာပန္ဟုု ဆုုိရေပသည္။
အၾကင္ပုုဂၢိဳလ္သည္ ပညာေရွ႕သြား ပညာျပဌာန္းေသာအားျဖင့္ ေသာတာပန္အျဖစ္သုုိ႔ ေရာက္သြားမည့္ ပုုဂၢိဳလ္ျဖစ္၏။ ထုုိပုုဂၢိဳလ္သည္ ဝိပႆနာတရားအားထုုတ္ေသာအခါ တရားသေဘာမ်ားကုုိ ထင္ထင္ရွားရွားေတြ႔ျမင္တတ္ေပသည္။
နာမရူပ ပရိေစၦဒဥာဏ္သုုိ႔ေရာက္၍ နာမ္ႏွင့္ရုုပ္ကုုိ ပုုိင္းျခားကာ သိေသာအခါ၌လည္း ထင္ထင္ရွားရွား ကြဲကြဲျပားျပား သိျမင္လာတတ္ေပသည္။ ထုုိပုုဂၢိဳလ္သည္ ပညာဓုုရ ေသာတာပန္ျဖစ္မည့္ ပုုဂၢိဳလ္ျဖစ္သည္။ အထက္ပါဥာဏ္စဥ္မ်ားကုုိလည္း ထင္ထင္ရွားရွား သိျမင္တတ္ေပသည္။ ထုုိပုုဂၢိဳလ္ကား ပညာဓုုရေသာတာပန္ျဖစ္၏။
သဒၶါဓုုရေသာတာပန္သည္ အက်င့္အားျဖင့္(၄)မ်ဳိး
*********************************
သဒၶါဓုုရ သဒၶါျပဌာန္း၍ ေသာတာပန္အျဖစ္သုုိ႔ ေရာက္ၾကမည့္ ပုုဂၢိဳလ္တုုိ႔သည္ အက်င့္ပဋိပဒါအားျဖင့္ (၄)မ်ဳိးကြဲျပားၾကေပသည္။
၁။ ျငိဳျငိဳျငင္ျငင္ ပင္ပင္ပန္းပန္းလည္း အားထုုတ္ရ၍
တရားလည္း အရေႏွးေသာ ေသာတာပန္။
၂။ ျငိဳျငိဳျငင္ျငင္ ပင္ပင္ပန္းပန္း အားထုုတ္ရ၍
တရားအရျမန္ေသာ ေသာတာပန္။
၃။ ခ်မ္းခ်မ္းသာသာျဖင့္လည္း အားထုုတ္ရ၍
တရားအရေႏွးေသာ ေသာတာပန္။
၄။ ခ်မ္းခ်မ္းသာသာျဖင့္လည္း အားထုုတ္ရ၍
တရားလည္း အရျမန္ေသာ ေသာတာပန္ဟူ၍ (၄)ေယာက္ျဖစ္ပါသည္။
သဒၶါဓုုရ ေသာတာပန္ကဲ့သုုိ႔ပင္ ပညာဓုုရ ေသာတာပန္သည္လည္း အက်င့္ပဋိပဒါအားျဖင့္ (၄)ေယာက္ျဖစ္ေပသည္။
သဒၶါဓုုရေသာတာပန္(၄)ေယာက္၊
ပညာဓုုရေသာတာပန္(၄) ေယာက္ဟူ၍
ေပါင္း(၈)ေယာက္ျဖစ္ပါသည္။
ေသာတာပန္(၂၄)ေယာက္ျဖစ္ပုုံ
**********************************
ဧကဗီဇေသာတာပန္၊ ေကာလံေကာလ ေသာတာပန္၊ သတၱကၡတၱဳပရမေသာတာပန္ တုုိ႔၌ သဒၶါဓုုရေသာတာပန္(၄)ေယာက္၊
ပညာဓုုရေသာတာပန္(၄)ေယာက္အားျဖင့္ (၈)ေယာက္စီရရွိနုုိင္ၾကမည္။
သုုိ႔ျဖစ္၍
(၁)ဘဝျဖင့္ နိဗၺာန္စံဝင္မည့္ ေသာတာပန္(၈)ေယာက္၊
(၂)ဘဝမွ(၆)ဘဝျဖင့္ နိဗၺာန္စံဝင္မည့္ ေသာတာပန္(၈)ေယာက္၊
(၇)ဘဝျဖင့္ နိဗၺာန္စံဝင္မည့္ ေသာတာပန္(၈)ေယာက္ဟုူ၍
ေသာတာပန္(၂၄)ေယာက္ျဖစ္ေတာ့၏။
ဤေသာတာပန္(၂၄)မ်ဳိးတုုိ႔တြင္ မည္သည့္ ေသာတာပန္မ်ဳိးပင္ ျဖစ္ေစ၊ အပါယ္သံသရာ အပါယ္ဘုုံဝမ်ားမွ လြတ္ေျမာက္ၾကသည္သာ ျဖစ္ေပသည္။ သုုိ႔ျဖစ္၍ အပါယ္သံသရာ အပါယ္ဘုုံဘဝမ်ားမွ လြတ္ေျမာက္လုုိၾကေသာ အမ်ဳိးေကာင္းသား အမ်ဳိးေကာင္းသမီးတုုိ႔သည္ ေသာတာပန္ျဖစ္နုုိင္ေၾကာင္း ဝိပႆနာတရားကုုိ အားထုုတ္ၾကရမည္ ျဖစ္ေပသည္ဟူ၍ အသိေပးလုုိက္ရေတာ့၏။
သာဓု ၊ သာဓု ၊ သာဓု။
ကုုိးကား။ ။ သဒၶမၼရံသီရိပ္သာဆရာေတာ္ဘုုရားၾကီးဓမၼပေဒသာ(တတိယတြဲ)။ အဂၤုုတၱဳိရ္(ပ)။
ဓမၼမိတ္ေဆြမ်ားအားလုုံး သက္ရွည္က်န္းမာစိတ္ခ်မ္းသာ၍ လုုိရာဆႏၵမ်ားတစ္လုုံးတစ္ဝတည္း ျပည့္ဝၾကပါေစ။
#အရွင္ဝိမလဝံသ(နာလႏၵာတကၠသုုိလ္)
Credit.....
✏ ✏ ✏ ✏ ✏ ✏ ✏
စာေပဗဟုသုတျပည့္စံုၾကပါေစ
#myo_n_t
#18September2018WLP📚📚📚📚📚
🔮🔮🔮🔮🔮🔮🔮🔮🔮
" သောတာပန်အမျိုးအစား(၂၄)မျိုး"
••••••••••••••••••••••••••••
ယခုခေတ်အခါသည် ဝိပဿနာထွန်းကားလာသော အခါဖြစ်ပေသည်။ ဝိပဿနာ ထွန်းကားသည့်အားလျော်စွာ အားထုတ်ဖို့ရာ အခွင့်အခါအချိန်ရကြသော ပုဂ္ဂိုလ်တို့က ဝိပဿနာတရားကို တတ်နိုင်သမျှ အားထုတ်နေကြပြီး၊ အားထုတ်ဖို့ရာ အခွင့်အခါ မကြုံနိုင်သေးသည့်ပုဂ္ဂိုလ်တို့ကလည်း ဝိပဿနာတရားအားထုတ်သောအခါ လိုက်နာဖွယ်ရာ အခြေခံများကို မှတ်သားလေ့လာလျက်ရှိကြပေသည်။
အားထုတ်သောအခါမှာလည်း အနည်းဆုံး သောတာပန်ဖြစ်အောင် အားထုတ်မည်ဟု ရည်မှန်းချက်ထားကြသည့် ပုဂ္ဂိုလ်တို့က များကြပေသည်။မိမိတို့ရည်မှန်းချက်ထားကြသည့်အတိုင်း ယခုဘဝမှာပင် သောတာပန်ဖြစ်လိုကြသော ပုဂ္ဂိုလ်တို့သည် ဝိပဿနာတရားကို အားထုတ်ကြရပေသည်။
ဝိပဿနာအားထုတ်ကြသော အခါ မိမိတို့၏ ပါရမီဓာတ်ခံနှင့် အကျင့်ပဋိပဒါအားလျော်စွာ သောတာပန်တို့သည် အမျိုးအစားအားဖြင့် (၂၄)မျိုးကွဲပြားသွားကြပေသည်။
ယခုဘဝမှာ သောတာပန်ဖြစ်နိုင်သည့် ပါရမီဓာတ်ခံ ပါလာသော ပုဂ္ဂိုလ်အချင်းပင် တူကြပါသော်လည်း ဝိပဿနာတရားအားထုတ်သောအခါမှာတော့ တစ်ဦးနှင့်တစ်ဦး တရားတွေ့ပုံချင်းမတူကြပေ။ ကွဲပြားလျက်ရှိကြပေသည်။
အချို့သော ပုဂ္ဂိုလ်များက တရားသဘောများကို ထင်ထင်ရှားရှား တွေ့မြင်ကြသော်လည်း အချို့သောပုဂ္ဂိုလ်များက မထင်မရှား မပြတ်မသား တွေ့မြင်ကြပေသည်။
တရားသဘောများကို မထင်မရှား မပြတ်မသား တွေ့မြင်ကြရသော ပုဂ္ဂိုလ်တို့သည် ယခုဘဝမှာ မိမိသည် သောတာပန်မဖြစ်နိုင်ဟု ထင်မြင်ကာ စိတ်ဓာတ်များ ကျဆင်းသွားတတ်ကြပေသည်။ ဤကဲ့သို့ စိတ်ဓာတ်များ မကျဆင်းသွားရအောင် မိမိတို့ဖြစ်ရမည့် သောတာပန်အမျိုးအစားများကို သိထားသင့်လှ၏။
သောတာပန်ဖြစ်လို၍ ဝိပဿနာတရား အားထုတ်ကြသော ပုဂ္ဂိုလ်တို့တွင် အချို့သော ပုဂ္ဂိုလ်တို့က ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် အားထုတ်ကြရပေသည်။ အချို့သော ပုဂ္ဂိုလ်တို့က ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းဖြင့် အားထုတ်ကြရပေသည်။
ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းဖြင့် အားထုတ်ကြရသော ပုဂ္ဂိုလ်တို့မှာ မိမိသည် ယခုဘဝ၌ သောတာပန်ဖြစ်နိုင်သော ပုဂ္ဂိုလ်မျိုးမဟုတ်ပေဟု ထင်မြင်ကာ စိတ်ဓာတ်များကျဆင်းတတ်သောကြောင့် စိတ်ဓာတ်များမကျဆင်းသွားရအောင် သောတာပန် အမျိုးအစားကို သိထားသင့်ကြပေသည်။
ယခုဘဝမှာပင် သောတာပန်ဖြစ်အောင် အားထုတ်ကြမည့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် မိမိတို့၏ ပါရမီဓာတ်ခံအားလျော်စွာ တရားသဘောများကို ထင်ထင်ရှားရှား တွေ့ချင်လည်း တွေ့ကြပေလိမ့်မည်။ မထင်မရှား တွေ့ချင်လည်း တွေ့ကြပေလိမ့်မည်။
ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်လျှင်လည်း အားထုတ်ကြရပေလိမ့်မည်။ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း အားထုတ်လျှင်လည်း အားထုတ်ကြရပေလိမ့်မည်။
မည်သို့ပင် အားထုတ်ရ အားထုတ်ရ သောတာပန်(၂၄)မျိုးတို့တွင် ပါဝင်နိုင်ပါက မိမိသည် ဧကန်မုချ သောတာပန်ဖြစ်ရမည်ဟု သိမြင်ကာ စိတ်ဓာတ်များ မကျဆင်းဘဲ ဝိပဿနာတရားကို မဆုတ်မနစ် အားထုတ်နိုင်ကြမည်ဖြစ်ပေသည်။ သို့ဖြစ်၍ သောတာပန်(၂၄)မျိုးတို့ကို သိထားသင့်ကြပေသည်။
သောတာပန်တို့သည် ဘဝအပိုင်းအခြားအားဖြင့်
၁။ သတ္တက္ခတ္တု ပရမ သောတာပန္န- လူပြည်နှင့် နတ်ပြည်တို့၌ (၇)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့ ဝင်စံမည့်သောတာပန်။
၂။ ကောလံကောလ သောတာပန္န- လူ့ပြည်နတ်ပြည်တို့၌ (၂)ဘဝမှ (၆)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့ ဝင်စံမည့်သောတာပန်။
၃။ ဧကဗီဇ သောတာပန္န- လူ့ပြည်နတ်ပြည်တို့၌ (၁)ဘဝသာ ဖြစ်၍ နိဗ္ဗာန်သို့စံဝင်မည့် သောတာပန်ဟူ၍ (၃)မျိုးရှိပေသည်။ (အံ-၁-၊၂၃၄)
ပြဋ္ဌာန်းသော ဓုရအားဖြင့် သောတာပန်(၂)မျိုး
********************************
သောတာပန်ပုဂ္ဂိုလ်တို့သည် ပြဌာန်းသော ဓုရအားဖြင့်
၁။ သဒ္ဓါပြဌာန်းသော သဒ္ဓါဓုရ သောတာပန်။
၂။ ပညာပြဌာန်းသော ပညာဓုရ သောတာပန်ဟူ၍ (၂)မျိုးှရှိပေသည်။
ယခုဘဝမှာပင် သောတာပန်ဖြစ်လိုကြသော ပုဂ္ဂိုလ်တို့သည် ဝိပဿနာတရား အားထုတ်ကြရပေသည်။ ဝိပဿနာတရား အားထုတ်သောအခါ သဒ္ဓါရှေ့သွား၊ သဒ္ဓါပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည် သဒ္ဓါဓုရ သောတာပန်မည်၏။
ပညာရှေ့သွား ပညာပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည် ပညာဓုရသောတာပန်မည်၏။ အကြင်ပုဂ္ဂိုလ်တို့သည် သဒ္ဓါရှေ့သွား သဒ္ဓါပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။
ထိုပုဂ္ဂိုလ်တို့သည် ဝိပဿနာတရားအားထုတ်သောအခါ မိမိသည် ယခုဘဝ၌ သောတာပန်ဖြစ်နိုင်သည်ဟု ယုံကြည်ချက်သဒ္ဓါ ထက်သန်အားကောင်း၍သာ အားထုတ်နေရပေသည်။ တရားသဘောများကိုတွေ့ရာတွင် ထင်ထင်ရှားရှား မရှိလှပေ။
နာမရူပ ပရိစ္ဆေဒဉာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကိုပိုင်းခြားကာ သိသောအခါ၌လည်း ကွဲကွဲပြားပြားမရှိလှပေ။ မထင်မရှားပင် သိမြင်ပေသည်။ ဆရာသမားများက ဟောပြသောအခါမှသာ သိလာတတ်ပေသည်။ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။
အကြင်ပုဂ္ဂိုလ်သည် ပစ္စယပရိဂ္ဂဟဉာဏ်- အကြောင်းနှင့်အကျိုးကို သိသောဉာဏ်၊ သမ္မသနဉာဏ်- အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ဆင်ခြင်၍ သိသောဉာဏ်၊ ဥဒယဗ္ဗယဉာဏ်- အဖြစ်အပျက်ကိုသိသောဉာဏ်၊ ဘင်္ဂဉာဏ်- အပျက်ကိုသိသောဉာဏ်၊ ဘယဉာဏ်- ကြောက်ဖွယ်ထင်သောဉာဏ်၊ အာဒီနဝဉာဏ်- အပြစ်မြင်သောာဉာဏ်၊ နိဗ္ဗိန္ဒဉာဏ်- ငြီးငွေ့သောဉာဏ်၊ မုဉ္စိတုကမျတာဉာဏ်- လွတ်မြောက်လိုသောဉာဏ်၊ ပဋိသင်္ခ`ါဉာဏ်- တစ်ဖန်ပြန်ရှုရသောဉာဏ်၊ သင်္ခ`ါရုပေက္ခာဉာဏ်- လျစ်လျှူရှုသော ဉာဏ်သို့ရောက်၍ ရှုမှတ်သောအခါတို့၌လည်း တရားသဘောများကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား မသိပေ။
မထင်မရှားသာ သိပေသည်။ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဓုရ သောတာပန်ဖြစ်မည့်ပုဂ္ဂိုလ်ဖြစ်ပေသည်။
ဤကဲ့သို့ ဝိပဿနာတရား အားထုတ်သောအခါ၌ တရားသဘောများကို မထင်မရှားပင် သိမြင်ပါသော်လည်း အမှတ်ပြည့်သွားသောအခါ ဉာဏ်စဉ်ပြည့်သွားသောအခါ သောတာပန်အဖြစ်သို့ ရောက်သွားမည်ဖြစ်ပေသည်။ ဤသောတာပန်မျိုးကို သဒ္ဓါဓုရ သောတာပန်ဟု ဆိုရပေသည်။
အကြင်ပုဂ္ဂိုလ်သည် ပညာရှေ့သွား ပညာပြဌာန်းသောအားဖြင့် သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဝိပဿနာတရားအားထုတ်သောအခါ တရားသဘောများကို ထင်ထင်ရှားရှားတွေ့မြင်တတ်ပေသည်။
နာမရူပ ပရိစ္ဆေဒဉာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကို ပိုင်းခြားကာ သိသောအခါ၌လည်း ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိမြင်လာတတ်ပေသည်။ ထိုပုဂ္ဂိုလ်သည် ပညာဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်သည်။ အထက်ပါဉာဏ်စဉ်များကိုလည်း ထင်ထင်ရှားရှား သိမြင်တတ်ပေသည်။ ထိုပုဂ္ဂိုလ်ကား ပညာဓုရသောတာပန်ဖြစ်၏။
သဒ္ဓါဓုရသောတာပန်သည် အကျင့်အားဖြင့်(၄)မျိုး
*********************************
သဒ္ဓါဓုရ သဒ္ဓါပြဌာန်း၍ သောတာပန်အဖြစ်သို့ ရောက်ကြမည့် ပုဂ္ဂိုလ်တို့သည် အကျင့်ပဋိပဒါအားဖြင့် (၄)မျိုးကွဲပြားကြပေသည်။
၁။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းလည်း အားထုတ်ရ၍ တရားလည်း အရနှေးသော သောတာပန်။
၂။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း အားထုတ်ရ၍ တရားအရမြန်သော သောတာပန်။
၃။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍ တရားအရနှေးသော သောတာပန်။
၄။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍ တရားလည်း အရမြန်သော သောတာပန်ဟူ၍ (၄)ယောက်ဖြစ်ပါသည်။
သဒ္ဓါဓုရ သောတာပန်ကဲ့သို့ပင် ပညာဓုရ သောတာပန်သည်လည်း အကျင့်ပဋိပဒါအားဖြင့် (၄)ယောက်ဖြစ်ပေသည်။ သဒ္ဓါဓုရသောတာပန်(၄)ယောက်၊ ပညာဓုရသောတာပန်(၄) ယောက်ဟူ၍ ပေါင်း(၈)ယောက်ဖြစ်ပါသည်။
သောတာပန်(၂၄)ယောက်ဖြစ်ပုံ
**********************************
ဧကဗီဇသောတာပန်၊ ကောလံကောလ သောတာပန်၊ သတ္တက္ခတ္တုပရမသောတာပန် တို့၌ သဒ္ဓါဓုရသောတာပန်(၄)ယောက်၊ ပညာဓုရသောတာပန်(၄)ယောက်အားဖြင့် (၈)ယောက်စီရရှိနိုင်ကြမည်။ သို့ဖြစ်၍ (၁)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်၊ (၂)ဘဝမှ(၆)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်၊ (၇)ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်ဟုူ၍ သောတာပန်(၂၄)ယောက်ဖြစ်တော့၏။
ဤသောတာပန်(၂၄)မျိုးတို့တွင် မည်သည့် သောတာပန်မျိုးပင် ဖြစ်စေ၊ အပါယ်သံသရာ အပါယ်ဘုံဝများမှ လွတ်မြောက်ကြသည်သာ ဖြစ်ပေသည်။ သို့ဖြစ်၍ အပါယ်သံသရာ အပါယ်ဘုံဘဝများမှ လွတ်မြောက်လိုကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် သောတာပန်ဖြစ်နိုင်ကြောင်း ဝိပဿနာတရားကို အားထုတ်ကြရမည် ဖြစ်ပေသည်ဟူ၍ အသိပေးလိုက်ရတော့၏။
သာဓု ၊ သာဓု ၊ သာဓု။
ကိုးကား။ ။ သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီးဓမ္မပဒေသာ(တတိယတွဲ)။ အင်္ဂုတ္တိုရ်(ပ)။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Credit.....
✏ ✏ ✏ ✏ ✏ ✏ ✏
စာပေဗဟုသုတပြည့်စုံကြပါစေ
#myo_n_t
#18September2018WLP📚📚📚📚📚
No comments:
Post a Comment