ႏွလံုးေရာဂါကိုကာကြယ္ေပးမယ့္ အစားအစာမ်ား
====================
====================
ေသြးေၾကာထဲက အညစ္အေၾကးေတြကို ဖယ္ရွားၿပီး ေသြးလည္ပတ္မႈ ေကာင္းဖို႔က အေရးႀကီးပါတယ္။ ဒါေၾကာင့္ ေသြးထဲက အႏွယ္ထိုင္ေနတဲ့ အညစ္အေၾကးေတြကို ဖယ္ရွားႏိုင္မွာသာ ႏွလံုးေသြးေၾကာပိတ္ၿပီး ႏွလံုးရပ္တန္႔တဲ့ အႏၱရာယ္ကို ေရွာင္ရွားႏိုင္မွာပါ။
၁။ Green Tea
Green Tea မွာ Catechins ဓာတ္ပါ၀င္တာေၾကာင့္ အစာေျခခ်ိန္မွာ ေကာလစေထာ (Cholesterol) စုပ္ယူျခင္းကို ကာကြယ္ေပးပါတယ္။ ေန႔စဥ္ Green Tea တစ္ခြက္ သို႔ ၂ ခြက္ ေသာက္ေပးျခင္းက ေသြးလႊတ္ေၾကာ ပိတ္တာကို ေလ်ာ့ခ်ေပးၿပီး ေသြးအတြင္း အဆီဓာတ္ပါ၀င္မႈ အဆင့္ကို ေလ်ာ့ခ်ေပးပါတယ္။ Green Tea က ခႏၶာကိုယ္ဇီ၀ ျဖစ္စဥ္နဲ႔ ႏွလံုးလုပ္ေဆာင္ခ်က္ကို ေထာက္ပံ့ေပးၿပီး က်န္းမာေရးနဲ႔အညီ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေပးပါတယ္။
၂။ Cranberries (အခ်ည္အရသာရွိတဲ့ဘယ္ရီသီးတစ္မ်ိဳး)
အဲဒီအသီးမွာ Antioxidant ေတြပါ၀င္ၿပီး ေကာင္းမြန္တဲ့ကိုလက္စထေရာပမာဏကို ျမင့္တက္ေစၿပီး မေကာင္းတဲ့ ကိုလက္စထေရာပမာဏကိုေလွ်ာ့ခ်ေပးပါ။ ဒါ့ေၾကာင့္ Cranberry သီးကို (သို႕) ေဖ်ာ္ရည္ကို ပံုမွန္ေသာက္ေပးတာဟာ ႏွလံုးေရာဂါျဖစ္ပြားမႈကို ၄၀ % ထိေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
၃။ သစ္ၾကမ္းပိုးေခါက္
သစ္ၾကမ္းပိုးေခါက္မွာလည္း Antioxidant ေတြၾကြယ္၀စြာပါ၀င္လို႔ ကိုလက္စထေရာပမာဏကိုေလွ်ာ့ခ်ေပးၿပီး ႏွလံုးေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
၄။ နႏြင္း
နႏြင္းကိုေတာ့ ေရာင္ရမ္းမႈကိုဆန္႔က်င္တဲ့ဂုဏ္သတၱိေတြပါ၀င္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္လူသိမ်ားပါတယ္။ ေသြးလႊတ္ေၾကာေတြ တင္းမာမႈကို ေလွ်ာ့ခ်ေပးပါ။ နႏြင္းကိုပံုမွန္စားေပးတာဟာ ေသြးခဲမႈကို တားဆီးေပးႏိုင္ၿပီး ေသြးလႊတ္ေၾကာနံရံေတြ ပ်က္စီးမႈကို ေလွ်ာ့ခ်ေပးပါတယ္။
၅။ သလဲသီး
သလဲသီးမွာ ေရဓါတ္ပမာဏအမ်ားအျပားပါ၀င္ပါတယ္။ ေသြးလႊတ္ေၾကာကို အၿမဲပြင့္ေစတဲ့ Nitric Oxide ထုတ္လုပ္ေပးတာကို ကူညီေပးတာေၾကာင့္ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစပါတယ္။
၆။ ေထာပတ္သီး
ေထာပတ္သီးမွာ ေကာင္းမြန္တဲ့ ကိုလက္စထေရာေတြပါ၀င္ၿပီး မေကာင္းတဲ့ ကိုလက္စထေရာပါ၀င္မႈနည္းပါတယ္။ ဒါ့ေၾကာင့္ ေထာပတ္သီးကို စားသံုးေပးတာဟာ ႏွလံုးေသြးေၾကာပိတ္ဆို႔မႈကိုကာကြယ္ေပးႏိုင္ပါတယ္။
၇။ ပန္းေဂၚဖီစိမ္း
ပန္းေဂၚဖီစိမ္းမွာ ဗီတာမင္ K နဲ႔ တျခားအဟာရဓါတ္ေတြပါ၀င္ၿပီး ေသြးလႊတ္ေၾကာကိုထိခိုက္ေစတဲ့ ကယ္လ္ဆီယံကိုကာကြယ္ေပးပါတယ္။ ဒါ့အျပင္ အမွ်င္ဓါတ္ေြၾကြယ္၀စြာပါ၀င္ၿပီး ကိုလက္စထေရာကို က်ဆင္းေစသလို ေသြးတိုးလည္း က်ေစပါတယ္။
၈။ ကညႊတ္
ကညႊတ္မွာ ေသြးလႊတ္ေၾကာကို သန္႔စင္ေစတဲ့ အေကာင္းဆံုး သဘာ၀အစားအစာတစ္မိ်ဳးျဖစ္ပါတယ္။ ကညႊတ္မွာ အမွ်င္ဓါတ္၊ ဗီတာမင္ B1,B2,C,E နဲ႔ K စတဲ့ဓါတ္ေတြပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ေသြးခဲမႈကို ကာကြယ္ေပးႏိုင္သလို ႏွလံုးေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။
==========
#Credit #MyFood Myanmar
#10September2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈
နှလုံးရောဂါကိုကာကွယ်ပေးမယ့် အစားအစာများ
====================
====================
သွေးကြောထဲက အညစ်အကြေးတွေကို ဖယ်ရှားပြီး သွေးလည်ပတ်မှု ကောင်းဖို့က အရေးကြီးပါတယ်။ ဒါကြောင့် သွေးထဲက အနှယ်ထိုင်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှာသာ နှလုံးသွေးကြောပိတ်ပြီး နှလုံးရပ်တန့်တဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်မှာပါ။
၁။ Green Tea
Green Tea မှာ Catechins ဓာတ်ပါဝင်တာကြောင့် အစာခြေချိန်မှာ ကောလစထော (Cholesterol) စုပ်ယူခြင်းကို ကာကွယ်ပေးပါတယ်။ နေ့စဉ် Green Tea တစ်ခွက် သို့ ၂ ခွက် သောက်ပေးခြင်းက သွေးလွှတ်ကြော ပိတ်တာကို လျော့ချပေးပြီး သွေးအတွင်း အဆီဓာတ်ပါဝင်မှု အဆင့်ကို လျော့ချပေးပါတယ်။ Green Tea က ခန္ဓာကိုယ်ဇီ၀ ဖြစ်စဉ်နဲ့ နှလုံးလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန်လျော့ချပေးပါတယ်။
၂။ Cranberries (အချည်အရသာရှိတဲ့ဘယ်ရီသီးတစ်မျိုး)
အဲဒီအသီးမှာ Antioxidant တွေပါဝင်ပြီး ကောင်းမွန်တဲ့ကိုလက်စထရောပမာဏကို မြင့်တက်စေပြီး မကောင်းတဲ့ ကိုလက်စထရောပမာဏကိုလျှော့ချပေးပါ။ ဒါ့ကြောင့် Cranberry သီးကို (သို့) ဖျော်ရည်ကို ပုံမှန်သောက်ပေးတာဟာ နှလုံးရောဂါဖြစ်ပွားမှုကို ၄၀ % ထိလျှော့ချပေးနိုင်ပါတယ်။
၃။ သစ်ကြမ်းပိုးခေါက်
သစ်ကြမ်းပိုးခေါက်မှာလည်း Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။
၄။ နနွင်း
နနွင်းကိုတော့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်အဖြစ်လူသိများပါတယ်။ သွေးလွှတ်ကြောတွေ တင်းမာမှုကို လျှော့ချပေးပါ။ နနွင်းကိုပုံမှန်စားပေးတာဟာ သွေးခဲမှုကို တားဆီးပေးနိုင်ပြီး သွေးလွှတ်ကြောနံရံတွေ ပျက်စီးမှုကို လျှော့ချပေးပါတယ်။
၅။ သလဲသီး
သလဲသီးမှာ ရေဓါတ်ပမာဏအများအပြားပါဝင်ပါတယ်။ သွေးလွှတ်ကြောကို အမြဲပွင့်စေတဲ့ Nitric Oxide ထုတ်လုပ်ပေးတာကို ကူညီပေးတာကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
၆။ ထောပတ်သီး
ထောပတ်သီးမှာ ကောင်းမွန်တဲ့ ကိုလက်စထရောတွေပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရောပါဝင်မှုနည်းပါတယ်။ ဒါ့ကြောင့် ထောပတ်သီးကို စားသုံးပေးတာဟာ နှလုံးသွေးကြောပိတ်ဆို့မှုကိုကာကွယ်ပေးနိုင်ပါတယ်။
၇။ ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် K နဲ့ တခြားအဟာရဓါတ်တွေပါဝင်ပြီး သွေးလွှတ်ကြောကိုထိခိုက်စေတဲ့ ကယ်လ်ဆီယံကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်ေွကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရောကို ကျဆင်းစေသလို သွေးတိုးလည်း ကျစေပါတယ်။
၈။ ကညွှတ်
ကညွှတ်မှာ သွေးလွှတ်ကြောကို သန့်စင်စေတဲ့ အကောင်းဆုံး သဘာဝအစားအစာတစ်မျိုးဖြစ်ပါတယ်။ ကညွှတ်မှာ အမျှင်ဓါတ်၊ ဗီတာမင် B1,B2,C,E နဲ့ K စတဲ့ဓါတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် သွေးခဲမှုကို ကာကွယ်ပေးနိုင်သလို နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
==========
#Credit #MyFood Myanmar
#10September2018WLP📚📚📚📚📚
No comments:
Post a Comment