Thursday, 20 September 2018

ေယာဂီတို႔သိသင့္ေသာ အလုပ္၃မ်ိဳး

#ေယာဂီတို႔သိသင့္ေသာအလုပ္သုံးမ်ဳိး
🌹🌹🌹🌹🌹🌹🌹🌹🌹🌹

> ေယာဂီအလုပ္ တရားအလုပ္ ဘုရားအလုပ္တဲ႔။
ေယာဂီအလုပ္ဆိုတာ အခ်ိန္ျပည့္ တရားနာရမယ္

တရားရႈမွတ္ရမယ္ အဲဒါ ေယာဂီေတြ လုပ္ရမယ့္
အလုပ္ပဲ။

🍏တရားအလုပ္ဆိုတာ အခ်ိန္က်လို႔ ဆိုင္ရာမဂ္က
ဆိုင္ရာကိေလသာကို သတ္လိုက္တာပဲ။

🍏ဘုရားအလုပ္ဆိုတာက ဘယ္ပုဂၢိဳလ္က ဘယ္မဂ္
ရၿပီလို႔ တိက်စြာ ဆုံးျဖတ္ေပးတာပဲ။

ဆရာေရာ တပည့္ပါ ကိုယ့္အလုပ္ က္ုိယ္လုပ္ဖို႔
လိုတယ္။

> ေယာဂီတိုင္း တရားအလုပ္ကို ဝင္မလုပ္ရသလို
ဆရာကလည္း ဘုရားအလုပ္ကို ဝင္မလုပ္ရဘူး။

ေယာဂီက ေယာဂီအလုပ္ မလုပ္ဘဲ တရားအလုပ္
ဝင္လုပ္ရင္ တရားမတက္ေတာ့ဘူး။

🔴ဟိုဟာ ဒီဟာ ျမင္ခ်င္တာ ဝင္းဝင္းလက္လက္ေတြ
ေတြ႕ခ်င္တာ။

🔴ခႏၶာကိုယ္ႀကီးက ေကာင္းကင္ေျမာက္တက္သြားခ်င္တာ။
သိမ့္ခနဲ ၿငိမ့္ခနဲ ျဖစ္သြားခ်င္တဲ႔ စိတ္ေတြကို
လက္ခံက်င့္သုံးမယ္ ဆိုရင္ ေယာဂီဟာ ကိုယ့္အလုပ္
က္ုိယ္မလုပ္ဘဲ တရားအလုပ္ကို ဝင္လုပ္တာပဲ။

> ေလာကုတၱရာဥစၥာ ရွာေဖြတယ္ဆိုတာ ေလာကီဥစၥာ
ရွာေဖြတာနဲ႔ မတူဘူး။

🔴မ်ားမ်ားႀကီး ရခ်င္ရင္ နည္းနည္းေလး ရတတ္တယ္။
🔴ျမန္ျမန္ရခ်င္ရင္ ျဖည္းျဖည္းမွ ရတတ္တယ္။

သဒၶါရယ္ ပညာရယ္ သမာဓိရယ္ ဝီရိယရယ္ကို
ညီမွ်ေအာင္ထားၿပီး ပုံမွန္ေလး ရႈပြားေနရင္

🎈နည္းနည္းေလး လိုခ်င္ေပမယ့္ အမ်ားႀကီး
ရတတ္တယ္။

🎈ျဖည္းျဖည္းလိုခ်င္ေပမယ့္ အျမန္ရတတ္တယ္။

> ေယာဂီက တရားအလုပ္ကို ဝင္လုပ္တာနဲ႕
ပတ္သက္ၿပီး ၾသဝါဒေလးတစ္ပုဒ္ ဖတ္ဖူးတယ္။

> ငါ အခ်ိန္ေတြ အၾကာႀကီး ထိုင္နိုင္ၿပီဆိုၿပီး
ခ်န္ပီယံ မျဖစ္ခ်င္ပါနဲ႔။

စံခ်ိန္မတင္ခ်င္ပါနဲ႕။
#ေလာဘတဏွာကပူးသတ္သြားလိမ့္မယ္။

ငါ သူမ်ားထက္ ရႈမွတ္အား ေကာင္းလာလို႔
ဆရာလုပ္တဲ႔သူက ငါ့ကို အသိအမွတ္ ျပဳလိုက္ၿပီ

ခ်ီးမြမ္းခန္း ဖြင့္လိုက္ ၿပီဆိုလည္း စိတ္ႀကီး
မဝင္လိုက္ပါနဲ႕။

#မာနကပူးသတ္သြားလိမ့္မယ္။

> ငါဟာ တရားေတြကို အဆင့္ျမင့္ျမင့္ ရႈမွတ္ေနနိုင္ပါ
လား ဆိုၿပီး ေအာက္ေျခမလြတ္လိုက္ပါနဲ႕။

#ဒိ႒ိကပူးသတ္သြားလိမ့္မယ္။
တဏွာ မာန ဒိ႒ိဟာ သံသရာလည္ေစတတ္တဲ႔ တရားပါ။

> ေနာက္ထပ္လည္း သံသရာလည္ေစဦးမယ့္ တရားပါ။

အဲဒီစိတ္ေတြ ဝင္လာၿပီဆိုရင္ ရႈေနက် မူလကမၼ႒ာန္း
ထက္ အဲဒီ ျဖစ္ေပၚေနတဲ႔ စိတ္ေတြကို

အရင္ ရႈမွတ္ပစ္ဖို႔ လိုပါတယ္။   ။
🎈🎈🎈🎈🎈🎈🎈🎈

#ေမတၱာရွင္(ေရႊျပည္သာ) ၏
#လူငယ္မ်ားအတြက္ဂမၻီရဝိပႆနာ(၅/၆)စာအုပ္မွ #

20.9.2018

#Credit - #KhinSandarWin
#21September2018WLP📚📚📚📚📚
🎓🎓🎓🎓🎓🎓🎓🎓🎓

#ယောဂီတို့သိသင့်သောအလုပ်သုံးမျိုး
🌹🌹🌹🌹🌹🌹🌹🌹🌹🌹

> ယောဂီအလုပ် တရားအလုပ် ဘုရားအလုပ်တဲ့။
ယောဂီအလုပ်ဆိုတာ အချိန်ပြည့် တရားနာရမယ်

တရားရှုမှတ်ရမယ် အဲဒါ ယောဂီတွေ လုပ်ရမယ့်
အလုပ်ပဲ။

🍏တရားအလုပ်ဆိုတာ အချိန်ကျလို့ ဆိုင်ရာမဂ်က
ဆိုင်ရာကိလေသာကို သတ်လိုက်တာပဲ။

🍏ဘုရားအလုပ်ဆိုတာက ဘယ်ပုဂ္ဂိုလ်က ဘယ်မဂ်
ရပြီလို့ တိကျစွာ ဆုံးဖြတ်ပေးတာပဲ။

ဆရာရော တပည့်ပါ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့
လိုတယ်။

> ယောဂီတိုင်း တရားအလုပ်ကို ဝင်မလုပ်ရသလို
ဆရာကလည်း ဘုရားအလုပ်ကို ဝင်မလုပ်ရဘူး။

ယောဂီက ယောဂီအလုပ် မလုပ်ဘဲ တရားအလုပ်
ဝင်လုပ်ရင် တရားမတက်တော့ဘူး။

🔴ဟိုဟာ ဒီဟာ မြင်ချင်တာ ဝင်းဝင်းလက်လက်တွေ
တွေ့ချင်တာ။

🔴ခန္ဓာကိုယ်ကြီးက ကောင်းကင်မြောက်တက်သွားချင်တာ။
သိမ့်ခနဲ ငြိမ့်ခနဲ ဖြစ်သွားချင်တဲ့ စိတ်တွေကို
လက်ခံကျင့်သုံးမယ် ဆိုရင် ယောဂီဟာ ကိုယ့်အလုပ်
ကိုယ်မလုပ်ဘဲ တရားအလုပ်ကို ဝင်လုပ်တာပဲ။

> လောကုတ္တရာဥစ္စာ ရှာဖွေတယ်ဆိုတာ လောကီဥစ္စာ
ရှာဖွေတာနဲ့ မတူဘူး။

🔴များများကြီး ရချင်ရင် နည်းနည်းလေး ရတတ်တယ်။
🔴မြန်မြန်ရချင်ရင် ဖြည်းဖြည်းမှ ရတတ်တယ်။

သဒ္ဓါရယ် ပညာရယ် သမာဓိရယ် ဝီရိယရယ်ကို
ညီမျှအောင်ထားပြီး ပုံမှန်လေး ရှုပွားနေရင်

🎈နည်းနည်းလေး လိုချင်ပေမယ့် အများကြီး
ရတတ်တယ်။

🎈ဖြည်းဖြည်းလိုချင်ပေမယ့် အမြန်ရတတ်တယ်။

> ယောဂီက တရားအလုပ်ကို ဝင်လုပ်တာနဲ့
ပတ်သက်ပြီး သြဝါဒလေးတစ်ပုဒ် ဖတ်ဖူးတယ်။

> ငါ အချိန်တွေ အကြာကြီး ထိုင်နိုင်ပြီဆိုပြီး
ချန်ပီယံ မဖြစ်ချင်ပါနဲ့။

စံချိန်မတင်ချင်ပါနဲ့။
#လောဘတဏှာကပူးသတ်သွားလိမ့်မယ်။

ငါ သူများထက် ရှုမှတ်အား ကောင်းလာလို့
ဆရာလုပ်တဲ့သူက ငါ့ကို အသိအမှတ် ပြုလိုက်ပြီ

ချီးမွမ်းခန်း ဖွင့်လိုက် ပြီဆိုလည်း စိတ်ကြီး
မဝင်လိုက်ပါနဲ့။

#မာနကပူးသတ်သွားလိမ့်မယ်။

> ငါဟာ တရားတွေကို အဆင့်မြင့်မြင့် ရှုမှတ်နေနိုင်ပါ
လား ဆိုပြီး အောက်ခြေမလွတ်လိုက်ပါနဲ့။

#ဒိဋ္ဌိကပူးသတ်သွားလိမ့်မယ်။
တဏှာ မာန ဒိဋ္ဌိဟာ သံသရာလည်စေတတ်တဲ့ တရားပါ။

> နောက်ထပ်လည်း သံသရာလည်စေဦးမယ့် တရားပါ။

အဲဒီစိတ်တွေ ဝင်လာပြီဆိုရင် ရှုနေကျ မူလကမ္မဋ္ဌာန်း
ထက် အဲဒီ ဖြစ်ပေါ်နေတဲ့ စိတ်တွေကို

အရင် ရှုမှတ်ပစ်ဖို့ လိုပါတယ်။   ။
🎈🎈🎈🎈🎈🎈🎈🎈

#မေတ္တာရှင်(ရွှေပြည်သာ) ၏
#လူငယ်များအတွက်ဂမ္ဘီရဝိပဿနာ(၅/၆)စာအုပ်မှ #

20.9.2018

#Credit - #KhinSandarWin
#21September2018WLP📚📚📚📚📚

No comments:

Post a Comment

ေဆးလိပ္

ေဆးလိပ္ လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။ အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ...