"#အရွင္ဇနကာဘိဝံသေဟာၾကားေသာ
#ေသခါနီးထိစိတ္ျပင္ပါ "
🎈🎈🎈🎈🎈🎈🎈
စိတ္ခ်မ္းသာပါေစ၊စိတ္မဆင္းရဲပါေစနွင့္ ၊
စီးပြားကုိရွာပါ ၊ မပ်င္းပါနဲ႔ ၊
ပ်င္းလုိ႔ စီးပြားမရလုိ႔ရွိရင္ စိတ္ဆင္းရဲရပါလိမ့္မယ္ ၊
စိတ္ဆင္းရဲလုိ႔ ရုပ္ကမျဖစ္မေနဘူး ၊
မေကာင္းတဲ့ရုပ္ေတြ ျဖစ္လိမ့္မယ္။
စိတ္ခ်မ္းသာလုိ႔ရွိရင္ ေကာင္းတဲ့စိတၱဇရုပ္ေတြ ျဖစ္ပါတယ္ ၊
ဒါေၾကာင့္စီးပြားဥစၥာ ရွာရပါတယ္ ၊ မွန္မွန္ရွာရပါတယ္။
ေလာဘအင္မတန္ မႀကီးရပါဘူး ၊
ေဒါသမထြက္ရပါဘူး ၊ ေဒါသျဖစ္တယ္ဆိုလုိ႔ရွိရင္ ေဒါသျဖစ္တဲ့မ်က္နွာကုိ ၾကည့္ပါ ၊
ရုပ္မၾကည္လင္ပါဘူး ၊ စိတၱဇရုပ္ေတြ မေကာင္းျဖစ္ေနတာ။
ဒါေၾကာင့္ ေလာဘမႀကီးပါနဲ႔ ၊ သင့္တင့္ရုံကေလး ေလာဘရွိပါေစ ၊
စိတ္ကုိျပင္ေတာ ေဒါသ မျဖစ္ပါေစနဲ႔ ၊
ဒီေဒါသဟာ သူ႔ေၾကာင့္ျဖစ္တဲ့ စိတ္ေတြကျဖစ္ေနတာ ၊
မေကာင္းစိတ္ေတြ မေကာင္းရုပ္ေတြ ျဖစ္ေနမွာ။
ဒါေၾကာင့္မိုလုိ႔ စိတ္ကုိျပဳျပင္ေပးပါ။
ဘယ္ေလာက္ထိေအာင္ ျပဳျပင္ရမတုန္း ၊
အခုထိလည္း ျပဳျပင္ေနရမယ္ ၊
ေနာင္ကုိလဲ ေသသည္ထိျပဳျပင္ၾကပါ ၊
စိတ္ဆင္းရဲေအာင္ေတာ့ ဘာကိစၥနဲ႔မွ မျဖစ္ေစရဘူး။
ေက်ာင္းသံဃာေတြကုိ စိတ္မဆင္းရဲေအာင္ ၊
သူတို႔စိတ္ဆင္းရဲရင္ ကုိယ္လည္းစိတ္ဆင္းရဲေနရမယ္ ၊
သူတို႔ေကာင္းေအာင္စည္းကမ္း တင္းက်ပ္သလုိ
ေက်ာင္းဒကာဒကာမေတြကုိလဲ
ေဘးအႏၱရာယ္မရွိေအာင္ သတိေပးေနရတယ္။
သူတို႔ျဖစ္လုိ႔ရွိရင္ ကုိယ့္စိတ္က အရိယာစိတ္မဟုတ္ေတာ့
သူတို႔မခ်မ္းသာလုိ႔ရွိရင္ ကုိယ့္စိတ္လည္း မခ်မ္းသာရွိမွာပဲ ၊
သိပ္ေလာဘ မႀကီးနဲ႔ ၊
မေတာ္တဆ ေျခေခ်ာ္လက္ေခ်ာ္ဆိုရင္ တအိမ္လုံး စိတ္ဆင္းရဲေနရမယ္ ၊
မေကာင္းတဲ့ စိတၱဇရုပ္ျဖစ္ရုံသာမကဘူး ၊
ေဘးပတ္ဝန္းက်င္ရဲ့ အထင္ေသးမႈ အေျပာအဆိုေတြေၾကာင့္မိုလုိ႔
မေကါင္းတဲ့စိတ္ေတြ ထပ္ျပီးေတာ့ျဖစ္တယ္ ၊
အဲဒီအခါ မေကာင္းတဲ့ရုပ္ေတြျဖစ္တာ သိသာလြန္းလုိ႔ ။
#ဘုန္းႀကီးစိတ္ကုိျပဳျပင္ေနတာ ၊
ဘယ္ေလာက္ထိျပဳျပင္ေနရလဲဆိုေတာ့ ေသခါနီးထိ ၊
ဘုန္းႀကီးက ငါ ဘာေရာဂါနဲ႔ေသမလဲဆိုတာ မသိဘူး။
ဘုန္းႀကီးအတြက္ စိတ္ကုိေသခါနီးထိ ေတြးထားတာ ၊
ေသခါနီး မ်က္နွာငယ္ေလးနဲ႔ လာမေမးပါနဲ႔ ၊
ကုိယ့္ဘာသာကုိယ္ခံေနမွာ ၊
သူမ်ားက မ်က္နွာငယ္ေလးနဲ႔လာျပီးေတာ့ ,
အုိ ျဖစ္မွျဖစ္ရပေလ ဘာညာနဲ႔
လူေတြနားလည္းမလည္ဘူး ၊
စကားလဲမေျပာတတ္ဘူး ၊
မလာၾကနဲ႔။
ငါ့ ေရာဂါဒဏ္နဲ႔ ငါ့ဘာသာငါ ငါ့စိတ္ကုိ ငါစဥ္းစားေနမယ္ ၊
ဗုဒၶျမတ္စြာရင့္မႀကီးေတာင္မွ ပရိနိဗၺာန္ စံေတာ္မူခါနီး ဝမ္းေတာ္လားျပီးေတာ့ စံေတာ္မူရတယ္။
အကယ္၍မ်ား ဘုန္းႀကီး ဒီေရာဂါမ်ိဳးျဖစ္ရင္ ဘုရားကုိအာရုံျပဳေနမွာပါ ၊
ပါရမီရွင္ႀကီး ျမတ္စြာဘုရား ,
ပါရမီျဖည့္ျပီးသား ျမတ္စြာဘုရားေတာင္ ဒီခႏၶာကုိယ္ ဒီရုပ္ခႏၶာနဲ႔ေနသမ်ွ
ဝမ္းေတာ္လားရေသးတာ ၊
ငါ ဘာမိုလို႔တုန္း ျဖစ္ေပါ့။
ဒီေရာဂါ ၊ ဘုန္းႀကီးစိတ္ကုိ အဲဒီထိ ေတြးထားတာ ၊
အရွင္သာရိပုတၱရာ ေသြးေတာ္အန္ျပီးေတာ့ ပရိနိဗၺာန္စံရတယ္ ၊
ဘုန္းႀကီး ဒီေရာဂါအလားတူနီးနီးစပ္စပ္ျဖစ္ျဖစ္ ဒီရုပ္နာမ္ခႏၶာနဲ႔ လာရွိေနသမ်ွ
အရွင္သာရိပုတၱရာမွ ဒုကၡမွမလြတ္ပဲနဲ႔ ငါေကာဘာမိုလုိ႔တုန္း ၊
ငါ့ပါရမီကဘယ္ေလာက္ ရင့္ေသးလုိ႔တုန္း ၊
ျဖစ္ ခံေပါ့ ၊ ဒီေရာဂါလဲပဲ ျမဲတာမဟုတ္ဘူး ၊
ျပီးေတာ့ ဒီေရာဂါလဲပဲ ေသသြားေတာ့ သူ႔ဟာသူ ျပီးသြားတာပဲ။
ဒါေၾကာင့္ ဒီအနိစၥျဖစ္တဲ့ ေရာဂါကုိ အေၾကာင္းျပဳျပီး သူမ်ားကလာျပီး မ်က္နွာငယ္ေလးနဲ႔ လာမၾကည့္လာနဲ႔ ၊
မလုိခ်င္ဘူး။
အကယ္၍ သူတစ္ပါးရဲ့ ဒဏ္ရာဒဏ္ခ်က္ေၾကာင့္ ေသလုေျမာပါးျဖစ္ေနရင္ တန္ခိုးအင္မတန္ႀကီးတဲ့ အရွင္မဟာေမာဂၢလန္ပုဂၢိဳလ္ႀကီးေတာင္မွ ခုိးသားငါးရာလက္ခ်က္ေၾကာင့္ အရုိးကေလးေတြ
ေၾကမြသြားေလာက္ေအာင္ အရုိက္အနွက္ခံရေသးတာပဲ။
ငါ့ဘာမိုလုိ႔တုန္း ၊
ျဖစ္ပါေစ ခံေပါ့ ၊
ေဟာဒါ ဘုန္းႀကီးက ေသခါနီးထိ စိတ္ကုိတင္းျပီးေတာ့ ဒီစိတ္သက္သက္သာသာနဲ႔ေသဖို႔ရန္
ေစာေစာကတည္းကုိက စီစဥ္ထားတယ္ေလ ၊
ေနရာတိုင္းမွာ ေစာေစာကထဲကကုိက စီစဥ္ထားတယ္။
အခုလူေတြက စိတ္ကုိမျပဳျပင္တတ္လုိ႔ ၊
စိတ္သိပ္ငယ္တယ္။
စိတ္သိပ္ငယ္ေတာ့ ရုပ္ေတြကည့ံလာတယ္ ၊
စိတၱဇရုပ္ေတြည့ံလာတယ္ ၊
စိတၱဇရုပ္ေတြည့ံလာေတာ့ ဘာေရာဂါျဖစ္တယ္၊
နွလုံးဘာျဖစ္တယ္ ၊ အသည္းဘာျဖစ္တယ္ ၊ အဆုတ္ဘာျဖစ္တယ္ ၊
ဝမ္းထဲေလ်ွာက္ေတာ့ စိတၱဇရုပ္ေတြမဟုတ္လား ၊
ဝမ္းထဲမွာလဲပဲ ႏွလုံးတို႔ အသည္းတို႔ နာမည္တပ္ထားေပမယ့္
ကံေၾကာင့္ျဖစ္တဲ့ရုပ္ေတြ ,ဥတုေၾကာင့္ျဖစ္တဲ့ရုပ္ေတြ ၊
ဒီရုပ္ေတြေပါင္းထားတာ ၊
ဒီရုပ္ေတြေပါင္းျပီးေတာ့ နွလုံးတို႔ အဆုပ္တို႔ေက်ာက္ကပ္တို႔ ဒီလုိေခၚေနတာ။
ဒီေတာ့ ကံေၾကာင့္ စိတ္ေၾကာင့္ ဥတုေၾကာင့္ ေပါင္းထားတဲ့
ဒီႏွလုံး အသည္း ေက်ာက္ကပ္စသည္ေတြဟာ စိတ္မေကာင္းလုိ႔ရွိရင္ ေရာဂါျဖစ္ဖို႔လြယ္တာေပါ့ ၊
ေရာဂါျဖစ္လာလုိ႔ရွိရင္ ကုဖို႔ခဲယဥ္းျပန္တာေပါ့။
ဒါေၾကာင့္ ဘုန္းႀကီးက စိတ္ေကာင္းေကာင္းထား ၊
ကံေကာင္းေအာင္လဲ မေတာ္မတရားေတြမလုပ္ပါနဲ႔ ၊
ေကာင္းတဲ့ကံနဲ႔ ျပဳျပင္စရာရွိတာေတြ ျပဳျပင္လုိ႔ ၊
လွဴ သင့္တာကုိလွဴလုိ႔ ၊
စိတ္ကုိလည္း ေကာင္းေကာင္းထားပါ ၊
စိတ္လဲ မငယ္ပါနဲ႔ ၊စိတ္အားမငယ္ပါနဲ႔ ၊
ေသတာထက္ ဟုိဘက္ ဘာမွမရွိဘူး။
"အမ်ားကေျပာၾကတယ္, ဆိုၾကတယ္ဆိုတာေတြဟာ အလကားပါ ၊
ကုိယ့္ကုိယ္ကုိသာ ပဓါနပါ ၊
ကုိယ္နဲ႔ ရင္းနွီးလူက ပဓါနပါ ၊
ဂရုစုိက္စရာ မရွိပါဘူး ၊
ကံကုိ ေကာင္းေအာင္သာ သတိထားေနပါ။
စိတ္ကုိ အဲဒီနည္းနဲ႔ ျပဳျပင္ပါလုိ႔ ဘုန္းႀကီးကေျပာတယ္ ၊
ဘုန္းႀကီးကလဲ ဒီနည္းနဲ႔ လုပ္ေနတာ ………"
#မဟာဂႏၶာရုံဆရာေတာ္အရွင္ဇနကာဘိဝံသ
#Credit #OriginalUploader
#22August2018WLP📚📚📚📚📚
🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
"#အရှင်ဇနကာဘိဝံသဟောကြားသော
#သေခါနီးထိစိတ်ပြင်ပါ "
🎈🎈🎈🎈🎈🎈🎈
စိတ်ချမ်းသာပါစေ၊စိတ်မဆင်းရဲပါစေနှင့် ၊
စီးပွားကိုရှာပါ ၊ မပျင်းပါနဲ့ ၊
ပျင်းလို့ စီးပွားမရလို့ရှိရင် စိတ်ဆင်းရဲရပါလိမ့်မယ် ၊
စိတ်ဆင်းရဲလို့ ရုပ်ကမဖြစ်မနေဘူး ၊
မကောင်းတဲ့ရုပ်တွေ ဖြစ်လိမ့်မယ်။
စိတ်ချမ်းသာလို့ရှိရင် ကောင်းတဲ့စိတ္တဇရုပ်တွေ ဖြစ်ပါတယ် ၊
ဒါကြောင့်စီးပွားဥစ္စာ ရှာရပါတယ် ၊ မှန်မှန်ရှာရပါတယ်။
လောဘအင်မတန် မကြီးရပါဘူး ၊
ဒေါသမထွက်ရပါဘူး ၊ ဒေါသဖြစ်တယ်ဆိုလို့ရှိရင် ဒေါသဖြစ်တဲ့မျက်နှာကို ကြည့်ပါ ၊
ရုပ်မကြည်လင်ပါဘူး ၊ စိတ္တဇရုပ်တွေ မကောင်းဖြစ်နေတာ။
ဒါကြောင့် လောဘမကြီးပါနဲ့ ၊ သင့်တင့်ရုံကလေး လောဘရှိပါစေ ၊
စိတ်ကိုပြင်တော ဒေါသ မဖြစ်ပါစေနဲ့ ၊
ဒီဒေါသဟာ သူ့ကြောင့်ဖြစ်တဲ့ စိတ်တွေကဖြစ်နေတာ ၊
မကောင်းစိတ်တွေ မကောင်းရုပ်တွေ ဖြစ်နေမှာ။
ဒါကြောင့်မိုလို့ စိတ်ကိုပြုပြင်ပေးပါ။
ဘယ်လောက်ထိအောင် ပြုပြင်ရမတုန်း ၊
အခုထိလည်း ပြုပြင်နေရမယ် ၊
နောင်ကိုလဲ သေသည်ထိပြုပြင်ကြပါ ၊
စိတ်ဆင်းရဲအောင်တော့ ဘာကိစ္စနဲ့မှ မဖြစ်စေရဘူး။
ကျောင်းသံဃာတွေကို စိတ်မဆင်းရဲအောင် ၊
သူတို့စိတ်ဆင်းရဲရင် ကိုယ်လည်းစိတ်ဆင်းရဲနေရမယ် ၊
သူတို့ကောင်းအောင်စည်းကမ်း တင်းကျပ်သလို
ကျောင်းဒကာဒကာမတွေကိုလဲ
ဘေးအန္တရာယ်မရှိအောင် သတိပေးနေရတယ်။
သူတို့ဖြစ်လို့ရှိရင် ကိုယ့်စိတ်က အရိယာစိတ်မဟုတ်တော့
သူတို့မချမ်းသာလို့ရှိရင် ကိုယ့်စိတ်လည်း မချမ်းသာရှိမှာပဲ ၊
သိပ်လောဘ မကြီးနဲ့ ၊
မတော်တဆ ခြေချော်လက်ချော်ဆိုရင် တအိမ်လုံး စိတ်ဆင်းရဲနေရမယ် ၊
မကောင်းတဲ့ စိတ္တဇရုပ်ဖြစ်ရုံသာမကဘူး ၊
ဘေးပတ်ဝန်းကျင်ရဲ့ အထင်သေးမှု အပြောအဆိုတွေကြောင့်မိုလို့
မကေါင်းတဲ့စိတ်တွေ ထပ်ပြီးတော့ဖြစ်တယ် ၊
အဲဒီအခါ မကောင်းတဲ့ရုပ်တွေဖြစ်တာ သိသာလွန်းလို့ ။
#ဘုန်းကြီးစိတ်ကိုပြုပြင်နေတာ ၊
ဘယ်လောက်ထိပြုပြင်နေရလဲဆိုတော့ သေခါနီးထိ ၊
ဘုန်းကြီးက ငါ ဘာရောဂါနဲ့သေမလဲဆိုတာ မသိဘူး။
ဘုန်းကြီးအတွက် စိတ်ကိုသေခါနီးထိ တွေးထားတာ ၊
သေခါနီး မျက်နှာငယ်လေးနဲ့ လာမမေးပါနဲ့ ၊
ကိုယ့်ဘာသာကိုယ်ခံနေမှာ ၊
သူများက မျက်နှာငယ်လေးနဲ့လာပြီးတော့ ,
အို ဖြစ်မှဖြစ်ရပလေ ဘာညာနဲ့
လူတွေနားလည်းမလည်ဘူး ၊
စကားလဲမပြောတတ်ဘူး ၊
မလာကြနဲ့။
ငါ့ ရောဂါဒဏ်နဲ့ ငါ့ဘာသာငါ ငါ့စိတ်ကို ငါစဉ်းစားနေမယ် ၊
ဗုဒ္ဓမြတ်စွာရင့်မကြီးတောင်မှ ပရိနိဗ္ဗာန် စံတော်မူခါနီး ဝမ်းတော်လားပြီးတော့ စံတော်မူရတယ်။
အကယ်၍များ ဘုန်းကြီး ဒီရောဂါမျိုးဖြစ်ရင် ဘုရားကိုအာရုံပြုနေမှာပါ ၊
ပါရမီရှင်ကြီး မြတ်စွာဘုရား ,
ပါရမီဖြည့်ပြီးသား မြတ်စွာဘုရားတောင် ဒီခန္ဓာကိုယ် ဒီရုပ်ခန္ဓာနဲ့နေသမျှ
ဝမ်းတော်လားရသေးတာ ၊
ငါ ဘာမိုလို့တုန်း ဖြစ်ပေါ့။
ဒီရောဂါ ၊ ဘုန်းကြီးစိတ်ကို အဲဒီထိ တွေးထားတာ ၊
အရှင်သာရိပုတ္တရာ သွေးတော်အန်ပြီးတော့ ပရိနိဗ္ဗာန်စံရတယ် ၊
ဘုန်းကြီး ဒီရောဂါအလားတူနီးနီးစပ်စပ်ဖြစ်ဖြစ် ဒီရုပ်နာမ်ခန္ဓာနဲ့ လာရှိနေသမျှ
အရှင်သာရိပုတ္တရာမှ ဒုက္ခမှမလွတ်ပဲနဲ့ ငါကောဘာမိုလို့တုန်း ၊
ငါ့ပါရမီကဘယ်လောက် ရင့်သေးလို့တုန်း ၊
ဖြစ် ခံပေါ့ ၊ ဒီရောဂါလဲပဲ မြဲတာမဟုတ်ဘူး ၊
ပြီးတော့ ဒီရောဂါလဲပဲ သေသွားတော့ သူ့ဟာသူ ပြီးသွားတာပဲ။
ဒါကြောင့် ဒီအနိစ္စဖြစ်တဲ့ ရောဂါကို အကြောင်းပြုပြီး သူများကလာပြီး မျက်နှာငယ်လေးနဲ့ လာမကြည့်လာနဲ့ ၊
မလိုချင်ဘူး။
အကယ်၍ သူတစ်ပါးရဲ့ ဒဏ်ရာဒဏ်ချက်ကြောင့် သေလုမြောပါးဖြစ်နေရင် တန်ခိုးအင်မတန်ကြီးတဲ့ အရှင်မဟာမောဂ္ဂလန်ပုဂ္ဂိုလ်ကြီးတောင်မှ ခိုးသားငါးရာလက်ချက်ကြောင့် အရိုးကလေးတွေ
ကြေမွသွားလောက်အောင် အရိုက်အနှက်ခံရသေးတာပဲ။
ငါ့ဘာမိုလို့တုန်း ၊
ဖြစ်ပါစေ ခံပေါ့ ၊
ဟောဒါ ဘုန်းကြီးက သေခါနီးထိ စိတ်ကိုတင်းပြီးတော့ ဒီစိတ်သက်သက်သာသာနဲ့သေဖို့ရန်
စောစောကတည်းကိုက စီစဉ်ထားတယ်လေ ၊
နေရာတိုင်းမှာ စောစောကထဲကကိုက စီစဉ်ထားတယ်။
အခုလူတွေက စိတ်ကိုမပြုပြင်တတ်လို့ ၊
စိတ်သိပ်ငယ်တယ်။
စိတ်သိပ်ငယ်တော့ ရုပ်တွေကညံ့လာတယ် ၊
စိတ္တဇရုပ်တွေညံ့လာတယ် ၊
စိတ္တဇရုပ်တွေညံ့လာတော့ ဘာရောဂါဖြစ်တယ်၊
နှလုံးဘာဖြစ်တယ် ၊ အသည်းဘာဖြစ်တယ် ၊ အဆုတ်ဘာဖြစ်တယ် ၊
ဝမ်းထဲလျှောက်တော့ စိတ္တဇရုပ်တွေမဟုတ်လား ၊
ဝမ်းထဲမှာလဲပဲ နှလုံးတို့ အသည်းတို့ နာမည်တပ်ထားပေမယ့်
ကံကြောင့်ဖြစ်တဲ့ရုပ်တွေ ,ဥတုကြောင့်ဖြစ်တဲ့ရုပ်တွေ ၊
ဒီရုပ်တွေပေါင်းထားတာ ၊
ဒီရုပ်တွေပေါင်းပြီးတော့ နှလုံးတို့ အဆုပ်တို့ကျောက်ကပ်တို့ ဒီလိုခေါ်နေတာ။
ဒီတော့ ကံကြောင့် စိတ်ကြောင့် ဥတုကြောင့် ပေါင်းထားတဲ့
ဒီနှလုံး အသည်း ကျောက်ကပ်စသည်တွေဟာ စိတ်မကောင်းလို့ရှိရင် ရောဂါဖြစ်ဖို့လွယ်တာပေါ့ ၊
ရောဂါဖြစ်လာလို့ရှိရင် ကုဖို့ခဲယဉ်းပြန်တာပေါ့။
ဒါကြောင့် ဘုန်းကြီးက စိတ်ကောင်းကောင်းထား ၊
ကံကောင်းအောင်လဲ မတော်မတရားတွေမလုပ်ပါနဲ့ ၊
ကောင်းတဲ့ကံနဲ့ ပြုပြင်စရာရှိတာတွေ ပြုပြင်လို့ ၊
လှူ သင့်တာကိုလှူလို့ ၊
စိတ်ကိုလည်း ကောင်းကောင်းထားပါ ၊
စိတ်လဲ မငယ်ပါနဲ့ ၊စိတ်အားမငယ်ပါနဲ့ ၊
သေတာထက် ဟိုဘက် ဘာမှမရှိဘူး။
"အများကပြောကြတယ်, ဆိုကြတယ်ဆိုတာတွေဟာ အလကားပါ ၊
ကိုယ့်ကိုယ်ကိုသာ ပဓါနပါ ၊
ကိုယ်နဲ့ ရင်းနှီးလူက ပဓါနပါ ၊
ဂရုစိုက်စရာ မရှိပါဘူး ၊
ကံကို ကောင်းအောင်သာ သတိထားနေပါ။
စိတ်ကို အဲဒီနည်းနဲ့ ပြုပြင်ပါလို့ ဘုန်းကြီးကပြောတယ် ၊
ဘုန်းကြီးကလဲ ဒီနည်းနဲ့ လုပ်နေတာ ………"
#မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ
#Credit #OriginalUploader
#22August2018WLP📚📚📚📚📚
No comments:
Post a Comment