* ကိုယ္႐ုပ္ကို ျပန္ၾကည့္ျပီး အကုသိုလ္ျဖစ္ပံု *
🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃
အကုသိုလ္ ျဖစ္လို႔ျဖစ္မွန္း မသိၾကဘူး။ အသက္အရြယ္ ႀကီးလာတဲ့ပုဂိၢဳလ္ဆိုတာ တစ္ခါတစ္ရံ ငယ္ငယ္တုန္းက ဓာတ္ပုံေလး ၾကည့္ၿပီးေတာ့ ငယ္ငယ္တုန္းက ႏုပ်ိဳ လွပခဲ့တာေလးကို ျပန္အားက်တယ္။ အဲဒါ #ေလာဘ ျဖစ္တာပဲ •••
တစ္ခ်ိဳ႕ဆို ငယ္ငယ္တုန္းက ဓာတ္ပုံေလးကို သိမ္းထားၿပီး ျပန္ျပန္ၾကည့္ၿပီး ေက်နပ္ေနတယ္၊ အဲဒီ ေက်နပ္မႈဟာ အတိတ္ကို ျပန္လြမ္းေနတဲ့ #ေလာဘ ပဲ၊ အဲဒီ ေလာဘမ်ိဳးဟာ ေကာင္းလားဆိုေတာ့ မေကာင္းဘူး။ သူလည္းပဲ #အကုသိုလ္ တစ္ခုပဲ #စိတ္ရဲ႕အညစ္အေၾကး တစ္ခုပဲ၊
ေအး ငယ္ငယ္တုန္းက ဓာတ္ပုံနဲ႔ ခုဓာတ္ပုံ ယွဥ္ၾကည့္ၿပီး စိတ္ညစ္သြားတယ္ ဆိုရင္လည္း ေကာင္းလား။ မေကာင္းဘူး။ အကုသိုလ္ ျဖစ္တာပဲ၊ အဲဒီေတာ့ ဆင္ျခင္စဥ္းစားဖို႔ရာ ဘာတုန္း ဆိုရင္
" ငယ္ငယ္တုန္းက ရႇိခဲ့တဲ့ ဒီ႐ုပ္ရည္ဟာ အခုခ်ိန္မွာ မ႐ွိေတာ့ဘူး ဆိုတာဟာ ေလာကႀကီးရဲ႕သဘာဝႀကီးပဲ ဇရာတရားဟာ ဘယ္ေလာက္ဆိုးလဲ ဒီဇရာတရားေတြက လြတ္ေျမာက္ဖို႔ ငါလုပ္မွ ျဖစ္မယ္။ မလုပ္ရင္ ငါဒီလမ္းႀကီးအတိုင္း ဒီလိုပဲသြားေနမွာပဲ” ဆိုတဲ့ အေတြးပဲ ေတြးရမယ္ေပါ့။
ျမတ္စြာဘုရားက မွန္ကန္တဲ့ အေတြးေတြကို ေတြးခိုင္းတယ္၊
“ဇရာ ဓေမၼာမွိ ဇရံ အနတီေတာတိ အဘိဏွံ ပစၥေဝကၡိတဗၺံ”
ငါဟာ အိုျခင္းသေဘာ ႐ွိတယ္ အိုျခင္းသေဘာက မလြန္ေျမာက္ႏိုင္ေသးဘူး
အဲဒီလို အၿမဲမျပတ္ ဆင္ျခင္စဥ္းစားရမယ္တဲ့၊ ဆင္ျခင္ စဥ္းစားေပးျခင္း အားျဖင့္ အက်ိဳးက ဘာျဖစ္သလဲ ဆိုေတာ့ ႏုပ်ိဳတဲ့အေပၚမွာ ‘ငါႏုပ်ိဳတယ္’ ဆိုၿပီး ယစ္မူးတတ္တဲ့ မာနကို ဖယ္႐ွားႏိုင္တယ္။
ေလာက လူေတြဆိုတာ ဘုန္းႀကီးတို႔ အပါအဝင္
“ေၾသာ္ အသက္အရြယ္ႀကီးတယ္လုိ႔ မထင္ရဘူးေနာ္။ ႏုေနတာပဲ ” လုိ႔ေျပာရင္ သေဘာက်တယ္။ အဲဒါ ေကာင္းတာ မဟုတ္ဘူးေနာ္။ ေလာဘ မကင္းတဲ့သေဘာကို ေဖာ္ျပေနတာ၊
သူမ်ားက ႏုပ်ိဳလိုက္တာ ေျပာရင္ကို ေက်နပ္တယ္၊ အမွန္က ေက်နပ္စရာမဟုတ္ဘူး အဲဒီ မာန္ယစ္မူးမႈဟာ အကုသိုလ္ကို ျဖစ္ေပၚေစႏိုင္တယ္၊
ျမတ္စြာဘုရားက အိုုျခင္းတရားငါမကင္းေသးဘူး၊
အိုျခင္းတရားကို ငါမေက်ာ္လႊားႏိုင္ေသးဘူး လို႔ ဆင္ျခင္ သုံးသပ္ေပးျခင္းဟာ အကုသိုလ္ ျဖစ္ေစႏိုင္တဲ့ #ေယာဗၺနမဒ ဆိုတဲ့ #မာန္ယစ္မူးမႈ တစ္ခုကို ဖယ္႐ွား ပစ္လိုက္ႏိုင္မယ္တဲ့၊
ဒါေၾကာင့္ အကုသိုလ္ေတြ မျဖစ္ရေလေအာင္ လူ႔ရဲ႕ သဘာဝကို ကိုယ္ကိုယ္တိုင္က သိေအာင္ လုပ္ရမယ္။ လုပ္ကို လုပ္ရမယ္ ေနာ္
#ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး
#Credit #ဓမၼအရသာ
#22August2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
* ကိုယ်ရုပ်ကို ပြန်ကြည့်ပြီး အကုသိုလ်ဖြစ်ပုံ *
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
အကုသိုလ် ဖြစ်လို့ဖြစ်မှန်း မသိကြဘူး။ အသက်အရွယ် ကြီးလာတဲ့ပုဂိ္ဂုလ်ဆိုတာ တစ်ခါတစ်ရံ ငယ်ငယ်တုန်းက ဓာတ်ပုံလေး ကြည့်ပြီးတော့ ငယ်ငယ်တုန်းက နုပျို လှပခဲ့တာလေးကို ပြန်အားကျတယ်။ အဲဒါ #လောဘ ဖြစ်တာပဲ •••
တစ်ချို့ဆို ငယ်ငယ်တုန်းက ဓာတ်ပုံလေးကို သိမ်းထားပြီး ပြန်ပြန်ကြည့်ပြီး ကျေနပ်နေတယ်၊ အဲဒီ ကျေနပ်မှုဟာ အတိတ်ကို ပြန်လွမ်းနေတဲ့ #လောဘ ပဲ၊ အဲဒီ လောဘမျိုးဟာ ကောင်းလားဆိုတော့ မကောင်းဘူး။ သူလည်းပဲ #အကုသိုလ် တစ်ခုပဲ #စိတ်ရဲ့အညစ်အကြေး တစ်ခုပဲ၊
အေး ငယ်ငယ်တုန်းက ဓာတ်ပုံနဲ့ ခုဓာတ်ပုံ ယှဉ်ကြည့်ပြီး စိတ်ညစ်သွားတယ် ဆိုရင်လည်း ကောင်းလား။ မကောင်းဘူး။ အကုသိုလ် ဖြစ်တာပဲ၊ အဲဒီတော့ ဆင်ခြင်စဉ်းစားဖို့ရာ ဘာတုန်း ဆိုရင်
" ငယ်ငယ်တုန်းက ရှိခဲ့တဲ့ ဒီရုပ်ရည်ဟာ အခုချိန်မှာ မရှိတော့ဘူး ဆိုတာဟာ လောကကြီးရဲ့သဘာဝကြီးပဲ ဇရာတရားဟာ ဘယ်လောက်ဆိုးလဲ ဒီဇရာတရားတွေက လွတ်မြောက်ဖို့ ငါလုပ်မှ ဖြစ်မယ်။ မလုပ်ရင် ငါဒီလမ်းကြီးအတိုင်း ဒီလိုပဲသွားနေမှာပဲ” ဆိုတဲ့ အတွေးပဲ တွေးရမယ်ပေါ့။
မြတ်စွာဘုရားက မှန်ကန်တဲ့ အတွေးတွေကို တွေးခိုင်းတယ်၊
“ဇရာ ဓမ္မောမှိ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ”
ငါဟာ အိုခြင်းသဘော ရှိတယ် အိုခြင်းသဘောက မလွန်မြောက်နိုင်သေးဘူး
အဲဒီလို အမြဲမပြတ် ဆင်ခြင်စဉ်းစားရမယ်တဲ့၊ ဆင်ခြင် စဉ်းစားပေးခြင်း အားဖြင့် အကျိုးက ဘာဖြစ်သလဲ ဆိုတော့ နုပျိုတဲ့အပေါ်မှာ ‘ငါနုပျိုတယ်’ ဆိုပြီး ယစ်မူးတတ်တဲ့ မာနကို ဖယ်ရှားနိုင်တယ်။
လောက လူတွေဆိုတာ ဘုန်းကြီးတို့ အပါအဝင်
“သြော် အသက်အရွယ်ကြီးတယ်လို့ မထင်ရဘူးနော်။ နုနေတာပဲ ” လို့ပြောရင် သဘောကျတယ်။ အဲဒါ ကောင်းတာ မဟုတ်ဘူးနော်။ လောဘ မကင်းတဲ့သဘောကို ဖော်ပြနေတာ၊
သူများက နုပျိုလိုက်တာ ပြောရင်ကို ကျေနပ်တယ်၊ အမှန်က ကျေနပ်စရာမဟုတ်ဘူး အဲဒီ မာန်ယစ်မူးမှုဟာ အကုသိုလ်ကို ဖြစ်ပေါ်စေနိုင်တယ်၊
မြတ်စွာဘုရားက အိုခြင်းတရားငါမကင်းသေးဘူး၊
အိုခြင်းတရားကို ငါမကျော်လွှားနိုင်သေးဘူး လို့ ဆင်ခြင် သုံးသပ်ပေးခြင်းဟာ အကုသိုလ် ဖြစ်စေနိုင်တဲ့ #ယောဗ္ဗနမဒ ဆိုတဲ့ #မာန်ယစ်မူးမှု တစ်ခုကို ဖယ်ရှား ပစ်လိုက်နိုင်မယ်တဲ့၊
ဒါကြောင့် အကုသိုလ်တွေ မဖြစ်ရလေအောင် လူ့ရဲ့ သဘာဝကို ကိုယ်ကိုယ်တိုင်က သိအောင် လုပ်ရမယ်။ လုပ်ကို လုပ်ရမယ် နော်
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#Credit #ဓမၼအရသာ
#22August2018WLP📚📚📚📚📚
No comments:
Post a Comment