Thursday, 20 September 2018

ဇြန္ႏွင္းဆီ(သို႔မဟုတ္)ရတနာနတ္မယ္

#ဇြန္ႏွင္းဆီ(သို႔)ရတနာနတ္မယ္
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

ရတနာနတ္မယ္ ဆိုတ့ဲ အမ်ိဳးသမီးအေၾကာင္းကို ငယ္ငယ္က ၾကားဖူးတုန္းကေတာ့ အရမ္းေခ်ာ အရမ္းလွတဲ့အမ်ိဳးသမီးတစ္ေယာက္၊
ဦးေန၀င္းရဲ႔ ဇနီး ၿပီးေတာ့ သူလွ်ိဳလိုလို ဘာလိုလို ဇာတ္လမ္းတစ္ခုေပါ့။ အခု ႀကီးလာေတာ့ ရတနာနတ္မယ္ အေၾကာင္းကို အခုလို သိခဲ့ရပါတယ္။

ရတနာနတ္မယ္ ဟာ ကေနာင္မင္း သားရဲ႔ ျမစ္ေတာ္ျဖစ္ပါတယ္။ ကေနာင္ရဲ႔ သားေတာ္ လင္းပင္မင္းသားနဲ႔ ေျမာက္သား ေရနံသာခင္ခင္ႀကီးတို႔ရဲ႔ သမီးလတ္ျဖစ္သူထိပ္တင္မလတ္ ဟာ ၾသစေၾတးလ်ႏိုင္ငံသား ဘယ္လာမီ ဆိုသူ နဲ႔ လက္ထပ္ခဲ့ၿပီး ရတနာနတ္မယ္ကို ၁၉၃၂ ခုႏွစ္၊ ဇြန္ (၁)ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။

ရတနာနတ္မယ္ရဲ႔ အဂၤလိပ္နာမည္ကေတာ့June Rose ျဖစ္ပါတယ္။ June လမွာေမြးတဲ့အတြက္ ဖခင္ႀကီးက ဇြန္ႏွင္းဆီ လို႔ ေပးခဲ့တာပါ။

လင္းပင္မင္းသားႀကီးဟာ ထိပ္တင္မလတ္ကို လူမ်ိဳးကြဲ၊ ဘာသာကြဲနဲ႔
သေဘာမတူခဲ့ပါဘူး။ ဒါေပမယ့္ ထိပ္တင္မလတ္ဟာ ေမြးတဲ့ကေလးေတြကို ဗုဒၶဘာသာျဖစ္ေစရပါမယ္ဆိုတဲ့ကတိေပးခဲ့ၿပီး ဘယ္လာမီ ကိုယ္တိုင္ကလည္း ဘာသာေရးကိုသိပ္စိတ္မ၀င္စားဘဲ ထိပ္တင္မလတ္ကို လက္ထပ္ခ်င္စိတ္တစ္ခုသာ ရွိခဲ့တာေၾကာင့္ လင္းပင္မင္းသားႀကီးက သေဘာမတူခ်င္ဘဲ တူခဲ့ရတာျဖစ္ပါတယ္။

ဘယ္လာမီက
သမီးျဖစ္သူကို June Rose လို႔ နာမည္ေပးခဲ့ေပမယ့္ ထိပ္တင္မလတ္ကေတာ့ ထံုးတမ္းစဥ္လာအတိုင္း ထီးဟန္နန္းဟန္ နာမည္ေပးဖို႔ စဥ္းစားခဲ့ပါတယ္။ အဲဒီမွာ သူ႔ေခါင္းထဲကို
ေရာက္လာတဲ့နာမည္ကေတာ့ အဘိုးျဖစ္သူ ကေနာင္မင္းသားရဲ႔ မိဖုရား လိႈင္ထိပ္ေခါင္တင္ေရးတဲ့ ၀ိဇယကာရီ နန္းတြင္း ၀တၳဳထဲက ရတနာနတ္မယ္ မင္းသမီးေလး ဆိုတဲ့ နာမည္ပဲျဖစ္တယ္။
ဒါနဲ႔ သမီးေတာ္ေလးကို ရတနာနတ္မယ္ လို႔မွည့္ေခၚခဲ့ၿပီး လင္းပင္မင္းသားႀကီးကလည္း သေဘာက် ႏွစ္ၿခိဳက္ခဲ့တယ္လို႔ သိရပါတယ္။

ရတနာနတ္မယ္ ကေလးဘ၀မွာ လင္းပင္ထိပ္တင္မလတ္ တို႔ဟာ အိႏၵိယကို စစ္ေျပးၾကရပါတယ္။ ေက်ာင္းေနတဲ့အခါ ႏိုင္ငံျခားေသြးေႏွာသူမို႔ အႏွိမ္ခံရပါတယ္။ သူ႔ကိုအရွက္ခြဲတာကို
မဟုတ္မခံ တံု႔ျပန္ခဲ့တဲ့အတြက္ ေက်ာင္းထြက္ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ အသက္ ၁၄ ႏွစ္မွာေတာ့ ျပင္ဦးလြင္ ၿမိဳ႔ကို ျပန္လည္ေျပာင္းေရႊ႔ခဲ့ၿပီး စိန္႔မိုက္ကယ္ေက်ာင္းမွာ ပညာဆက္လက္ သင္ၾကားခဲ့ပါတယ္။

ရတနာနတ္မယ္ဟာ သိခ်င္စိတ္၊ စူးစမ္းခ်င္စိတ္ရွိပါတယ္။ အျပင္ပန္းမွာ ေအးတိေအးစက္၊ ဘာသိဘာသာေနလို႔ မာနႀကီးတယ္ အထင္ခံရေပမယ့္ တကယ္တမ္းက သူဟာ
ဇြဲႀကီးတယ္၊ သူ႔ထက္ေတာ္ရင္ ဆရာတင္ဖို႔ ၀န္မေလးဘူး၊ဘယ္သူ႔အေပၚမွာမွ ေၾကာလိုစိတ္ ၊အျမတ္ထုတ္လိုစိတ္ မရွိတဲ့သူပါ။

ရတနာနတ္မယ္ အသက္ ၂၂ ႏွစ္အရြယ္မွာ ကမၻာ့က်န္းမာေရးအဖြဲ႔(WHO) မွာတာ၀န္ထမ္းေဆာင္ေနတဲ့ ဆရာ၀န္ ေဒါက္တာမာရီယိ နဲ႔ လက္ထပ္ခဲ့ပါတယ္။သားႏွစ္ေယာက္ ထြန္းကားခဲ့ၿပီး
မိုက္ကယ္ နဲ႔ ေမာရစ္လို႔ ေခၚပါတယ္။ သားႀကီး မိုက္ကယ္ဟာ ၁၉၉၇ ခုႏွစ္က ဗုဒၶဂါယာကို ဘုရားဖူးထြက္ရင္း ကားတိုက္ၿပီး ဆံုးပါးခဲ့ပါတယ္။ ထိပ္တင္မလတ္ ရဲ႔ ေမြးလာတဲ့ ကေလးေတြကို
ဗုဒၶဘာသာျဖစ္ေစရပါမယ္လို႔ ခမည္းေတာ္ လင္းပင္မင္းသားႀကီး ကိုထားတဲ့ကတိဟာ ေျမးေတာ္ေတြအထိ ဆက္လက္ တည္ျမဲေနတယ္လို႔ ေျပာရမွာပါပဲ။ ရတနာနတ္မယ္ ဟာ ခင္ပြန္းသည္ မာရီယိုနဲ႔ သေဘာထားခ်င္းမတိုက္ဆိုင္လို႔ ျပတ္စဲခဲ့ၿပီး အီတလီႏိုင္ငံမွာ ပဲ
ေနထိုင္ခဲ့ပါတယ္။

ရတနာနတ္မယ္ဟာ ဖခင္ဘယ္လာမီ ဆံုးစဥ္ကေရာ၊ မိခင္ ထိပ္တင္မလတ္ ဆံုးပါးစဥ္ကေရာ သံရံုးကို အကူအညီေတာင္းခဲ့ရတာေတြ ရွိခဲ့ပါတယ္။ သူအကူအညီေတာင္းရတာကေတာ့ ဦးေန၀င္းရဲ႔ ဇနီး ေဒၚခင္ေမသန္း ဆီကို
ျဖစ္ပါတယ္။ အမွန္က ရတနာနတ္မယ္ဟာ အသက္ ၁၈ ႏွစ္အရြယ္ကတည္းက ဦးေန၀င္းနဲ႔ ခ်စ္ႀကိဳက္ဖူးပါတယ္။ ဒါေပမယ့္ ဖခင္ႀကီး ဘယ္လာမီဟာ ဦးေန၀င္းရဲ႔ အက်င့္စရိုက္ကို ဘယ္လိုမွ
သေဘာမက်တာမို႔ လမ္းခြဲခိုင္းခဲ့တာျဖစ္ပါတယ္။ မိခင္ ဖခင္ ဆံုးပါးၿပီးေနာက္ပိုင္း ၊ ၾသစေၾတးလ်ႏိုင္ငံကို ဦးေန၀င္း ေဆးလာကုတဲ့အခ်ိန္ ျပန္လည္ ဆက္သြယ္မိခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ဦးေန၀င္းရဲ႔ ဇနီးက ကြယ္လြန္သြားခဲ့
ၿပီျဖစ္ပါတယ္။

၁၉၇၆ ဒီဇင္ဘာလ ၂၄ ရက္ေန႔မွာ ဦးေန၀င္း နဲ႔ ရတနာနတ္မယ္တို႔ဟာ သမၼတအိမ္ေတာ္မွာ လက္ထပ္ထိမ္းျမားခဲ့ၾကပါတယ္။ အဲဒီအခ်ိန္ မွာ ဦးေန၀င္းဟာ ၆၇ ၊ ရတနာနတ္မယ္ က ၄၅ ႏွစ္ရွိပါၿပီ။ ရတနာနတ္မယ္ဟာ ဦးေန၀င္းရဲ႔
၅ ေယာက္ေျမာက္ဇနီးလည္း ျဖစ္ပါတယ္။ သတင္းၾကားရသလို သူဟာ ႏိုင္ငံျခားက လႊတ္လိုက္တဲ့ သူလွ်ိဳေတာ့ မဟုတ္ခဲ့ပါဘူး။ ဦးေန၀င္းနဲ႔ ေပါင္းသင္းခ်ိန္ဟာ ရက္ေပါင္း ၁၅၀ ပဲ ရွိခဲ့ပါသတဲ့။

ေပြေပြရႈပ္ရႈပ္ အတၱသမား ဦးေန၀င္းကို ႏွစ္ႏွစ္ကာကာ ခ်စ္ခဲ့တဲ့ ရတနာနတ္မယ္ဟာလည္း ကံဆိုးတာလို႔ပဲေျပာရမွာပါပဲ။ သူမ်ားေတြက ဦးေန၀င္းကို ခ်စ္တယ္ဆိုတဲ့အခ်စ္ဟာ သူက ဦးေန၀င္းကို မုန္းသေလာက္ပဲ ရွိပါတယ္တဲ့။
တစ္ရက္ေတာ့ ဦးေန၀င္း ေဂါက္ကစားလို႔ ရွံဳးၿပီး ရွံဳးမဲမဲကာ ရတနာနတ္မယ္နဲ႔ စကားမ်ားၾကပါတယ္။ အဲဒီမွာ ရတနာနတ္မယ္ကို ေဆးလိပ္ခြက္နဲ႔ ေပါက္တာ ႏွဖူးကြဲခဲ့တယ္ ေျပာပါတယ္။ ရတနာနတ္မယ္ကလည္း
ေဒါက္ဖိနပ္စီးထားတဲ့ ေျခေထာက္နဲ႔ ဦးေန၀င္းကို ကန္ပစ္ခဲ့တာ ခ်က္ေကာင္းထိၿပီး အသံေတာင္မထြက္ႏိုင္ဘဲ ပံုလ်က္ လဲၿပီး က်န္ခဲ့ပါတယ္။

အိမ္ေပၚကဆင္းလာတဲ့ ရတနာနတ္မယ္ဟာ ဦးေန၀င္း ျပန္လာေခၚႏိုးနဲ႔ ၂၂ ရက္ေတာင္ ေစာင့္ခဲ့ပါတယ္တဲ့။ ဒါေပမယ့္ ဦးေန၀င္းဟာ ရတနာနတ္မယ္ကို ရွိတယ္လို႔ကိုမမွတ္ဘဲ အေနအစားမပ်က္ သြားလာလႈပ္ရွားေနတဲ့အခါစိတ္နာၿပီး အီတလီႏိုင္ငံကို ျပန္လာခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂၆ ႏွစ္က ျမန္မာႏိုင္ငံကို ျပန္လာခဲ့ၿပီး ငါးထပ္ႀကီး ဘုရားေစာင္းအနီးရွိ အဘိုးျဖစ္သူ လင္းပင္မင္းသားႀကီး အုတ္ဂူကို လာေရာက္ကန္ေတာ့ကာသံဃာေတာ္ အပါး ၁၂၀ ကို ဆြမ္းကပ္လွဴခဲ့ပါတယ္။
နာဂစ္ၿပီးကာစအခ်ိန္ကလည္း ျပန္လာခဲ့ေသးၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ားမွာ တတ္ႏိုင္သမွ် ပါခဲ့ေသးတယ္လို႔ သိရပါတယ္။

အခုအခါမွာေတာ့ ရတနာနတ္မယ္ဟာ အသက္ ၈၀ေက်ာ္ ရွိၿပီျဖစ္ၿပီး အီတလီႏိုင္ငံ Tascancy ျပည္နယ္၊ ဖေလာရင့္ၿမိဳ႔တြင္ ေနထိုင္ၿပီး သူ႔အိမ္မွာပဲ အခ်က္အျပဳတ္သင္တန္းေက်ာင္းေလး ဖြင့္ထားေၾကာင္း သိရပါတယ္။

(ရတနာနတ္မယ္ (သို႔မဟုတ္) တစ္ခ်ိန္က သမၼတကေတာ္ ) မွ အတိုခ်ဳပ္ေဖာ္ျပပါသည္။
#Credit #originalwriter
#18September2018WLP📚📚📚📚📚
🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮

#ဇွန်နှင်းဆီ(သို့)ရတနာနတ်မယ်
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

ရတနာနတ်မယ် ဆိုတဲ့ အမျိုးသမီးအကြောင်းကို ငယ်ငယ်က ကြားဖူးတုန်းကတော့ အရမ်းချော အရမ်းလှတဲ့အမျိုးသမီးတစ်ယောက်၊
ဦးနေဝင်းရဲ့ ဇနီး ပြီးတော့ သူလျှိုလိုလို ဘာလိုလို ဇာတ်လမ်းတစ်ခုပေါ့။ အခု ကြီးလာတော့ ရတနာနတ်မယ် အကြောင်းကို အခုလို သိခဲ့ရပါတယ်။

ရတနာနတ်မယ် ဟာ ကနောင်မင်း သားရဲ့ မြစ်တော်ဖြစ်ပါတယ်။ ကနောင်ရဲ့ သားတော် လင်းပင်မင်းသားနဲ့ မြောက်သား ရေနံသာခင်ခင်ကြီးတို့ရဲ့ သမီးလတ်ဖြစ်သူထိပ်တင်မလတ် ဟာ သြစတြေးလျနိုင်ငံသား ဘယ်လာမီ ဆိုသူ နဲ့ လက်ထပ်ခဲ့ပြီး ရတနာနတ်မယ်ကို ၁၉၃၂ ခုနှစ်၊ ဇွန် (၁)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

ရတနာနတ်မယ်ရဲ့ အင်္ဂလိပ်နာမည်ကတော့June Rose ဖြစ်ပါတယ်။ June လမှာမွေးတဲ့အတွက် ဖခင်ကြီးက ဇွန်နှင်းဆီ လို့ ပေးခဲ့တာပါ။

လင်းပင်မင်းသားကြီးဟာ ထိပ်တင်မလတ်ကို လူမျိုးကွဲ၊ ဘာသာကွဲနဲ့
သဘောမတူခဲ့ပါဘူး။ ဒါပေမယ့် ထိပ်တင်မလတ်ဟာ မွေးတဲ့ကလေးတွေကို ဗုဒ္ဓဘာသာဖြစ်စေရပါမယ်ဆိုတဲ့ကတိပေးခဲ့ပြီး ဘယ်လာမီ ကိုယ်တိုင်ကလည်း ဘာသာရေးကိုသိပ်စိတ်မဝင်စားဘဲ ထိပ်တင်မလတ်ကို လက်ထပ်ချင်စိတ်တစ်ခုသာ ရှိခဲ့တာကြောင့် လင်းပင်မင်းသားကြီးက သဘောမတူချင်ဘဲ တူခဲ့ရတာဖြစ်ပါတယ်။

ဘယ်လာမီက
သမီးဖြစ်သူကို June Rose လို့ နာမည်ပေးခဲ့ပေမယ့် ထိပ်တင်မလတ်ကတော့ ထုံးတမ်းစဉ်လာအတိုင်း ထီးဟန်နန်းဟန် နာမည်ပေးဖို့ စဉ်းစားခဲ့ပါတယ်။ အဲဒီမှာ သူ့ခေါင်းထဲကို
ရောက်လာတဲ့နာမည်ကတော့ အဘိုးဖြစ်သူ ကနောင်မင်းသားရဲ့ မိဖုရား လှိုင်ထိပ်ခေါင်တင်ရေးတဲ့ ဝိဇယကာရီ နန်းတွင်း ဝတ္ထုထဲက ရတနာနတ်မယ် မင်းသမီးလေး ဆိုတဲ့ နာမည်ပဲဖြစ်တယ်။
ဒါနဲ့ သမီးတော်လေးကို ရတနာနတ်မယ် လို့မှည့်ခေါ်ခဲ့ပြီး လင်းပင်မင်းသားကြီးကလည်း သဘောကျ နှစ်ခြိုက်ခဲ့တယ်လို့ သိရပါတယ်။

ရတနာနတ်မယ် ကလေးဘဝမှာ လင်းပင်ထိပ်တင်မလတ် တို့ဟာ အိန္ဒိယကို စစ်ပြေးကြရပါတယ်။ ကျောင်းနေတဲ့အခါ နိုင်ငံခြားသွေးနှောသူမို့ အနှိမ်ခံရပါတယ်။ သူ့ကိုအရှက်ခွဲတာကို
မဟုတ်မခံ တုံ့ပြန်ခဲ့တဲ့အတွက် ကျောင်းထွက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အသက် ၁၄ နှစ်မှာတော့ ပြင်ဦးလွင် မြို့ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး စိန့်မိုက်ကယ်ကျောင်းမှာ ပညာဆက်လက် သင်ကြားခဲ့ပါတယ်။

ရတနာနတ်မယ်ဟာ သိချင်စိတ်၊ စူးစမ်းချင်စိတ်ရှိပါတယ်။ အပြင်ပန်းမှာ အေးတိအေးစက်၊ ဘာသိဘာသာနေလို့ မာနကြီးတယ် အထင်ခံရပေမယ့် တကယ်တမ်းက သူဟာ
ဇွဲကြီးတယ်၊ သူ့ထက်တော်ရင် ဆရာတင်ဖို့ ဝန်မလေးဘူး၊ဘယ်သူ့အပေါ်မှာမှ ကြောလိုစိတ် ၊အမြတ်ထုတ်လိုစိတ် မရှိတဲ့သူပါ။

ရတနာနတ်မယ် အသက် ၂၂ နှစ်အရွယ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် ဒေါက်တာမာရီယိ နဲ့ လက်ထပ်ခဲ့ပါတယ်။သားနှစ်ယောက် ထွန်းကားခဲ့ပြီး
မိုက်ကယ် နဲ့ မောရစ်လို့ ခေါ်ပါတယ်။ သားကြီး မိုက်ကယ်ဟာ ၁၉၉၇ ခုနှစ်က ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်ရင်း ကားတိုက်ပြီး ဆုံးပါးခဲ့ပါတယ်။ ထိပ်တင်မလတ် ရဲ့ မွေးလာတဲ့ ကလေးတွေကို
ဗုဒ္ဓဘာသာဖြစ်စေရပါမယ်လို့ ခမည်းတော် လင်းပင်မင်းသားကြီး ကိုထားတဲ့ကတိဟာ မြေးတော်တွေအထိ ဆက်လက် တည်မြဲနေတယ်လို့ ပြောရမှာပါပဲ။ ရတနာနတ်မယ် ဟာ ခင်ပွန်းသည် မာရီယိုနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ပြတ်စဲခဲ့ပြီး အီတလီနိုင်ငံမှာ ပဲ
နေထိုင်ခဲ့ပါတယ်။

ရတနာနတ်မယ်ဟာ ဖခင်ဘယ်လာမီ ဆုံးစဉ်ကရော၊ မိခင် ထိပ်တင်မလတ် ဆုံးပါးစဉ်ကရော သံရုံးကို အကူအညီတောင်းခဲ့ရတာတွေ ရှိခဲ့ပါတယ်။ သူအကူအညီတောင်းရတာကတော့ ဦးနေဝင်းရဲ့ ဇနီး ဒေါ်ခင်မေသန်း ဆီကို
ဖြစ်ပါတယ်။ အမှန်က ရတနာနတ်မယ်ဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက ဦးနေဝင်းနဲ့ ချစ်ကြိုက်ဖူးပါတယ်။ ဒါပေမယ့် ဖခင်ကြီး ဘယ်လာမီဟာ ဦးနေဝင်းရဲ့ အကျင့်စရိုက်ကို ဘယ်လိုမှ
သဘောမကျတာမို့ လမ်းခွဲခိုင်းခဲ့တာဖြစ်ပါတယ်။ မိခင် ဖခင် ဆုံးပါးပြီးနောက်ပိုင်း ၊ သြစတြေးလျနိုင်ငံကို ဦးနေဝင်း ဆေးလာကုတဲ့အချိန် ပြန်လည် ဆက်သွယ်မိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဦးနေဝင်းရဲ့ ဇနီးက ကွယ်လွန်သွားခဲ့
ပြီဖြစ်ပါတယ်။

၁၉၇၆ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဦးနေဝင်း နဲ့ ရတနာနတ်မယ်တို့ဟာ သမ္မတအိမ်တော်မှာ လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။ အဲဒီအချိန် မှာ ဦးနေဝင်းဟာ ၆၇ ၊ ရတနာနတ်မယ် က ၄၅ နှစ်ရှိပါပြီ။ ရတနာနတ်မယ်ဟာ ဦးနေဝင်းရဲ့
၅ ယောက်မြောက်ဇနီးလည်း ဖြစ်ပါတယ်။ သတင်းကြားရသလို သူဟာ နိုင်ငံခြားက လွှတ်လိုက်တဲ့ သူလျှိုတော့ မဟုတ်ခဲ့ပါဘူး။ ဦးနေဝင်းနဲ့ ပေါင်းသင်းချိန်ဟာ ရက်ပေါင်း ၁၅၀ ပဲ ရှိခဲ့ပါသတဲ့။

ပွေပွေရှုပ်ရှုပ် အတ္တသမား ဦးနေဝင်းကို နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့ ရတနာနတ်မယ်ဟာလည်း ကံဆိုးတာလို့ပဲပြောရမှာပါပဲ။ သူများတွေက ဦးနေဝင်းကို ချစ်တယ်ဆိုတဲ့အချစ်ဟာ သူက ဦးနေဝင်းကို မုန်းသလောက်ပဲ ရှိပါတယ်တဲ့။
တစ်ရက်တော့ ဦးနေဝင်း ဂေါက်ကစားလို့ ရှုံးပြီး ရှုံးမဲမဲကာ ရတနာနတ်မယ်နဲ့ စကားများကြပါတယ်။ အဲဒီမှာ ရတနာနတ်မယ်ကို ဆေးလိပ်ခွက်နဲ့ ပေါက်တာ နှဖူးကွဲခဲ့တယ် ပြောပါတယ်။ ရတနာနတ်မယ်ကလည်း
ဒေါက်ဖိနပ်စီးထားတဲ့ ခြေထောက်နဲ့ ဦးနေဝင်းကို ကန်ပစ်ခဲ့တာ ချက်ကောင်းထိပြီး အသံတောင်မထွက်နိုင်ဘဲ ပုံလျက် လဲပြီး ကျန်ခဲ့ပါတယ်။

အိမ်ပေါ်ကဆင်းလာတဲ့ ရတနာနတ်မယ်ဟာ ဦးနေဝင်း ပြန်လာခေါ်နိုးနဲ့ ၂၂ ရက်တောင် စောင့်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် ဦးနေဝင်းဟာ ရတနာနတ်မယ်ကို ရှိတယ်လို့ကိုမမှတ်ဘဲ အနေအစားမပျက် သွားလာလှုပ်ရှားနေတဲ့အခါစိတ်နာပြီး အီတလီနိုင်ငံကို ပြန်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၆ နှစ်က မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ငါးထပ်ကြီး ဘုရားစောင်းအနီးရှိ အဘိုးဖြစ်သူ လင်းပင်မင်းသားကြီး အုတ်ဂူကို လာရောက်ကန်တော့ကာသံဃာတော် အပါး ၁၂၀ ကို ဆွမ်းကပ်လှူခဲ့ပါတယ်။
နာဂစ်ပြီးကာစအချိန်ကလည်း ပြန်လာခဲ့သေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများမှာ တတ်နိုင်သမျှ ပါခဲ့သေးတယ်လို့ သိရပါတယ်။

အခုအခါမှာတော့ ရတနာနတ်မယ်ဟာ အသက် ၈၀ကျော် ရှိပြီဖြစ်ပြီး အီတလီနိုင်ငံ Tascancy ပြည်နယ်၊ ဖလောရင့်မြို့တွင် နေထိုင်ပြီး သူ့အိမ်မှာပဲ အချက်အပြုတ်သင်တန်းကျောင်းလေး ဖွင့်ထားကြောင်း သိရပါတယ်။

(ရတနာနတ်မယ် (သို့မဟုတ်) တစ်ချိန်က သမ္မတကတော် ) မှ အတိုချုပ်ဖော်ပြပါသည်။
#Credit #originalwriter
#18September2018WLP📚📚📚📚📚
🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮

No comments:

Post a Comment

ေဆးလိပ္

ေဆးလိပ္ လူေတြမွာ အျမဲတမ္း လိုလုိ ဆန္႔က်င္ဘက္ ၂ခု ကို လြန္ဆြဲဘို႔ ျဖစ္တတ္ပါတယ္။ အခ်ိဳနဲ႔မတည့္ဘူး မစားသင့္ေပမဲ့ အခ်ိဳကို နည္းနည္းေလး ျဖစ္ျဖစ...