Friday, 21 September 2018

ကျောင်းဆရာမ ကို ရည်းစားစကားပြောခြင်း

ကျောင်းဆရာမကို ရည်းစားစကားပြောသောအခါ
“ဆရာမ”
“ဘာလဲ”
“အရမ်းချစ်တယ် ဆရာမရယ်”
“ဘာ ဘယ်လို”
“ဆရာမရယ် ဖြေးဖြေးပြောပါ ချစ်လို့ချစ်တယ်ပြောတာကို”
“တကယ်ချစ်တယ်ပေါ့”
“ဘယ်လိုမေးလိုက်တာလဲ ဆရာမရယ် ချစ်တာမှ ဆရာမရဲ့ဆံနွယ်လေးကအစ ဖိနပ်လေးကအဆုံး နောက်ပြီး”
“ဒါဆို ကျွန်မကိုလက်ထပ်နိုင်လား”
“ဟမ်”
“ဘာ ဟမ်တာလား ကျွန်မမေးတာဖြေလေ”
“ဟုတ်ဖူးလေ ဆရာမရဲ့ ကျွန်တော်ကချစ်တယ်လို့ပြောတာလေ။ ဆရာမက လက်ထပ်နိုင်လားဆိုတော့ ဟိုလေ အဆင့်များကျော်နေမလားလို့ပါ ချစ်သူဖြစ်ပြီးမှ လက်ထပ်ဖို့အကြောင်း ထပ်ဆွေးနွေးကြတာပေါ့နော်”
“ဘာ ချစ်သူဘ၀နဲ့ နေချင်သေးတယ်ဟုတ်လား ဒီမှာ ရှင်နားလည်ထားရမှာက ကျောင်းဆရာမတွေ ရည်စားစကား အများဆုံးအပြောခံရတဲ့အရွယ်က ၂၅ နှစ်အထက်တွေရှင့် အဲ့အရွယ်က ရင့်ကျက်မှုတည်ငြိမ်မှုတွေနဲ့ နန်းဆန်တဲ့အရွယ်ရှင့် ကလေးတွေလို ရည်းစား အပျော်တွဲရမယ့် အရွယ်မဟုတ်တော့ဘူး ဒါကိုရှင်နားလည်ထားပါ”
ရှင်..ကျမနဲ့ ခွဲနေနိုင်လား ...

ဗျာ....

ကျမတို့ ဆရာမဆိုတာ တာဝန်ကျရာနေရာတွေမှာ အမြဲတန်း နေရာမရွေး သွားရောက်ထမ်းဆောင်ရပါတယ် အဲဒါကြောင့် ပါ

“ဗျာ ချစ်တော့ လည်းခွဲနေရမှာပေါ့”

“နောက်တစ်ချက်”
“ဟင် မပြီးသေးဘူးလား”
“ရှင် ထမင်း ဟင်းချက်တတ်လား ”
“ဗျာ အဲ့ဒါ မိန်းကလေးတွေလုပ်ရမှာလေ”
“ဒီမှာ ကျောင်းဆရာဆိုတာ စာသင်ယုံတစ်ခုထဲမဟုတ်ဘူးရှင့် ပေးထားတဲ့လစာနဲ့တန်အောင် ရေးလိုက်ရတဲ့စာရင်းဇယား ညအ ချိန်မတော်မှအိပ်ရ မနက်ဘယ်အစောကြီးထနိုင်မလဲ ဒါကြောင့် မေးတာ”
“အော် ဟုတ်ကဲ့”
“နောက်ပြီးကျန်သေးတယ်”
“ဗျာ ကျန်သေးတယ် ဟုတ်လား”
“ရှင် လက်ရေးလှလား”
“ဘာဆိုင်လို့လဲ ဆရာမရယ် ကျွန်တော်ကကျောင်းသားမှ မဟုတ်တာ”
“ဟာကျောင်းသားမဟုတ်လဲ ကျွန်မ စာရင်းဇယားတွေရေးလို့ ညောင်းရင် ရှင်ကူရေးပေးရမယ်လေ”
“ဗျာ ”
“ရှင်ပြောတော့ကျွန်မကို ချစ်တယ်ဆို”
“အင်းလေ”
“ဒါဆို ကျွန်မပင်ပန်းတာ ရှင်ကြည့်ရက်လား”
“ဘယ်ကြည့်ရက်မလဲ”
“ဒါဆို လက်ရေးလှမှဖြစ်မယ်”
“ဟုတ်ကဲ့”
“ဘာလဲ ရှင်ကငိုသံပါနဲ့ ပြန်ပြောတော့ မရေးပေးချင်တာလား”
“မဟုတ်ရပါဘူးဗျာ တောသူအလှစာဖွဲ့ပြတာပါ ဟာ ယောင်ကုန်ပြီး မဟုတ်ပါဘူးဆရာမရယ်”

"ရှင် .အဝတ်လျှော်တက်သလား "

"ဗျာ..ဗျာ-- နဲနဲပါးပါးတော့ ရပါတယ်"

"ဟုတ်ပြီ--
ကျမ တို့ဆရာမ ဆိုတာ နေစဉ် ကျောင်းစာသင်နေရတော့ အဖြူနဲ့အစိမ်းကို တနေ့တခါလျှော်မရပါတယ်.."
"ဇာတ်ကြောတွေဘာတွေ နှိပ်တက်ဆွဲတက်လာ"
"ဗျာ"
ကျနော် အနှိပ်သယ်မလုပ်ဖူးဘူးဗျ "
"ရပါတယ် အနည်းအပါးတော့ဇာတ်ကြောတော့ဆွဲတက်ပါတယ်"

“ဟုတ်ပြီ ဒါဆို ရှင်ပြန်စဉ်းစား ရှင့်ကိုတစ်ပတ် အချိန်ပေးမယ်။ အဲ့အချက်တွေကို လုပ်နိုင်တယ်ဆိုရင် ကျွန်မကို လက်ထပ်ခွင့်လာတောင်း ဟုတ်ပြီနော် သွားပြီအချိန်မရှိလို့”
“ဟုတ်ကဲ့ ဟုတ်ကဲ့ပါဗျာ”
ဟိုက်......?

#Crd #originalwriter
#18September2018WLP📚📚📚📚📚


No comments:

Post a Comment

ဆေးလိပ်

ဆေးလိပ် လူတွေမှာ အမြဲတမ်း လိုလို ဆန့်ကျင်ဘက် ၂ခု ကို လွန်ဆွဲဘို့ ဖြစ်တတ်ပါတယ်။ အချိုနဲ့မတည့်ဘူး မစားသင့်ပေမဲ့ အချိုကို နည်းနည်းလေး ဖြစ်ဖြစ...